← Chapters

အခန်း (၁၃၀၀)

Vol. 93 Ch. 1300

အခန်း (၁၃၀၀)

Vol. 93 Ch. 1300

ဓားမော့ကိုင်ထားသော အနက်ရောင်ရုပ်သေးရုပ်က နလန်မိုရန်တို့၏ရှေ့တွင် ရှိနေသည်။ သိပ်မဝေးသောနေရာတွင် ချပ်ဝတ်သခင်များက လူငယ်တစ်ယောက်ကို ကာကွယ်ပေးထားသည်။

“နလန်မိုရန်၊ မင်းက နည်းပြယန်နဲ့ နီးကပ်မနေသင့်ဘူး”

“သူမက ငါ့အပိုင်ပဲ”

လူငယ်က အံကြိတ်ထားပြီး လက်မြှောက်သည်။

အနက်ရောင်ရုပ်သေးရုပ်က ဓားမော့ဖြင့် ခုတ်လိုက်သည်။

နလန်မိုရန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရုပ်သေးရုပ်၏ ဓားချက်ကို ခုခံသည်။ သူက နောက်သို့ အနည်းငယ် ဆုတ်ပေးလိုက်ရသည်။

“ဒါက ကစားပွဲတစ်ခုလို့ မင်းထင်နေတာလား”

“မင်းမိသားစုက မင်းရဲ့ ဟာသတွေကိုရော သိရဲ့လား”

“နည်းပြယန်ရဲ့နောက်ကွယ်မှာ ကုန်းမြေရဲ့မြို့ကြီးတစ်မြို့ ရှိနေတယ်။ မင်းက သူမကို မှီခိုပြီး ကောင်းကင်ပေါ်ကို တက်ချင်နေတာလား”

“ကောင်းကျန်ထိုက်၊ ထွက်လာခဲ့”

သူ့စကားအဆုံးတွင် လူသန်ကြီးတစ်ယောက် ထွက်လာသည်။

အဆင့်ကိုးချပ်ဝတ်သခင် ကောင်းကျန်ထိုက် ဖြစ်သည်။

လွှမ်းမိုးနိုင်သော အငွေ့အသက်နှင့် ရုပ်သေးသခင်၊ ချပ်ဝတ်သခင်များသည် နလန်မိုရန်တို့အုပ်စုကို ဝိုင်းရံထားလိုက်ကြသည်။

“စမ်းသပ်ပွဲရဲ့ ရှစ်ရက်မြောက်နေ့မှာ တပည့်တွေက အချင်းချင်းတိုက်ခိုက်နိုင်တာကို မင်းသိသင့်တယ်”

ကောင်းကျန်ထိုက်က ဓားမြှောက်ပြီး နလန်မိုရန်ကို ညွှန်ပြသည်။

သူ့စကားကြောင့် နလန်မိုရန်၏နောက်တွင်ရှိသော လူများက ဖြူဖျော့သွားကြသည်။

ရှစ်ရက်မြောက်နေသည့် အရေးကြီးသည်။ ယနေ့တွင် တပည့်များ၏ တိုက်ပွဲကို ခွင့်ပြုထားသည်။

သန်မာသူများက အချင်းချင်း ပူးပေါင်းမိပြီး အားနည်းသူများက ထွက်ခွာသွားလိမ့်မည်။

ထို့အပြင် ကျောင်းသားများကို အချင်းချင်း သတ်ဖြတ်နိုင်ရန် ခွင့်ပြုထားသည်။

“ဒီနေ့မှာ ငါတို့က နလန်မိုရန်ကိုပဲ သတ်မယ်”

တုထန်က အော်ဟစ်လိုက်သည်။ သူ့နောက်တွင်ရှိသော ကျွမ်းကျင်သူများက ရှေ့တက်လာကြသည်။

နလန်မိုရန်၏ နောက်တွင်ရှိသော ကျောင်းသားများက ဖြူဖျော့သွားကြသည်။

သူတို့က အားနည်းနေပြီး တိုက်ခိုက်နိုင်စွမ်း သိပ်မရှိတော့ပေ။

အကယ်၍ တိုက်ခိုက်နိုင်လျှင်ပင် တစ်ဖက်လူများကို အနိုင်ရမည်မဟုတ်ပေ။

သူတို့၏ ရန်သူများသည် စမ်းသပ်ပွဲ၏ အသန်မာဆုံးအဖွဲ့နှစ်ဖွဲ့ ဖြစ်သည်။

“သခင်လေးနလန်က ဒီလူတွေကို ဘယ်လိုလုပ်ပြီး ဆန်ကျင်လိုက်တာလဲ ....”

တပည့်တစ်ယောက်က ရေရွတ်လိုက်ပြီး နောက်ဆုတ်သည်။

“ဟမ့်၊ ငါတို့က သခင်လေးနလန်နဲ့အတူ လိုက်လာခဲ့တယ်။ သူနဲ့အတူ နေရမှာပဲ”

နလန်မိုရန်နှင့် နီးကပ်စွာရှိနေသော တပည့်တစ်ယောက်က နက်ရှိုင်းစွာ ပြောသည်။ သူက လက်ထဲတွင်ရှိသော ဓားမော့ကို မြှောက်လိုက်ပြီး ချပ်ဝတ်ကို အသက်သွင်းသည်။

တခြားတပည့်တစ်ယောက်၏ အကြည့်များက ထူးဆန်းနေသည်။

“ဒီနေ့မှာ နလန်မိုရန်က သေရမယ်”

သူက တီးတိုးရေရွတ်လိုက်ပြီး နလန်မိုရန်၏နောက်ကျောကို လှံဖြင့် ထိုးချသည်။

“ဘန်း”

နလန်မိုရန်က အလင်းလွှာဖြင့် လှံရှည်ကို တားဆီးလိုက်ပြီး ပြုံးသည်။

တပည့်တချို့က ထိတ်လန့်စွာ နောက်ဆုတ်သွားကြသည်။ တချို့က အံကြိတ်ထားပြီး နလန်မိုရန်နှင့်အတူ ရှိနေကြသည်။

သို့သော် နောက်ဆုတ်သွားသောလူက အလွန်များပြီး နလန်မိုရန်နှင့်အတူ လူငါးယောက်သာ ကျန်ရစ်ခဲ့သည်။

“မင်းတို့က ငါ့ကို သတ်ချင်တာလား”

“ငါဘယ်သူလဲဆိုတာ သိလား။ ငါ့နောက်ခံကိုရော သိလား”

“နည်းပြယန်က ဘာဖြစ်လို့ ငါ့ကို ကောင်းကောင်မွန်မွန်ဆက်ဆံတာလဲ သိချင်လား”

နလန်မိုရန်က တည်ငြိမ်နေပြီး ပတ်ဝန်းကျင်ကိုကြည့်လျက် ကျယ်လောင်စွာပြောသည်။

သူ့စကားကြောင့် ကောင်းကျန်ထိုက်က ရယ်လိုက်သည်။

“နလန်မိသားစုက လေဟာနယ်မှာရှိတဲ့ ယုံမင်မြို့က မိသားစုလေးတစ်ခုပဲ”

“ပြီးတော့ မင်းက နလန်မိသားစုရဲ့ အဓိကမျိုးဆက် မဟုတ်ဘူး”

“မင်းအဖေက ကုန်းမြေရဲ့ မြို့လေးတစ်ခုကပဲ”

ကောင်းကျန်ထိုက်၏စကားသံက ကျယ်လောင်ပြီး ရှင်းလင်းသည်။ သူက အထင်သေးစွာ ပြောလိုက်သည်။

“မင်းက ဒီလိုနောက်ခံမျိုးနဲ့ ဘာပြောချင်တာလဲ”

ကောင်းကျန်ထိုက်၏စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော တပည့်များက ပြုံးလိုက်ကြသည်။

နလန်မိုရန်ကို စွန့်ခွာလာသော တပည့်များက သက်တောင့်သက်သာ ရှိသွားကြသည်။

“နလန်မိုရန်က လေဟာနယ်ရဲ့ မိသားစုကြီးတစ်ခုကလို့ ထင်နေတာ”

“ငါတို့က လှည့်စားခံလိုက်ရတာပဲ။ သူက စွမ်းရည်လည်းမရှိဘူး။ နောက်ခံလည်းမကောင်းဘူး။ ဒါတောင် မောက်မာနေသေးတယ်”

နလန်မိုရန်က တည်ငြိမ်နေပြီး ကောင်းကျန်ထိုက်ကို လက်ညှိုးညွှန်သည်။

“မင်းက ငါ့အဖေကို စော်ကားနေတာလား”

ကောင်းကျန်ထိုက်က နှာမှုတ်သည်။

“မင်းအဖေက မထိုက်တန်ဘူး”

“အစ်ကိုကြီး၊ သူက ကျွန်တော်တို့အဖေကို ‌စော်ကားနေတယ်”

နလန်မိုရန်က အော်ဟစ်လိုက်သည်။

‘အစ်ကိုကြီးတဲ့လား’

‘အဖေလား’

လူတိုင်းက ကြောင်အသွားကြသည်။

သို့သော် ချက်ချင်းဆိုသလိုပင် လူတိုင်းက ဆံပင်များ ထောင်ထသွားကြသည်။

သတ်ဖြတ်လိုသော အငွေ့အသက်သည် သူတို့ကို လွှမ်းခြုံသွားသည်။

“ဘယ်သူလဲ”

တုထန်၏မျက်နှာထားက လေးနက်နေပြီး ထိတ်လန့်စွာ အော်ဟစ်သည်။

ဓားမော့အလင်းတစ်ခုက သူ့ကို ပြန်ဖြေလိုက်သည်။

“ဘုန်း”

ပေတစ်သောင်းရှည်လျားသော ဓားမော့အလင်းသည် အဝေးတစ်နေရာတွင်ရှိသော တောင်တန်းမှတစ်ဆင့် ပေါ်ထွက်လာသည်။

ထိုဓားမော့အလင်းက တုထန်၏ချပ်ဝတ်ကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်ပြီး တုထန်ကို လွင့်ထွက်သွားစေသည်။ သူက သွေးအန်လိုက်ရပြီး နောက်ဆုတ်သည်။

အဝေးတစ်နေရာမှ ခုတ်ချလိုက်သော ဓားမော့အလင်းသည် အဆင့်ကိုးချပ်ဝတ်သခင်ကို ထိခိုက်သွားစေခဲ့သည်။

‘အဲဒါ ဘယ်သူလဲ’

ကောင်းကျန်ထိုက်က ပျံထွက်သွားတော့မည့်အချိန်တွင် လက်သီးချက်တစ်ခု ကျဆင်းလာသည်။

ထိုလက်သီးချက်က သူ့ကို ရိုက်ချလိုက်သည်။

ဟယ်ရန်စွန်းက သတ်ဖြတ်လိုစိတ်များဖြင့် ဆင်းသက်လာသည်။

အဆင့်ကိုးရုပ်သေးရုပ်သည် သူ့ဘေးတွင် ရှိနေပြီး သူ၏ ချပ်ဝတ်ကလည်း အလင်းစက်ကွင်းကို ထုတ်လွှတ်နေသည်။

“အစ်ကိုကြီး”

နလန်မိုရန်က အော်ဟစ်သည်။

ပတ်ဝန်းကျင်တွင်ရှိသော လူများက အံ့အားသင့်သွားကြသည်။

‘အဆင့်ကိုးချပ်ဝတ်သခင်နဲ့ အဆင့်ကိုးရုပ်သေးသခင်လား’

ဟယ်ရန်စွန်းက တည်ငြိမ်စွာ လှုပ်ရှားလာသည်။ သူက လက်ထဲတွင်ရှိသော ဓားမော့ဖြင့် ကောင်းကျန်ထိုက်၏လည်ပင်းကို ခုတ်ချသည်။

ကောင်းကျန်ထိုက်က မခုခံနိုင်ပေ။ ဓား‌မော့အလင်းကို မြင်ရသောအခါတွင် သူ့မျက်နှာက ဖြူဖျော့သွားသည်။

“ငါအညံ့ခံ ....”

သူက အညံခံချင်သော်လည်း ဟယ်ရန်စွန်းက အခွင့်အရေး မပေးခဲ့ပေ။

ဓားမော့က ဆင်းသက်လာပြီး ကောင်းကျန်ထိုက်၏ခန္ဓာကိုယ်ကို ဖျက်ဆီးသွားသည်။

အဆင့်ကိုးကျွမ်းကျင်သူက ထိုသို့ အသတ်ခံလိုက်ရသည်။

လူတိုင်းက ကြောင်အသွားခဲ့သည်။

နလန်မိုရန်ကပင် ထိတ်လန့်သွားပြီး နောက်ဆုတ်မိသည်။

အဝေးတစ်နေရာတွင် ခန်းဆောင်၏ ဒိုင်လူကြီးများအားလုံးက မတ်တပ်ရပ်လိုက်ကြသည်။

“အဲဒါက ဟယ်ရန်ပဲ”

“သူက စည်းကမ်းဖောက်နေတယ်”

“ကောင်းကျန်ထိုက်က အညံ့ခံပြီးပြီလေ။ သူ့ကို သတ်လို့မရဘူး”

လူတိုင်းက လျန်ချီယွမ်ကို လှည့်ကြည့်သည်။

လျန်ချီယွမ်က အလင်းလွှာတွင်ရှိသော ဟယ်ရန်စွန်းကို ကြည့်သည်။

ဟယ်ရန်စွန်း ....

ဘုရားမြို့က ဟယ်မိသားစုခေါင်းဆောင် ....

ဆရာဟန်ရဲ့ တပည့်တစ်ပိုင်း ....

သူက ....

အရမ်း .... အရမ်း ချမ်းသာတယ် ....

“ကောင်းကျန်ထိုက်က အညံ့ခံတာ နောက်ကျသွားတယ်”

လျန်ချီယွမ်က လက်ကို ဝှေ့ယမ်းလိုက်သည်။

‘နောက်ကျသွားတာလား’

‘ဒီအကြောင်းပြချက်က ....’

ခန်းဆောင်က တိတ်ဆိတ်သွားသည်။

“ငါသိနေတယ်။ မင်း၊ လျန်ချီယွမ်မှာ တခြားရည်ရွယ်ချက်တွေ ရှိနေတာမဟုတ်လား”

အနက်ရောင်ချပ်ဝတ်နှင့် အကြီးအကဲတစ်ယောက်က လက်မြှောက်ပြီး ရွှေအလင်းကို ဖော်ပြသည်။

“တောင်ကုန်းနံပတ်ဆယ့်လေးရဲ့ လူတစ်ယောက်က မင်းကို ဆက်သွယ်ခဲ့တယ်”

“ဒါက သက်သေပဲ။ ဒီတစ်ကြိမ်မှာ ကျောင်းအုပ်က မင်းကို ကာကွယ်ပေးမှာမဟုတ်ဘူး”

“ငါက ကျောင်းအုပ်ကို ဆင့်ခေါ်ချင်တယ်”

လျန်ချီယွမ်က မတ်တပ်ရပ်သည်။

သူ့မျက်နှာထားက လေးနက်နေသည်။

သူက ရွှေအလင်းကိုင်ထားသော လူအိုကြီးကို ကြည့်လိုက်ပြီး လက်ကိုဆန့်ထုတ်၍ ‌အော်ပြောသည်။

“ငါ့ကိုပေး”

‘ဆရာဟန်က စမ်းသပ်ပွဲအတွင်းမှာ စာပို့ခဲ့တာလား။ ဘာကိစ္စများလဲ’

သူက တောင်ကုန်းနံပတ် ၁၄ကို အာရုံစိုက်ထားပြီး ထုံးကျောက်ရုပ်သေးများကို အထင်ကြီးမိသည်။

ရုပ်သေးရုပ်ဖြစ်စေ၊ ချပ်ဝတ်ဖြစ်စေ တိုက်ခိုက်ရန်အတွက် နည်းလမ်းများဖြစ်ကြသည်။

ထုံးကျောက်ရုပ်သေးများကို ယာယီအသုံးပြုရန်အတွက်သာ ဖန်တီးထားသော်လည်း တိုက်ပွဲတွင် ထိရောက်မှုရှိသည်။

ဆရာဟန်က လှုပ်ရှားရန်မလိုဘဲ အားနည်းသော ကျောင်းသားများက တောင်ကုန်းနံပတ် ၁၄ကို ကာကွယ်နိုင်ခဲ့ကြသည်။

ထိုနည်းလမ်းသည် စည်းကမ်းဖောက်ဖျက်သည်ဟု မပြောနိုင်ပေ။

လျန်ချီယွမ်က မျှတသောလူတစ်ယောက် ဖြစ်သည်။

အကယ်၍ ဆရာဟန်က အမှန်တကယ် စည်းကမ်းဖောက်ဖျက်လျှင် သူက မျက်ကွယ်ပြုထားမည်မဟုတ်ပေ။

ထို့အပြင် ဆရာဟန်၏ ခွန်အားနှင့် အဆင့်အတန်းအရ ဤစမ်းသပ်ပွဲမျိုးတွင် လှည့်ကွက်သုံးနေရန် မလိုအပ်ပေ။

ထိုသို့ဆိုလျှင် သန်းကြွယ်သူဌေးတစ်ယောက်က ဒင်္ဂါးတစ်ပြားရရန် လှည့်စားနေသကဲ့သို့ ဖြစ်သွားလိမ့်မည်။

ယခု ဆရာဟန်က စာပို့ခဲ့သောကြောင့် အရေးကြီးကိစ္စ ဖြစ်လိမ့်မည်။

လျန်ချီယွမ်၏စကားကို ကြားရသောအခါတွင် လူအိုကြီးက နှာမှုတ်လိုက်ပြီး လက်မြှောက်သည်။ ချီစွမ်းအင်အလင်းသည် အလင်းလွှာအဖြစ် ပြောင်းလဲသွားသည်။

အလင်းလွှာတွင် ဆံပင်ချထားသော ကျောက်ချီယန်၏ပုံရိပ်ကို မြင်ရသည်။ သူ့လက်ထဲတွင် တစ်ပိုင်းတစ်စ သန့်စင်ထားသော ဝိညာဉ်သတ္တုကို ကိုင်ထားသည်။ သို့သော် ယခုအချိန်တွင် ပျက်စီးသွားပြီဖြစ်သည်။

“အရုဏ်ဦးအတန်း ကျောင်းသားသစ်တွေရဲ့ စမ်းသပ်ပွဲ”

ကျောက်ချီယန်၏ မျက်လုံးများက မီးတောက်နေပုံရသည်။ သူက ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းကို စိုက်ကြည့်လိုက်ပြီး အံကြိတ်ထားသည်။

“ငါ့ကို နှစ်ကြိမ်ဆက်တိုက် ဆင့်ခေါ်နေတာပဲ”

“ငါ့ကို အရူးလုပ်ချင်နေတာလား”

သူက လက်ထဲတွင်ရှိသော ဝိညာဉ်သတ္တုကို ခါယမ်းလိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“မူလဒင်္ဂါး သုံးသိန်းတန်ဖိုးရှိတဲ့ လဖျက်ကျောက်တုံးက ဒီလိုပဲ ပျက်စီးသွားပြီ”

ကျောက်ချီယန်က ကျောင်းသားများ၏ စမ်းသပ်ပွဲကို ဂရုမစိုက်ပေ။

သူက နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီး အမြဲမပြတ် ကျင်းပနေသော စာမေးပွဲများကို ဂရုစိုက်နေရန် အချိန်မရှိပေ။

သို့သော် ယနေ့တွင် နှစ်ကြိမ်တိတိ ဆင့်ခေါ်ခံလိုက်ရသည်။

သူ့ကို ဆင့်ခေါ်လိုက်သော လူအိုကြီးက တစ်ကိုယ်လုံး တုန်ခါနေပြီး လျင်မြန်စွာ ပြောသည်။

“ကျောင်းအုပ်၊ ဆရာလျန်က ဘက်လိုက်ပြီး လှည့်စားနေတာပါ။ သူက တောင်ကုန်းနံပတ်ဆယ့်လေးကို ကာကွယ်ပေးတဲ့အပြင် အခု ကောင်းကျန်ထိုက် အသတ်ခံလိုက်ရတာကိုလည်း ဘာမှ မလုပ်ခဲ့ပါဘူး”

“ကောင်းကျန်ထိုက်ကို သတ်လိုက်တဲ့တပည့်က စည်းကမ်းဖောက်ခဲ့ပါတယ်”

သူက ပတ်ဝန်းကျင်တွင်ရှိသော တခြားဒိုင်လူကြီးများကို ကြည့်လိုက်သည်။

“လူတိုင်းက ကျွန်တော့်စကားကို သက်သေခံနိုင်ပါတယ်”

All Chapters