ကမ္ဘာမြေကမသိတဲ့အချက်အလက်
Vol. 7 Ch. 61
မိတ်ဆာကိုးကွယ်သူများသည် မိမိတို့၏အမြုတေကိုနတ်ဆိုးအားဆက်သလိုက်ခြင်းဖြစ်ပြီး
နတ်ဆိုးကထိုသူ၏ယုံကြည်ခြင်းစွမ်းအားကိုစားသုံးကာသူတို့၏တန်ခိုးစွမ်းအင်တိုးအောင်လုပ်ဆောင်ကြပြီး နတ်ဆိုးကိုးကွယ်သူတို့အား နတ်ဆိုးအမြူတေ
ဖြစ်တည်ပေးလေတော့သည်
ထိုကြောင့်s3 အဆင့်များ S4 အဆင့်များမြန်ဆန်စွာ
ပေါ်လာပြီးတချို့ဆိုရင် ဂြိုလ်စောင့်ရှောက်သူအဆင့်များပါရှိလေတော့သည်။
ဒါကြောင့်လည်းဖြတ်လမ်းနည်းကိုသုံးပြီး
နတ်ဆိုးလမ်းစဉ်ကိုကျင့်ကြံကြခြင်းဖြစ်ပေတော့သည်။
ယခု ဂေါ်သန်ရှိုင်းသည်လည်း နတ်ဆိုး၏ထိန်းချုပ်မှုခံရပြီး လူမဆန်စွာရက်စက်မှုများပြုလေတော့တာပဲဖြစ်ပါတယ်။
ကျယ်ပြန့်သောစကြာဝဠာကြီးအတွင်းနတ်ဆိုးများမိတ်ဆာများ ပုန်းအောင်းနေထိုင်ကြပြီးလူသားများ
သားရဲများကိုပြုစားဖမ်းစားခြင်းခန်ဓါကိုယ်အပိုင်သိမ်းခြင်းများကြောင့်အားလုံး၏ရန်သူအဖြစ်
သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။
ထို့ကြောင့်လည်းနတ်ဆိုးကိုးကွယ်သူများကို
တွေ့သည်နှင့်သတ်ဖြတ်ရန်မဟာမိတ်နှင့်ဂြိုလ်
အသီသီးကဘုံသဘောတူမိန့်ထုတ်ထားလေရာ
ယခုဖြစ်ရပ်မှာအင်မတန်မရှားပါးလေ၏
၂ရက်ခန့်ကြာပြီးနောက်
လပ်၏တာဝန်များပြီးဆုံးသွားပြီးအားလပ်သွားလေတော့၏
ဂြိုလ်ရဲ့ ထင်ရှားကျော်ကြားသောနေရာများ
စားသောက်ဆိုင်များကိုသွားကာ လပ်တစ်ယောက်အချိန်ဖြုန်းနေလေတော့သည်။
အပြိုင်စကြာဝဠာအများကြီးရှိတဲ့အကြောင်း
လပ်တဖြည်းဖြည်းသိလာခဲ့တော့တယ်။
တွေ့ရှိထားတဲ့စကြာဝဠာ ၃၆ ခုရှိနေပြီး သက်ရှိဂြိုလ်များမှာလည်းမရေမတွက်နိုင်အောင်ပင်ရှိနေခဲ့ပါ
တယ်။အဲ့သည့်စကြာဝဠာတွေကို နန်းတော် ၃ ခု
ဂိုဏ်း၉ ဂိုဏ်း နဲ့ မျိုးနွယ်စုများက သိမ်းပိုက်အုပ်ချုပ်ထားကြတာဖြစ်ပါတယ်။အင်အားကြီးသူများရဲ့
လက် အောက်ခံများတာဖြစ်နေကြတာပါ။
လပ် တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာလည်း
ဗာရာနန်းတော်အပိုင်ဂလက်စီဖြစ်တဲ့
နဂါးငွေ့တန်းဂလက်စီ ရဲ့တိုးတက်မှုနောက်ကျသောဂြိုလ်သေးတစ်လုံးသာဖြစ်နေပါတယ်။ဂြိုလ်ကြီးကိုးလုံးနဲ့ တခြားဂြိုလ်သေများအားလုံးကို ဗာရာနန်းတော်က ပိုင်ဆိုင်ထိန်းချုပ်ထားတာပါ။
လက်အောက်ခံသားရဲနဲ့ လူသားတွေကို နယ်မြေခွဲ
ပေးပြီးအုပ်ချုပ်စေခိုင်းထားတာပါ။ဒါကိုသိလိုက်တော့ လပ်တစ်ယောက်အတော်တုန်လှုပ်သွားပါတယ်။ ကမ္ဘာမြေ ကသိတဲ့လူကြီးပိုင်းတွေက ဒီအကြောင်းကို ပြည်သူတွေကိုဖုံးထားတာပါ
ဗာရာနန်းတော်တို့ ဂိုဏ်း၉ ခုကိုလည်းမကြားဘူးကြပါဘူး နန်းတော်စစ်ဆေးရေးအဖွဲ့တွေကလည်းနှစ်၂၅၀ ကြာမှ တစ်ခါလာစစ်ဆေးပါတယ်
သူတို့ယဉ်ပျံတွေဟာ ခေတ်မှီဆန်းပြားတဲ့
စမူဆာပုံ ,နံပြားပုံနဲ့ ဒီဇိုင်းအမျိုးမျိုးပါ
အဲ့တာကို မြင်လိုက်တဲ့လူတချို့က ပန်းကန်ပြားပျံ
လို့ပြောဆိုကြတာပါ။သူတို့ကိုယ်တိုင်ကသူများလက်အောက်ခံနယ်မြေသေးသေးလေးဆိုတာမသိကြရှာဘူးအချင်းချင်းပြိုင်ဆိုင်နယ်လုနေကြတာပါ။
နယ်မြေဂြိုလ်ပေါင်းဆုံသွားလာနေသူများကတော့
သိပါတယ်။
အဲ့ဒါကြောင့်လည်း ကမ္ဘာမြေ
ကကျူးကြော်မည့်ရန်ကကင်းဝေးနေတာပဲဖြစ်ပါတယ်။ ကမ္ဘာမြေရှိS4အချို့ကသိရှိသော်လည်း
သူတိုလည်းမကာကွယ်နိုင်သောကြောင့် ဘယ်သူ့ကိုမှ
မကြေငြာခြင်းဖြစ်ပါတယ်။သိချင်ရင် S3ဖြစ်အောင်လုပ်လေလို့ပြောမှာပါ။ ကမ္ဘာကြီးတိုးတက်ပြောင်းလဲလာတာတောင်စိတ်ဝိညဉ်သွေးကြောက နည်းနည်း
လေးဘဲရှိတာပါ။အဲ့တာကြောင့် S4တွေက
တခြားဒေသတွေကို ခုန်ကူးပျံသန်းပြီးနေထိုင်ကြတာပါ။ ကမ္ဘာတွေဂြိုလ်တွေကိုစောင့်ရှောက်ဖို့
တာဝန်ကျတဲ့ S4 တွေဂြိုလ်စောင့်ရှောက်သူတွေတော့ရှိနေပါသေးတယ်။အဲ့လိုလူတွေကိုတော့
ကမ္ဘာစောင့်နတ်,မှော်ဝိတ်ဇာ အထက်ပုဂိုလ်တွေလို့အမျိုးသတ်မှတ်ခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။
S4 ရဲ့အထက်ကတော့ အဲ့လိုလူမျိုးတွေပါ။S4
အဆင့်အသာထားS3 အဆင့်ရောက်ဖို့မနည်းပါ
S3 အဆင့်က အထက်တန်းဖြစ်ပြီးS4 အဆင့်က
တက္ကသိုလ် အဆင့်လို့ပြောလို့ရပါပြီ။ကျွမ်းကျင်တဲ့ပညာရပ်အလိုက်ကွဲပြားသွားတာပါ။ ကျင့်ကြံသူတွေရဲ့ခေတ်မှာ အနည်းဆုံးS3 ဖြစ်မှသာလူဝင်ဆန့်မှာပါ
အသက်၅၀ မကျော်ပဲS3ဖြစ်မှသာ S4 ကိုအသက်၁၀၀မှာဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။
အသက်၁၀၀ မှာS4မဖြစ်ရင်တော့ လုံးဝနောက်ပိုင်းမဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်လည်း ဂြိုလ်အသီးသီးက လူငယ်ပါရမီရှင်တွေကို လိုက်လံရှာဖွေနေရတာပဲဖြစ်ပါတော့တယ်။
S4 ဖြစ်သွားရင်တော့ လေစွမ်းအင်အနှစ်သာရကို
နားလည်သွားပြီး လေပေါ်ပျံနိုင်မှာပါ။
ကိုယ်ခန်ဓါကြံခိုင်မှုကလည်းကြောက်စရာကောင်းပြီး
မြေလျိုးမိုးပျံခြင်း နီးကပ်တဲ့ ကမ္ဘာတွေကိုခုန်ကူးသွားလာခြင်းမျိုးကိုအသာလေးလုပ်နိုင်တော့မှာဖြစ်ပါတယ်။
သူတို့ရဲ့ကျွမ်းကျင်တဲ့ ပညာရပ်များမန်ထန်ဂါထာများ၊အင်းများ၊လက်နက်များကိုအသုံးပြုကာသွားလာနိုင်ကြပါတယ်။