ပျားအုံကိုတုတ်နဲ့ထိုးသူ
Vol. 7 Ch. 69
အသေးလေးရဲ့ဂိမ်းကျွမ်းကျင်မှုကလက်ဖျားခါလောက်တယ်။လပ်လည်းအသေးလေးနေရာမှ
ဝင်ကစားကြည့်ပြီးအလွန်ခေါင်းနောက်သွားလေ
တော့သည်။မြို့ရဲ့အဆောက်အဦးတွေကို
ရာသီဥတုဒဏ်နှင့်သားရဲများဘေးရန်မှကာကွယ်ရန်
စီမံပြီးဆောက်လုပ်ရသည်။ငွေနည်းနည်းနှင့်
ပစ္စည်းကိရိယာကလေးနည်းနည်းလေးသာပေးထား
သည်။ဆိုင်ခန်းများ၊ဆေးရုံများ၊စားသောက်ဆိုင်များ
လည်းစီမံဆောက်လုပ်ရသည်။ရလာသည့်
အကျိုးအမြတ်တွေကို မြို့ဖွံ့ဖြိုးတိုးတက်အောင်
စီမံဆောင်ရွက်ရသည်။အနားရှိရန်သူတွေကို
တိုက်ခိုက်နိုင်အောင်လည်းနည်းဗျူဟာဆွဲရသည်။
တကယ့်ကိုမလွယ်ပေ ခေတ်ပေါ်စကားနှင့်သုံးရလျှင်
ဒီဂိမ်းက နည်းဗျူဟာနှင့်မြို့ပြစီမံခန့်ခွဲမှုဂိမ်းဖြစ်ပေ
တော့သည်။
၂နာရီကြာအောင်ဆော့ပြီးနောက်
"တော်ပြီ တော်ပြီ အသေးလေးရေ
မင်းဂိမ်းကခေါင်းဖြူမဲ့ဂိမ်းပဲဟ"
"ငါ့အလိုသာဆို အတုံးဆက်တဲ့ဂိမ်းပဲကောင်းတယ်"
ဟုလပ်အော်လိုက်သည်။
"အတုံးဆက်တဲ့ဂိမ်းကကောင်းလား"
အသေးလေးကစိတ်ဝင်တစားမေးလိုက်သည်။
"အဟမ်းမင်းမသိလို့ကွ ရှေးနှစ်ပေါင်းများစွာက
အတုံးဆက်တဲ့ဂိမ်းက ဆရာကြီးတစ်ပါးပဲ
ကားမောင်းလို့လဲရတယ် ၆မျိုးကစားလို့ရတယ်ကွ
ဒါကိုငါတို့ဘိုးဘေးဘီဘင်က ဆွေတော်မျိုးတော်တွေ
ကစားခဲ့တာကွ ဒီဘက်ခေတ်မှာမရှိတော့ဘူး"
လပ်ဖောရှောလုပ်နေသည်ကို အသေးလေးကတော့
မသိပေ၊သူကလည်းသူ့စက်ရုပ်မှတ်ဉာဏ်ထဲမရှိ
တာမို့မသိချင်းဖြစ်သည်။သူကတော့မှတ်စရာ
တွေကိုအားလုံးမာမိုရီအတွင်းမှတ်သားသိမ်းဆည်းထားလေသည်။လေယဉ်ပျံမောင်းလို့ရတယ်
ဘာသာရပ်အမျိုး၅၀ကျော်လေ့လာနိုင်ပါတယ်ဆိုမှ
ပေါ့သေးသေး အေအိုင်စက်ရုပ်မဟုတ်ပေ။တချို့
ကမ္ဘာများတွင်ထိုကဲ့သို့နည်းပညာများမရောက်သေးပေ။လက်နက်ပစ်ခတ်မလား၊သီချင်းခိုင်းဆိုမလား
ထမင်းချက်ခိုင်းမလားထူးချွန်စွာ လူသားထက်ပိုပြီး
လုပ်နိုင်စွမ်းရှိလေသည်။
လုံခြုံရေးအဖွဲ့ချုပ်က လပ်ကို တန်ဖိုးထား၍ဤကဲ့သို့
စက်ရုပ်မျိုးကိုပေးထားခြင်းဖြစ်ပေသည်။
လပ်တစ်ယောက် တိုက်ခိုက်ရေးဂိမ်းအချို့ကို
စမ်းကစားကြည့်ပြီးနောက်
"အမ်ဒါကတကယ်ကို
အပြင်ကအတိုင်းပဲဆိုပေမဲ့ သူ့မှာBUG ရှိနေတယ်
လူဆိုးကတွေက ဘယ်ညာအပေါ်တစ်ချက်စီပဲ"
တိုက်ခိုက်တာ ဝေးဝေးမှာနေတဲ့ကောင်ဆီမသွားကြဘူး
ဒဏ်ရာရတဲ့ကောင်ကနောက်ဆုတ်ပြီးအနားယူလို့ရတယ်
"အပြင်မှာဆိုအဲ့ကောင်သေတာကြာပြီ"
အမှန်တကယ်လည်း လက်တွေ့ဘဝက ပိုခဲယဉ်း
တယ်မလား လှည့်စားမှုတွေရုန်းကန်မှုတွေအပြည့်ပဲလေ။
လပ်တစ်ယောက်သောက်ရင်းနဲ့ဂိမ်းကစားပြီးနောက်
ချီစွမ်းအားကျင့်ကြံရန်အခန်းထဲဝင်သွားလေတော့သည်။
ကြိုးစားမှဒိုးပြားရမှာမလား။
အုပ်ချုပ်ရေးမြို့ရဲ့အပြင်တစ်နေရာတွင်ခန့်ညားကာ
တန်ဖိုးကြီးသောမြင်းရထားလုံးတစ်စီးမြို့ပြင်ဘက်ကိုခပ်သွက်သွက်နှင်နေသည်၊မြင်းရထားကို
အသက်၄၀အရွယ်ခပ်၀၀လူတစ်ဦးမောင်းနှင်ပြီး
ထိုသူမှာအစေခံအဝတ်အစားကိုဝတ်ထားလေသည်။
သူ့အမည်မှာဂျက်ဟုခေါ်သည်။ငယ်စဉ်ကလေးဘဝထဲက ဘာရွန်မြို့စားတစ်ဦးရဲ့ငယ်ကျွန်ဖြစ်လာ
ခဲ့ပါတယ်။သူဟာရိုးသားသူဖြစ်ပြီးဘာရွန်အတွက်ဆို
အသက်ပင်သေသေစတေးဝံ့သူဖြစ်ပါတယ်။
ခိုင်းတဲ့ကိတ်စများကိုလည်းအောင်မြင်အောင်ဆောင်
ရွက်နိုင်သူဖြစ်ပါတယ်။ဒါပေမည့် ဘာရွန်ရဲ့
မိန်းမကသူ့ကိုမကြည်ပါဘူး၊မကြည်ဆို ဘာရွန်ရဲ့
နောက်ယူတဲ့မယားငယ်ကို ဂျက်ကမြို့စားကြီးကို
မျက်နှာလိုအားရမိတ်ဆက်ပေးရင်းကနေရသွားတာ
ပါ။ဒါကြောင့်လည်းအရေးကြီးစီမံခန့်ခွဲမှုနေရာအချို့
ကို ဘာရွန့်ရဲ့မိန်းမကြီးကဖြုတ်ချပြီးသူ့တူကို
ထိန်းကျောင်းရတဲ့နေရာကိုပေးလိုက်ပါတယ်။
ဒီလိုနဲ့ကလေးထိန်းရတဲ့ဂျက်ဟာ အလွန်ဆိုးသွမ်းတဲ့
ဘာရွန်ရဲ့တူသွားတဲ့နောက်ကိုယ်ရံတော်အဖြစ်
တကောက်ကောက်လိုက်နေရတော့ပါတယ်။
ယခုလည်း ဘာရွန်ရဲ့တူ ဘလက်ကမြို့ပြင်ဘက်ကို
သွားမည်ဆိုပြီးပြောသဖြင့်ရထားလုံးမောင်းကာ
နှစ်ဦးသားထွက်လာကြခြင်းဖြစ်လေသည်။
တစ်နာရီကြာမောင်းနှင်ပြီးနောက် တောအုပ်တစ်ခုကို
ရောက်ရှိလာလေသည်။
ထိုတောအုပ်မှာမြို့နဲနီးတဲ့
တောအုပ်ငယ် လေးသာဖြစ်ပြီးကျေးငှက်သာရကများနှင့်စိမ်းလန်းသောတောဖြစ်လေသည်။
မြို့ရှိလူကုံထန်များကအပန်းဖြေခရီးထွက်ကာ
ထိုတောတွင်စခန်းဖွဲ့သောက်စားပျော်ပါးကြလေ့ရှိကြသည်။
ဘလက်ကမိန်းကလေးတစ်ချို့နှင့်ချိန်းတွေ့ရန်လာခြင်းဖြစ်လေသည်။သူ့၏ဝါသနာမှာမိန်းကလေးများနှင့်တောတောင်ထဲတွင်သဘာဝအတိုင်းလိင်ဆက်ဆံ
ခြင်းပင်ဖြစ်လေတော့သည်။ချယ်ရီဆိုသော
ကောင်မလေးတယ်ယောက်ကဖိတ်ထားတာကြောင့်
အတော်လေးတက်ကြွနေသည်။
"ရောက်ပြီ သခင်လေး"
ဂျက် က ရထားလုံးအတွင်းသို့လှမ်းအော်လိုက်သည်။
လာပြီ
အသက် ၁၇နှစ်အရွယ် ဘလက်ကခပ်သွက်သွက်ဆင်းလာသည်။ပြီးနောက်အသင့်စောင့်နေသော
မိန်းကလေး၃ယောက်ဆီသို့လှမ်းသွားလိုက်သည်။
မိန်းကလေး၃ယောက်ထဲမှတစ်ယောက်က
"သခင်လေးဘလက်က သိပ်ကြာတာပဲ
ဒီမှာငါးကင်လည်းကျက်နေပြီ အရက်လည်းအဆင်သင့်ပဲ" ဟုညုတုတုပြောလေရာ
ဘလက်လည်းသွားပေါ်အောင်ရီလိုက်ပြီး
ဟားဟား လာလာငါတို့အရင်ဆုံးသောက်ကြတာပေါ့
ပြောကာ ဝိုင်းဖွဲ့လိုက်လေတော့သည်။
"ဟားဟား မင်းတို့ထဲကဘယ်သူအကြီးဆုံးလဲ
ငါ့ကိုပြောစမ်း"
"ဟင့်နော်သခင်လေး"
"ရှင်ရွေးထားတဲ့ ချယ်ရီကတကယ်အကြီးဆုံးပဲ"
" ချယ်ရီ ကောင်မ နင်သခင်လေးကိုသက်သေပြလိုက် ဟိဟိ"
ချယ်ရီဆိုသောမိန်းကလေးက ရင်နှစ်မွှာကို
တဖျတ်ဖျတ်လှုပ်ကာရယ်မောလိုက်ပြီး
ခနကြာရင်သူသိသွားလိမ့်မယ် ခိ ခိဟုဆိုလေသည်။
နာရီဝက်ခန့်ကြာပြီးနောက်အနီးတွင်ရှိသောကျောက်
ဂူတစ်ခုအတွင်းသို့ဘလက်နဲ့ချယ်ရီတို့ပူးကပ်ကာ
ဝင်ရောက်သွားကြလေသည်။
ခနအကြာတွင် ညီးတွားသံများထွက်ပေါ်လာသည်။
အား အား အီး အင်း
၁၀မိနစ်အကြာတွင်. ရုတ်တရက်
"အမလေးဗျ ကယ်ကြပါအုံး"
ဘလက်ရဲ့အလန့်တကြားအော်သံထွက်လာတယ်။
ပြီးတော့ ကိုယ်လုံးတီးဖြင့်ကျောက်ဂူရဲ့အပေါက်ဝကနေ ဒရကြမ်းသူပြေးဆင်းလာတယ်
သူ့ရဲ့လူယုံဂျက်ကိုလှမ်းအော်ခေါ်လိုက်တယ်။
" ဂျက် ရေ လုပ်ပါအုံး ပျားတွေ ပျားတွေ
အများကြီးပဲ" အထိတ်တလန့်ထပ်အော်လိုက်တယ်။
ဘလက်တို့ကျန်နေတဲ့အရက်ကိုသောက်ရင်းမြင်းလှည်းပေါ်မှိန်းနေတဲ့ ဂျက်ကဆတ်ခနဲလန့်သွား
ကာအမြန်ထလိုက်တယ်၊ပြီးတော့ ဘလက်ဆီအမြန်
ပြေးသွားတယ်။
"သခင်လေးဘာဖြစ်တာလဲ"
"မြန်မြန် ကျောက်ဂူထဲမှာ ပျားတွေ တရက်ခံပျား တွေ ချယ်ရီတော့အတုပ်ခံရလို့သေပြီ"
"ဘာ"
မိန်းကလေးနှစ်ဦးနှင့် ဂျက် တို့လည်းအလွန်လန့်သွားကြသည်။S1 အဆင့်ရှိတဲ့ဂျက်ကပိုသိတယ်လေ
အဲ့ပျားတွေတုပ်ရင် A အဆင့်တေ့ချက်ချင်းသေနိုင်တယ်။S1အဆင့်တွေဖြေဆေးသောက်ပြီးတာတောင်
တစ်ရက်အလူးအလဲခံရတာလေ၊ဒါကြောင့်လဲ
တရက်ခံပျားလိုခေါ်တာပေါ့။
(သခင်လေး ပျားတွေကိုဘာသွားလုပ်လိုက်လို့ထွက်လာတာပါလိမ့်)
လေပြင်းတိုက်ခတ်သည့်အသံများကြားပြီး
တဝှီး ဝှီးအသံတွေထွက်ပေါ်လာသည်။
ဂျက်လည်းတင်းမာပြတ်သားသောအမူရာဖြင့်
ခါးတွင်ပတ်ထားသည့်အိပ်အတွင်းမှ ငါးလက်မခန့်
အလုံးတစ်လုံးကိုထုတ်ယူလိုက်တယ်၊ဟုတ်တယ်
အဲ့ဒါကတော့ S2 အဆင့်မီးလောင်ဗုံးဖြစ်ပြီး
ရပ်ကွက်တစ်ခုကိုပြာကျသွားနိုင်တဲ့ဗုံးပါ။
ယား ဝှစ်
ဂျက်တစ်ယောက်အမြန်ဆုံးပြေးသွားပြီး
ကျောက်ဂူအပေါက်ထဲကို ထိုဗုံးဖြင့်ပစ်သွင်းလိုက်လေသည်။
ရွှစ် ချက်ချက်
ဝုန်း ဝုန်း ဂျလိမ်း
မိုးထိအောင်ကြီးမားတဲ့မီးတောက်ကြီးဝုန်းခနဲပေါ်လာကာ ပေတစ်ရာပတ်လည်ကိုမီးကျွမ်းသွားကာ
ကျောက်ဂူကြီးမှာလည်းအပိုင်းပိုင်းပြိုကျသွားလေ
တော့သတည်း။
ဆက်ရန်