← Chapters

ဂါထာများကိုစမ်းသပ်လေ့ကျင့်ခြင်း

Vol. 7 Ch. 67

ဂါထာများကိုစမ်းသပ်လေ့ကျင့်ခြင်း

Vol. 7 Ch. 67

ပေ၂၀ပတ်လည်ရှိတဲ့မှန်အခန်းထဲတွင်နီညိုရောင်

ပုရစ်တစ်ကောင်နှင့်အစိမ်းပုတ်ရောင်ပုရစ်တစ်

ကောင်လေထဲတွင်ပျံသန်းတိုက်ခိုက်နေကြသည်။

မှန်၏ခံနိုင်ရည်မှာS4 အဆင့်များပင်မဖျက်ဆီးနိုင်ပေ။အားပေးနေတဲ့ပရိတ်သတ်များကလည်း

၂သောင်းကျော်ရှိလေပြီးတစ်ယောက်တစ်ပေါက်

အော်ဟစ်ကာအားပေးလျှက်ရှိလေ၏

"လုပ်ထား ဘလိတ်ရေ အချွန်နဲ့ထိုးလိုက်"

"ချန်းချန်းကွ မီးအစွမ်းလေးထုတ်လိုက်စမ်း"

ချန်းချန်းအမည်ရှိပုရစ်မှာ မီးပုရစ်ဖြစ်ကာနီညိုရောင်

ဖြစ်လေသည်။ဘလိတ်ကတော့ လေဓါးပုရစ်ဖြစ်လေ

၏။နှစ်ကောင်သားတိုက်ပွဲတွင်စွမ်းအင်များကိုထုတ်

ကာတိုက်နေသောကြောင့်မှန်ခန်းအတွင်းဝုန်းဒိုင်းကြဲ

ကာမီးတောက်များ၊လေမုန်တိုင်းများလည်းဖြစ်ပေါ်နေသည်။သာမန်လူတစ်ဦးထိုပုရစ်၏တိုက်ခိုက်ခံရပါ

က S1အဆင့်တိုက်ခိုက်ခံရသကဲ့သို့တစ်ခါထဲ

သေဆုံးသွားနိုင်လေသည်။

ချန်းချန်းက လေထဲမှာပျံဝဲကာ မီးတောက်တန်းကြီး

တစ်ခုကို ဘလိတ်ထံပစ်လွှတ်လိုက်သည်။ဘလိတ်ရှောင်လိုက်သော်လည်းသူ့အတောင်ပံတစ်ဖက်

မီးလောင်သွားသည်၊သူ့ရဲ့လေစွမ်းအင်ကိုသုံးပြီး

မီးညိမ်းလိုက်သည်။ထို့နောက် နေရာကရုတ်တရက်

ပျောက်သွားတယ်။

ဝှစ်

သူပြန်ပေါ်လာတော့ ချန်းချန်းရဲ့အတောင်ပံနားကိုရောက်နေပြီချန်းချန်းက နောက်ဆုတ်ဖို့ကြိုးစားလိုက်တယ်

ဝှစ်ရှပ်

ဘလိတ်ဓါးလိုပါးလွှာတဲ့အတောင်တစ်ခုဟာ

ချန်းချန်းရဲ့ရင်လတ်ကိုဟတ်တက်ခွဲသွားပါတယ်။

ချန်းချန်းကလည်းဘလိတ်ခေါင်းကိုဆတ်ခနဲအမြှီးနဲ့

ထိုးလိုက်တယ်။

ရွှပ် ဝှစ်

ဘုတ် ဘုတ်

နှစ်ကောင်စလုံးရှေ့နောက်ဆင့်ပြီးတိုက်ပွဲကြမ်းပြင်

ပေါ်ကိုပြုတ်ကျသွားပါတယ်။

ကြည့်နေတဲ့ပရိတ်သတ်ကတော့အသက်တောင်

မရှုဝံ့ပါဘူး၊ဟုတ်ပါတယ်ဘယ်သူပြန်ထလာမလဲ

လက်မလွတ်တမ်းစောင့်ကြည့်နေပါတော့တယ်။၂မိနစ်ခန့်ကြာတော့ ဘလိတ်တောင်ပံတွေလှုပ်လာတယ်၊ပြီးတော့ လေပေါ်မှာပျံဝဲရင်းဂျွမ်းထိုးလိုက်တယ်။ချန်းချန်းကတော့တုပ်တုပ်တောင်မလှုပ်တော့ပါဘူး။

"ဟေး ဘလိတ်ကွ နိုင်ပြီကွ "

"ဒါမှငါ့သားကြီးကွ"

တခဲနက်အော်သံတွေ ဝုန်းခနဲထွက်လာပါတော့တယ်။

" အား ၊သွားပြီ ကုန်ပြီငါ့ပိုက်ဆံတွေ"

ရုတ်တရက် လပ်ဘေးနားကအော်သံကြောင့်ကြည့်

လိုက်တော့ မျက်စိမျက်နှာပျက်နေတဲ့ စုတ်ချွန်းကိုမြင်လိုက်ရတယ်။လပ်လည်းသူ့ရဲ့ကံမကောင်းမှုကို

မတတ်နိုင်ဘူးလေ၊ချန်းချန်းကဆက်တိုက်နိုင်လာတာပါ၊သူလောင်းမှပဲထိုပုရစ်လည်းရှုံးသွားရှာတယ်လေ။ချက်ချင်းပဲဆေးအဖွဲတွေကွင်းထဲဝင်ရောက်သွားပြီးမှန်လုံခန်းကိုဖွင့်လိုက်တယ်။ဘလိတ်က

ခေါင်းမှာဒဏ်ရာရသွားတယ်နှစ်ပတ်လောက်နားရမယ်လို့ပုရစ်ဒေါက်တာတွေကခန့်မှန်းကြတယ်လေ။

ချန်းချန်းအမည်ရပုရစ်ကတော့သေသွားခဲ့ပါပြီ

ဟုတ်တယ် လေ ဘဝဆိုတာတိုက်ပွဲတစ်ခုပါပဲလေ။

လောဘနဲ့တိုက်ခိုက်ကြ၊ရမက်အတွက်၊မျိုးနွယ်အတွက်တိုက်ခိုက်ကြ၊ရှင်သန်မှုအတွက်တိုက်ခိုက်နေကြရတာပဲ။

နိုင်တဲ့သူတွေကလည်းလောင်းကြေးထုတ်ဖို့ ဒိုင်

အဆောက်အဦးဘက်ကိုတဖွဲဖွဲသွားနေကြတယ်။

လပ်နဲ့စုတ်ချွန်းနှစ်ယောက်သားတောင်ကြားထွက်

ပေါက်ဘက်ကိုပြန်လာခဲ့ကြတယ်။

ပြပွဲပြီးပြီအိမ်ပြန်ရမှာပေါ့၊လပ်နဲ့စုတ်ချွန်း

ခေါ် ဖရီးဖောတို့လမ်းခွဲပြီးအငှားယာဉ်နဲ့လပ်ပြန်လာခဲ့တယ်။လုလူးဂြိုလ်ရဲ့အုပ်ချုပ်ရေးအဖွဲ့အိမ်ယာဝင်း

မှာလပ်တည်းခိုနေတာပါ၊ပြန်ရောက်တော့နိုရာဆီ

ဖုန်းခေါ်တော့လည်းမကိုင်၊အဘလင်းဖန်ဆီကိုဆက်တော့လည်းအလုပ်ကြောင့်မက်ဆေ့သာချန်ခဲ့ရန်

ပြောနေလေသည်။

(နိုရာက ဘာလို့ဖုန်းမကိုင်တာလဲ

တစ်ခုခုများဖြစ်နေလား၊ အဆင်ပြေမှာပါသူ့အဖိုးက

ဆရာတစ်ပါးပဲ)လပ်တွေးရင်းနဲ့ အသေးလေးကိုခေါ်လိုက်လေသည်။

တွီ

"ဆရာ မင်္ဂလာပါ"

"မင်းကဘာတွေလုပ်နေတာလဲ"

"ကျနော်ဂိမ်းဆော့နေတာ"

"ဌာနချုပ်ကိုစာရင်းသွင်းလိုက်၂နှစ်ကြာရင်လုံခြုံရေးနဲ့အုပ်ချုပ်ရေးအဖွဲ့ကနေထွက်ဖို့"

"ဟုတ်ကဲ့ဆရာ"

လပ် လည်းစားပွဲခုံပေါ်တွင်အသင့်ရှိနေသော

၁၀လက်မအရွယ် တက်ပလက်ကိုယူ၍ဖွင့်လိုက်သည်။ထူးထူးခြားခြားသတင်းမရှိပဲ၊

ဥပြုတ်တဲ့ညမိုက်သတင်းသာတွေ့ပြီးနောက်သတင်းကတော့ လာမည့်၁၀ရက်အတွင်းမုန်တိုင်းသတင်းသာဖြစ်လေ၏။ (မုန်တိုင်းကိုအထင်မသေးနဲ့

ကောက်ကျစ်တယ်အခွင့်အရေးချောင်းနေတယ်

မပြင်ဆင်ထားရင်အလုံးအရင်းဝင်တိုက်ပြီးဖျက်စီး

တယ်၊အေးပြင်ဆင်ထားရင်တော့မတိုက်တော့ပဲ

အဖျားရှုးသွားကော အဲ့ဒါကြောင့်မုန်တိုင်းက

မိန်းမတွေနဲ့တူတယ်လို့ပြောကြတာ)

[ဤကား လပ်၏အတွေးသာဖြစ်၏ ဟိဟိ]

သတင်းတွေကြည့်ပြီးနောက် လပ်တစ်ယောက်အုပ်ချုပ်ရေးရဲ့ အဓိကဝဘ်ဆိုက်တစ်ခုကိုဝင်ကြည့်

လိုက်တယ်။အဲ့ဒီမှာ လေ့လာသင့်သည့်ဂါထာများ

ဆိုတာကိုသွားတွေ့တယ်။အဆင့်အမျိုးမျိုးကို

ဈေးနှုန်းအမျိုးမျိုးဖြင့်ရောင်းချပေးတယ်။

အမြုတေအဆင့်ရောက်ရင်ဂါထာတွေသုံးလို့ရပြီ

အကျိုးသက်ရောက်မှုကS4အဆင့်စဦးဝိဉာဏ်တွေကပိုထိရောက်တယ်။

သူများသုံးတာကိုဟန့်တားလို့ရသလို၊ကိုယ်ကိုတိုင်လည်းတိုက်ခိုက်လို့ရတယ်။ခနကြာတော့လောက

ရဲ့အနှစ်သာရကိုသုံးသပ်ခြင်း သို့ တာအိုကိုထိတွေ့

ခြင်း ပထမတွဲစာအုပ်နဲ့ ဂါထာတို့၏စွမ်းပကားဆိုတဲ့

စာအုပ်နှစ်အုပ်ကိုသူတွေ့လိုက်တယ်။အရမ်းစိတ်ဝင်စားသွားပြီးဝယ်မယ်ဆုံးဖြတ်လိုက်တယ်၊

ဈေးနှုန်းကြည့်တော့အားလုံးပေါင်း UM 3သန်းကျော်ကျမယ်၊ဝယ်မယ်ဆိုပြီးနှိပ်လိုက်တယ်

ဘဏ်အကောင့်ထဲက ၃သန်းကျော်ဖြတ်သွားပြီးနောက်ဒေါင်းလုတ်ဖိုင်ကျလာတယ်။နမူနာပုံစံ

ဗီဒီယိုတွေပါလို့၅ မိနစ်လောက်ဒေါင်းလိုက်ရတယ်။

အစာပြေမုန့်စားဖို့ဆိုပြီး အသေးလေးပေးတဲ့

ဘိန်းမုန့်လိုလို ပန်ကိတ်လိုလိုတစ်ခုသူစားလိုက်တယ်။ပြီးတော့ လောကရဲ့အနှစ်သာရကိုအရင်ဖတ်ကြည့်လိုက်တယ်။

ရေဓါတ်၊မီးဓါတ်၊လေ၊မြေကြီး၊သစ်သား၊သတ်ထု

အာကာသနဲ့မူလဆိုပြီးဓါတ်၈မျိုးရှိနေတယ်။

သူတို့တွေကတစ်ခုနဲ့တစ်ခုစပ်ဆက်မှီခိုနေကြတယ်

မြေကြီးရှိလို့ရေရှိတယ်၊ရေရှိလို့လေနဲမိုးကြိုးဖြစ်တယ်၊မီးဖြစ်တယ်၊မြေကြီးရှိလို့၊လေရှိလို့လူသားတွေ

အသက်ရှင်သန်နိုင်တယ်၊အာကာသရှိလို့မြေကြီးနဲ့

လေဓါတ်၊မီးဓါတ်တို့ပေါ်လာတယ်။

ဒီလောကသဘောတွေကို

အရိပ်အမျက်နားလည်သွားရင်တာအိုကိုထိတွေ့ခွင့်ရသွားပြီ၊အမှောင်ရှိရင်အလင်းရှိမယ်၊အပူရှိရင်အအေး

ရှိမယ်၊ဆင်းရဲတာရှိရင်ချမ်းသာတာရှိမယ်။

မကောင်းမှုရှိရင် ကောင်းမှုရှိမယ်။အဲ့ဒါတွေကလှည့်ပတ်နေတယ်၊ပူလွန်းအားကြီးရင်အေးဖို့ဖြစ်လာတယ်

ဖိနှိပ်အားကြီးရင်အပေါ်ကိုတွန်းကန်တယ် ဒါတွေက

တာအိုရဲ့အစိတ်အပိုင်းတွေပါပဲ။

လပ်တစ်ယောက်ဖတ်ရင်းနဲ့နဲနဲနားလည်သလိုတော့ဖြစ်လာတယ်။တကယ်မထိတွေ့မိသေးပါဘူး

တာအိုဆိုတာအရင်ကမကြားဘူးဖူးလေ

ရိုးရိုးသားသား ကိုယ်တွင်းစွမ်းအားတွေပဲကျင့်ခဲ့ကြတာလေ။အများစုက ကိုယ်ခန်ဓါသန်စွမ်းအောင်

ကျင့်ကြတာပါ။သိုင်းကွက်တွေ၊အတွင်းအားတွေ

အဲ့ဒါကဝူရှလို့ခေါ်တဲ့ရှေးယခင်ကကျင့်တဲ့အစွမ်းတွေ

အခုဟာက ရှန်းရှလို့ခေါ်တဲ့မသေမျိုးကျင့်ကြံခြင်း

လုံးဝကွဲပြားနေတာပါ။သူရဲ့အဓိကကျင့်ကြံမှုက

ချီစွမ်းအားနဲ့စိတ်ဝိဉာဉ်တို့ကိုတိုးတက်အောင်ကျင့်ရတာပါ။

တစ်နာရီကြာအောင်လေ့လာပြီးတော့ လပ်တစ်ယောက်ဂါထာစာအုပ်ကိုလန်ကြည့်လိုက်တယ်။

လွယ်တဲ့ဂါထာကိုအရင်စမ်းကြည့်ဖိုဗီဒီယိုဖိုင်ကို

လည်းဖွင့်လိုက်ပါတယ်။အသက်၅၀အရွယ်လူတစ်ယောက်က ဂါထာတစ်ခုကို အစအဆုံးအသံထွက်

မှန်မှန်နဲ့တစ်လုံးခြင်းရွတ်ပြနေတယ်။လပ်လည်း

လိုက်လုပ်ကြည့်တယ်၊ဂါထာက သမာဓိရယ်

စိတ်စွမ်းအားရယ်၊အမြုတေရဲ့စွမ်းအားရယ်ပေါင်း

ပြီးရွတ်ရပါတယ်။နာရီဝက်လောက်လေ့ကျင့်လိုက်ရင်ပဲ လပ်တစ်ယောက်အခြေခံတစ်ခုကိုလုပ်တတ်

သွားပါပြီ။လပ်က လက်ကိုတချက်လေထဲရမ်းလိုက်ပြီး ရွတ်ဆိုလိုက်တယ်။

အုန် ကအပသသ[@#

(မသာမာသူများလေ့ကျင့်မည်စိုး၍အသေးစိတ်

မဖော်ပြတော့ပါ-စာရေးသူ)

ရုတ်တရက် လေထဲတွင်လိုင်းလေးတွေပေါ်လာပြီး

စတုရန်းပုံအကွက်လေးတွေဖြစ်လာတယ်။သေချာကြည့်ရင်အဲ့ဒါကရေစက်လေးတွေ၊အဲ့ရေစက်လေးတွေကကြည့်ရင်းနဲ့ဝါးထရံလိုအကွက်ကြီးဖြစ်လာ

တာပါ၊တဖြည်းဖြည်းနဲ့ရေနံရံကြီးတစ်ခု လပ်၏ရှေ့တွင်ပေါ်လာပါတယ်အဲ့နံရံကြီးကစက်ဝိုင်းခြမ်းပုံစံ

လပ်ရှေ့ကနေကာကွယ်ပေးထားပါတယ်။

ဟုတ်ပါတယ်ဒါကတော့လပ် ပြုလုပ်လိုက်တဲ့

ရေဒိုင်းကာပါပဲ။ဒိုင်းကာရဲ့စွမ်းအားက

အမြုတေအဆင့်တွေ မဖျက်စီးနိုင်ပါဘူး။

လပ်တစ်ယောက်အတော်ဝမ်းသာသွားပါတယ်။

အကာအကွယ်တစ်ခုထပ်ရသွားပြီမှလား

အမျိုးမျိုးစမ်းသပ်ကြည့်ပြီးနောက် လပ်ရေရွတ်လိုက်တယ်

"အတော်ဟုတ်နေပြီပဲ မနက်ဖြန်ကျရင်

     မြေလျှိုးဂါထာကိုစမ်းကြည့်ရမယ်"

ဆက်ရန်

All Chapters