ရှေးဟောင်းလူမျိုးတို့၏ပုရစ်တိုက်ပွဲ
Vol. 7 Ch. 66
လပ်နှင့်စုတ်ချွန်းစကားပြောဆိုနေစဉ်မှာပင်
အာကာသယာဉ်ပျံကြီးများဆိုက်ရောက်လာပြီး
စကြဝဠာလုံခြုံရေးအဖွဲ့ရဲ့တပ်သားများနေရာအနှံ့
ဖြန့်ကြက်ထားလေတော့သည်။
စုတ်ချွန်းက ဆေးလိပ်မီးခိုးငွေ့များကိုမှုတ်ထုတ်ရင်းပြောလိုက်သည်။
"ဒါ ဗာရာနန်းတော်က တပ်သားတွေပဲ
လူလူးဂြိုလ်က သူတို့ဂရုစိုက်တဲ့အထဲပါပုံပဲ"
"ခင်ဗျား က ဗာရာ နန်းတော်ကပဲလား "
လပ်ကသိချင်စိတ်ဖြင့်မေးလိုက်တယ်။
"အဲ့လိုပြောလို့ရတယ် ဗာရာနန်းတော်က
ကယ်ဆယ်ရေးဝန်ကြီးဌာနရဲ့ အမတ်တစ်ယောက်က
ငါ့ကိုမွေးစားခဲ့တာ"
အိုး ခင်ဗျားကံကောင်းတာပဲ
"ကံကဆိုးပြီးရင်ကောင်းလာတတ်တယ်လေ"
စုတ်ချွန်းက မချိပြုံးပြုံးရင်းပြောလေသည်
"ဒါပေမဲ့ ကျနော့်ရဲ့အကျင့်ဆိုးကြောင့်ဗာရာနန်းတော်
က နေလွန်ခဲ့တဲ့၅ နှစ်ကနှင်ထုတ်ခံလိုက်ရတယ်"
ဟုဆက်ပြောလေသည်။
မကြာမီပြန်လည်ထိန်းသိမ်းရေးအဖွဲ့များက
တိုက်ခိုက်ခံရသူများကိုကူညီကယ်ဆယ်ပေးပြီး
မြို့ကိုသန့်ရှင်းရေးလုပ်နေကြပါတော့တယ်။
သေဆုံးသူ၆၂ယောက်ရှိပြီးဒဏ်ရာရသူ၅၀ကျော်ရှိလေသည်။
ခေတ်မှီနည်းပညာများကြောင့်မြန်ဆန်ပြီး၂နာရီအကြာမှာတော့တမြို့လုံးပြန်လည်လည်ပတ်ကာ
မြို့နေပြည်သူများလည်းသွားလာနေကြပါပြီ။
ခေါင်းဆောင် ဝံပုလွေလူသားကို နှုတ်ဆက်ပြီးနောက် လပ်တစ်ယောက် စုတ်ချွန်းကသောက်ရန်
ဖိတ်ခေါ်တာကြောင့် ကောက်ကောက်ပါအောင်
လိုက်သွားပါလေတော့တယ်။
လမ်းမှာစကားပြောကြရင်း
စုတ်ချွန်းရဲ့အမည်က ဖရီးဖောဖြစ်ကြောင်းသိလိုက်ရတယ်၊ဒါက သူ့ကိုကိုယ်ဝန်ရှိတော့သူ့အမေကတနေ့တစ်ခါလောက် ဒန်းမစီးရမနေနိုင် အပင်ပေါ်တွေတက်ခုန်ဆင်း၊ရေထဲကို ဒိုင်ပင်တွေပစ်အဲ့လိုတွေလုပ်နေလို့ အားလုံးကဝိုင်းပြီးဖရီးဖောလို့ပေးခဲ့ကြတာပါ
လွန်ခဲ့တဲ့၂၃နှစ် သူ၇နှစ်သားအရွယ်မှာသူတို့ဂြိုလ်မှာ
သားရဲတွေ၊နတ်ဆိုးတွေသောင်းကျန်းပြီးပုန်ကန်ခဲ့တာပေါ့ ၊ဗာရာနန်းတော်က နိမ်နင်းပေမဲ့လည်း
စောင့်ရှောက်သူအဆင့်ထက်မြင့်တဲ့တိုက်ပွဲတွေ
ကြောင့် လူသားတော်တော်မျာများက ငရဲသဖွယ်
သေကြေပျက်စီးခဲ့တာဟာဂြိုလ်တစ်ဝက်နီးပါးခန့်ရှိခဲ့ပါတယ်။စုတ်ချွန်းမိဘတွေက ထိုတိုက်ပွဲမှာသေသွားကြပြီးစုတ်ချွန်းကို ဗရာနန်းတော်ရဲ့လူကြီးတစ်ဦးက
မွေးစားခဲ့တာပါ၊ဒါကြောင့်မို့လို့လည်းသူကအသက်
၂၅ကျော်မှာS3ဖြစ်လာခဲ့တာပါ၊အရင်းအနှီးတွေ
ဆေးဝါးကောင်းတွေရခဲ့လို့ပေါ့။
ပြောရင်းနဲ့လပ်တစ်ယောက်စုတ်ချွန်းအကြောင်း
ပိုသိလာခဲ့ရတယ်။သပ်သပ်ရပ်ရပ်ဆိုင်ကလေး
တစ်ခုမှာလပ်တို့ထိုင်လိုက်ကြပါတယ်။အဲ့နောက်
သောက်ရင်းစားရင်းစကားဆက်ပြောကြတယ်ပေါ့
စုတ်ချွန်းဟာအသက်၁၉နှစ်အရောက်မှာအရက်စွဲပါတော့တယ်၊ဆေးလိပ်ကလည်းဖင်မီးခိုးထွက်သောက်ပါတယ်၊အဆိုးဆုံးကသူဟာလောင်းကစားရူးသွပ်သူတစ်ယောက်ဖြစ်လာတာပါ အိတ်ထဲရှိသမျှအကုန်
လောင်းပါတယ်။ဂျင်ဝိုင်းတွေ၊ဖဲဝိုင်းတွေရှုံး
အကောင်တိုက်ပွဲတွေလည်းလောင်း ရှုံးတော့
မွေးစားအဖေရဲ့မိတ်ဆွေတွေဆီကပိုက်ဆံလိုက်ချီး
တော့တာပဲ၊နောက်ဆုံးမှာနာမည်ပျက်ပြီးဗာရာနန်းတော်ကအရှက်ရစေတဲ့ကောင်ဆိုပြီးနှင်ထုတ်လိုက်တာပါ။မနှင်ပဲနေမလား နန်းတော်နာမည်ကိုသုံးပြီး ကမ္ဘာများစွာမှာပိုက်ဆံတွေလိုက်ချေးငှားတာပါ
အသတ်မခံရတာကံကောင်းပေစွ
လပ်လည်းနားထောင်ပြီးတော့
အားရား လောင်းကစားလုပ်ဖို့ ဂြိုလ်များအနှံ့အပြား
သွားတဲ့သူတော့မြင်ဘူးပြီဟုဆိုကာအံ့သြတကြီး
ကြည့်နေမိပါတော့တယ်။
"ဒါနဲ့ လပ် မင်းကသွေးခဲသစ်သီးလာစောင့်နေတာလား"
စုတ်ချွန်းကစကားစလိုက်သည်။
"ဟုတ်တယ်ဗျာ ကျနော်လည်းကံစမ်းကြည့်တာပေါ့"
S3အဆင့်ဆိုရင်တော့ရဖို့ ၇၀ရာခိုင်နှုန်းသေချာတယ်လို့ပြောကြတယ်လေ"
စုတ်ချွန်းမျက်နှာတည်သွားပြီး
"အဲ့ဒါကကံကောင်းလွန်းမှဟ" ဟုပြောလေသည်။
"မင်းကတော့ရနိုင်ကောင်းပါတယ်"
"မယုံရင် ငါတို့လောင်းကြမလား"
"နေနေ ဆရာသမား မလောင်းတော့ပါဘူး"
" UM 1000 ကြေးတော့လုပ်လိုက်"
"မလုပ်ပါနဲ့ ဖရီးဖောရယ်
ငါ့လည်းသိပ်ရှိတာမဟုတ်"
"ဟေ့ လပ် မင်း ဒီဂြိုလ်ကိုရောက်တာမကြာသေးဘူးမလား"
" မင်း ပုရစ်တိုက်ကွင်းရောက်ဖူးလား"
"နိုး မရောက်သေးဘူး ကြားတောင်မကြားဘူးတာ"
"ဟုတ်ပြီ ခနနေရင် ငါသွားမလို့ ငါနဲ့လိုက်ခဲ့လေ"
နာရီဝက်ခန့်ကြာပြီးနောက် နှစ်ယောက်သားမူးနေကြပေပြီ။
သူတို့စွမ်းအားများဖြင့် အရက်မူးခြင်းကိုဖြေလိုက်၍
ရသော်လည်း နှစ်ယောက်စလုံးမလုပ်ကြပေ
(ဘာလို့လုပ်ရမှာလဲ မူးခြင်လို့ပိုက်ဆံပေးသောက်တာပါဆိုနေ)
အများသူငါသွားလာရေးအတွက်အသင့်ရှိအလှစီးရထားလုံးတစ်စီးကိုငှားကာနှစ်ယောက်သားစီးလာကြလေသည်။
မိနစ်၂၀ခန့်စီးလာပြီနောက်တောင်ကြားတစ်ခုကို
ရောက်လာကြတော့တယ်။
ဒီဒေသကြီးတစ်ခုလုံးပြားပန်းခတ်စည်ကားလှပြီးလူ
များ၊ မျိုးနွယ်ခြားများ၊သားရဲလူသားများစွာ
သွားလာလှုပ်ရှားနေကြသည်မှာလူပင်လယ်ကြီးအလားပင်
လပ်တစ်ယောက်အံ့သြစွာဖြင့်လိုက်ကြည့်လိုက်လျင်
ဒစ်ဂျစ်တယ်ဘုတ်ပြားများတွင်ကြော်ငြာများစွာတွေ့လိုက်ရလေသည်။
ယခုနှစ်ပြိုင်ပွဲချန်ပီယံ ဆိုတဲ့ ဆိုင်းဘုတ်အောက်တွင်
၁၀လက်မခန့်အရွယ်အစားရှိ အဝါနုရောင်ပုရစ်
တစ်ကောင်ရဲ့ပုံကိုဖော်ပြထားလေသည်။
ရှေးနှစ်က ချန်ပီယံများကိုလည်းပြသထားသည်။
ချန်ပီယံဖြစ်တဲ့ပုရစ်က UM ၁၀သန်းရမှာဖြစ်တယ်
စကြာဝဠာအသီးသီးမှ ပုရစ်တိုက်ပွဲများကြောင့်
ပုရစ်ကောင်တိုက်ပွဲဟာလွန်စွာရေပန်းစားပြီး
တိုက်ပုရစ်များမွေးမြူသူများရှိပြီးဈေးမှာလည်း
အလွန်ကြီးနေသည်၊အစာရောင်းသူများ၊ပုရစ်
လေ့ကျင့်သူများ၊လောင်းကစားဒိုင်များကလည်း
အငယ်တန်း၊အကြီးတန်း၊အဆင့်မြင့်ပွဲများအလိုက်
ကြေးသတ်မှတ်ပြီးဒိုင်ဖွင့်တာကြောင့်လောင်းကစား
လုပ်သူများကလည်းအကြိုက်ဖြစ်နေတော့သည်။
ဝါး
လပ် ခန့်ညားလှသောကျောက်စိမ်းတစ်မျိုးကိုသူတွေ့လိုက်ရတယ်၊အဲ့ဒါက ပေ၄၀ကျော်ရှည်ပြီးမိုးပေါ်
ထောင်တက်နေတယ်လေ၊ကျောက်စာကြီးတစ်ချပ်ပါ
ကျောက်စိမ်းတစ်မျိုးနဲ့လုပ်ထားတဲ့ကျောက်စာပေါ့
စိတ်ဝင်တစားကျောက်စာကိုဖတ်လိုက်တယ်
ရှေးခေတ်အရေးအသား ဒါပေမဲ့ဖတ်လို့ရတယ်။
ရှေးဟောင်းလူမျိုးတို့ရဲ့နန်းတော်ဝင်းဟောင်းပါ
ဒီဝင်းထဲမှာအရင်က သူတို့ရဲ့ဘုရင်ကြီးဟာ
ပုရစ်တွေမွေးမြူပြီးနိုင်ငံအနှံ့အပြားနဲ့ပုရစ်တိုက်ခဲ့တာပဲ၊သူများနိုင်ငံရဲ့ချန်ပီယံတွေစုပြီးပြိုင်ပွဲလုပ်
နောက်ဆုံးဗိုလ်ဆွဲသူကချန်ပီယံလိဒ်ဖလားရတယ်
ပေါ့ဗျာ။ဆုကမွေးမြူတဲ့သူကော၊ထရိန်နာကော
တိုက်ပုရစ်ကောင်ကိုရော ပေးတာဗျာ
ရှေးဟောင်းမင်းဆက်ဘုရင် ဂျော့လို့လဲရေးထားပါတယ်။ကျောက်စာကိုဖတ်ပြီးနောက်လပ်လည်း
သမိုင်းကြောင်းရှိတဲ့ ဒီပုရစ်တိုက်ပွဲကိုစိတ်ဝင်စားသွားပါတယ်။
ဒီတောင်ကြားဒေသကြီးတစ်ခုလုံးကိုတိုက်ပွဲအတွက်
ရောက်လာကြတဲ့ ကမ္ဘာအသီးသီးကလူတွေ
မျိုးနွယ်ခြားတွေတည်းလိုရအောင် ဟိုတယ်တွေ
စားသောက်ဆိုင်၊ကလပ်၊ကေတီဗီ၊မာဆက်
ပုရစ်အရောင်းဆိုင်၊အစာဆိုင်၊ငွေလွှဲကောင်တာ
လောင်းကစားဒိုင်ခန်းများ၊ကျင့်ကြံသူတွေအတွက်
ဆိုင်ခန်းများအိုစုံနေတာပါပဲ။
တိုက်ပုရစ်ကလေ့ကျင်ပေးရတယ်၊အစာကြွေးရတယ် ၊အမယ်သူတို့ကစွမ်းအားမတူကြဘူး
တချို့ကအဆိပ်၊တချို့က မီး၊ရေ၊လေအစွမ်းအချို့
ထုတ်နိုင်ကြတယ်။တိုက်ပွဲကွင်းပြင်တစ်ခုကို
ဘောလုံးကွင်းတစ်ကွင်းစာလောက်ကြီးတယ်
ဒါပေမဲ့ အလည်မှာမှန်ကိုပေ၂၀ပတ်လည်အပြည့်ကာထားတယ်။ပုရစ်နှစ်ကောင်ကအဲ့ထဲ့ဝင်ဖိုက်ကမှာ။
လပ်လည်း ရောက်တဲ့နောက်ပြိုင်ပွဲတစ်ခုဝင်ကြည့်ဖို့
ဆုံးဖြတ်လိုက်တယ်။
"ကျနော်တို့တစ်ပွဲလောက်ဝင်ကြည့်ရအောင်"
လပ်က စုတ်ချွန်းကိုလှည့်ပြောလိုက်တယ်။
အလွန်ရူးသွပ်သည့်မျက်နှာဖြင့် စုတ်ချွန်းက
အော်လိုက်လေသည်။
"နေပါအုံးဟ ချန်းချန်းဆိုတဲ့ပုရစ်ကိုငါလောင်းလိုက်
အုံးမယ်"
ဆက်ရန်