ငါးတစ်ကောင်ကြောင့်ရွှေအမြုတေဖြစ်လာခြင်း
Vol. 7 Ch. 63
လပ်တစ်ယောက်ငါးကိုကြည့်ရင်းအတွေးနယ်ချဲ့နေရာမှပြန်လည်သတိဝင်လာသောအခါအဖိုးအိုက
ငါးကိုသူ့ဆီလှမ်းပြစ်ပေးလိုက်လေသည်။
ဝှစ်
ဖတ်
တဖြတ်ဖြတ်ခါနေသောငါးကိုကိုင်ထားရင်း လပ်က
အမြန်မေးလိုက်သည်။
"ဆရာကြီး ဒါကိုဘာနဲ့ရောစားရမှာလည်းခင်ဗျာ"
"မင်းကြိုက်တာနဲ့ရောချက်လို့ရတယ်
မီးဓါတ်ပါတာနဲ့မရောနဲ့ အစွမ်းရော့သွားမယ်"
"၂ရက်ခွဲစားပြီးရင် စွမ်းအင်တွေကိုဖြေးဖြေး. " "သိပ်သည်းပြီးကြိုးစားချေ အမြုတေဖြစ်ဖို့.က ၉၅ရာခိုင်နှုန်းကြိမ်းသေတယ်"
"ဟုတ်ကဲ့ဆရာကြီး"
"အဲတော့မင်းနဲ့ သွေးခဲသစ်သီးရလာတဲ့အခါငါလာတွေ့မယ်" ဟုပြောပြီးနောက် လေထဲတွင်ဖြတ်ခနဲပျောက်သွားလေတော့သည်။
[ဆရာကြီးရယ် အဲ့လိုလာလိုက်ပျောက်လိုက်မလုပ်ပါနဲ့လား ကျနော်လန့်တတ်လို့ပါ]
လပ်တစ်ယောက် မျက်လုံးပြူးပြီးကြည့်နေသော
၁၄လက်မခန့်ငါးကြီးကိုကြည့်ပြီး လက်နဲ့ရိုက်ကာ
အဆုံးသတ်ပေးလိုက်လေတော့သည်။
"ဖတ်"
"ငါးကိုဘာနဲ့ချက်ရင်ကောင်းမလဲ ဟုတ်ပြီငါးသံပုရာပေါင်းလုပ်စားရမယ်"
"ဘကြီးတိုးလုပ်တာမြင်ဘူးတယ်စမ်းကြည့်တာပေါ့"
နာရီဝက်ခန့်ကြာပြီးနောက် ငါးကိုင်ပြီးသွားပြီလေ
အသင့်ရှိနေသော ငါးကိုအရသာထုပ်ဖောက်ထည့်ကာ
သံပုရာသီးအခြမ်း၆ခြမ်းထည့်ကာမီးဖိုပေါ်တင်ထား
လိုက်လေသည်။အဆောက်အဦးတွင်းကိရိယာတန်ဆာပလာများအကုန်ရှိနေလို့တော်သေးသည်
ဒါကလည်းကျားသစ်မလေးက လိုလိုမယ်မယ်ဆိုကာ
စီမံပေးထားခြင်းဖြစ်လေတော့သည်။
"အင်း ငါးစားပြီးရင်စွမ်းအင်တွေစုစည်းဖို့က
တစ်ပတ်၊ ၁၀ ရက်လောက်ကြာမယ် ပြင်ဆင်ထားအုံးမှတန်ကာကျမယ်"
လပ်တစ်ယောက် အတွေးနယ်ချဲ့မိနေတော့သည်
တကယ်ဆိုရင်သူအမှန်တကယ်ဝါသနာပါတာက
ပန်းချီအနုပညာ ကြီးလာရင်ဖြစ်ချင်တာကဂိမ်းနည်းပြ ဂိမ်းဆော့ရင်းပျော်လည်းပျော်ရပိုက်ဆံလည်းရ
ဘယ်လောက်ကောင်းလိုက်သလဲ။
ဒါပေမဲ့ဖြစ်လာတဲ့တိုက်ဆိုင်မှုကြောင့်ကျင့်ကြံခြင်းလောကထဲရောက်လာတော့ အကောင်းဆုံးကြိုးစားနေရခြင်းသာ ဒီလောကကြီးက တကယ့်ကိုသတ်ဖြတ်မှုအပြည့်အားကြီးသူစားစတမ်းကြီး
အခုတွက်ကြည့်လိုက်တော့သူကျင့်ကြံမှုသက်တမ်းက ၃နှစ်ခွဲကျော်၄ နှစ်မပြည့်သေး၊
မကြာခင်S3အဆင့်ရောက်တော့မယ်၊ဒီအကြောင်း
တခြားလူတွေများသိသွားရင်အံသြလွန်းလို့သေသွားနိုင်တယ်။
"ဆရာ အကာကွယ်အစီရင်ကိုဖွင့်ပြီးပါပြီ"
အသေးလေးရဲ့အသံကြားတော့ လပ်ရဲ့အတွေးစတွေရပ်သွားသည်။
"အေးကွ ငါငါးစားပြီးရင် စွမ်းအင်စုစည်းပြီးကျင့်ကြံတော့မယ် မင်းကလုံခြုရေးစောင့်ကြည့်နေ"
"Yes sir"
ခနကြာတော့ လပ် ငါးသံပုရာပေါင်းအဖုံးကိုဖွင့်လိုက်တယ်။မွေးပျံ့တဲ့ရနံ့လပ်ဆတ်တဲ့ရနံ့လေးကိုရှုမိသွားတယ်ငါးလေးကလည်းတင်းရင်းပြီးအိစက်နေတယ်
သံပုရာစိပ်လေးတွေအကြားမှာ ငွေဖြူရောင်တောက်ပနေလေရဲ့ဒါပေါ့စောင့်ရှောက်သူအဖိုးကြီးရဲ့ငါးကသာမန်ဘယ်ဟုတ်ပါ့မလဲ၊S3အဆင့်ကိုရောက်စေမဲ့ချီစွမ်းအားများစွာပါဝင်တဲ့ငါးဟာစွမ်းအား
ချီစုစည်းခြင်းဆေး ၁၀၀၀ ကျော်လောက်စုပုံစား
ရသလိုပဲလေ ၊ချီစုစည်းဆေး၁၀၀၀ ကိုလည်းဘယ်သူမှတပြိုင်ထဲမစားနိုင်ဘူးလေ၊ဒီငါးကိုအဖိုးကြီး
ဘယ်ကဖမ်းလာလည်းမသိဘူးနေရာသိရင်ငါတော့
ချမ်းသာပြီလို့သူတွေးလိုက်မိသေးတယ်။
အနံခံရင်းဇွန်းလေးနဲ့အသားကိုဖဲ့ပြီးဝါးစားလိုက်တယ်၊အသားရဲ့အရသာဟာအလွန်ချိုပြီး
ဂျယ်လီလိုပဲလျာပေါ်မှာတုန်တုန်ဖြစ်နေရာကရုတ်တရက်ပျော်ဆင်းသွားတယ်။
"အား ကောင်းလိုက်တာ ဖူခက်ကမ်းခြေဒေသက
ငါးသံပုရာပေါင်း အဲတာနဲ့သွားတူနေတာပဲ"
လပ်တစ်ယောက် အော်ဟစ်ပြီးရင်အမြန်ခပ်စားနေလိုက်တော့တယ်။၁၀မိနစ်လောက်ကြာတော့ လပ်
သိုလှောင်လက်ပတ်ထဲက နိုရာပေးလိုက်တဲ့ဝိုင်ပုလင်းထုတ်ပြီးမော့လိုက်တယ်။
"အားပါး ငါးနဲ့ဝိုင်ကလည်းအတော်လိုက်တာပါလား"
သောက်လိုက်စားလိုက်နဲ့ ခနနေတော့ အကုန်ပြောင်သွားလေပြီ။လပ်ဘေစင်ဆီသွားပြီးမျက်နာသစ်လိုက်တယ်ပြီးတော့သူ့အခန်းထဲဝင်သွားကာကျင့်ကြံဖို့ရာ
စတင်လိုက်တော့တယ်။
၁၅မိနစ်အကြာမှာတော့ လပ်တစ်ကိုယ်လုံးရေခိုးရေငွေ့များသဖွယ်အငွေ့များဖုံလွှမ်းလာပြီး
စွမ်းအင်လိုင်းများကလည်း လျှပ်စီးလက်သလို
တကိုယ်လုံးအနှံ့လျောက်ပြေးနေပါတယ်
များပြားလှတဲ့စွမ်းအားတွေကိုထိန်းချုပ်ဖို့ကြိုးစားရင်းလပ်အတော်ကြိုးစားနေရရှာတယ်။
"ဟုတ်ပြီ စာအုပ်ထဲကအတိုင်းခန်ဓါကိုယ်စုံမှတ်တွေကိုချီစွမ်းအားတွေဖြတ်စီးစေရမယ်။ပြီးရင်ခေါင်းက
နေခြေပြားအထိတကိုယ်လုံးလှည့်ပတ်ရမယ်ကွ"
လပ်တစ်ယောက်ဈန်ဝင်သွားတဲ့အခြေအနေဖြစ်သွား
တယ်ပြီးတော့သမာဓိရကာစွမ်းအားတွေလှည့်ပတ်
နေပါတော့တယ်။ဒီလိုနဲ့တပတ်ခန့်ကြာပြီးတဲ့နောက်မှာလပ်တစ်ယောက်မျက်လုံးပြန်ဖွင့်လာပြီးယခုလိုပြောလိုက်တယ်
"ဟုတ်ပြီချီစွမ်းအင်အရည်တွေကိုလိုသလိုထိမ်းချုပ်
နိုင်သွားပြီအခုအဲ့အရည်တွေကို ချက်အောက်လက်၄လုံးနေရာဒန်တန်မှာဖိနှိပ်ပြီးသိပ်သည်းအောင်လုပ်ရမယ်"
အဲ့လိုနဲ့နောက်၄ရက်အကြာမှာတော့ လပ်ရဲ့တကိုယ်လုံးညိုညစ်ညစ်အဖတ်တွေကပ်နေပြီးကိုယ်ထဲမှာ
မီးသီးတွေထွန်းထားသလိုလင်းလက်လာပါတယ်။
အဝေးကကြည့်ရင် တကိုယ်လုံးဓါတ်မှန်ရိုက်ထားသလိုအရိုးတွေ၊ကလီဆာတွေ၊သွေးကြောတွေကို
ဖောက်မြင်လာရပါတယ်၊ခန်ဓါကိုယ်ထဲမှာရှိတဲ့အရာအားလုံးကိုသူမြင်နေရပါပြီ။အဲ့သူ့ရဲ့ချက်
အောက်ဒန်တန်နေရာမှာတော့ ငုံးဥကိုဘေးတိုက်လှဲ
ထားသလိုအမြုတေလေးတစ်ခုဖြစ်တည်လာပါတယ်
အဲ့တာလေးကရွှေရောင်မှိန်မှိန်လေးလင်းနေကာ
ဘို့အား၁သောင်းကျော်ဓါတ်ကြိုးပျက်ကျပြီးရှော့ဖြစ်သလိုလင်းတောက်နေတာပါ။အဲ့ရဲ့စွမ်းအားကို
ထုတ်သုံးလိုက်ရင်ဘာဖြစ်မလဲလပ်လည်းမစမ်းဝံ့ပါဘူး၊သူရဲ့အသွေးသားကပြောင်းလဲသွားတာပါပြီ
သူရဲ့နှာခေါင်းကအသက်ရှုနေသလို ခန်ဓါကိုယ်ကြီးကလည်းလေထဲကသဘာဝစွမ်းအင်တွေကိုရှုရှိုက်နေတာပါ။နောက်တစ်ရက်ကြာပြီးနောက်အသားမှာကပ်နေတဲ့အညစ်အကြေးတွေကွာကျသွားပြီးအသား
အရေဟာလည်းနို့နှစ်ရောင်သဖွယ်ဖြစ်သွားပြီး
ထမင်းတစ်လလောက်မစားရင်တောင်ဘာမှမဖြစ်ဘူး
ဆိုတာသူသိလိုက်ပါတယ်။သူ့ရဲ့အသက်စွမ်းအားကို
သတိထားမိသွားပြီးသူလေ့လာထားသလောက်
အမြုတေအဆင့်ဟာနှစ်ပေါင်း၂၀၀၀ကျော်နေနိုင်တယ်ဆိုတာပါပဲ။ဟုတ်ပါတယ် လပ်တစ်ယောက်
ရွှေအမြုတေ ခေါ် S3 အဆင့်ကို တကယ်ပဲရောက်ရှိသွားခဲ့ပါပြီ။ရုတ်တရက် လပ်ရေခဲစွမ်းအားသိုင်းကွက်ကိုသုံးသပ်လိုက်ရင်ပဲ အေးစိမ့်တဲ့ပတ်ဝန်းကျင်ဖြစ်လာပြီး လပ်ရဲ့တကိုယ်လုံးချပ်ဝတ်ပုံစံ
ဖြစ်ပေါ်လာပြီး ရေခဲနဲ့ထုထားတဲ့ရောမစစ်သူကြီး
သဖွယ်ဖြစ်လာပါတော့တယ်။အသက်၃ရှိုက်အတွင်း
ရေခဲချပ်ဝတ်တန်ဆာကိုပြန်သွင်းလိုက်ပြီး
လပ်တစ်ယောက်ဝမ်းသာအားရအော်ဟစ်လိုက်တယ်
" S3 ဖြစ်ပြီကွ ငါS3 ကွ ဟားဟား
အမေတို့မြင်ကြလား သားS3 ဖြစ်ပြီဗျ"