← Chapters

တရားခံက.    ..တော့

Vol. 7 Ch. 70

တရားခံက.    ..တော့

Vol. 7 Ch. 70

မြိုပြင်တောအုပ်တွင်ကြီးမားသောပေါက်ကွဲမှုကြောင့်

မိုးခြိမ်းသံကဲ့သို့အသံကြီး မြို့နေလူထုရုတ်တရက်ကြားလိုက်ရလေသည်။

"ဟ ဘာသံလဲ ဟ"

"မြို့ပြင်ကအသံကွ တောအုပ်ဘက်ကလာတာ"

လူများသတိထားမိသွားပြီးမြို့ပြင်ဘက်ကိုပြေးသွားကြလေသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်အချို့လည်းအချက်ပြမီးလင်းလာတာကြောင့်စုဝေးကာအမြန်ပြေးလေတော့သည်။

မြို့အတွင်းအစီရင်တစ်ချို့ရှိလေသည်၊ထိုအစီရင်က

မြို့ပြင်ကိုထောက်လှမ်းသောစနစ်ဖြစ်သောကြောင့်

မြို့ပြင်မိုင်၁၀၀ပတ်လည်အတွင်းတစ်ခုခုဖြစ်ပါက

အချက်ပြစနစ်အသက်ဝင်လာစေ၏

ကာကွယ်ရေးစနစ်များလည်းအသက်ဝင်လာပြီး

မြို့ကိုအစိမ်းရောင်ပိုက်ကွန်ကြီးကာဖြန့်ကျက်

ကာကွယ်ထားလေတော့သည်။

နည်းပညာရဲ့တိုးတက်မှုစွမ်းပကားပေတည်း။

ဟုတ်ပေသည်ဖွံ့ဖြိုးသောဂြိုလ်များအားလုံးတွင်

ထိုစနစ်များရှိပြီးနိုင်ငံများရဲ့ လျှပ်စစ်စွမ်းအင်ကို

လေအားလျှပ်စစ်မှထုတ်ယူသုံးစွဲကြလေသည်။

ပိုတိုးတက်သောနိုင်ငံများကစွမ်းအင်ကျောက်တုံးများကိုအသုံးပြုကြလေသည်။

စွမ်းအင်ကျောက်တုံးများကရှားပါးသောကြောင့်

နိုင်ငံကြီးများနှင့်ဂိုဏ်းကြီးများသာသုံးနိုင်ပေသည်။

ဂြိုလ်များအားလုံးတွင်အသုံးပြုသောဘက်ထရီ

နည်းပညာမှာအမြင့်ဆုံးဖြစ်သည်သုံးစွဲသော

ဘက်ထရီကိုလိုက်၍တစ်ခါအားသွင်းတာနဲ့၆လခံ

၁နှစ်ခံလေသည်၊

တက်ပလက်တို့၊ဖုန်းတို့များတော့

အားသွင်းဖို့ရာတစ်နှစ်မှတစ်ခါလောက်သာ။

ဆိုလာစနစ်ပါလို့ အီလက်ထရောနစ် ထုတ်ကုန်များအတွက်ကလည်းလွန်စွာအဆင်ပြေလေသည်။

ဂြိုလ်ပျက်များ၊မီးပျက်သောဒေသများကိုသွားရာ

တွင်အလွန်အဆင်ပြေလေတော့သည်။

အချက်ပြစနစ်များကြောင့် လပ်လည်းလေ့ကျင့်

နေရာမှလန့်ဖြန့်ကာရပ်လိုက်ပြီးအပြင်အမြန်ထွက်လာလေသည်။

" ဘာဖြစ်ရပြန်တာလဲ ကွာ"

"မြို့ပြင်ဘက်ဖြစ်ပုံရတယ် သွားကြည့်အုံးမှပါ"

လပ်လည်းအမြန်သွားကြည့်လိုက်သည်၊သူလည်း

လုံခြုံရေးအဖွဲ့ထဲပါနေတာမှလား။

၁၀မိနစ်မကြာဘူး လပ်နှင့်ကယ်ဆယ်ရေးအဖွဲ့သား

များရောက်လာကြသည်။

အပျက်အစီးများကြားတွင်လဲကျနေသောလူများရှိလေသည်၊ထိုလူများမှာမသေပဲ ပြင်းထန်တဲ့အရှိန်ကြောင့်လွင့်စင်သွားခြင်းသာဖြစ်လေသည်။

ဒဏ်ရာရသူများကို လပ်တို့ကယ်ဆယ်ပေးပြီးနောက်

အဓိကပေါက်ကွဲသောနေရာကို အဖွဲ့သားများရောက်လာကြသည်။

အဝတ်အစားမရှိကိုယ်လုံးတီး နှင့်လူတစ်ဦး

မှောက်ယက်ကြီးလဲကျနေကာသူ့ဘေးနားတွင်လည်း

စုတ်ပြတ်သတ်နေသောလူဝကြီးတစ်ဦးနှင့်၁၈နှစ်

အရွယ်မိန်းကလေး၂ယောက်ကငုတ်တုတ်လေးထိုင်နေကြသည်။

ဒီတစ်ခါလည်းအဖွဲ့ခေါင်းဆောင်မှာဝံပုလွေဖြစ်ပြီး

သူ့နောက်တွင်တော့ စုတ်ချွန်းကခပ်ကုပ်ကုပ်လိုက်

လာလေတယ်။

ခေါင်းဆောင်က ကိုယ်လုံးတီးနှင့်လူအုပ်ရှိရာကို

လျောက်လာတယ်။ပြီးတော့စိတ်ညစ်တဲ့မျက်နှာ

နဲ့စကားစလိုက်တယ်။

"စွမ်းအင်ဗုံးကိုဘယ်သူပစ်တာလဲ"

မိန်းကလေးနှစ်ယောက်မှာအလွန်ကြောက်လန့်နေပြီး

တုန်လှုပ်နေကြတယ် ခဏကြာမှ

ဖက်တီးဂျက်ကိုလက်ညိုးထိုးပြတယ်

ဖက်တီးဂျက်လည်း ခေါင်းကုတ်ကာ

ဘလက်ကိုကြည့်တယ်။ပြီးတော့သူပြောလိုက်တယ်

"ဟုတ် ဟုတ်ပါတယ် ကျနော်ပစ်ခွဲလိုက်တာပါ"

"တစ် တစ်ရက်ခံပျားတွေ လာနေလို့ ကျနော်

ဆုံးဖြတ်ပြီးပစ်လိုက်တာပါ"

  တစ်ရက်ခံပျားနာမည်ကြားလိုက်တာနဲ့ခေါင်းဆောင်

ဝံပုလွေမျက်နှာအတော်ပျက်သွားတယ်။

ပြီးတော့အမြန်မေးလိုက်တယ်

"အဲတော့ အဲပျားတွေဘယ်ရောက်သွားလဲ"

ဂျက်ကအမြန်ဖြေလိုက်တယ်

"အုပ် အုပ်လိုက်ကြီးကျနော် S2 ဗုံးနဲ့ ပစ်လိုက်တော့

အကုန်လုံးမီးလောင်သွားလောက်ပြီ

လွတ်လည်းတစ်ကောင်နှစ်ကောင်လောက်ပဲလွတ်

သွားလောက်တယ်" ဂုဏ်ယူစွာနဲ့ဂျက်ပြောလိုက်တယ်။

ခေါင်းဆောင်ရဲ့မျက်နှာပျက်ကာတင်းမာသွားပြီး

"မင်းတို့ တော့သောက်ပြသနာတက်ပြီပဲ"ဟု

အော်ဟစ်လိုက်လေတော့တယ်။

ရုတ်တရက်စုတ်ချွန်းက ဆေးလိပ်တစ်ချက်ဖွာလိုက်

ပြီးကိုယ်လုံးတီးနဲ့ဖြစ်နေတဲ့ဘလက်ကိုလက်ညိုးထိုးကာ

"ဟိုတစ်ယောက်က ဘာဖြစ်တာတုန်း"

ဂျက်ကဝင်ပြောတယ်

" ဆရာတို့ သူက အဲ့ပျားတွေကိုအရင်တွေ့တာပါ"

လူတွေအားလုံးကလည်း ဘလက်ကိုဝိုင်းကြည့်နေကြတယ်။

ဘလက်လည်း ဘေးကလူတွေဆီကအဝတ်တွေ

လှမ်းယူပြီးဝတ်လိုက်တယ်။

ပြီးတော့မှ သူကစကားစလိုက်တယ်

"ဟိုဟို ဒီလိုပါဆရာ ကျနော်နဲ့ချယ်ရီဆိုတဲ့ကောင်မလေး ဂူထဲမှာပျော်ပါးရင်း ပျားနှစ်ကောင်

ကိုယ်နားဝဲလာလို့ရိုက်သတ်လိုက်တာ

စိမ်းဖန့်ဖန့် အနံ့ကြီးဖြစ်သွားတယ်။

ပြီးတော့ခနနေတော့ ပျားတွေအများကြီးထပ်ရောက်လာတယ်၊ချယ်ရီကိုဝိုင်းတုပ်တယ်၊

ကျနော်လဲထွက်ပြေးတယ်၊ဦးလေးဂျက်ကိုအော်ခေါ်

တယ်၊ဦးလေးဂျက်က ဗုံးနဲ့ပစ်လိုက်တယ်

အဲ့ဒါပဲကျနော်မှတ်မိတယ် "ဟုဆိုလေသည်

သူ့ကြည့်ရသည်မှာသူအတော်မောဟိုက်နေပုံရ၏

ခေါင်းဆောင်ဝံပုလွေက စကားပြောလိုက်တယ်

"ပျားတုပ်ရင်ဆေးသောက်မသေပါဘူးကွ

ခွင့်ပြုချက်မရှိပဲS2ဗုံးသုံးလို့မရဘူးကွ

အထဲကကောင်မလေးက အပိုင်းပိုင်းဖြစ်သွားပြီ

သေမသေစမ်းလို့မရတော့ဘူး"

ငလူးကောင်တွေ

"တစ်ရက်ခံပျားတွေရဲ့ဘုရင်မက သူ့ပျားတွေကို

မသတ်အောင်စောင့်ရှောက်သူနဲ့ညှိနှိုင်းသဘောတူ

ထားတာ အခုတော်တော်ကြွသွားပြီဆိုတော့ အင်း"

"လုံခြုံရေးအဖွဲ့တွေ

ဒီနှစ်ကောင်ကိုဖမ်းချုပ်လိုက်စမ်း"

ဟုအမိန့်ပေးလိုက်လေတော့သတည်း။

စာစဉ် ၇ပြီး၏

All Chapters