လမိုက်ညမှာ ပြုတ်တဲ့ဥတွေ
Vol. 7 Ch. 64
S3 အဆင့်ရောက်သွားတဲ့လပ်တစ်ယောက်သူ့ရဲ့
တိုးတက်လာတဲ့စွမ်းအားကိုစမ်းသပ်ဖို့လက်တယားယားဖြစ်နေလေတော့သည်။
လူလူးဂြိုလ်ရဲ့ ခွန်အားစမ်းသပ်ခန်းတွင်စမ်းကြည့်ရန်လပ် အမြန်ထွက်လာခဲ့လေတော့တယ်။
နာရီဝက်ခန့်ကြာပြီးနောက် စမ်းသပ်ခန်းအတွင်းရှိ
စွမ်းအားတိုင်ကို လပ် လက်သီးတစ်လုံးပြစ်ထိုးလိုက်တယ်။ ဝှီး ဘုန်း
စွမ်းအားတိုင်မှာ ပေါင်၁သန်း၅သိန်းကျော်အမှတ်သို့
ထောင်တက်သွားလေတော့သည်။
"စွမ်းအင်သုံးပြီးထိုးလို့က တောင်တစ်လုံး၊ယာဉ်ပျံတစ်စီးကိုပင် ချေမွပြစ်နိုင်လောက်တယ်"
"ငါ့ကိုယ်ငါတောင်ပြန်ကြောက်နေရတယ် ဟဟ
အဲ မဖြစ်သေးပါဘူး ငါထောင်ထောင်ကြွကြွလုပ်မိတော့မလို့ပါလား တကယ်တော့အမြုတေအဆင့်ဆိုတာအစပဲရှိသေးတာ စကြာဝဠာထဲမှာငါ့အဆင့်က
ပါမွှာလေးပဲ ဒီအဆင့်တွေကအများဆုံးသေကြတာပါလား ဘုရားဘုရား" "သတိထားမှပဲ"
လပ် တစ်ယောက်ရေရွတ်ရင်း အခြားသူကျွမ်းကျင်သောသိုင်းကွက်များကိုစမ်းသပ်နေတော့သည်။
ဒေါသလက်သီးသိုင်းကွက်
ဝှစ်ဘုန်း
အေးခဲလက်သီး ဒုန်း ယား
စွမ်းအင်များရဲ့သက်ရောက်မှုကိုအစီရင်များက
ကာကွယ်ပေးထားသောကြောင့်လပ်ကြိုက်သလောက်ထိုးချက်များက ပတ်ဝန်းကျင်ကိုသက်ရောက်မှုမရှိပေ။တီတီ
ရုတ်တရက် စမတ်နာရီမှအသံပေးချက်ထွက်လာပြီး
မက်ဆေ့များဝင်ရောက်လာသည်။
( ကောင်းသောညနေခင်းပါ ဆရာလပ် ဆရာ့စွမ်းအင်
ကိုဌာနချုပ်ကထောက်လှမ်းမိပါသည်
ဆရာ အမြုတေအဆင့်ကိုရောက်ရှိကြောင်းသေချာ
သိနိုင်ရန် နာရီရဲ့ဘေးဘက်ကိုလက်ဖြင့်၁မိနစ်ဖိထားပေးပါ ကျေးဇူးပါ)
လပ်လည်းအမြန်ဖိပေးလိုက်သည်
ထို့နောက်စိတ်ထဲမှလည်း အင်းငါစွမ်းအင်သုံးပြီး
တိုက်လိုက်တာနဲ့ ဌာနချုပ်ကတန်းသိတာပဲဟအင်းနည်းပညာတိုးတက်မှုကကြောက်စရာပဲ။ဟုတွေးမိလေသည်။
မကြာမီ လပ်ရဲ့နာရီအတွင်းသို့ မက်ဆေ့များဆက်တိုက်ဝင်လာလေသည်။မတ်ဆေ့များကရှည်တာကြောင့် အနီးရှိခုံတစ်လုံးတွင်ထိုင်ကာအချိန်ပေးဖတ်လိုက်လေရာခဏအကြာတွင်လပ်သဘောပေါက်
သွားလေသည်။
S3အဆင့်ကိုရောက်ရှိပြီးနောက် ဗိုလ်မှုးအဆင့်ဖြစ်သောလပ်မှာ ဆက်လက်တာဝန်ထမ်းလိုပါကဆက်နေနိုင်ပြီး လွတ်လပ်စွာဂြိုလ်များအကြားသွားလာ
နေထိုင်လိုပါက အဖွဲ့အစည်းမှထွက်ရမှာဖြစ်ပါတယ်။
ထွက်ချင်ရင်၂နှစ်ကြိုတင်စာရင်းပေးရမှာဖြစ်ပြီး
၂နှစ်ပြည့်ရင်လွတ်လပ်သွားမှာလည်းဖြစ်တယ်
ဒီအတွင်းတော့တာဝန်များကိုလုပ်ဆောင်ပေးရအုံးမှာဖြစ်ပါတယ်။သူ့အနေနဲ့ ထွက်ခွာဖို့လုပ်ရမှာပါ
သူ့ဆရာရှိတဲ့ တခြားစကြာဝဠာကိုသွားရမှာမို့ပါ
အဲ့ဒါကလည်းသွားရင်းနှစ်၅၀လောက်ကုန်ဆုံးသွားနိုင်တယ်လေ။တပတ်အတွင်းစာရင်းပေးမှာ
ဖြစ်ကြောင်းလပ်မက်ဆေ့ပြန်ပို့လိုက်လေတော့တယ်။
လပ်သက်ပြင်းတစ်ချက်ချလိုက်ပြီးရေချိုးခန်းရှိရာသိုအမြန်သွားလိုက်ပါတော့တယ်။
လူလူးဂြိုလ်မှာရှိတဲ့လက ကမ္ဘာကမြင်ရတဲ့လမဟုတ်ပါဘူး လနဲ့အသွင်တူတဲ့ပိုကြီးတဲ့ဂြိုလ်တစ်လုံးပါ
သူ့ရဲ့အရောင်က စိမ်းဖန်ဖန့်နဲ့ပါလမိုက်ညဖြစ်တာကြောင့် လူလူးဂြိုလ်နေရာတစ်ချို့မှာတော့အတော်လေးမှောင်နေပါပြီ
ရှပ်ရှပ်ရှပ်
ဂြိုလ်ရဲ့မြို့စွန်နားကြတဲ့ မြို့ငယ်လေးတစ်ခုရဲ့အဝင်ဝအပေါက်တွင်ထောင်ထောင်မောင်းမောင်းလူ
၅ယောက်က ဂိတ်ကိုဖြတ်ပြီးမြို့ထဲကိုဝင်ရောက်လာပါတယ်။ထိုအချိန်လေပြင်းတစ်ချက်တိုက်ခတ်သွားပြီးမြို့ထဲရှိလူများမှာဖြတ်ခနဲချမ်းစိမ့်သွားကြကာ
ခနအတွင်းပြန်ပျောက်သွားကြပါတယ်။
ထိုလူများကလည်းမြို့အတွင်းသို့နေရာခွဲပြီးဝင်ရောက်သွားကြပါတော့တယ်။
ည နက်ပိုင်း၁၁နာရီကျော်အချိန်
Happy Day club တွင်လူစည်နေပြီဖြစ်လေသည်။
ထိုကလပ်မှာမြို့တွင်းရှိအောက်ခြေလူတန်းစားများသာလာသောအဆင့်နိမ့်ကလပ်တစ်ခုသာဖြစ်လေ၏
အပေါစားရေမွှေးနံ့များ၊အရက်နံ့များလှိုင်လှိုင်သင်းနေပြီးခြေတံရှည်ဒေါက်ဖိနပ်များ၊စကပ်တိုများနှင့်
မိန်းကလေးအချို့သံစဉ်ကိုလိုက်၍ကခုန်နေကြတယ်။
ကလပ်ရဲ့ဒေါင့်တစ်ခုမှာတော့အသက်၄၀အရွယ်
အသားနီစပ်စပ်လူကြီးတစ်ယောက်ထိုင်နေပြီး
သူ့ကြည့်ရတာလေးအတော်မူးနေပုံရပါတယ်။
သို့ပေသည့်သူ့ရဲ့လက်ချောင်း၃ချောင်းကိုအောက်စိုက်လိုက်ရင်ပဲရေစက်တစ်ချို့ကျလာပြီးထိုသူမှာအမူးပြေသွားဟန်ရှိပါတယ်ညစ်ပတ်စုတ်ပြတ်နေပေမဲ့သူကS2 တစ်ယောက်ပါ။သူကတော့အခွင့်အရေးရှာပြီးလိမ်တယ်၊အားနည်းတဲ့လူဆီကလုတယ်
ခပ်ရှင်းရှင်းပြောရရင်လူဆိုးတစ်ယောက်ပါ
ဒါပေမဲ့ပိုင်မှလုပ်တဲ့အတွက်အဖမ်းမခံရသေးပါဘူး
သူကဒီနေ့ ခွင်မိပြီးတော်တော်ရလာတော့ကလပ်
ရောက်လာတယ်၊စားသောက်ပြီးရင်ဆော်တစ်ဗွေအိမ်ခေါ်သွားမယ်ပေါ့ဒါကသူ့အကြံ
"၁၂ထိုးတော့မယ်အလန်းလေးတွေမတွေ့ပါလား
စောက်အဖွားကြီးတွေကြီးပဲ"
မျက်နှာနီကရေရွတ်လိုက်တယ်။တကယ်တော့သူ့နာမည်ကဘွန်နိုလို့ခေါ်တယ်၊လူအများကဇိုးကြီးလို့ခေါ်ကြလို့သူ့နာမည်တောင်သူမေ့နေပြီနာမည်အရင်းကလည်းမသုံးဘူးလေ။၁၅မိနစ်လောက်ကြာတော့
ဘွန်နိုရှေ့ကိုဇာအကျီနဲ့ဘောင်းဘီတိုအဖြူတစ်ထည်
ဝတ်ထားတဲ့ဆံပင်ရွှေရောင်မိန်းကလေးတစ်ယောက်
ဝင်ထိုင်လိုက်တယ်။မျက်နာကတော့သာမန်ရုပ်ရည်မျိုးပဲကိုယ်လုံးကိုယ်ပေါက်ကတော်တော်တောင့်တယ်ဆိုရမယ်။
"ဘဲကြီးသွားကြမလား" ခပ်တည်တည်ပဲသူမအသံကခပ်ကျယ်ကျယ်ထွက်လာတယ်။
"ပိုက်ဆံမရှိဘူး ၅၀ပဲရှိတယ်"
ဘွန်နိုကမဲ့ရွဲ့ကာပြောလိုက်တယ်
ခနကြာတော့သူမကပြန်ပြောတယ်
"၅၀ ပေး ထမင်းကြွေး ပြီးရင်အရက်လည်းတိုက်က. မယ်"
"အိုကေအဆင်ပြေတယ်" ဘွန်နိုကသွားမည်းမည်း တွေပေါ်အောင်ပြုံးရင်းပြန်ပြောလိုက်တယ်။
၅မိနစ်လောက်ကြာတော့သူတို့နှစ်ယောက်ပူးကပ်ပြီး
လျောက်လာတယ်မြို့ငယ်လေးရဲ့စုတ်ပြတ်တဲ့နေရာဖြစ်လို့လမ်းတွေကညစ်ပတ်နေတယ်။အမိုက်တွေကလည်းပြန့်ကြဲလို့သူတို့လမ်းထောင့်တစ်နေရာမှာ
လှုပ်လှုပ်တွေ့တာနဲ့ကြည့်လိုက်မိတယ်။ထောင်ထောင်မောင်းမောင်းနဲ့လူတစ်ယောက်
သူတို့ကိုပြုံးကြည့်နေတယ်၊ရုတ်တရက်အေးစိမ့်သလိုဖြစ်သွားပြီးထိုလူကြီးကအနားကိုလှစ်ခနဲရောက်လာတယ်မျက်နှာကိုကြည့်လိုက်တော့ကင်းလိပ်ရှော
နဲ့တူပြီးတကိုယ်လုံးအစိမ်းရောင်သန်းနေတယ်။
ညငှက်မလေးကအလန့်တကြားထအော်တယ်
"အောင်မလေး ဘာကြီးလဲ"
ဖြန်း ဘုန်း
ကြီးမားတဲ့အစိမ်းရောင်လက်ကြီးက ကောင်မလေး
ကိုဖြတ်ရိုက်လိုက်တာကြောင့် ၄ပေခန့်ကိုလွင့်ထွက်သွားတယ်၊ဘွန်နိုတစ်ယောက်အမူးပြေသွားပါပြီ
ဝှစ် ပျတ်
လက်ထဲမှာ၈လက်မခန့်ဓါးမြှောင်ကိုထုတ်ပြီး
စွမ်းအင်သုံးကာ ကင်းလိပ်လူသားကြီးရဲ့လည်ပင်းကိုဆတ်ခနဲတွတ်လိုက်တယ်
ကင်းလိပ်လူသားရဲ့လည်ပင်းမှာသွေးအချို့ထွက်ကျလာတယ်။ဘွန်နိုနောက်လည့်ပြေးဖို့အလုပ်သူ့ခေါင်း
ကိုလက်သည်းရှည်ကြီးကဆုပ်ကိုင်လိုက်ပြီး
စက်ရုပ်တွေလှည့်သလိုနှစ်ပတ်လှည့်ခံလိုက်ရတယ်
အား အ
အဲ့နောက်သူ့မျက်လုံးထဲအားလုံးမှောင်မည်းသွား
လေတော့တယ်။
ဘွန်နိုရဲ့ကိုယ်ဟာရှေ့ကိုကားရားကြီးဖင်ထောင်သွားတယ်
ဗြစ် စွပ်
ကင်းလိပ်ရှောရဲ့အစိမ်းရောင်လက်ကြီးဟာဘောင်းဘီကိုဆွဲဖြဲလိုက်ပြီးတော့ဘွန်နိုရဲ့ ဥနှစ်လုံးကိုဆွဲဖြုတ်လိုက်ပါတော့တယ်။လမ်းပေါ်မှာတော့
သွေးစက်တွေဗြန်းကနဲပါပဲ
ဒီလိုနဲ့မြို့အတွင်း ဝရုန်းသုံးကားအသံတွေ၊
ဆွဲဆွဲငင်ငင် အော်ဟစ်သံတွေဆက်တိုက်ပေါ်လာပါတော့တယ်။၁၅မိနစ်ကြာတော့မြို့တစ်ခုလုံးအချက်ပေးဥသြသံထွက်လာပါပြီ။
ဟလိုဟလို [အားလုံးအိမ်ထဲနေပေးကြပါ ယင်မကောင်းဆိုးဝါးတွေမြို့ထဲဝင်လာနေတယ်သတိထားပါလုံခြုံရေးအဖွဲ့များအမြန်သွားကြပါ အဖွဲ့အစည်း
ကလိုက်လံသတိပေးကြေငြာနေတာပါ]
ယင်မကောင်းဆိုးဝါးများကတိုက်ခိုက်ကာအမျိုးသားများကိုဥများဖြုတ်ယူသွားသောကြောင့်
လမိုက်ညမှာပြုတ်သွားတဲ့ဥ ၆၀ကျော်လို့တောင်
နောက်ပိုင်းမှာနာမည်တွင်သွားခဲ့တော့လေသတည်း။