S3 သို့မဟုတ် တန်ခိုးရှင်ခေါ် အမြုတေအဆင့်
Vol. 7 Ch. 62
စကြာဝဠာအတွင်းအမျိုးမျိုးသော ကျင့်ကြံခြင်းနည်းလမ်းများစွာရှိနေပြီး ပညာရပ်အမျိုးမျိုးအခေါ်အဝေါ်မျိုးစုံဖြင့်ရှေးကတည်းကသမုတ်ကျလေသည်။
S3 အဆင့်ကို တန်ခိုးရှင်အဆင့်ဟုခေါ်ဝေါ်ကြပြီး
ချီစွမ်းအင်များကို အရည်အဖြစ်မှအစိုင်အခဲအဖြစ်
ချက်အောက်လေးလက်မနေရာတွင် ဖွဲ့စည်း
ကာစွမ်းအားစုဆောင်းရတာလည်းဖြစ်ပါတယ် ထိုဒန်တန်နေရာကို ခိုဥအရွယ်အမြုတေလေးကိုသိပ်သည်းရသောကြောင့် အမြုတေအဆင့်ဟုလည်းခေါ်ဝေါ်ကြလေသည်။
ထိုအမြုတေရှိစွမ်းအင်များကို ခန်ဓါကိုယ်အတွင်း
လှည့်ပတ်ကာစွမ်းအားများကိုအပြင်သို့အ ဝေးမှထုတ်လွတ်တိုက်ခိုက်နိုင်တာကြောင့်အဖျက်စွမ်းအား
ပြင်းထန်ပြီးတောင်ငယ်တစ်လုံးကို လက်သီးတစ်ချက်ထဲဖြင့်ချေမွပြစ်နိုင်လေသည်။
ထို့ကြောင့်လည်း S3အဆင့်ကိုအားလုံးကရောက်ချင်
နေကြတာပဲဖြစ်သည်။ထိုအဆင့်များသည်ဂြိုလ်များအကြားလူရာဝင်သောအဆင့်ဖြစ်ပေသည်S3အဆင့်ရောက်သူများကို အင်အားကြီးမျိုးနွယ်များက
သူတို့ဘက်ပါအောင်နည်းလမ်းမျိုးစုံဖြင့်ဆွဲဆောင်ကြသည်။တန်ဖိုးကြီးအရာများ၊ပိုက်ဆံ၊မိန်းမ
ရာထူးစည်းစိမ်အခွင့်အရေးများစွာပေး၍စည်းရုံးကြသောကြောင့်ငယ်ရွယ်သူများမှာ S3ဖြစ်ချင်ကြလေသည်။S3 ဖြစ်သွားရင်ကော ပိုပြီးအပြိုင်အဆိုင်တွေဖြစ်လာလေပြီ တိုက်ပွဲများ,တာဝန်များပိုများလာလေသည်။S3အဆင့်တွင်လည်းစွမ်းအားကြီးသူအများအပြားရှိလေသည်၊ဆယ်ယောက်တစ်ယောက်ယှဉ်
ဖိုက်နိုင်သူများရှိသကဲ့သို့ စကြာဝဠာအဆင့်သတ်မှတ်ချက်များစာရင်းဝင်သူများရှိလေ၏
S3,S4 စာရင်းများရှိသလို ဂြိုလ်စောင့်ရှောက်သူစာရင်းလည်းရှိလေတော့သည်။စကြာဝဠာများအားလုံးတွင်အဆင့်၁ ဘယ်လောက်တောင်များဂုဏ်ရှိလိုက်မလဲ စွမ်းအားကြီးလိုက်မလဲ။စွမ်းအားအကြီးဆုံးအယောက်၁၀၀၀ စာရင်း၏အောက်ဆုံးအဆင့်ကို သာမန်ဂြိုလ်များမှ S3,S4များမရနိုင်ပေ
တကယ့်ဂိုဏ်းကြီးများနဲ့ မျိုးနွယ်ကြီးများကနေရာယူထားကြပေသည်။အဆင့်စာရင်းဝင်သူများရဲ့
အဖြစ်အပျက်များတိုက်ပွဲများကိုကြည့်ပြီးထိုစာရင်းကိုအုပ်ချုပ်သူအဖွဲ့အစည်းကသတ်မှတ်ထုတ်ပြန်ပေးလေပြီးမည်သည့်အခါမှလွဲချော်ခဲ့ခြင်းမရှိပေ။
အဆင့်စာရင်းဝင်သူများက သတ်မှတ်လျက်အလိုက်
ကြိုက်သည့်နေရာတွင်လစာထုတ်ယူနိုင်သလို
ယာဉ်ပျံများစီနင်းခွင့်လည်းအလကားဖြစ်ပေသည်။
သိုပေသည့် သားရဲပိုင်နက်များကိုသွားပြီးစွာကျယ်ပါကကိုယ့်ထိုက်နဲ့ကိုယ့်ကံပေ။
ဒီအကြောင်းအရာတွေအားလုံး လပ်တစ်ယောက်
တက်ပလက်တစ်လုံးဖြင့် အုပ်ချုပ်သူwebsite ထဲ ညအချိန်ရောက်သည့်တိုင်ဝင်ကြည့်နေခြင်းဖြစ်ပေတော့သည်။လူလူးဂြိုလ်ရှိ ကျားသစ်မလေးစီစဉ်ပေးသည့်နေရာတွင်သူနေထိုင်သည်မှာ၅ရက်ခန့်ရှိလေပြီ
လူလူးဂြိုလ်တွင်ပေါ်လာမည့် သွေးသစ်သီးကိုစောင့်ရန် ၇လ ခန့်ကြာအုံးပေမည်။
လပ်တစ်ယောက် သူ့ရှေ့ရှိ ပန်ကန်ပြားတစ်ခုအတွင်းထည့်ထားသောကြာစေ့ကိုသေချာကြည့်နေလေ၏
ဒါက ကိုးရက်ကိုးညကြာစေ့ဖြစ်လေသည်ဂြိုလ်ပေါင်းစုံရဲ့အစားအသောက်များကိုစမ်းကြည့်ရန်
အသေးလေးကိုသူဝယ်ခိုင်းထားတာလည်းဖြစ်သည်။
အနံလေးကိုရှူရှိုက်ရင်း ကြာစေ့တစ်ခုကိုအရသာခံ
ဝါးလိုက်သည်။
"အား ကောင်းလိုက်တဲ့အရသာ စိမ့်ပြီးမွှေးနေတာပဲ"
မကြာခင်သူ့တကိုယ်လုံး စွမ်းအားများပြည့်ဝသလိုခံစားလာရပြီး ရုတ်တရက်သူ့ဘေးတွင်
ချောမောလှပသောမိန်းကလေး၃ ယောက်၏မိမွေးအတိုင်းလှပတဲ့ကိုယ်ဖြင့်လမ်းလျောက်လာသည်ကိုသူ့မျက်လုံးတွင်မြင်နေရလေ၏
ထိုသုံးယောက်မှာ သူ့ကိုယ်ကိုပွတ်သတ်နေသည်ဟုမြင်လာသည်။
"အား အသေးလေးဒါကဘာဆေးကြီးလည်းဟ"
တွီ
ဘေးနားသို့ ကောင်းဘိုင်ဦးထုပ်ဆောင်းထားတဲ့
6လက်မအရွယ်လူသေးလေးရောက်လာသည်
"ဆရာကောင်းနေပြီလား" ဟီးဟီး
"ဒါကအိမ်မက်ကြာစေ့လေ "
"သူ့ရဲအစွမ်းကကိုယ်ကြိုက်တာကိုစိတ်ကူးယဉ်လို့ရတယ် သိုင်းပညာတို့ တာအိုထိတွေမှုတို့ကိုရှင်းလင်းစွာအာရုံပြုလို့ရတယ်"
"ဆရာ့မျက်စိထဲ ဘာမြင်နေလို့လဲ "
" မိန်းကလေးတွေ" လပ်တစ်ယောက်ဒေါသသံဖြင့်
အော်ဟစ်လိုက်သည်။
သိုင်းကွက်အကြောင်းစဉ်းစားလိုက်
အသေးလေးအမြန်ပြောလိုက်သည်။
ရုတ်တရက် လပ်အာရုံမှာပြောင်းသွားပြီး
မရှင်းလင်းသည့်သိုင်းကွက်များကိုအာရုံရောက်သွားလေပြီ
"အိုးဒါကြောင့်ကိုး
ဟုတ်ပြီ "
လပ်တစ်ယောက် တစ်ယောက်ထဲအော်ဟစ်နေသည်
တကယ်တမ်းတော့ လပ်စားလိုက်သည့်ကြာစေ့မှာ
တားမြစ်ထားသော စိတ်ကြွဆေးတစ်မျိုးဖြစ်ပြီးကိုယ်လိုချင်သောပုံရိပ်ယောင်များမြင်ရသောဆေးမျိုးဖြစ်သည်မသုံးတတ်လျင်ဘေးဖြစ်စေနိုင်သည်။
လေးနာရီခန့်ကြာပြီး နောက်လပ်တစ်ယောက်ပုံရိပ်ရောင်အာရုံအတွင်းမှ နိုးထလာပြီးနဲနဲမူးနောက်နောက်
ဖြစ်နေလေသည်။
"ငါလူးအသေးလေး မင်းဈေးထဲက ပေါက်ကရတွေ
ဝယ်ဝယ်လာ"
"ငါ့စိတ်စွမ်းအားကောင်းပေလို့ပေါ့"
ရုတ်တရက်
လပ်တို့နေထိုင်ရာအဆောက်အဦးအတွင်းလှုပ်ရှားမှုမှန်သမျှရပ်သွားပြီး အားလုံးဟာရပ်တန့်နေကြသည်
လေထဲတွင်လျှပ်စီးအတွန့်လေးများဖြစ်ပေါ်လာကာ
တစ်ခုခုကဆွဲဖြဲလိုက်သလိုဟသွားပြီးအဖိုးအိုတစ်ဦးထွက်လာလေသည်။ထိုအဖိုးအိုမှာအသက်၆၀ခန့်အရွယ်ဖြစ်ပြီးအဝတ်အစားများမှာလည်းရှေးခတ်
ဝတ်ရုံရှည်ကြီးဝတ်ထားလေသည်မျက်လုံးအစုံမှာလည်းစူးရှတောက်ပနေသည်။
လပ်တစ်ယောက်လည်းပါးစပ်အဟောင်းသားဖြင့်
မှင်သက်နေရာမှအမြန်ဦးညွတ်လိုက်လေသည်။
"ဆဆ ဆရာကြီး"
အဖိုးအိုကတစ်ချက်ပြုံးလိုက်ပြီး
"မကြောက်ပါနဲ့ ငါ့ကိုစောင့်ရှောက်သူလင်းလို့ခေါ်လို့ရတယ်"
"ငါမင်းအကြောင်းအုပ်ချုပ်သူအဖွဲ့ကပြောလို့သိပြီးပြီ"
"ငါမင်းကိုခိုင်းစရာရှိလို့ ဒါမေမဲ့မင်းကိုဆုအရင်ပေး မှာပါ"
လပ်ရဲ့မျက်ဝန်းတွေအရောင်တောက်ပသွားလေ
သည်။
"ဟုတ်ကဲ့ဆရာကြီး ကျနော်ဘာလုပ်ပေးရမလဲမိန့်ပါ"
"မင်းကို တစ်လအတွင်း S3 ရောက်နိုင်မဲ့အရာတစ်ခုပေးမယ် မင်းကသွေးနီသစ်သီးပေါ်လာရင်ငါ့အတွက်
တစ်လုံးရအောင်ယူလာပေး အဖွဲ့ချုပ်ကသောက်အဖိုးကြီးတွေမသိစေနဲ့ ဒါလေးပဲ"
"အဟမ်းသွေးနီသစ်သီးက ရှားတော့ကျနော်ရပါ့မ လားတောင်မသိဘူးဆရာကြီးရဲ့"
"မရရင်ငါမင်းကိုတစ်ခုထပ်ခိုင်းမယ်အဆင်ပြေလား"
"အဲ့ဒါဆိုရင်တော့အဆင်ပြေပါတယ်"
လပ်အတော်ဝမ်းသာသွားလေဒါကS3 ကိုအမြန်ရောက်နိုင်မဲ့အခွင့်အရေးမဟုတ်ပါလား။
"ဟုတ်ပြီ ရော့ ဒါကို၂ရက်ဆက်တိုက်ချက်စားလိုက်
အဲ့ဒါမှS3မရောက်ရင်မင်းကံပဲ"
အဖိုးကြီးကလေထဲသို့ ဖြတ်ခနဲလက်ဝေ့ယမ်းလိုက်လျင် ငါးမျှားချိတ်တစ်ချောင်းပေါ်လာပြီးထိုငါးမျှားချိတ်တွင် ငွေရောင်ငါးတစ်ကောင်တန်းလန်းပါလာလေ၏
လပ် လည်းငါးကိုအမြန်ကြည့်လိုက်ရာမြန်မာနိုင်ငံရှိ
လမ်းဘေးအကင်ဆိုင်တွင်ရောင်းသော
တီလားဗီးယားပုံစံဖြစ်နေသည်ကိုအံသြစွာတွေ့ရလေသည်။
[ဒါကရှေးသိုင်းစာအုပ်ထဲကစူပါငါးမျိုးလည်းမဟုတ်ပါလား]