ကောင်းကင်လှေကားနှင့် အထက်ဘုံဝင်ခွင့် အမိန့်တော်
Vol. 010 Ch. 909
တော်ဝင်မြေများမှ ပါရမီရှင်အသီးသီးတို့နယ်ရပ်ပြန်သည့်သတင်းက ပြည်နယ်ကိုးခုတွင် အတော်အတန် လှုပ်ခတ်စေခဲ့၏။
ရှားကလန်၌ ပြည်နယ်ကိုးခုတမန်တော်က ပါရမီရှင်များအား အထက်ဘုံသို့ ခေါ်ဆောင်သွားသည့်ကိစ္စမှာ လူအများသိသော အကြောင်းအရာဖြစ်ပေသည်။ သူတို့က အထက်ဘုံတွင် လေ့ကျင့်ရန် အခွင့်အရေးပင်ရသည်ဟု ဆိုကြသည်။ ပုံမှန်အားဖြင့် ထိုပါရမီရှင်များ အိမ်ပြန်လာသောကိစ္စမှာ လူအများအား စိတ်ဝင်စားစေပေသည်။
ပုံမှန်အားဖြင့် ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်ပြန်ရောက်သည့်ကိစ္စကို လူအများက ဂရုမူခဲ့ခြင်းမရှိခဲ့ကြပေ။ သည်သုံးနှစ်အတွင်း သူက မည်သည့်နေရာတွင် သွားရောက်လေ့ကျင့်ခဲ့သည်၊ ဘာလုပ်ခဲ့သည်များအားလုံး သိပ်အလေးအနက်မထားခဲ့ကြပေ။ အဆုံးမဲ့ပင်လယ်၌ ဖြစ်ပျက်ခဲ့သော ကိစ္စကိုလည်း သိပ်သတိမထားမိလိုက်ကြပေ။ မည်သို့ဆိုစေ အဆုံးမဲ့ပင်လယ်ကား ပြည်နယ်ကိုးခုပင်မဒေသများနှင့် အဆက်အဆံသိပ်ရှိသည်မဟုတ်ပေ။
ရီဖူရှင်း ပြန်ရောက်ပြီး ရက်များမကြာမှီ ယူချင်းလည်း နန်းတော်ကို ပြန်ရောက်လာခဲ့၏။ ယခု တော်ဝင်ရှီနန်းဆောင်၌ လူအများအပြား စုစည်းနေကြသည်။ ယူချင်းကား လတ်တလောတွင် ပြည်နယ်ကိုးခု၌ ရီဖူရှင်းပြီးလျှင် အကျော်ကြားဆုံးသော လူငယ်မျိုးဆက်ဖြစ်သည်။ နောက်တွင် သူကား ပြည်နယ်ကိုးခု၌ အလွန်စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမည်ကို အားလုံးကသိကြပေသည်။
ယခု နန်းဆောင်ထဲ၌ ရီဖူရှင်းနှင့် တခြားလူအများအပြားက ယူချင်းနှင့် စကားစမြည်ပြောနေကြသည်။ ယူချင်း၏ကိုယ်ရောင်ကိုယ်ဝါမှလည်း သည်နှစ်အနည်းငယ်အတွင်း ပြောင်းလဲလာခဲ့ကာ ယခင်ထက် ပိုမိုကြမ်းရမ်းခက်ရော်လာဟန်ရသည်။
“ ဗာဂျာရာဒေသမှာ လေ့ကျင့်တာ ဘယ်လိုလဲ...” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။
“ ကောင်းတယ်... ဗာဂျာရာဒေသခေါင်းဆောင်ကိုယ်တိုင် ငါ့ကို သင်ပေးတယ်...” ယူချင်းက ပြုံးလျှက်ခေါင်းညိတ်သည်။ ယူချင်းအား ဖိတ်ခေါ်ခဲ့သူမှာ ဗာဂျာရာဒေသခေါင်းဆောင်ကိုယ်တိုင်ဖြစ်ရာ သူက ယူချင်းအား အလွန်နှစ်သက်သဘောကျသည်မှာ သေချာပေသည်။
“ ဗာဂျာရာဒေသက တပည့်တွေက မင်းကို မနာလိုမဖြစ်ကြဘူးလား... ” ယူချင်းက မေးသည်။
“ ဘာလို့ ဖြစ်ရမှာလဲ... သူတို့က ငါ့ကို နှုတ်ဆက်တဲ့အခါ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြတယ်...” ယူချင်းက ခေါင်းယမ်းကာ ပြောသည်။
“ … ” ရီဖူရှင်းက ထူးဆန်းသည်ဟု ခံစားမိကာ ထပ်မေးသည်... “ သူတို့ စိတ်မကောင်းဖြစ်တာ သေချာလား...”
“ သေချာတာပေါ့... ” ယူချင်းက ခေါင်းညိတ်သည်... “ ဗုဒ္ဓလမ်းစဥ်ကို လေ့ကျင့်သူတွေက စိတ်နှလုံးရိုးဖြောင့်ကြတယ်...”
“ သူတို့က တကယ်ပဲ စိတ်မကောင်းဖြစ်ကြတာ... တချို့ဆို ယူချင်းကို နှုတ်ဆက်ပြီး ငိုတဲ့သူတောင် ရှိတယ်...” ထောင်ကျန်းက ပြုံးလျှက်ပြောသည်။ ရီဖူရှင်းက ထိုမြင်ကွင်းကို မြင်ယောင်ကြည့်၍ ရကာ ရယ်မော၍ ပြောသည်... “ မင်း ဘယ်အဆင့်အထိ တက်ပြီလဲ...”
“ အခု မိုရှီအဆင့်မှာ... မကြာခင် အလယ်အလတ်သို့ ရောက်လိမ့်မယ်... ” ယူချင်းက ပြောသည်... “ မင်း သတိထားမှ ရမယ်...”
“ မလိုဘူး... ငါက အဆင့်မြင့်မိုရှီသို့ ရောက်တော့မယ်...မင်းက ငါ့ကို နိုင်စရာမရှိဘူး...” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။
အားလုံးက ရယ်မောလိုက်ကြသည်တွင် ယူချင်းက မလိုလားစွာ ကြည့်သည်။
“ ဖူရှင်း...” ထောင်ကျန်းက ခေါ်သည်တွင် ရီဖူရှင်းက ထောင်ကျန်းအား မေးသည်...“ ဆရာ... ဗာဂျာရာဒေသက တပည့်တွေရော ပြန်ရောက်ကြပြီလား...”
“ အင်း...” ထောင်ကျန်းက ခေါင်းညိတ်ကာ ဆက်ပြောသည်...“ ငါ သူတို့ကို မေးခဲ့တယ်...”
“ သတင်းထူးလား... ” ရီဖူရှင်းက အမူအရာပြောင်းသွားသည်။ တခြားရယ်မောနေကြသူများမှာလည်း ချက်ချင်း မျက်နှာတည်သွားကြကာ ထောင်ကျန်းအား ကြည့်ကြသည်။
“ ဗာဂျာရာဒေသက လာတဲ့သူတွေ ပြောတာတော့ ရှားရှင်းယွန်က သူတို့အားလုံးကို နေရာတွေ အများကြီးခေါ်ကသွားပြီးတော့ လေ့ကျင့်စေတယ်... အဲ့ဒီအထဲမှာ အထက်ဘုံက ပါရမီမြင့်တဲ့သူတွေလည်း အများကြီးပါကြတယ်... သူတို့တွေရဲ့အရေအတွက်က ပြည်နယ်ကိုးခုထက်တောင် များတယ်...” ထောင်ကျန်းက ရှင်းပြသည်။
ထောင်ကျန်းက ဆက်ပြောသည်... “ ဗာဂျာရာဒေသကလူတွေ ပြောတာကတော့ ကျုပ်တို့လူတွေက လေ့ကျင့်ရေးခရီးအစီအစဥ်မှာ လူတစ်ယောက်နဲ့ရန်မီးပွားခဲ့ပြီးတော့ သူတို့အားလုံးက အဲ့ဒီအတွက် ပြဿနာတွေ တက်နေကြတယ်... သူတို့က အခု အထက်ဘုံမှာပဲ ရှိနေကြသေးတယ်...သတင်းအတိအကျကတော့ သူတို့ကလည်း သိပ်မသိလို့ရှားကလန်ကို သွားမေးဖို့ အကြံပေးလိုက်တယ်...”
ရီဖူရှင်းက ခေါင်းညိတ်သည်။ တော်ဝင်ကျဲနန်းတော်မှ လူများမှာ စည်းလုံးပေသည်။ တစ်စုံတစ်ယောက် ပြဿနာတက်ပါက သူတို့လည်း ထိုပြဿနာထဲတွင် သေချာပေါက် ဝင်ပါကြမည်ဖြစ်ကာ နန်းတော်သို့ ပြန်လာမည်မဟုတ်ပေ။
“ ပြီးတော့ ဗာဂျာရာဒေသကလူတွေ အတိအကျမပြောလိုက်ပေမယ့် ပြဿနာက ဒီလောက်ကြီးတာတော့ မဟုတ်ဘူး... ဒါကြောင့် ငါတို့က သိပ်စိုးရိမ်စရာမလိုဘူး... ”
“ အင်း... ” ရီဖူရှင်းက ခေါင်းညိတ်သည်။ သို့သော်လည်း သူက မည်သို့ မစိုးရိမ်ဘဲ နေမည်နည်း။
“ ငါက ကျေးရွာခေါင်းဆောင်နဲ့အတူ အပြင်ကို သွားကြည့်လိုက်မယ်...” ထောင်ကျန်းက ပြောသည်။ ရှန့်ထိုများက အထက်ဘုံကို သွားခွင့်ရှိပေသည်။
“ မလိုဘူး... ကျွန်တော်တို့က ရှားကလန်ကို အရင်သွားပြီးတော့မှ ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ကြမယ်...” ရီဖူရှင်းက ပြောသည်။
“ ကျွန်တော့မှာ သတင်းအချို့တင်ပြစရာရှိပါတယ်... နန်းတော်သခင်... ” တစ်ယောက်က ဝင်ပြောသည်။ ရီဖူရှင်းက သူ့အား ကြည့်ကာ မေးသည်... “ ဘာများလဲ...”
“ နွေဦးပြည်နယ်ကလာတဲ့သတင်းတွေအရ စမ်းသပ်မှုတွေကို ဖြတ်ကျော်နိုင်တဲ့သူတွေက ကောင်းကင်ဘုံက ရွေးချယ်သူတွေတဲ့... သူတို့တွေရဲ့ စာရင်းကို ထုတ်ပြန်ခဲ့တယ်... ” သတင်းပို့သူက ဦးညွတ်ကာ ပြောသည်... “ စာရင်းထဲမှာ စမ်းသပ်မှု ကျော်ဖြတ်နိုင်သူတွေ ပါတယ်... ”
“ ကောင်းကင်ဘုံက ရွေးချယ်သူတွေ... ” ရီဖူရှင်း၏မျက်လုံးများ ထက်ရှသွားသည်။ အထက်ဘုံမှာ ကောင်းကင်ဟု ရှားရှင်းယွန်က ဆိုလိုဟန်ရသည်။
“ တိတိကျကျပြော... ” ရီဖူရှင်းက မေးသည်။
“ တော်ဝင်မြေတွေက အဆင့်မှီတဲ့သူတွေ အများကြီးပဲ... ဒါပေမယ့် တော်ဝင်ကျဲနန်းတော်က ဘယ်သူမှ မပါခဲ့ဘူး... ” သတင်းပို့သူက ဆက်လက်၍ ပြောသည်။
အားလုံးက အံ့အားသင့်သွားကြသည်။
တော်ဝင်ကျဲနန်းတော်က တစ်ယောက်မှ မပါဝင်ခဲ့သည်လား။
ရှင်းရှင်းယွန်နှင့် လိုက်ပါသွားသူများထဲတွင် ရီဖူရှင်း၏အစ်ကို၃၊ ဂျီယူ၊ ဟောင်ကျူဂီနှင့် တခြားလူများပါဝင်ကြသည်။ သူတို့အားလုံး၏ပါရမီများမှာ အလွန်ကောင်းမွန်ကြ၏။
သူတို့ထဲမှ မည်သူမှ မပါဝင်ခဲ့ကြ။
တစ်ခုခုတော့ ထူးဆန်းနေလေပြီ။
တော်ဝင်ကျဲနန်းတော်က ရှားရှင်းယွန်ကိုများ အပြစ်လုပ်ခဲ့မိကြသည်လား။
“နောက်သတင်းတစ်ခု ရှိပါသေးတယ်...” သတင်းပို့သူက ဆက်ပြောသည်။
“ ဆက်ပြောပါ... ” ရီဖူရှင်းက ပြောသည်။
“ အရှေ့ဘက်ပြည်နယ်က လာတဲ့သတင်းတွေအရ ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင်တို့အကြား လက်ထပ်ပွဲနဲ့ မဟာမိတ်ပူးပေါင်းမယ်လို့ ကြားသိရပါတယ်... လက်ထပ်မယ့်လူတွေက လျူကျောင်းနဲ့ ကျောက်စီရီတို့ဖြစ်ပါတယ်... ” သတင်းပို့သူက ပြောသည်။
အားလုံး၏မျက်လုံးများက ထက်ရှသွားကြသည်။
ကျောက်ပြည်ထောင်ကား တော်ဝင်ကျဲနန်းတော်နှင့် စစ်ခင်းနေရာ သည်ကဲ့သို့သော အခြေအနေတွင် လပ်ထပ်ပွဲဖြင့် မဟာမိတ်ဖွဲ့ခြင်းကား ဘာကို ဆိုလိုသည်ကို အားလုံးက သိကြသည်။
ရန်ရှောင်၏အမူအရာက ထက်ရှသွား၏။ သူက ပြောသည်... “ ရှီဟွာတောင်က အမြဲတမ်း နောက်ကွယ်မှာပဲ ရှိနေခဲ့တယ်... အခု ရှီဟွာတောင်က ကိုယ“ ”်တိုင်ပါဝင်ပတ်သက်လာတော့မည့် အရိပ်အယောင်ပဲ... ”
ရီဖူရှင်းက ခေါင်းညိတ်သည်။ လျူကျောင်း၏အဆင့်ဖြင့်ဆိုပါက ကျောက်စီရီကား မထိုက်တန်လှပေ။ သို့သော်လည်း လျူကျောင်းက စစ်တုရင်ကျေးရွာတွင် ပြသခဲ့သော သဘောထားအရ အရှေ့ဘက်ပြည်နယ်ကို စုစည်းလိုဟန်ရသည်။ လက်ထပ်ပွဲဖြင့်မဟာမိတ်ပြုခြင်းကား အမှန်ပင် ကောင်းမွန်သော နည်းလမ်းဖြစ်၏။
“ ဖူရှင်း... ငါက အထက်ဘုံကို သွားပြီး ဘာဖြစ်နေလဲ သွားကြည့်လိုက်မယ်... ” ထောင်ကျန်းက ပြောသည်။
ရီဖူရှင်းက ခေါင်းယမ်းသည်... “ မဟုတ်ဘူး... ဆရာက နန်းတော်မှာပဲနေပါ.. ကျွန်တော်က ကျေးရွာခေါင်းဆောင်ကိုပဲ ခေါ်သွားလိုက်မယ်... ”
“ မင်းက အထက်ဘုံကို သွားမလို့လား... ငါသိသလောက် အထက်ဘုံကို ရှန့်ထိုကလွဲပြီး တက်ခွင့်မရှိဘူး... ”
“ ကောင်းကင်လှေကားနဲ့ အထက်ဘုံဝင်ခွင့်အမိန့်တော်... ” ရီဖူရှင်းက ပြောသည်။ ထောင်ကျန်းနှင့် တခြားလူများအားလုံး၏မျက်လုံးများ အရောင်လက်သွားကြသည်။ ရီဖူရှင်းက အထက်ဘုံသို့ သွားရမည့်နည်းလမ်းများကို သိထားဟန်ရသည်။ ရီဖူရှင်းက ထိုအရာများအား ပြည်နယ်ကိုးခုကျောင်းတော်တွင် သိရှိခဲ့ပေသည်။
“ ကောင်းကင်လှေကားက ဒဏ္ဍာရီထဲမှာပဲ ရှိတယ်... အရင်တုန်းက အဲ့လို တက်ဖို့ ကြိုးစားတဲ့သူတွေ ရှိခဲ့ကြတယ်... ဒါပေမယ့် မင်းက အရမ်းထူးချွန်ရင်တောင် ကောင်းကင်လှေကားက တက်လို့ ကျရှုံးတဲ့သူက သေချာပေါက် အသက်ပေးရတယ်... ကောင်းကင်လှေကားကနေ အထက်ဘုံကို တက်တာက ရှန့်ထိုဖြစ်အောင်လုပ်တာထက် ပိုခက်သေးတယ်...” ဝမ်ရှင်းက ရှင်းပြသည်တွင် အားလုံးက စိုးရိမ်သွားကြသည်။
“ လောကကြီးက ကျယ်ပြောလွန်းပါတယ်...မသွားရတဲ့နေရာဆိုတာကလည်း အမှန်တကယ် မရှိပါဘူး... ” ရီဖူရှင်းက အေးအေးလူလူပြောသည်။
“ ငါလည်း လိုက်မယ်... ” ယူချင်းကလည်း ပြောသည်။
ရီဖူရှင်းက သူ့အား ကြည့်ကာ ငြင်းဆန်ခြင်းမပြုပေ။ သူက ခေါင်းညိတ်ကာ ပြောသည်.. “ ကောင်းပြီ... ”
“ ကောင်းပြီ... ဘယ်တော့ ထွက်ကြမလဲ…” ထောင်ကျန်းက ပြောသည်။ ကျေးရွာခေါင်းဆောင်ကား သူ့ထက်အားကောင်းရာ ရီဖူရှင်းနှင့် လိုက်သွားရန် ပိုမိုသင့်တော်ပေသည်။
“ အခု ကျုပ်တို့က ရှားကလန်ကို အရင်သွားမယ်... ” ရီဖူရှင်းက ပြောသည်။
သူက ထိုသို့ပြောသည်တွင် ကျေးရွာခေါင်းဆောင်က ရှေ့ကို တက်လာကာ ပြောသည်...“ ဒါဆိုလည်း သွားကြမယ်... ” ဓားအသိမွေးဖွားလာကာ နတ်ဘုရားဓားက ဧရာမကြီးမားသွားသည်။
ရီဖူရှင်းနှင့် ယူချင်းတို့က ကျေးရွာခေါင်းဆောင်နှင့်အတူ ဓားပေါ်ကို တက်လိုက်ကာ ပြောသည်... “ ကျုပ်တို့ သွားပြီ... ”
“ သတိထားပါ... ” အားလုံးက သူ့အား ကြည့်ကြသည်။
ရီဖူရှင်းက အမှန်ပင် အထက်ဘုံသို့ ဤနည်းလမ်းဖြင့် တက်ရောက်မည်လော။ အမှန်တကယ်လည်း ရီဖူရှင်းသာ ထိုသို့လုပ်နိုင်စွမ်းရှိဟန်ရသည်။
***