← Chapters

အသေးလေးညွှန်းတဲ့ဂိမ်း

Vol. 7 Ch. 68

အသေးလေးညွှန်းတဲ့ဂိမ်း

Vol. 7 Ch. 68

လပ်တစ်ယောက်ရေအကာအကွယ်ဒိုင်းကာကို

စမ်းသပ်ပြီးနောက်အနားယူပြီးအိပ်စက်လိုက်တယ်

တကယ်တော့အမြုတေအဆင့်များဟာရက်ပေါင်း၁၀၀၀မအိပ်ရလည်းဘာမှမဖြစ်၊အစားလည်း

မစားပဲနေလို့ရပေသည်။သဘာဝစွမ်းအင်များကို

နှာခေါင်းတွင်သာမကကိုယ်ခန်ဓါကလည်းစုပ်ယူပြီး

အားဖြည့်ပေးလေသည်။တစ်ချို့ဆိုရက်ရှည်

တံခါးပိတ်ကျင့်ကြံကြလေသည်ထိုမှသာအဆင့်

တက်ရန်အခွင့်အရေးပိုရပေမည်။

လပ်ကတော့သူများနှင့်မတူ တံခါးပိတ်ကျင့်ကြံမှု

တစ်ခါမှမလုပ်ခဲ့ရပေအဆင့်တက်တုန်းက

၁၅ရက်ကြာသွားတာတစ်ခါပဲရှိလေသည်။

ငါကပေါ့ပေါ့ပါးပါးပဲကျင့်ကြံမယ်ဟု ခဏခဏ

ပြောလေ့ရှိလေသည်။လပ်ရဲ့ရည်ရွယ်ချက်က

အသက်ရှည်စွာနေထိုင်ရေးပထမပဲ ပြီးရင်စားချင်

တာစား၊သွားချင်တာသွား ဒါမျိုးမှ လွတ်လပ်တာ

လေ။မနက်၈နာရီလောက်မှ လပ်တစ်ယောက်အိပ်ရာ

နိုးလေသည်။မနက်စာစားသောက်ပြီးနောက်

မနေ့က ဖတ်တဲ့ ဂါထာတို့၏စွမ်းပကားစာအုပ်ကို

ကောက်ယူလိုက်တယ်။မြေကြောရှုံတာကိုလည်းတွေ့တယ်။သူခဏကျော်ထားလိုက်တယ်။မြေလျှိုးဖို့က

သူ့အတွက်ပိုအရေးကြီးတယ်၊မနိုင်ရင်သူထွက်ပြေးမယ်လေ၊ဒါကသူ့အတွက်အရေးကြီးအကွက်ပါ

မြေလျှိုးလို့ရတဲ့ဂါထာကို

သူလေ့လာလိုက်တယ်။ဂါထာကတော်တော်ခက်တယ်။ဒါပေါ့လွယ်ရင်လူတိုင်းလုပ်နိုင်နေမှာပေါ့။

အုံ လဘလဘနမနတမအလ

ဂါထာကိုရွတ်ပြီး လေ့ကျင့်နေလိုက်တယ်။

၁၅မိနစ်ကြာတယ်မရဘူး၊ဆက်ကျင့်တယ်

ထပ်ကျင့်တယ်၊၁နာရီခွဲကြာသွားတော့

ရုတ်တရက် လပ်ရဲ့ကိုယ်ကြီးပူနွေးလာတယ်၊ချီစွမ်းအင်တွေကိုအသုံးပြုပြီး ကိုယ်တစ်ခုလုံးတောက်ပလာတယ်။လပ်သူ့ကိုယ်ထဲကဖြစ်တည်

နေတဲ့ဒြပ်အမှုန်လေးတွေကိုမြင်ရတယ်။အဲ့ဒြပ်မှုန်

လေးတွေကမီလီယံနဲ့ချီအပိုင်းလေးတွေဖြစ်သွားတဲ့

အခါမှာတော့ လပ်ဆိုတာမရှိတော့ပါဘူး

လပ်ရပ်နေရာကပျောက်သွားပြီးရုတ်တရက်သိမ့်ခနဲ

ဖြစ်ပြီးအောက်ပြုတ်ကျသွားသလိုခံစားရပါတယ်။

ဝှီး ဒိန်း

၃,၄စက်ကန့် အကြာမှာတော့ လပ်ရုတ်တရက်ပြုတ်ကျနေရာမှတစ်ခုနဲ့ဝင်တိုက်သွားပါတယ်။

အား.   နာလိုက်တာ

လပ်ရေရွတ်လိုက်တယ်၊လပ်ကိုယ်ခန်ဓါကြီးဟာ

ဒြပ်မှုန်များဖြင့်ပြန်လည်ဖွဲ့စည်းလာပြီးလူပုံစံပြန်ပေါ်လာတယ်။ဖုံအလူးလူးနဲ့ပေါ့ကြည့်လိုက်တော့

သူဝင်တိုက်လိုက်တာဟာမြေအောက်ကျောက်ကြော

တစ်ခုပါ

"ဝါး မိုက်တယ် ငါတကယ်မြေလျှိုးလာတာဟ"

"ဒီကျောက်ကျောကအတော်မာပုံရတယ်

  ငါ့အပြင်အားနဲ့တောင်တော်တော်နာသွားတယ်"

" ငါ့နာရီကိုသုံးပြီးမြေပေါ်နဲ့ဘယ်လောက်ကွာလည်း

    စစ်ကြည့်မှပဲ"

   တွီ တွီ ကလစ်

"အိုးမြေအောက်၁မိုင်ကျော်ရောက်လာတာပဲဟ"

   " မကျွမ်းကျင်သေးတော့ဟိုတိုက်ဒီတိုက်နဲ့နောက်

မှသေချာလေ့ကျင့်ရမယ် ချီစွမ်းအားအတော်ကုန်

  တာပဲ"

လပ်မှာမြေလျှိုးကြည့်ရာအောင်မြင်သွားသဖြင့်

အလွန်ပျော်နေလေသည်။မြေအောက်တစ်မိုင်လောက်ထွက်ပြေးရင်ဘယ်သူလိုက်ဖမ်းနိုင်မလဲ

ဟဟ

တကယ်တော့လပ်မသိသည်မှာ စောင့်ရှောက်သူ

အဆင့်များက လက်တချက်ရမ်းရုံဖြင့်သူ့ကိုဖမ်းနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။

ဟုတ်တယ်လေအဆင့်မြင့်တွေက ဂြိုလ်တွေကိုခုန်ကူးပြီးချကြတာပင်။သို့ပေသည့် သူတို့ကစည်းရှိလေသည်၊လူနေဂြိုလ်များပေါ်တွင်သူတိုမတိုက်ကြချေ

ဂြိုလ်များပေါ်တွင်လူရှိမရှိကို စောင့်ရှောက်သူများက

ဂြိုလ်အူတိုင်ကိုကြည့်ပြီးသိကြတယ်။

ဂြိုလ်သက်ကိုလည်းကြည့်ပြီးတွက်ကျတယ်

ဂြိုလ်သက်နှစ်၁၀၀၀အောက်ဆိုသေချာတယ်လူသား

တွေမရှိသေးဘူး ဒီလိုဆရာသခင်တွေကတွက်ကြတယ်၊အသက်ဓါတ်ရှိမှလည်းလူတွေ၊တိရိတ်ဆန်တွေ

နေလို့ရပါတယ်၊ဒါကြောင့်တိုက်ပွဲတွေဖြစ်ကြပြီဆို

ဂြိုလ်သေတွေမှာသွားဖြစ်ကြတယ်။

ဒါပေသည့်နေရာတိုင်းမှာ လူယုတ်မာတွေရှိစမြဲမှလား

သေကြေပျက်စီးမှုတွေရှိခဲ့တာပေါ့၊အင်အားကြီး

အဖွဲ့တွေထိန်းချုပ်ထားလို့သာစည်းမျဉ်းတွေ

မလုပ်သင့်တာမလုပ်ကြတော့တာပေါ့။

တမိုင်လောက်မြေလျှိုးနိုင်တာကိုပျော်ပြီးတော့

လပ်တစ်ယောက်အားသုံးပြီး၁နာရီကြာအောင်

အပေါ်ပျံတက်လာရပါတယ်။

"အား ပါး ပြန်ရောက်လာပြီ"

" ရေချိုးမယ် အနားယူမယ်"

ဝမ်းသာအားရလပ်အော်လိုက်တယ်။ညပိုင်းအချိန်

ရောက်တော့ လပ် စပါယ်ရှယ်သောက်ရန်ပြင်ဆင်

တော့တယ် အောင်မြင်မှုအတွက်ပွဲခံသင့်တယ်လေ။

" အသေးလေးရေ သောက်စရာနဲ့စားစရာကိုရှယ်   လုပ်ကွာ"

   "ပြီးရင်မင်းနဲ့ငါဂိမ်းဆော့ကြမယ်"

ညနေ၅နာရီထိုးလေပြီ

လပ်တစ်ယောက်အသေးလေးပြင်ဆင်ထားသော

စားပွဲပေါ်ရှိစားစရာများကိုကြည့်လိုက်လေသည်။

" ဆရာသေချာလုပ်ထားတယ်ဆရာ"

အသံကြားလို့ကြည့်လိုက်တော့ သက်ရှိအေအိုင်

စက်ရုပ်ဖြစ်တဲ့အသေးလေးပါ။အံမယ်သူက

စားဖိုမှုးဝတ်စုံအသေးစားလေးကိုဝတ်ဆင်ထားပြီး

ဟင်းပွဲတစ်ချို့ကိုသူမိတ်ဆက်ပေးပါတယ်။

"ဒါက ဝက်နံရိုးမီးတောက်၊ဒါကပင်လယ်ရေခူသုပ်

"ဒါကရွှေဖရုံသီးနဲ့ရေချိုဂဏန်းသားဟင်းချို"

"ဒါကနှစ်တရာမှိုနဲ့ကိုက်လံခရုဆီ ဆရာ့အကြိုက်တွေပဲကျနော်ပြင်ထားတာ"

"မိုက်တယ်ဟေ့ စားကြမယ်ဟေ့

"အမ် နေပါအုံး သောက်စရာကကော"

  "သောက်စရာက ဟိုမှာမြေအိုးလေးလေ"

လပ်ကြည့်လိုက်တော့တစ်ထွာလောက်ရှိတဲ့မြေအိုးလေးတစ်လုံးကိုစားပွဲရဲ့ထောင့်မှာမြင်လိုက်ရလေသည်။

"အဲ့ဒါကဘာအရက်လဲ"

" ဆရာ အဲ့ဒါက ဈေးကြီးတယ်နော် UM ၁သောင်းပေးရတာ အဲ့ဒါငှက်တွေချက်တဲ့အရက်တဲ့ စိမ်းပြာဂြိုလ်ကလာတာချိုပြီးမူးတယ် တစ်ခွက်သောက်တာနဲ့

သိတာတယ်"

အေးစမ်းကြည့်တာပေါ့ကွာ ဟုဆိုကာစားပွဲတွင်ထိုင်လိုက်လေတော့သည်။

အရသာခံစားသောက်ရင်း လပ်တစ်ယောက်

စည်းစိမ်ခံစားနေသည်။ဒါကသူလိုချင်တဲ့ဘဝပဲလေ

စကြာဝဠာတွေကိုကျော်ဖြတ်ပြီးသူသွားတော့မယ်

နောက်ပိုင်းဘာတွေဖြစ်မယ်မသိနိုင်ဘူးလေ

ဂြိုလ်တွေအားလုံးကသွေးစွန်းနေကြတာအဲ့ဒါကြောင့်

သွေးစွန်းမြေတွေဖြတ်ပြီးသွားရမဲ့လမ်းကမလွယ်ဘူး

အသေးလေးမင်းကြိုက်တဲ့ဂိမ်းငါ့ကိုပြကြည့်စမ်း

အသေးလေးက တက်ပလက်ပေါ်တွင်ဟိုသည်နှိပ်ပြီးနောက်

  "ဆရာကြည့် ဒီဂိမ်းက မြို့တွေအုပ်ချုပ်ရတာ

စီမံအုပ်ချုပ်တာကောင်းရင် တကယ်ပိုက်ဆံရတာ

ရဆို အဲ့ဒီ့နယ်မြေတွေက တကယ်အပြင်မှာရှိတယ်

ဝေးလွန်းလို့ ဘယ်သူမှမသွားချင်ဘူး

ရန်သူတွေလည်းရှိတယ် online ကနေ အုပ်ချုပ်ကြတာ၊နေတဲ့လူတွေကတော့ ပြောတဲ့အတိုင်းလုပ်ကြရတယ်။တစ်နှစ်အတွင်းမြို့ကိုမတိုးတက်နိုင်ရင်

ဂိမ်းကရှုံးပြီးထွက်ရတယ်"

နောက်ပြီး mmorpg ဖြစ်နေလို့တကယ်အတိုင်းပဲ

"အိုး မင်းက ဘယ်အဆင့်ရောက်ပြီလဲ"

အသေးလေးကချစ်စရာ ကလေးသံလေးဖြင့်

"ကျနော်က level 2 ရောက်သွားပြီ

ဒုမြို့တော်ဝန်ဖြစ်သွားပြီ " ဟုဂုဏ်ယူဝံ့ကြွားစွာ

ပြောလိုက်လေတော့သည်။

ဆက်ရန်

All Chapters