အခန်း (၁၂၉၁)
Vol. 93 Ch. 1291
‘နေကြတ်ကျောင်းတော်မှာ ကိုယ့်စရိတ်ကိုရှာပြီး ကျင့်ကြံနေတဲ့ ကျောင်းသားတွေ တစ်သောင်းကျော်တောင် ရှိတာလား’
‘ဒီကျောင်းတော်မှာ လေ့ကျင့်တာက စီးပွားရေးကြီးတစ်ခုပဲ ဖြစ်လိမ့်မယ်’
ထိုကျောင်းသားတစ်သောင်းကျော်သည် ကျောင်းတော်အတွက် နှစ်စဉ် သန်းထောင်ချီနေသော မူလဒင်္ဂါးများကို ရှာဖွေပေးလိမ့်မည်။
ကျောင်းသားတိုင်းသည် ကိုယ်ပိုင်စံအိမ်ကို ရရှိသည်။ ခြံဝိုင်းက သိပ်မကျယ်ပေ။ သို့သော် အလုပ်ရုံ၊ ကျင့်ကြံခြင်းအခန်း၊ ဧည့်ခန်း စသည်ဖြင့် ပြည့်စုံစွာ ပါဝင်သည်။
ဟန်မူယဲ့က ခြံဝိုင်းတစ်ခုကို ရွေးလိုက်သည်။ ဖုန်းကျူထျန်းက ကပ်လျက်ခြံဝိုင်းသို့ လျင်မြန်စွာ ရောက်လာပြီး ရွေးချယ်ထားသော ကျောင်းသားသစ်ကို မောင်းထုတ်သည်။
“ငါက ဒီနေရာကို ယူလိုက်မယ်”
ကျောင်းသားသစ်က စကားပြောရန် ကြိုးစားလိုက်သော်လည်း ဖုန်းကျူထျန်းက မျက်လုံးများကို မှေးကျဉ်းပြီး သတ်ဖြတ်လိုစိတ်ကို ဖော်ထုတ်သည်။ ကျောင်းသားသစ်က စကားမပြောရဲတော့ပေ။
“နေစရာရွေးပြီးရင် ဆရာလျန်နဲ့တွေ့ဖို့ ခေါ်သွားမယ်။ ဆရာလျန်က မင်းတို့နဲ့တွေ့ဖို့ တစ်နာရီ အချိန်ယူထားတယ်”
အဆင့်ကိုးပန်းပဲပညာရှင်က အပြုံးတစ်ခုနှင့်အတူ ပျော်ရွှင်စွာ ပြောသည်။
အနာဂတ်တွင် ကျောင်းသားသစ်များကို တခြားလူများက သင်ကြားပေးလိမ့်မည်။ ဆရာလျန်ချီယွမ်၏ သင်ကြားမှုကို ဆယ်နှစ်တွင်တစ်ကြိမ် ရရှိရန်ပင် မဖြစ်နိုင်ပေ။
ကျောင်းသားသစ်များကလည်း ဤအချိန်သည် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း နားလည်ကြသည်။ သူတို့က လျင်မြန်စွာ နေရာချလိုက်ပြီး ခေါင်းဆောင်ဆရာ လျန်ချီယွမ်နှင့် ဆုံတွေ့ရန် အဓိကခန်းဆောင်သို့ ထွက်လာကြသည်။
အဓိကခန်းဆောင်တွင် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ပြဿထားသည်။
ရှေ့တွင် ပန်းပဲစင်မြင့်များနှင့် နေရာလွတ်များကို မြင်ရသည်။
အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ထိုနေရာတွင် ထိုင်ပြီး တပည့်သစ်များကို လက်ခံပေးနေသည်။
တပည့်အသစ်များက တစ်ယောက်ချင်းစီ ရှေ့တက်လာပြီး နာမည်တံဆိပ်ပြားကို ထုတ်ပေးလိုက်ကြသည်။
သူတို့က သက်လတ်ပိုင်းအရွယ်လူကြီးဆီမှ အားပေးစကားတချို့ကို ကြားလိုက်ရသောကြောင့် စိတ်လှုပ်ရှားနေကြသည်။
တချို့လူများက မေးခွန်းတချို့ကို မေးခဲ့သည်။ သက်လတ်ပိုင်းအရွယ်လူက ပြန်ဖြေပေးသည်။
တပည့်အသစ်တိုင်းက ဆရာလျန်ချီယွမ်နှင့် ခဏသာ ဆုံတွေ့နိုင်ပြီး ချက်ချင်းပြန်ထွက်လာကြသည်။
ဖုန်းကျူထျန်း ရောက်လာသောအခါ လျန်ချီယွမ်က သူနှင့် ဆယ်မိနစ်ခန့် စကားပြောနေသောကြောင့် လူတိုင်းက အံ့အားသင့်သွားခဲ့သည်။
ခဏအကြာတွင် ဖုန်းကျူထျန်းက ပြန်ထွက်လာပြီး ရှေ့တက်သွားသော ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က လျန်ချီယွမ်ဆီသို့ တည်ငြိမ်စွာလျှောက်သွားပြီး နာမည်တံဆိပ်ပြားကို ပေးလိုက်သည်။
ခန်းဆောင်ထဲတွင် ကျောင်းသားသစ်အများအပြားက ဖုန်းကျူထျန်းကို မျက်နှာချိုသွေးနေကြသည်။
“အစ်ကိုဖုန်း၊ နောက်ကျရင် ကျွန်တော်တို့ကို ဂရုစိုက်ပေးပါအုံး”
“ဖုန်းကောမြို့ရဲ့ သခင်လေးနဲ့ အတန်းတူဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ မာပိုချိုင်က သခင်လေးကို နှုတ်ဆက်ပါတယ်”
“အစ်ကိုဖုန်း၊ ကျွန်တော်က လုမာမြို့ရဲ့ ချိုးကျီယုပါ။ လုမာမြို့နဲ့ ဖုန်းကောမြို့တို့က မဟာမိတ်တွေပါ”
လူအများကြားတွင်ရှိသော ဖုန်းကျူထျန်းက တည်ငြိမ်စွာ ခေါင်းညိတ်သည်။ သူက သိပ်မဝေးသောနေရာသို့ လှမ်းကြည့်လိုက်ပြီး မည်သည့်စကားကိုမှ မကြားနိုင်တော့ပေ။
သူက မျက်ခုံးပင့်လိုက်ပြီး အံ့အားသင့်သွားသည်။
တစ်ချိန်လုံးထိုင်နေသော ဆရာလျန်ချီယွမ်က မတ်တပ်ရပ်လိုက်သည်။
လျန်ချီယွမ်က မတ်တပ်ရပ်လိုက်သောအခါ ဟန်မူဟုခေါ်သော ကျောင်းသားသစ်က လက်ကို ဆန့်ထုတ်ပြီး လက်ဆောင်တစ်ခု ပေးလိုက်ပုံပေါ်သည်။
သူတို့နှစ်ယောက်က အနည်းငယ် ရုန်းကန်လိုက်ပုံရပြီး ရပ်တန့်သွားသည်။
သူတို့ပြောသောစကားကို မကြားနိုင်သော်လည်း လျန်ချီယွမ်က ခေါင်းညိတ်ပြပြီး ဟန်မူက ထွက်သွားခဲ့သည်။
‘သူက ဆရာလျန်ကို လက်ဆောင်ပေးလိုက်တာလား’
‘ဒီနေရာမှာ လူတွေအများကြီး ရှိနေတယ်လေ’
ခန်းဆောင်ထဲတွင်ရှိသော ကျောင်းသားသစ်များအားလုံးက ဖြည်းဖြည်းချင်း လမ်းလျှောက်လာသော ဟန်မူယဲ့ကို ဒေါသတကြီး ပြောလိုက်သည်။
ဖုန်းကျူထျန်းကသာ ဆရာလျန်ထိုင်နေသော နေရာသို့ ကြည့်လိုက်သည်။
‘ဒီဟန်မူက ဘယ်သူလဲ’
သူက ဖုန်းကောမြို့၏ သခင်လေးဖြစ်သော်လည်း လျန်ယွမ်ချီကို မတ်တပ်ရပ်လာအောင် မလုပ်နိုင်ခဲ့ပေ။ သို့သော် ဟန်မူ ရောက်လာသောအခါ ဆရာလျန်က ချက်ချင်း မတ်တပ်ရပ်ခဲ့သည်။
ဟန်မူယဲ့က မူလနေရာသို့ ပြန်ရောက်လာသည်။ ဘေးတွင်ရှိသော ကျောင်းသားသစ်များအားလုံးက သူနှင့် ဆက်သွယ်ရမည်ကို ရှက်ရွံ့နေသည့်အလား ဘေးဖယ်သွားကြသည်။
တချို့ကတော့ သူ၏ ထူးခြားမှုကို သတိထားမိသောကြောင့် မဆက်သွယ်ချင်ကြပေ။
“အစ်ကိုဟန်ရဲ့အကြောင်းကို ပိုသိချင်လာပြီ”
ဖုန်းကျူထျန်းက ရှေ့တိုးလာပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“မင်းက ပန်းပဲပညာရပ်ကို ပိုလေ့လာသင့်တယ်”
ဟန်မူယဲ့က တည်ငြိမ်စွာ ခေါင်းခါသည်။
“ပါရမီကိုပဲ အားကိုးနေရင် အဝေးအထိ ရောက်မှာမဟုတ်ဘူး”
ဖုန်းကျူထျန်း၏ မျက်လုံးများက နားလည်မှုဖြင့် တောက်ပသွားသည်။
သူ၏ ပန်းပဲနည်းစနစ်က အလွန်လွှမ်းမိုးနိုင်သည်။ သူက ပန်းပဲနည်းစနစ်များကို အမှန်တကယ် လေ့လာခဲ့သောကြောင့် မဟုတ်ဘဲ ပါရမီနှင့် နတ်ဘုရားမီးတောက်ကြောင့် ဖြစ်သည်။
သူ၏ လျှို့ဝှက်ချက်ကို တစ်ဖက်လူက လွယ်ကူစွာ မြင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဖုန်းကျူထျန်းက ခပ်ဟဟရယ်လိုက်ပြီး စကားဆက်မပြောတော့ပေ။
ပတ်ဝန်းကျင်တွင်ရှိသော တပည့်များက အံ့အားသင့်သွားကြသည်။ ဖုန်းကျူထျန်းက ဒေါသမထွက်ခဲ့ပေ။
‘သူက ဖုန်းကောမြို့ရဲ့ ပါရမီအရှိဆုံး သခင်လေး မဟုတ်ဘူးလား။ မျိုးဆက်သစ်တွေကြားထဲမှာ အသန်မာဆုံးဆို’
‘သူက မီးတောက်လိုမျိုး ကြမ်းတမ်းတယ်မဟုတ်လား’
လျန်ချီယွမ်က ကျောင်းသားသစ်များအားလုံးနှင့် ဆုံတွေ့ပြီး ခန်းဆောင်ထဲမှ ထွက်သွားခဲ့သည်။
ဟန်မူယဲ့နှင့် တခြားလူများက လူစုခွဲလိုက်ကြသည်။
သူတို့က နေကြတ်ကျောင်းတော်သို့ တရားဝင် ဝင်ရောက်လာကြသည်။ အနာဂတ်တွင် သင်ခန်စာများကို သင်ယူရလိမ့်မည်။
နေကြတ်ကျောင်းတော်တွင် တပည့်များက သင့်တော်သော သင်ခန်းစာကို ရွေးချယ်ပြီး အရည်အချင်းပြည့်မီရန်အတွက် စာမေးပွဲဖြေရသည်။
သူတို့က အလွန်လွတ်လပ်သည်။
ဟန်မူယဲ့က ရုပ်သေးရုပ်၏ စွမ်းအား၊ မူလကျောက်တုံးသန့်စင်ခြင်းနှင့် အင်းကွက်များကို လေ့လာရန် ရွေးချယ်ခဲ့သည်။
ထိုအရာသည် ကျောင်းသားသစ်များအတွက် အဓိကဘာသာရပ်များ ဖြစ်ကြသည်။
ထို့ကြောင့် ပါရမီရှင်များက နေကြတ်ကျောင်းတော်တွင် စုစည်းနေကြသည်။
ကျောင်းတော်တွင် အဆုံးမရှိသော ရှေးခေတ်ကျမ်းစာ၊ အမွေအနှစ်နှင့် နက်ရှိုင်းသော လေ့လာချက်များ ရှိနေသည်။
ထိုအရာများသည် လူတစ်ယောက်ကို အမြင်ကျယ်သွားပြီး တိုးတက်လာစေသည်။
ပန်းပဲပညာရပ်ကို လက်တွေ့အသုံးချခြင်း၊ ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များအား လေ့ကျင့်ပေးခြင်းတို့ကို မီးနေမင်းနှင့် လောင်ကျွမ်းနေမင်းအဆင့်တွင် လေ့လာရသည်။
တိုက်ခိုက်နိုင်စွမ်းအပြင် ကျောင်းတော်၏ တပည့်များနှင့် လွတ်လပ်သော တပည့်များကြားတွင် အဓိကကွာခြားမှုသည် အသိပညာနှင့် အတွေ့အကြုံ ဖြစ်သည်။
ဟန်မူယဲ့က နေအိမ်တွင် သုံးရက်ကြာအောင် အခြေချခဲ့ပြီး ရွေးချယ်ထားသော သင်ခန်းစာများကို စတင် လေ့လာခဲ့သည်။
ရုပ်သေးရုပ်၏စွမ်းအားကို အရပ်ရှည်သော တောက်ကန်းဟုခေါ်သည့် ဆရာတစ်ယောက်က သင်ပြပေးသည်။
တောက်ကန်းက အဆင့်ရှစ်ရုပ်သေးရုပ်ကို တစ်စစီဖြုတ်လိုက်ပြီး အစိတ်အပိုင်းများကို တစ်ခုချင်းစီ အသက်သွင်း၍ စွမ်းအားဖြစ်စဉ်ကို ဖော်ပြခဲ့သည်။
“စွမ်းအားပြောင်းလဲမှုက စုဆောင်းထားတဲ့ စွမ်းအားတွေကို ထုတ်လွှတ်လိုက်တာပဲ”
“ရှေးခေတ်မှာ မရေမတွက်နိုင်တဲ့ ပန်းပဲပညာရှင်တွေ ရှိခဲ့တယ်။ သူတို့က ရုပ်သေးရုပ်ရဲ့ စွမ်းအားကို အမြှင့်ဆုံးအထိ တိုးမြှင့်နိုင်ဖို့ အမြဲတမ်း အာရုံစိုက်ထားတယ်”
“ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ရုပ်သေးရုပ်ရဲ့စွမ်းအားကို လေ့လာတဲ့လူတွေ သိပ်မရှိတော့ဘူး”
တောက်ကန်းက အထီးကျန်စွာ ပြောသည်။
တပည့်အများအပြားက နားမလည်နိုင်ကြပေ။
“ဆရာ၊ ရုပ်သေးရုပ်က သန်မာလေ စွမ်းအားကောင်းလေ မဟုတ်ဘူးလား”
“ရှေးခေတ်ကနေ အခုအချိန်အထိ ပန်းပဲပညာရှင်တွေအားလုံးက အဲဒီလမ်းစဉ်ကို လိုက်စားနေတာမဟုတ်လား”
အဆင့်ခြောက်တံဆိပ်ပြားနှင့် အသက်သုံးဆယ်အရွယ် လူငယ်တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး မေးသည်။
သူ့မျက်နှာတွင် ပန်းပဲပညာရှင်တစ်ယောက်၏ မာနကို မြင်နိုင်သည်။
သူ့စကားကို ကြားရသောအခါတွင် တချို့က ခေါင်းညိတ်လိုက်ပြီး တချို့က ခေါင်းခါကြသည်။
“ကျွန်တော်တို့ ပန်းပဲပညာရှင်တွေက ရုပ်သေးရုပ်နဲ့ ချပ်ဝတ်ရဲ့စွမ်းအားကို အဆုံးစွန်အထိရောက်လာအောင် ကြိုးစားသင့်တယ်”
လူငယ်က စိတ်အားထက်သန်နေသည်။
“အဟမ်း .... ညီလေး၊ ကြယ်စင်စုစကြဝဠာရဲ့ သဘာဝစွမ်းအားက လျော့ကျနေပြီး အဆင့်မြင့်ဝိညာဉ်သတ္တုတွေ ရှားပါးလာတဲ့အတွက် စွမ်းအားကျဆင်းမှုကို ရှောင်လွှဲဖို့ မဖြစ်နိုင်ဘူး”
အသံတစ်သံ ပေါ်ထွက်လာပြီး လူငယ်၏ တက်ကြွနေသော မျက်နှာထားကို ပျောက်ကွယ်သွားစေသည်။
လေးထောင့်ကျသောမျက်နှာနှင့် အရပ်ရှည်သော အဆင့်ခုနစ် ပန်းပဲပညာရှင်တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ခေါင်းခါသည်။
“အဲဒါက အပေါ်ယံပဲ ရှိသေးတယ်”
“ကြယ်စင်စုစကြဝဠာက လုံလောက်အောင် သန်မာတဲ့အတွက် ပိုအားကောင်းတဲ့ ရုပ်သေးရုပ်တွေနဲ့ နည်းစနစ်တွေကို မလိုအပ်ဘူး။ မင်းတို့က ကျောင်းတော်မှာရှိတဲ့ ရှေးခေတ်ကျမ်းစာတွေကို ဖတ်ကြည့်လိုက်ရင် နားလည်သွားမှာပါ”
“အစစ်အမှန်အကြောင်းပြချက်နဲ့ အဖြေတွေအားလုံးက စကြဝဠာနယ်မြေမှာ ရှိနေတယ်”
စကားပြောခဲ့သောလူငယ်က စိတ်ရှုပ်ထွေးနေသည်။
အဆင့်ခုနစ်ပန်းပဲပညာရှင်က ခပ်ဟဟရယ်သည်။
“ညီလေး၊ ဒါက ကျောင်းတော်မှာ လေ့ကျင်တဲ့ အားသာချက်ပဲ။ အပြင်မှာလေ့ကျင့်ထားတဲ့ လူတွေက စကြဝဠာနယ်မြေအကြောင်းကို မသိဘူးမဟုတ်လား”
ခန်းဆောင်ထဲတွင်ရှိသော လူခြောက်ဆယ်၊ ခုနစ်ဆယ်ခန့်က ခေါင်းခါလိုက်ကြသည်။
သူတို့က မသိပေ။
နက်ရှိုင်းသောနောက်ခံ မရှိလျှင် စကြဝဠာနယ်မြေအကြောင်းကို မသိနိုင်ပေ။
ကုန်းမြေတွင်ရှိသော ကျင့်ကြံသူအများစုက နတ်ဘုရားအဆင့်ကိုသာ သိကြသည်။
လူတိုင်း၏ ဦးတည်ချက်က နတ်ဘုရားအဆင့်သာ ဖြစ်သည်။
စကြဝဠာနယ်မြေဟူသော စကားကို ကြားရသောအခါတွင် သူတို့က ကြောင်အနေကြသည်။
တောက်ကန်းက လူတိုင်း၏မျက်နှာထားကို လေ့လာနေသည်။ တည်ငြိမ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ နားမလည်ခြင်း စသည်တို့သည် မတူညီသော အဆင့်အတန်းကို ဖော်ပြသည်။
တောက်ကန်းကို အံ့သြသွားစေသောလူသည် ဘေးတွင်ရှိနေသော ဟန်မူယဲ့ ဖြစ်သည်။
ဟန်မူယဲ့က တည်ငြိမ်စွာ ရှိနေပြီး တခြားအရာကို ဂရုမစိုက်ဘဲ တစ်စစီဖြုတ်ထားသော ရုပ်သေးရုပ်၏ အစိတ်အပိုင်းများကိုသာ ကြည့်နေသည်။
တောက်ကန်းက ဟန်မူယဲ့၏ ရင်ဘတ်တွင်ရှိသော အဆင့်ကိုးတံဆိပ်ပြားကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်သည်။
အဆင့်ကိုးပန်းပဲပညာရှင်ကသာ တည်ငြိမ်နိုင်လိမ့်မည်။
ဤအတန်းသည် ရုပ်သေးရုပ်၏စွမ်းအားနှင့် ကြယ်စင်စုစကြဝဠာ၏ အမျိုးမျိုးသောစွမ်းအားများကို နက်ရှိုင်းစွာ နားလည်နိုင်ရန် ရည်ရွယ်သည်။
မူလကျောက်တုံး သန့်စင်ခြင်းသည် အဆင့်အမျိုးမျိုးရှိသော မူလကျောက်တုံးများ၏ စွမ်းအားကို လေ့လာခြင်း ဖြစ်သည်။
မူလကျောက်တုံးများကို ဖန်တီးနိုင်သည်။ စုစည်းနိုင်သည်။ အသွင်ပြောင်းနိုင်သည်။
အဆင့်မတူသော မူလကျောက်တုံးများသည် မတူညီသော စွမ်းအားကို ဖော်ပြသည်။
ကြယ်စင်စုစကြဝဠာ၏ စွမ်းအားလေ့လာခြင်းသည် အလွန်မြင့်သော အဆင့်တစ်ခုတွင် ရှိနေသည်။
“လောကရဲ့စွမ်းအားကို ထိန်းသိမ်းထားရမယ်။ ဒါပေမဲ့ ဟန်ချက်ညီမှု မရှိဘူး”
နည်းပြက ပြောသည်။
“ငါတို့က စွမ်းအားပြောင်းလဲခြင်းအကြောင်းကို ပြောတဲ့အခါမှာ စွမ်းအားစည်းမျဉ်းတွေကို ထိန်းချုပ်ထားတယ်။ ငါတို့က အဲဒီစည်းမျဉ်းတွေကို အသုံးပြုပြီး အားကောင်းတဲ့ ချပ်ဝတ်နဲ့ ရုပ်သေးရုပ်တွေကို ဖန်တီးတယ်”
“ပြီးတော့ ငါတို့ရဲ့ မူလကျောက်တုံးထုတ်လုပ်ခြင်းက အဆင့်သစ်တစ်ခုကို ရောက်နေပြီ”
နည်းပြက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မီးတောက်များကို ဖော်ထုတ်သည်။
ထိုမီးတောက်သည် လေဟာနယ်ကို လောင်ကျွမ်းသွားသည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင် ဖြစ်သည်။
နည်းပြ၏ ကျွမ်းကျင်မှုက နက်ရှိုင်းသည်။
“ငါက စွမ်းအားစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီးပြီ”
သူက ခေါင်းခါလိုက်ပြီး မီးတောက်များကို ရုတ်သိမ်းသည်။
“မင်းတို့က နားလည်အုံးမှာမဟုတ်ဘူး”
“မင်းတို့က နတ်ဘုရားအဆင့်ကို ရောက်ပြီး စကြဝဠာနယ်မြေရဲ့ နည်းလမ်းတွေကို မြင်ရရင်တော့ နားလည်လာမှာပါ”
နတ်ဘုရားနယ်မြေ ....
ကျောင်းတော်များအားလုံးသည် နတ်ဘုရားနယ်မြေကို သိကြသည်။
ဟန်မူယဲ့က ဝိညာဉ်အင်းကွက်များနှင့် ပတ်သတ်သော လေ့လာချက်ကို စိတ်ဝင်စားနေသည်။
ကြယ်စင်စုစကြဝဠာ၏ ဝိညာဉ်အင်းကွက်များသည် မူလစကြဝဠာနှင့် ဆင်တူသည်။
စွမ်းအားရင်းမြစ်လည်း အတူတူပင်ဖြစ်သည်။
ဝိညာဉ်အင်းကွက်များသည် ပုံရိပ်ယောင်သာဖြစ်ပြီး ထင်ပေါ်နေရန် မလိုအပ်ပေ။ မဟာတာအိုသည် ရိုးရှင်းပြီး အရာအားလုံးကို ထိတွေ့နိုင်သည်။
‘မမြင်နိုင်တဲ့စွမ်းအားတွေက ဘယ်မှာလဲ’
‘လေဟာနယ်ထဲမှာလား’
‘ဒါမှမဟုတ် လေဟာနယ်ရဲ့ အလွန်မှာလား’
ဟန်မူယဲ့က ရှေးခေတ်ကျမ်းစာများကို သိမ်းဆည်းထားသော စာကြည့်တိုက်သို့ မကြာခဏ သွားရောက်ခဲ့သည်။