ယင်မကောင်းဆိုးဝါးများ
Vol. 7 Ch. 65
လပ်တို့နေထိုင်ရာနှင့်ဆိုလျင် ယင်မကောင်းဆိုးဝါးများတိုက်ခိုက်ခံရသောမြို့နင့်မိုင်၅၀၀၀ကျော်ကွာလေသည်။ထို့ကြောင့် အခြေအနေများကိုနာရီဝက်ကျော်ကြာမှသာ တခြားမြို့များကသိရှိသွားပြီး
အဆင့်မြင့်ကျင့်ကြံသူများကသွားရောက်ကူညီပေးကြလေသည်။
ယင်မကောင်းဆိုးဝါးများမှာနေအလင်းရောင်ကိုကြောက်ပြီးညဘက်တွင်သာလုပ်ရှားကြလေသည်။
ဆိုးယုတ်သည့်အငွေ့အသက်နှင့်အေးစက်သောပတ်ဝန်းကျင်ဖြစ်စေသည့်သူတို့ရဲ့လက်ခဏာများ
နှင့်လူယောင်ဖန်ဆင်းတတ်ခြင်းကြောင့်
ရုတ်တရက်ရှာရမလွယ်ပေ၊သို့သော်သူတို့ရဲ့ဖန်ဆင်းမှုများဟာ၅နာရီသာခံပေသည်။ကြာတာနဲ့ရုပ်အမှန်ဖြစ်တဲ့ကင်းလိပ်ရှောခေါင်းစိမ်းဖန့်တဲ့အသားအရေ
ချွန်မြတဲ့လက်သည်းများ၊၈ပေကျော်တဲ့အရပ်ကြောင့်
မြင်တာနဲ့ခွဲခြားရပေသည်။နေရောင်ရဲ့ဒဏ်ကိုလည်း
သူတို့အရည်ပြားကမခံနိုင်ကြပေ။ယင်မကောင်းဆိုးဝါးများဟာမျိုးပွားမှုမလွယ်ကူကြပေ
သူတို့အတွက်တော့ ကျင့်ကြံသည့်လူသားများကအစာဖြစ်ပေသည်
အထူးသဖြင့်လူသားတို့၏ဥများဟာသူတို့အတွက်
အထူးမျိုးပွားစေနိုင်ပြီးစွမ်းအားကိုလည်းတိုးစေ၏
ဒါကြောင့်လည်းအလစ်တွင်ချောင်းပြီးဥဖြုတ်ကြခြင်းပဲဖြစ်လေတော့သည်။စောင့်ရှောက်သူများ
မရှိသည့်အချိန်ကိုချောင်းနေကြတာပဲဖြစ်သည်
အခုတော့မြို့တစ်မြို့ခံလိုက်ရပြီ
လပ်တို့မြို့ကိုလည်းသတင်းရောက်လာပြီးသိရသောအခါ လပ်တစ်ယောက်ကျောတွန့်ပြီးတုန်တက်
သွားလေသည်။
(ငါလူး ယောက်ကျားဘဝဆုံးမည့်အဖြစ်)
လပ်တို့မြို့ကလည်းသွားရောက်ကူညီရှင်လင်းကြသည်။မနက်အစောသွားမည့်အသုတ်တွင် လပ်
လိုက်ပါသွားခဲ့တော့သည်။
ယာဉ်ပျံစီးပြီး၁၅မိနစ်အကြာတွင် လပ်တစ်ယောက်
အဆိုပါမြို့ကိုရာက်ရှိလာခဲ့ပါတယ်။
မြို့ကလေးသည် မိုင်၁၀၀ပတ်လည်သာရှိသော
ကြောင့် တကယ့်ကိုသေးငယ်သောမြို့ဖြစ်ပြီးမြို့
အစီအရင်များကလည်းS4အဆင့်အမြင့်ဆုံးသာဖြစ်လေတော့သည်။ထို့ကြောင့်လည်း ယင်မကောင်းဆိုးဝါးများကကြံစည်ကာဝင်လာနိုင်ခြင်းပဲဖြစ်လေတယ်။ယင်မကောင်းဆိုးဝါးများကို ရှင်းလင်းသတ်ဖြတ်ရန် လပ်တို့နင့်အတူဦးဆောင်လာသောအဖွဲ့တွင်ခေါင်းဆောင်မှာ လူလူးဂြိုလ်အုပ်ချုပ်ရေး
အစွမ်းထက်ဆုံး ဝံပုလွေဟုခေါ်သော ဂင်တိုတိုနှင့်ဆံပင်ထောင်ထောင်မျက်နာလေးထောင့်နဲ့လူက
ဦးဆောင်လာခဲ့ပြီးS4 အဆင့်ဖြစ်ပေသည်။
သူ့နောက်တွင်တော့လက်အောက်တစ်ဦးဖြစ်ပုံရတဲ့
အလွန်ပိန်လီလှသောအသက်၃၀အရွယ်စုတ်ချွန်းချွန်း
လူတစ်ဦးဖြစ်လေသည်။ထိုသူမှာလုံးပတ်၁
လက်မခန့်ရှိတဲ့ဆေးပြင်းလိပ်ကိုမီးခိုးတလူလူထွက်အောင်အဆက်မပြတ်ဖွာနေလေတော့သည်။ထိုသူမှာS3တစ်ဦးဖြစ်ပြီး ဆေးလိပ်ကသူ့အတွက်မထိခိုက်နိုင်ပေ သို့သော်မီးခိုးတလူလူနှင့်ပြင်းရှသောဆေးနံ့ကြောင့် လပ်တစ်ယောက်တော်တော်စိတ်အနှောက်ယှက်ဖြစ်လာလေ၏ လပ်တစ်ယောက်လည်းသူများအဖွဲ့ကြားကပ်လိုက်လာတာဖြစ်လို့ပြောမနေတော့ပေ
အဖွဲ့ခေါင်းဆောင်ဝံပုလွေက ရုတ်တရက်ပြောလိုက်သည်။
"မြို့ကိုအစီအရင်ဖွင့်ထား၊ဘယ်သူမှထွက်လို့မရအောင်ပိတ်ပြီးစောင့်ကြပ်ထားလိုက်နောက်တစ်နာရီ
ကြာရင်နေထွက်တော့မယ်" ယင်မအေလုံးတွေဘယ်ထွက်ပြေးမလဲ ကြည့်သေးတာပေါ့ဟုအမိန့်ပေးလေသည်။
"ဟုတ်ဆရာ,အားလုံးလုပ်ထားပြီးသားပါ"ဟုစုတ်ချွန်းကဝင်ပြောလေသည်။
လပ် က ဝင်ပြောလိုက်တယ်
"ကျနော်က ဘာလုပ်ရမလဲ"
လပ်ရဲ့အပြောကြောင့်ဝံပုလွေကတစ်ချက်လှမ်း
ကြည့်ပြီးလေးလေးစာစားပြောလိုက်တယ်။
"မာစတာလပ် က ကျနော်ခေါင်းဆောင်အကောင်နဲ့ချနေတုန်းလွတ်သွားတဲ့ ယင်အကောင်ငယ်လေးတွေကို
သတ်ပေးဖို့ပဲ"
"အိုကေပါ စိတ်သာချလိုက်"လပ်ကတိပေးလိုက်တယ်
"စုတ်ချွန်းမင်းက ဆရာလပ်ကိုကူညီပေးကြားလား"
"ဟုတ်"
မနက်ခင်းအလင်းရောင်ကတဖြည်းဖြည်းထွက်ပေါ်လာလေပြီ၊မြို့အတွင်းရှိမှောင်သောနေရာများလည်းအလင်းကြောင့်တဖြည်းဖြည်းရှင်းလင်းစွာ
မြင်လာရပြီဖြစ်ပေသည်။ဝံပုလွေက S4 ဖြစ်သောကြောင့်ပျံသန်းနိုင်သည် ကောင်းကင်သို့ရုတ်တရက်ပျံသန်းကာတက်ရောက်သွားလေသည်။လပ်ကလည်းလေပေါ်ပျံဝဲကာလိုက်ပါသွားတော့၏
S3အဆင့်များကလေပေါ်တွင်ခနကြာပျံဝဲနိုင်သည်
လေထုကိုအားယူရင်းခုန်ကာ ခေါင်းဆောင်နောက်ကိုလပ်တို့လိုက်ကြလေသည်။မြို့တောင်ဘက်ဂိတ်အပေါ်နားတွင်ရိပ်ခနဲမြင်လိုက်ရသောကြောင့်ပင်။
ဟုတ်ပါတယ် ကြီးမားတဲ့ကင်းလိပ်လျောတစ်ကောင်ဟာ မြို့အစီရင်ရဲ့အလယ်နားကိုထိုးနှက်နေပါတယ်
ထိုအကောင်ရဲ့လက်ထဲမှာစွတ်စွတ်ဖြူတဲ့လေးပေခန့်ရှည်တဲ့အရိုးတစ်ချောင်းကိုကိုင်ထားပါတယ်။
ဝံပုလွေကရုတ်တရက်အော်လိုက်ပါတယ်
"လေဟာနယ်မြွေအရိုးပါလား သတိထားကြဟေ့
အဲ့ဒါကအစီအရင်ကိုဖျက်နိုင်တယ်"
"လွတ်သွားလို့မဖြစ်ဘူး"
ပြောရင်းကနေ သူ့တကိုယ်လုံးခေါင်းကဝံပုလွေအဖြစ်ပြောင်းသွားပြီးချွန်ထက်နေတဲ့လက်သည်းနဲ့ကင်းလိပ်ချောကိုခုတ်ချလိုက်ပါတယ်။
ဝှစ် ထန် ထန်
ကင်းလိပ်ချောကလည်းလှည်ပြီးသူရဲ့လက်သည်း
တွေနဲပြန်ကုတ်လိုက်လို့ကြီးမားတဲ့အသံကြီးထွက်ပေါ်လာပြီးဝုန်းဆိုဝံပုလွေပြန်လွင့်ထွက်လာတယ်
လပ်တို့လည်းသဘောပေါက်သွားပါတယ်
ယင်မကောင်းဆိုးဝါးကလည်းခေါင်းဆောင်အဆင့်ပါ
S4 နဲ့ခွန်အားတူညီနေပါတယ်။သူတို့ရဲ့အရေပြားက
မာကျောပြီးအစိမ်းရောင်အကွက်ကြီးတွေနဲ့ပါ
"စုတ်ချွန်းငါ့ကိုကူ ရင်ဘတ်ပိုင်းကိုတိုက်ကြ
လပ်က အောက်မှာနှစ်ကောင်သွားရှင်းလိုက်"
ခေါင်းဆောင်က အော်ပြောလိုက်တယ်။လပ်လေထဲမှာတပတ်ကျွမ်းထိုးလိုက်ပြီး အောက်ကထွက်ပြေးဖို့ပြင်နေတဲ့ ကင်းလိပ်လူသား၂ယောက်ဆီခုန်ဆင်းလိုက်တယ်။
ယား,ဝှစ်
အောက်ကကင်းလိပ်လူသားနှစ်ကောင်ကလည်း
လက်သည်းရှည်နဲ့လပ်ကိုပင့်ခုတ်လိုက်တယ်။
လပ်သူတို့လက်သည်းကိုမထိဝံပါဘူး၊အေးခဲပြီး
ပုတ်သိုးသွားစေတဲ့အဆိပ်ရှိနေလို့ပါ၊တိုက်ချက်ကို
အသာကပ်ရှောင်လိုက်ပြီး လပ်ကသိုလှောင်လက်စွပ်ထဲကS4အဆင့် ဓါးမောက်ကိုထုတ်လိုက်တယ်။
သူတို့အနားကပ်တာနဲ့အပုတ်နံ့ကသင်းကနဲထွက်လာတယ်။အာကာသပိုင်းချက်
လပ်တစ်ယောက်အမြုတေစွမ်းအားကိုအစွမ်းကုန်
အသုံးပြုပြီးကင်းလိပ်တွေရဲ့ရင်ဘတ်နေရာကို
ဖြတ်ခုတ်ပိုင်းလိုက်တယ်။အေးစက်တဲ့နှင်းမုန်တိုင်းကြီးကျလာသလိုဓါးမောက်အရိပ်ကြီးဟာမီတာ၁၀၀ပတ်လည်ကိုဖျက်စီးလာပြီးနောက်
ကင်းလိပ်လူသားနှစ်ကောင်ကိုဖြတ်တိုက်သွားတယ်
လေထဲမှာပဲသူတို့ရင်ဘတ်တွေဟာပွင့်ထွက်သွားကာ
ကိုယ်တွေဟာနှစ်ပိုင်းဖြစ်သွားတယ်။
ယင်မကောင်းဆိုးဝါးနှစ်ကောင် အော်ဟစ်ချိန်တောင်မရဘူးကြွသွားပါပြီ။
အယ်
လပ် တစ်ယောက်သူ့ခွန်အားကိုအံ့သြသွားပါတယ်။(ငါက ရွှေအမြုတေအလယ်ဆင့်လောက်ကိုဖြစ်နေပါလား ဒီကောင်တွေက S2 မို့လို့ပျော့တာလည်းပါမှာပေါ့)
(ဟိုS4 ကင်းလိပ်ကိုငါမနိုင်လောက်ဘူး
ပြန်မသွားပဲဒီနားမှာလိုက်ကြည့်လိုက်အုံးမယ်
အခန့်မသင့်ရင်သေသွားနိုင်တယ်)
လပ်တစ်ယောက်တကယ်တမ်းသေမှာကိုအတော်ကြောက်သောသူဖြစ်လေသည်။ဒါကြောင့်လည်း
ပိုင်မှသာလုပ်လေသည်၊လုပ်ရင်လည်းအပြတ်ပင်
ရန်ညိုးထားခံရမှာလည်းသူသေမလောက်ကြောက်လေ၏တော်ကြာ ရှန်းရှစာပေထဲကလိုရန်သူက
နောင်တချိန်လက်စားလာချေမှမှဒုတ်ခ
သေနေတဲ့ကင်းလိပ်လူသားအပိုင်းတွေကြား
ဟိုကြည့်ဒီကြည့်လုပ်နေတုန်းရိပ်ခနဲမြင်လိုက်ရာ
စုတ်ချွန်းဖြစ်နေလေသည်၊သူကယင်မကောင်းဆိုးဝါးများရဲ့လက်သည်းတွေလိုက်ကောက်နေသည်။
လပ်ကိုစပ်ဖြဲဖြဲရီပြကာ ဒါတွေကရောင်းစားလို့ရတယ်ဟုပြောလေသည်။လက်တစ်ဖက်ကလည်း
ဆေးပြင်းလိပ်ဖွာနေသေးသည်။
(ငလူးကောင်ဒီလိုအချိန်မှာတောင်ဆေးလိပ်ဖွာလိုက်သေးတယ်)
"မင်းရောက်လာတော့ ဆရာဝံပုလွေကဘယ်လိုဖြစ်သွားလဲ "လပ်မေးလိုက်သည်။
"ပြီးသွားပြီလေ အဲ့ဒီယင်မကောင်းဆိုးကောင်ကို
S4 ဒုံးကျည်နဲ့ဌာနချုပ်ကလှမ်းထုလိုက်တယ်
သေခါနီးကိုလျှပ်စီးအစီရင်နဲ့အုပ်ပြီးဖမ်းလိုက်တယ်
ခုအဲ့ကောင်ကိုဌာနချုပ်ပို့ဖို့ခေါ်သွားကြပြီ"
"မြန်လိုက်တာနော်"
"မြန်ဆိုကျနော်တို့မှာ ပလန်တွေရှိပြီးသားလေ
S4 အဆင့်တွေကလက်နက်နဲ့နိမ်နင်းလို့ရတယ်အေးဆေးပဲ "
"စောင့်ရှောက်သူအဆင့်နဲ့အထက်က
တိုက်ပွဲ တွေက လက်နက်တွေမတိုးတော့ဘူးလေ
အဲ့အချိန်တုန်းက ဆိုရင်တော့ တကယ့်ငရဲပဲ"
ပြောရင်းနှင့်ပင် စုတ်ချွန်း၏မျက်နှာမှာတင်းမာသွား
ပြီးတစ်ခုခုကိုအောက်မေ့သတိရဟန်ဖြစ်သွားလေတော့သည်။
ဆက်ရန်