← Chapters

အခန်း (၁၂၉၀)

Vol. 93 Ch. 1290

အခန်း (၁၂၉၀)

Vol. 93 Ch. 1290

နေကြတ်ကျောင်းတော်တွင် လက်ထောက်နည်းပြလုပ်နေသော ချူးယွီယန်အတွက် မူလဒင်္ဂါး သန်းသုံးရာသည် စိုးရိမ်ပူပန်မှုများအားလုံးကို ဖြေလျော့ပေးနိုင်သည်။

သို့သော် ထိုကိစ္စကြောင့် ဟန်မူယဲ့က ချူးယွီယန်ကို မှတ်မိနေခြင်း မဟုတ်ပေ။ ချူးယွီယန်က မူလဒင်္ဂါးသန်းသုံးရာကို အသုံးပြုပြီး သူ့ကို မေးခွန်းတစ်ခု မေးခဲ့သည်။

မေးခွန်းတစ်ခုအတွက် မူလဒင်္ဂါးသန်းသုံးရာ ....

ထိုဈေးနှုန်းသည် ပန်းပဲပညာရှင် အစည်းအရုံးတွင် အမြင့်မားဆုံး ဖြစ်သည်။

ဟန်မူယဲ့က မူလဒင်္ဂါး သန်းသုံးရာကို မလိုအပ်ပေ။

သို့သော် သူက ချူးယွီယန်ကို စိတ်ဝင်စားသွားသည်။

ချူးယွီယန်က အလင်းလွှာမှတစ်ဆင့် သူ့ကို လေးစားစွာ မေးခဲ့သည်။

“ဆရာဟန်၊ ဇီဝရုပ်သေးရုပ်တွေရဲ့ နောက်ဆုံးပန်းတိုင်က ဘာလဲ”

ဇီဝရုပ်သေးရုပ် ....

ထိုအချိန်တွင် ဟန်မူယဲ့က ဇီဝရုပ်သေးရုပ် တစ်ရုပ်ကိုသာ မြင်ဖူးသည်။ ချန်မြောင်၏မြေး ချန်တင်းအာ ဖြစ်သည်။

ဟန်မူယဲ့က ဇီဝရုပ်သေးရုပ်များကို လေ့လာပြီး ဦးတည်ချက်ကို ခန့်မှန်းခဲ့သည်။

သူက ချူးယွီယန်၏ မေးခွန်းကို အလင်းလွှာမှတစ်ဆင့်‌ ရွှေရောင်စာလုံးများဖြင့် ဖြေကြားလိုက်သည်။

“ထာဝရရှင်သန်ခြင်း”

ထိုစကားလုံးသည် မူလဒင်္ဂါးသန်းသုံးရာ တန်ဖိုးရှိသည်။

တခြားလူများက ချူးယွီယန်၏မေးခွန်းကို မသိနိုင်ပေ။

ဟန်မူယဲ့၏ အဖြေကိုလည်း မသိကြပေ။

ဟန်မူယဲ့၏ အဖြေက အမှန်တရားနှင့် ကိုက်ညီသည်။

ရေခဲလမြို့၏ မူယွဲ့ရုပ်သေးရုပ်က သူ့ကို သက်သေပြခဲ့သည်။

စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများကလည်း ထာဝရရှင်သန်ချင်သောကြောင့် ဇီဝရုပ်သေးရုပ်များကို လေ့လာနေကြသည်။

သူတို့က ဇီဝရုပ်သေးရုပ်များ၏ အကူအညီဖြင့် အမှန်တကယ် ထာဝရရှင်သန်နိုင်လိမ့်မည်။

“ချူးယွီယန်လား”

အနက်ရောင်ချပ်ဝတ်နှင့် ဖုန်းကျူထျန်း၏ မျက်လုံးများက တောက်ပသွားပြီး ရပ်တန့်လိုက်သည်။

“နေကြတ်ကျောင်းတော်ရဲ့ ပါရမီရှင် ချူးယွီယန်က မူလဒင်္ဂါး သန်းသုံးရာကို အသုံးပြုပြီး ဆရာဟန်ကို မေးခွန်းတစ်ခု မေးခဲ့တယ်”

ဖုန်းကျူထျန်းက စနောက်လိုသောအပြုံးဖြင့် လက်မြှောက်ပြီး တောက်ပနေသော တံဆိပ်ပြားတစ်ခုကို ထုတ်ယူ၍ ရင်ဘတ်တွင် တင်ဆင်သည်။

အဆင့်ကိုး ပန်းပဲပညာရှင် တံဆိပ်ပြား ဖြစ်သည်။

“ငါသိချင်မိတယ်။ နည်းပြချူးက မူလဒင်္ဂါး သန်းသုံးရာတန်ဖိုးရှိတဲ့ အဖြေကို ပြောပြနိုင်မလား”

ဖုန်းကျူထျန်းက ချူးယွီယန်၏နောက်တွင်ရှိသော မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“အဲဒီအဖြေကို အသက်တစ်ချောင်းနဲ့ လဲလို့ရတယ်”

မူလဒင်္ဂါး သန်းသုံးရာတန်ဖိုးရှိသော အဖြေ ....

ဖုန်းကျူထျန်း၏စကားကြောင့် သင်္ဘောပျံတွင်ရှိသော လူတိုင်းက ချူးယွီယန်ကို လှည့်ကြည့်လိုက်ကြသည်။

“ဖုန်းကျူထျန်း၊ အဲဒီမေးခွန်းမျိုးက မင်းမေးသင့်တာမဟုတ် ....”

ချူးယွီယန်၏ ရှေ့တွင်ရပ်နေသော သူတော်စင်အဆင့် ရုပ်‌သေးသခင်က စကားပြောလိုက်သော်လည်း ဖုန်းကျူထျန်းက မီးတောက်များကို ထုတ်လွှတ်လိုက်သောကြောင့် တိတ်သွားသည်။

သူက ထိုမီးတောက်များကို မခုခံနိုင်ပေ။

“ထာဝရရှင်သန်ခြင်းပဲ”

ချူးယွီယန်က ပြောသည်။

“သူမရဲ့အသက်နဲ့ လဲမယ်”

သူက ထပ်ပြောပြန်သည်။

မီးတောက်များမှလွဲ၍ သင်္ဘောတစ်ခုလုံးက ရပ်တန့်သွားပုံရသည်။

ထာဝရရှင်သန်ခြင်း ....

ဆရာဟန်ကို မေးခဲ့သော မူလဒင်္ဂါးသန်းသုံးရာမေးခွန်း၏ အဖြေသည် ထာဝရရှင်သန်ခြင်း ဖြစ်သည်။

ချူးယွီယန်၏ မေးခွန်းသည် ထာဝရရှင်သန်ခြင်းနှင့် ပတ်သတ်နေလိမ့်မည်။

သင်္ဘောပျံတွင်ရှိသော လူတိုင်းက ချူးယွီယန်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

‘သူက ထာဝရရှင်သန်ခြင်းရဲ့ လျှို့ဝှက်ချက်တွေကို လေ့လာနေတာလား’

ဖုန်းကျူထျန်း၏ လက်ထဲတွင်ရှိသော မီးတောက်များက ပေါက်ကွဲလုနီးပါး ကခုန်နေသည်။

သူတော်စင်အဆင့် ရုပ်သေးသခင်နှစ်ယောက်က ရုပ်သေးရုပ်များကို ဆင့်ခေါ်လိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

သင်္ဘောပျံ၏ လေထုက အလွန်တင်းမာနေသည်။

သို့သော် လူတိုင်း၏အမြင်တွင် ဖုန်းကျူထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး လက်ထဲတွင်ရှိသော မီးတောက်များကို ရုတ်သိမ်းသည်။

သူက လှုပ်ရှားရန် ကြံစည်ခဲ့သော်လည်း အေးစက်သော ခံစားချက်တစ်ခုက သူ့ကို တားဆီးလိုက်သည်။

အကယ်၍ သူက တိုက်ခိုက်ခဲ့လျှင် သေဆုံးသွားလိမ့်မည်။

ထိုအရာသည် သူ၏ အာရုံခံနိုင်စွမ်း ဖြစ်သည်။

ထိုအာရုံခံနိုင်စွမ်းသည် သူ့ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ကယ်တင်ခဲ့ပြီး ဖုန်းကောမြို့၏ အကောင်းဆုံးမျိုးဆက်သစ် ဖြစ်လာစေသည်။ နောက်ပိုင်းတွင် မြို့သခင်လေး ဖြစ်လာခဲ့သည်။

“နည်းပြချူးက နားလည်မှုလွဲနေပြီထင်တယ်”

“ငါကလည်း ပန်းပဲပညာရှင်တစ်ယောက်ပါပဲ။ အဲဒါကြောင့် အဖြေကို သိချင်ရုံတင်ပါ”

ဖုန်းကျူထျန်းက ခပ်ဟဟရယ်လိုက်ပြီး ခေါင်းခါ၍ နောက်ဆုတ်သည်။

“ငါက စနောက်နေတာပါ”

“ငါကလည်း နေကြတ်ကျောင်းတော်မှာ လေ့လာဖို့ နေကြတ်မြို့ကို သွားမယ်”

သူက ဖိအားပေးနိုင်သော အရှိန်အဝါကို ဖယ်ရှားလိုက်ပြီး ညင်သာစွာ ထိုင်သည်။

သူက ထိုင်ချလိုက်သောအခါ အန္တရာယ်အာရုံက ပျောက်ကွယ်သွားသည်။

သူက တစ်ဖက်သို့လှည့်ပြီး အစိမ်းရောင်ဝတ်စုံနှင့် အဆင့်ကိုးပန်းပဲပညာရှင်တစ်ယောက်ကို မြင်ရသည်။

“ငါ့နာမည်က ဖုန်းကျူထျန်းပါ။ ငါက နေကြတ်ကျောင်းတော်မှာ ပညာသင်ယူဖို့ သွားမလို့ပဲ။ မင်းကရော ဘယ်လိုလဲ”

“ငါ့နာမည်က ဟန်မူပါ။ ငါကလည်း နေကြတ်ကျောင်းတော်ကို သွားမလို့ပါပဲ”

အဆင့်ကိုးပန်းပဲပညာရှင်က ဖြေလိုက်ပြီး အကြည့်လွှဲသည်။

တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါနှင့်ဆိုလျှင် နေကြတ်မြို့သို့ရောက်ရန် ဆယ့်ငါးမိနစ်ခန့်သာ ကြာလိမ့်မည်။ သို့သော် သင်္ဘောပျံနှင့် သွားနေသောကြောင့် သုံးရက်ကြာသွားသည်။

ဟန်မူယဲ့က သုံးရက်အတွင်း မျက်လုံးမှိတ်ပြီး ကျင့်ကြံနေခဲ့သည်။

ဖုန်းကျူထျန်းကတော့ ပျင်းရိမှုကြောင့် သေသွားတော့မည်ဟု ခံစားနေရသည်။ သို့သော် သူက ဟန်မူယဲ့နှင့် စကားအနည်းငယ် ပြောခဲ့သည်။

မျက်နှာချင်းဆိုင်တွင်ရှိသော နေကြတ်ကျောင်းတော်၏ တပည့်များက စိုးရိမ်နေကြသည်။ ချူးယွီယန်ကတော့ စာအုပ်တချို့ကို ထုတ်ယူပြီး အသေးစားပစ္စည်းများကို ဖန်တီးနေသည်။

သူက အမှန်တကယ်ပင် ကြိုးစားသည်။

သင်္ဘောပျံက ရပ်တန့်သွားပြီး ခရီးသည်များက တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

သူတို့က လျင်မြန်စွာ လူစုကွဲသွားသည်။

ဤခရီးတွင် ဖုန်းကောမြို့၏ သခင်လေးကို မြင်ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထို့ကြောင့် မြန်မြန်ထွက်သွားနိုင်လျှင် ပိုကောင်းသည်။

ချူးယွီယန်၏ ဦးဆောင်မှုနောက်တွင် နေကြတ်ကျောင်းတော်၏ တပည့်များက လျင်မြန်စွာ ထွက်သွားကြသည်။

“နည်းပြချူး၊ ငါတို့ မကြာခင် ပြန်တွေ့မှာပါ”

ဖုန်းကျူထျန်းက သင်္ဘောပျံ၏အောက်တွင် ရပ်နေပြီး ပြောလိုက်သည်။

ချူးယွီယန်က နောက်သို့ လှည့်ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ မတ်တပ်ရပ်နေသော ဖုန်းကျူထျန်းကို မြင်ရသည်။

နေကြတ်ကျောင်းတော်၏ တပည့်များက လျင်မြန်စွာ ထွက်သွားကြသည်။

“ညီအစ်ကိုဟန်၊ ငါတို့ အတူတူသွားကြမလား”

ဖုန်းကျူထျန်းက တစ်ဖက်သို့လှည့်ပြီး ဘေးတွင်ရှိသော ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ‌ခေါင်းညိတ်လိုက်သည်။

ဘုရားမြို့ ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ လုပ်ငန်းအများအပြားသည် နေကြတ်မြို့တွင် ရှိနေသည်။

သို့သော် ဟန်မူယဲ့က နေကြတ်ကျောင်းတော်အတွက် ရောက်လာသောကြောင့် လုပ်ငန်းစုများနှင့် ဆက်သွယ်ရန် အစီအစဉ်မရှိပေ။

သူက ဆရာဟန်ဟူသော နာမည်ကို မသုံးသင့်ပေ။

အကယ်၍ ဆရာဟန်က နေကြတ်ကျောင်းတော်သို့ ရောက်လာလျှင် နေကြတ်မြို့က ဆူပွက်သွားလိမ့်မည်။

ယခုအချိန်တွင် ဆရာဟန်က သောင်းချီသောလူများကို ဆွဲဆောင်နိုင်သည်။

နေကြတ်မြို့က မိုင်သုံးရာကျယ်ဝန်းပြီး တိုးတက်သည်။

နေကြတ်ကျောင်းတော်သည် နေကြတ်မြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး မိုင်ငါးဆယ်ကျယ်ဝန်းသည်။

အဝေးတစ်နေရာမှ ကြည့်လိုက်လျှင် နေကြတ်ကျောင်းတော်သည် မြို့ထဲတွင်ရှိနေသော မြို့တစ်မြို့ဟု ထင်ရသည်။

ထိုနေရာတွင် ခန်းဆောင်များအပြင် မီးခိုးနှင့်မီးတောက်များအား ထုတ်လွှတ်နေသော ဧရာမမီးပြင်းဖိုများကိုလည်း မြင်ရသည်။

ချီစွမ်းအင်အလင်းသည် တောက်ပနေပြီး လေဟာနယ်ကို တုန်ခါသွားစေသည်။

အနည်းဆုံး နတ်ဘုရားအဆင့်ကျွမ်းကျင်သူ တစ်ရာခန့် ရှိနေလိမ့်မည်။

ယခုအချိန်တွင် နေကြတ်ကျောင်းတော်က ကျောင်းအပ်လက်ခံနေသောကြောင့် နေရာအနှံ့မှလူများ ရောက်လာကြသည်။ ဟန်မူယဲ့တို့က ကျောင်းတော်၏ တံခါးဝသို့ ရောက်လာသောအခါ လူများဖြင့် ပြည့်ကျပ်နေသည်။

ဟန်မူယဲ့နှင့် ဖုန်းကျူထျန်းက တခြားလူများကဲ့သို့ အခြေခံစစ်ဆေးမှုများကို ကျော်ဖြတ်ရန် မလိုအပ်ပေ။

သူတို့နှစ်ယောက်လုံးတွင် နေကြတ်ကျောင်းတော်၏ ဖိတ်ကြားစာ ရှိနေသည်။

ဟန်မူယဲ့၏ ဖိတ်စာသည် ဟယ်ရန်စွန်းကို ပေးခဲ့သော ဖိတ်စာနှစ်ခုထဲမှ တစ်ခု ဖြစ်သည်။

ဖုန်းကျူထျန်းက စာရင်းသွင်းပြီး ကျောင်းသားကတ်ပြားနှင့် ကျောင်းဝတ်စုံကို လက်ခံပြီးသောအခါ ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။ ဟန်မူယဲ့ကလည်း စာရင်းသွင်းပြီးခဲ့သည်။

“ညီအစ်ကိုဟန်၊ နေကြတ်ကျောင်းတော်က ဖိတ်ကြားစာတွေကို အများကြီးထုတ်မပေးဘူး”

ဖုန်းကျူထျန်းက သိချင်နေပုံရပြီး တီးတိုးပြောသည်။

“ညီအစ်ကိုဟန်က ဘယ်ကနေ လာခဲ့တာလဲ”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းခါသည်။ သူက ပစ္စည်းများကို သိမ်းလိုက်ပြီး နေကြတ်ကျောင်းတော်၏ ပညာသင်တံဆိပ်ပြားကို တပ်ဆင်၍ ရှေ့ဆက်လျှောက်သွားသည်။

“ငါက အရုဏ်နေမင်းအဆင့် အတန်းကိုးက ကျောင်းသားသစ်ပဲ။ ငါ့ဆရာက လျန်ချီယွမ်ပါ”

လျန်ချီယွမ်သည် နေကြတ်ကျောင်းတော်တွင် ချပ်ဝတ်ရုပ်သေးရုပ်ကို လေ့လာနေသော ခေါင်းဆောင်နည်းပြ ဖြစ်သည်။

အရုဏ်နေမင်းအဆင့်သည် နေကြတ်ကျောင်းတော်တွင် အဆင့်အနိမ့်ဆုံး ဖြစ်သည်။

အရုဏ်နေမင်း၊ မီးနေမင်း၊ လောင်ကျွမ်းနေမင်း၊ ဆည်းဆာနေမင်း ....

ထိုအဆင့်များသည် ရွှေကျီးကလန်၏ ရွှေကျီးကန်းမီးတောက် အဆင့်သတ်မှတ်ချက်နှင့် ဆင်တူနေသည်။

“ငါတို့ ရွှေကျီးကန်းမျိုးနွယ်ရဲ့ ရွှေကျီးကန်းမီးတောက်ကို ဒီမှာ အာရုံခံမိနေတယ်”

မဟာနေမင်းရွှေကျီးကန်းက မှုန်မှိုင်းနေသောအသံဖြင့် ပြောသည်။

မူလစကြဝဠာမှ လုယူသွားသော ရွှေကျီးကန်းမီးတောက် ဖြစ်လိမ့်မည်။

“ဟားဟား ငါကလည်း ဆရာလျန်ရဲ့ တပည့်တစ်ယောက်ပဲ”

ဖုန်းကျူထျန်းက အပြုံးတစ်ခုနှင့်အတူ တံဆိပ်ပြားကို ထုတ်ယူသည်။

“ဆရာတူအစ်ကိုဟန်”

ဟန်မူယဲ့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ‌ရှေ့သို့ တည်ငြိမ်စွာ လျှောက်သွားသည်။

ဖုန်းကျူထျန်း၏ မျက်လုံးများက တောက်ပနေပြီး အပြုံးတစ်ခုနှင့်အတူ လိုက်လာသည်။

နတ်ဘုရားအဆင့် ပန်းပဲပညာရှင် လျန်ချီယွမ်က နေကြတ်ကျောင်းတော်တွင် အသန်မာဆုံး ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သည်။ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များနှင့် ပတ်သတ်သော သူ၏ လေ့လာချက်ကို လေဟာနယ်တွင်ရှိသော မြို့ကြီးများက တန်ဖိုးထားကြသည်။

“ဒီကျောင်းတော်ကို မူလစကြဝဠာက ယှဉ်လို့မရဘူး”

ဓာတ်စင်ငါးပါးမီးပြင်းဖို၏ အသံက မှုန်မှိုင်းနေသည်။

ဤကျောင်းတော်၏ ပန်းပဲပညာရပ်သည် မူလစကြဝဠာ၏ အဓိက ပန်းပဲပညာဂိုဏ်းများနှင့် ယှဉ်နိုင်သည်။

ထိုကျောင်းတော်မျိုးသည် မူလစကြဝဠာ၏ နေရာအနှံ့တွင် ရှိနေသည်။ လေဟာနယ်မြို့ကြီးများ၏ ပန်းပဲပညာရပ်က ပိုမိုအဆင့်မြင့်သည်။

စကြဝဠာနှစ်ခု၏ ပန်းပဲပညာရပ် ကွာခြားမှုသည် အလွန်ကြီးမားသည်။

ကြယ်စင်စုစကြဝဠာက ကျဆင်းမသွားခဲ့လျှင် ဤသို့ ခမ်းနားသော အမွေအနှစ်တစ်ခုကို မည်သူက ဖိနှိပ်နိုင်မည်နည်း။

ယခုအချိန်တွင် အားနည်းနေသော်လည်း မူလစကြဝဠာထက် သာလွန်နေသည်။

မူလစကြဝဠာ၏ ကပ်ဘေးက ကြယ်စင်စုစကြဝဠာနှင့် ပတ်သတ်နေလျှင် ဖြေရှင်းရန် အလွန်ခက်လိမ့်မည်။

ကျောင်းတော်တွင် တပည့်အသစ်များအတွက် အထူးနေရာတစ်ခု ရှိသည်။

“အရုဏ်နေမင်းအဆင့် အတန်းကိုးမှာရှိတဲ့လူတွေက ငါ့နောက်ကို လိုက်ခဲ့ပါ။ နောက်ကျရင် ဒီခြံဝိုင်းတွေက မင်းတို့ရဲ့နေအိမ် ဖြစ်လာလိမ့်မယ်”

“ပထမဆုံး နှစ်တစ်ရာအတွက် အိမ်လခ ပေးစရာမလိုပါဘူး”

“နှစ်တစ်ရာပြည့်သွားရင်တော့ တစ်နှစ်ကို မူလဒင်္ဂါးတစ်သိန်း ပေးရပါမယ်”

“မူလဒင်္ဂါးတစ်သိန်းက အများကြီးလို့ မထင်လိုက်ပါနဲ့။ ဒီနေရာက နေကြတ်ကျောင်းတော်ပါ။ ဒီမှာရှိတဲ့ အရင်းအမြစ်တွေက တခြားနေရာတွေထက် သာလွန်တယ်”

“မင်းတို့ရဲ့ နှစ်တစ်ရာသင်ယူချိန်အတွင်းမှာ မူလဒင်္ဂါးသိန်းချီတဲ့ အရင်းအမြစ်တွေကို ကျောင်းတော်က ထောက်ပံ့ပေးသွားမှာပါ”

“နှစ်တစ်ရာကြာသွားပြီး သင်ယူမှုမပြီးဆုံးဘဲ ထွက်သွားမယ်ဆိုရင်တော့ ကျောင်းတော်က ထောက်ပံ့ပေးတော့မှာမဟုတ်ပါဘူး”

ဒါဇင်ချီသော ကျောင်းသားသစ်တချို့၏ သံသယများကို မြင်ရသောအခါ ရှေ့တွင် ဦးဆောင်နေသော အဆင့်ကိုးပန်းပဲပညာရှင်က ခပ်ဟဟရယ်သည်။

“နေကြတ်ကျောင်းတော်မှာ ကျောင်းသား ၁၃,၈၀၀ ရှိတယ်။ ဒါပေမဲ့ သုံးထောင်ကပဲ စာရင်းသွင်းထားတယ်”

“ကျန်တဲ့တစ်သောင်းကျော်က ဒီမှာ ကိုယ့်စရိတ်ကိုယ်ခံပြီး ကျင့်ကြံနေကြတယ်”

All Chapters