← Chapters

အခန်း (၁၂၉၉)

Vol. 93 Ch. 1299

အခန်း (၁၂၉၉)

Vol. 93 Ch. 1299

ကျောင်းအုပ် ကျောက်ချီယန်၏ ပုံရိပ်သည် အလင်းလွှာတွင် ပေါ်လာခဲ့သည်။

“ကျောင်းအုပ်၊ ကျွန်တော့်မှာ တင်ပြစရာရှိပါတယ်။ ဆရာလျန်ချီယွမ်က စမ်းသပ်ပွဲမှာ စည်းကမ်းဖောက်ဖျက်နေတဲ့ တောင်ကုန်းနံပတ်ဆယ့်လေးကို မျက်နှာသာပေးနေပါတယ်”

လူအိုကြီးက အော်ဟစ်လိုက်သည်။ လူတိုင်းက အလင်းလွှာတွင်ရှိသော ကျောက်အုပ်ကျောက်ကို လှည့်ကြည့်ကြသည်။

“အဲဒီလိုကိစ္စမျိုး ရှိနေတာလား”

ကျောက်ချီယန်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လျန်ချီယွမ်ကို ကြည့်သည်။

“တောင်ကုန်းနံပတ်ဆယ့်လေးက ကျောင်းသားတွေရဲ့နာမည်စာရင်း ငါ့ကိုပေးပါ။ ဘက်လိုက်တဲ့ကိစ္စမျိုးရှိနေရင် ငါက သူတို့အားလုံးကို ထုတ်ပယ်ပစ်လိုက်မယ်”

နေကြတ်ကျောင်းတော်၏ ကျောင်းအုပ်ကျောက်က ပေါက်ကရအရာများကို သည်းမခံတတ်ပေ။

သူက နေကြတ်မြို့မှ နတ်ဘုရားအဆင့်ကျွမ်းကျင်သူ၏ မျိုးဆက်တစ်ယောက်ကိုပင် ကျောင်းထုတ်ပစ်ခဲ့ဖူးသည်။

ကျောက်ချီယန်က ရှားပါး‌သော နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို တစ်ယောက်တည်း ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် တခြားလူများကို ကြောက်ရွံ့နေရန် မလိုအပ်ပေ။

ယခုအချိန်တွင် သူ၏ မျက်နှာထားက လေးနက်နေသည်။

ဒိုင်လူကြီးများက ပြုံးလိုက်ကြပြီး လျန်ချီယွမ်ကု ကြည့်သည်။

ဤတစ်ကြိမ်တွင် ဆရာလျန်က အပြစ်‌ပေးမခံရလျှင်ပင် ကျောင်းအုပ်၏ ဆူပူခြင်းကို ခံရလိမ့်မည်။

ကျောင်းအုပ်က ဆရာလျန်ကို တန်ဖိုးထားပြီး ကျောင်းသားဘဝကတည်းက ပျိုးထောင်ပေးခဲ့သည်။

ဤတစ်ကြိမ်တွင် ဆရာလျန်က ကံဆိုးသွားသည်။

လူတိုင်းက ဘက်လိုက်နေသော ဆရာလျန်၏ပုံစံကို ထင်ရှားစွာ မြင်ခဲ့ရသည်။

“ကျောင်းအုပ်၊ ဒါက တောင်ကုန်းနံပတ်ဆယ့်လေးရဲ့ နာမည်စာရင်းပါ”

လျန်ချီယွမ်၏ မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက အလင်းတန်းတစ်ခုကို ပစ်ထုတ်လိုက်ပြီး အလင်းလွှာ၏ရှေ့တွင် ပြသသည်။

အလင်းလွှာတွင် တောင်ကုန်းနံပတ် ၁၄၏ နာမည်စာရင်း ရှိနေသည်။

ထိပ်ဆုံးတွင် ဟန်မူဆိုသော နာမည်ကို မြင်ရသည်။

လူတိုင်းက နာမည်စာရင်းနှင့် ကျောင်းအုပ်ကျောက်ကို ကြည့်လိုက်ကြသည်။

အလင်းလွှာတွင်ရှိသော ကျောက်ချီယန်၏မျက်နှာက အနည်းငယ် တောင့်တင်းသွားသည်။

သူက တစ်ဖက်သို့လှည့်ပြီး လျန်ချီယွမ်ကို ကြည့်သည်။ ထို့နောက် နှာမှုတ်လိုက်သည်။

‘ကျောင်းအုပ်က ဒေါသထွက်တော့မှာလား’

လူတိုင်းက မျှော်လင့်နေသည်။

သို့သော် ချက်ချင်းဆိုသလိုပင် အလင်းလွှာက ပျောက်ကွယ်သွားခဲ့သည်။

‘ကျောင်းအုပ်က လျစ်လျူရှုလိုက်တာလား’

ဘက်မလိုက်ဘဲ တရားမျှတသော ကျောင်းအုပ်က ဆရာလျန်၏ အခွင့်အာဏာ အလွဲသုံးစားမှုကို လျစ်လျူရှုခဲ့သည်။

ဒိုင်လူကြီးများအားလုံးက ကြောင်အနေကြသည်။

‘ကျောင်းအုပ်က ဘာလို့ လျစ်လျူရှုလိုက်တာလဲ’

“အားလုံးပဲ၊ လူစုခွဲလိုက်ကြပါ”

လျန်ချီယွမ်က ပြောသည်။ ဒိုင်လူကြီးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကိုယ်ပိုင်နေရာတွင် ပြန်ထိုက်လိုက်ကြသည်။

‘ထားလိုက်ပါတော့လေ’

တိုင်ကြားခဲ့သော ဒိုင်လူကြီး၏ မျက်နှာထားက ပြောင်းလဲသွားသည်။ အဆုံးတွင် သူက ခေါင်းခါလိုက်ပြီး ထိုင်ခုံတွင် ထိုင်ချသည်။

‘ငါတို့က ဘာလုပ်နိုင်အုံးမှာလဲ’

‘ကျောင်းအုပ်ကတောင် မျက်ကွယ်ပြုထားတယ်လေ’

‘တောင်ကုန်းနံပတ်ဆယ့်လေးမှာ ဘယ်သူရှိနေတာလဲ’

လူတိုင်းက အလွန်သိချင်နေကြသည်။

အလင်းလွှာတွင် ခုနစ်ရက်မြောက်နေ့၏ တိုက်ပွဲကို မြင်ရသည်။

တောင်ပံနက်ဘီလုံးငှက်များက ကောင်းကင်ထက်တွင် ပျံသန်းနေပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

တောင်ကုန်းတိုင်းတွင် တပည့်များက အစွမ်းကုန်ထုတ်သုံးပြီး တိုက်ခိုက်နေကြသည်။

ချပ်ဝတ်နှင့် ကောင်းကျန်ထိုက်က ပြေးထွက်သွားသည်။ သူက ဓားမော့ဖြင့် တောင်ပံနက်ဘီလုံးငှက်ကို နှစ်ပိုင်းခုတ်ပစ်သည်။

သူ့နောက်တွင် ကျွမ်းကျင်သူများအားလုံးက တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေသည်။ ရုပ်သေးသခင်ဖြစ်စေ၊ ချပ်ဝတ်သခင်ဖြစ်စေ အားလုံးက သန်မာကြသည်။

ကောင်းကျန်ထိုက်က ဓားမော့ဖြင့် ဘီလုံးငှက်တစ်ကောင်၏ လက်သည်းချက်ကို ကာကွယ်လိုက်ပြီး တစ်ဖက်တွင်ရှိသော တောင်ကုန်းကို ကြည့်သည်။

“နလန်မိသားစုရဲ့ အဲဒီကောင်လေးက အကြာကြီး တောင့်မခံနိုင်တော့ဘူးမဟုတ်လား”

သူက နှာမှုတ်လိုက်ပြီး သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်သည်။

“သူက ဘယ်လိုလုပ်ပြီး ယန်ခယ့်အာကို ချဉ်းကပ်ရဲတာလဲ။ သေချင်နေတာပဲ ဖြစ်လိမ့်မယ်”

သူ့စကားကို ကြားရသောအခါတွင် အနက်ရောင်ချပ်ဝတ်နှင့် တခြားလူတစ်ယောက်က နှာမှုတ်သည်။

“နည်းပြယန်ခယ့်အာက နေကြတ်ကျောင်းတော်ရဲ့ ရှားပါးတဲ့ အမျိုးသမီးကျင့်ကြံသူပဲ။ ဘယ်သူက သူမကို မလေးမစားလုပ်ရဲတာလဲ။ နလန်မိုရန်က ရဲတင်းနေတာပဲ”

ကောင်းကျန်ထိုက်၏ ‌ဘေးတွင်ရှိသော လူများက မကျေမနပ် ပြောလိုက်ကြသည်။

အဝေးတစ်နေရာတွင်ရှိသော နလန်မိုရန်က အစွမ်းကုန်ထုတ်သုံးပြီး တောင်ပံနက်ဘီလုံးငှက်များကို ခုခံနေသည်။

“ဒီတစ်လှိုင်းပြီးရင် တောင်ပံနက်ဘီလုံးငှက်တွေ သိပ်မရှိလောက်တော့ဘူး”

သူ့ဘေးတွင်ရှိသော အဆင့်ရှစ်ကျွမ်းကျင်သူများကလည်း အံကြိတ်ထားပြီး တိုက်ခိုက်နေကြသည်။

တခြားတောင်ကုန်းများတွင်လည်း အတူတူပင်ဖြစ်သည်။

လူတိုင်းက အစွမ်းကုန်သုံးပြီး တောင်ပံငှက်ဘီလုံးငှက်များ အဆုံးသတ်သွားမည့်အချိန်ကို စောင့်နေကြသည်။

ဖုန်းကျူထျန်းကဲ့သို့ ကျွမ်းကျင်သူများကတော့ အနည်းငယ် သက်တောင့်သက်သာ ရှိနေသည်။ သူက သားရဲများကြောင့် ရှုံးနိမ့်သွားမည်မဟုတ်ပေ။

ထို့အပြင် တောင်ကုန်းနံပတ် ၁၄လည်း ရှိနေသည်။

ထိုနေရာတွင် ဒါဇင်ချီသော ဧရာမရုပ်သေးရုပ်များက ပတ်ဝန်းကျင်ကို စောင့်ကြပ်နေသည်။

ထိုနေရာသို့ ရောက်လာသော တောင်ပံနက်ဘီလုံးငှက်တိုင်းက သတ်ဖြတ်ခံရလိမ့်မည်။

ထိုရုပ်သေးရုပ်များက တိုက်ခိုက်နိုင်စွမ်းကောင်းမွန်သည်။ သူတို့က ခန္ဓာကိုယ်ပျက်စီးသွားသော်လည်း အစားထိုးမည့် ရုပ်သေးရုပ်များက အသင့်ရှိနေကြသည်။

ထို့ကြောင့် နောက်ကွယ်တွင်ရှိသော ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များက သေချာထိန်းချုပ်နေသ၍ တခြားအရာများကို စိုးရိမ်ရန် မလိုအပ်ပေ။

ဤတိုက်ပွဲသည် သူတို့အတွက် အလွယ်ဆုံး ဖြစ်နေသည်။

နေဝင်ချိန်သည် အလွန်လှပသည်။

နောက်ဆုံးကျန်ရှိနေသော တောင်ပံနက်ဘီလုံးငှက်က အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွားသည်။

ဖုံးကွယ်ထားခံရသော ကောင်းကင်ကို ပြန်မြင်ရသည်။

“နောက်ဆုံးတော့ သူတို့ ထွက်သွားကြပြီ”

လူတစ်ယောက်က ခြေထောက်များတုန်ခါနေပြီး ထိုင်ချလိုက်သည်။ သူက ပြင်းထန်စွာ အသက်ရှူနေပြီး ပျော်ရွှင်မှုကို ခံစားခဲ့သည်။

“နောက်ဆုံးတော့ ပြီးသွားပြီပေါ့”

လူတစ်ယောက်က ဒူးထောက်ပြီး ခါးသီးစွာ ငိုကြွေးနေသည်။ သူနှင့်အတူ တိုက်ခိုက်ခဲ့သော လူတချို့သည် ယခုအချိန်တွင် အလောင်းဖြစ်သွားသည်။

တောင်ကုန်းနံပတ် ၁၄တွင် ကျောက်တုံးရုပ်သေးရုပ်များက ဖြည်းဖြည်းချင်း ရပ်တန့်သွားကြသည်။

လူအများက နောင်တရနေသော မျက်နှာထားကို ဖော်ပြလိုက်ကြသည်။

“ငါတို့မှာ ရုပ်သေးရုပ်တစ်ဝက်တောင် ကျန်သေးတယ်။ သူတို့က ဘာဖြစ်လို့ ထွက်သွားရတာလဲ”

လူတစ်ယောက်က ရေရွတ်လိုက်ပြီး ခံတပ်ထဲတွင် စုပုံနေသော ရုပ်သေးရုပ်များကို ကြည့်သည်။

ပန်းပဲပညာရှင်များ သန့်စင်ထားသော ရုပ်သေးရုပ်တစ်ဝက်ကို အသုံးမပြုရသေးပေ။ တိုက်ပွဲဆက်ဖြစ်နေလျှင် နောက်ထပ်တစ်ရက်ခန့် ခုခံနိုင်လိမ့်မည်။

တောင်ကုန်း၏အောက်ခြေတွင် တောင်ပံနက်ဘီလုံးငှက်များ၏ အလောင်းကို မြင်ရသည်။ ထိုအလောင်းများသည် ကောင်းမွန်သော ကုန်ကြမ်းကို ထုတ်ပေးနိုင်သည်။

ထိုငှက်များ၏ တောင်ပံ၊ အရိုးနှင့် အကြောသည် ရုပ်သေးရုပ်ကို ဖန်တီးရန် အသုံးဝင်သည်။

“စစ်မြေပြင်ကို ရှင်းလင်းကြမယ်။ သံရိုင်းနဲ့ ထုံးကျောက်တွေကို စုဆောင်းမယ်”

“အလောင်းတွေကနေ ကုန်ကြမ်းပစ္စည်းထုတ်ယူမယ်။ မီးပြင်းဖိုတွေကို အသင့်ပြင်ထားမယ်”

ဟန်မူယဲ့က ပြောလိုက်သည်။

ကျန်လူများအားလုံးက ချက်ချင်းလှုပ်ရှားလိုက်ကြသည်။

ချပ်ဝတ်သခင်များက စာချုပ်သားရဲများကိုခေါ်ပြီး သံရိုင်းယူရန် ထွက်သွားကြသည်။

ရုပ်သေးသခင်များက ထုံးကျောက်များကိုသယ်ယူရန် လှုပ်ရှားလိုက်ကြသည်။

ပန်းပဲပညာရှင်များအားလုံးက အပြင်ထွက်လာပြီး ကုန်ကြမ်းများကို ထုတ်ယူရန်အတွက် ဘီလုံးငှက်အလောင်းများကို ဆွဲယူလိုက်ကြသည်။

ခံတပ်ထဲတွင် ဟန်မူယဲ့က သံမဏိအပိုင်းအစတစ်ခုကို ကိုင်ထားသည်။ သူ့မျက်လုံးများက တောက်ပနေသည်။

ထိုသံမဏိအပိုင်းအစကို တောင်ပံနက်ဘီလုံးငှက်ဆီမှ ရခဲ့သည်။

ဓားတစ်လက်၏ အပိုင်းအစ ဖြစ်သည်။

မှတ်ဉာဏ်များလည်း ပါဝင်နေသည်။

သို့သော် အနည်းငယ်သာ ဖြစ်သည်။

အားကောင်းသော ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များကို မြင်ခဲ့ရသည်။

ထိုလူများသည် လေဟာနယ်တွင် ချိပ်စည်းကို ချိုးဖျက်ပြီး အမျိုးမျိုးသော သားရဲများကို စုစည်းနေကြသည်။

ထိုပုံရိပ်များမှတစ်ဆင့် ဟန်မူယဲ့က အဆင့်ကိုး၊ သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် သားရဲများကိုပင် မြင်ခဲ့ရသည်။

အရေအတွက် သိပ်မများပေ။

တစ်နည်းပြောရလျှင် နောက်တစ်ကြိမ်ရောက်လာမည့် သားရဲများသည် အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ် မဟုတ်တော့ပေ။

အဆင့်ကိုး၊ သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့်များ ဖြစ်နေလိမ့်မည်။

ထိုသားရဲများ၏ တိုက်ခိုက်မှုအောက်တွင် တပည့်များအားလုံးက သေဆုံးသွားလိမ့်မည်။

“ဖုန်းကောမြို့လား”

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေသည်။

ဖုန်းကောမြို့အပြင် တခြားမြို့ကြီးများလည်း ရှိနေလိမ့်မည်။

သူက ဒိုင်လူကြီးများ၏ တည်နေရာသို့ လှမ်းကြည့်သည်။ သူတို့က အန္တရာယ်အကြောင်းကို မသိကြသေးပေ။

“ထားလိုက်ပါတော့။ မင်းတို့ကို ကူညီပေးလိုက်မယ်”

ဟန်မူယဲ့က တီးတိုးပြောသည်။

သူက လက်မြှောက်သည်။ ရွှေအလင်းစီးကြောင်းတစ်ခုသည် ခန်းဆောင်သို့ ပျံသန်းသွားသည်။

....

သွေးထွက်နေသော နလန်မိုရန်က ကျောက်တုံးကို မှီထားပြီး ပြင်းထန်စွာ အသက်ရှူနေရသည်။

သူ့နောက်တွင်ရှိသော တခြားလူများကလည်း ပင်ပန်းနေကြသည်။

သို့သော် သူတို့အားလုံးက ဝမ်းသာနေသည်။ ဤတိုက်ပွဲကို အထိအခိုက်မရှိဘဲ ကျော်ဖြတ်နိုင်ခဲ့ကြသည်။

“သခင်လေးနလန်၊ စစ်မြေပြင်ကို ရှင်းလင်းပြီး ပြင်ဆင်ထားရမလား”

အနည်းငယ်ပျက်စီးနေသော ချပ်ဝတ်နှင့် ကျောင်းသားတစ်ယောက်က ရှေ့တိုးလာပြီး ညင်သာစွာ မေးသည်။

သူတို့က ယခုအချိန်တွင် စစ်မြေပြင်ကို ရှင်းလင်းထားလျှင်ပင် အသုံးမဝင်ပေ။ သူတို့၏ ခွန်အားနှင့် နောက်တစ်ကြိမ်ရောက်လာမည့် သားရဲအုပ်ကို ခုခံနိုင်မည်မဟုတ်ပေ။

“စစ်မြေပြင်ကို ရှင်းလင်းမှာလား”

နလန်မိုရန်က ရှေ့တွင်ရှိသော တောင်ကုန်းနှစ်ခုကို လှမ်းကြည့်သည်။

တစ်ဖက်တွင် လူတစ်ယောက်က သူတို့ကို ကြည့်နေပုံပေါ်သည်။

“စစ်မြေပြင်ကို ရှင်းလင်းပြီး ဆယ့်ငါးမိနစ်အတွင်း ဆုတ်ခွာမယ်”

နလန်မိုရန်က ပြုံးလိုက်သည်။

‘နောက်ဆုတ်မှာလား’

‘ဘယ်ကိုလဲ’

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အမျိုးမျိုးသော ကုန်ကြမ်းများကို စုဆောင်းနေကြသည်။

သူတို့က နာရီဝက်အတွင်း တောင်ကုန်းကိုစွန့်ခွာ၍ တိတ်ဆိတ်စွာ ထွက်လာကြသည်။

“ဘုန်း”

ဆယ်မိုင်ခန့်အကွာသို့ ‌ရောက်လာသောအခါတွင် ရွှေရောင်ဓားမော့အလင်းက ရှေ့တွင် ကင်းထောက်နေသော ရုပ်သေးရုပ်ကို ဖျက်ဆီးပစ်လိုက်သည်။

အဆင့်ခုနစ်ရုပ်‌သေးသခင်၏ မျက်နှာက ဖြူဖျော့နေပြီး သွေးအန်ထုတ်လိုက်သည်။

“ခုခံမယ်”

နလန်မိုရန်က အော်ဟစ်သည်။ သူက လေးနက်သောမျက်နှာထားဖြင့် ဓားမော့ကို မြှောက်ထားသည်။

ရွှေရောင်ချပ်ဝတ်က သူ့ကို လွှမ်းခြုံသွားပြီး ထပ်မံဆင်းသက်လာသော ဓားမော့အလင်းကို ကာကွယ်သည်။ နလန်မိုရန်က အော်ဟစ်လိုက်သည်။

“တုထန်၊ မင်းက သေချင်နေတာလား”

တုထန် ....

သူက အဆင့်ကိုးရုပ်သေးသခင် ဖြစ်သည်။

All Chapters