← Chapters

အခန်း (၁၃၀၁)

Vol. 93 Ch. 1301

အခန်း (၁၃၀၁)

Vol. 93 Ch. 1301

ကျောင်းအုပ်ကို ဆင့်ခေါ်လိုက်သော လူအိုကြီး၏နာမည်က ကျောက်ကျစ်ကျင်း ဖြစ်သည်။ သူ၏ စကားများက အလေးချိန်စီးသည်။

လူတိုင်းက လျန်ချီယွမ်၏ ဘက်လိုက်မှုကို မြင်နိုင်သည်။

ဒိုင်လူကြီးများအားလုံးက ညင်သာစွာ ခေါင်းညိတ်လိုက်ကြသည်။

ကျောက်ကျစ်ကျင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး လူတိုင်းကို ‌ကျေးဇူးတင်စွာ ကြည့်သည်။ ထို့နောက် မျှော်လင့်နေသော မျက်လုံးများဖြင့် ကျောင်းအုပ်ကို ဆက်ကြည့်လိုက်သည်။

ကျောင်းအုပ်ယန်က တရားမျှတပြီး ဘက်မလိုက်တတ်ပေ။

ကျောင်းအုပ်က တစ်ကြိမ်သာ အလှည့်စားခံရလိမ့်မည်။

ယခုအချိန်တွင် ကျောင်းအုပ်က အမှန်တရားကို မြင်နိုင်ပြီး မျှတမှုရှာပေးလိမ့်မည်။

“ကောင်းကျန်ထိုက်က တုယွမ်မြို့ရဲ့ ကောင်းမိသားစုက တိုက်ရိုက်မျိုးဆက်တစ်ယောက်ပါ။ သူက အဆုံးမရှိတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ အဆင့်ကိုးချပ်ဝတ်သခင်လည်း ဖြစ်ပါတယ်”

“ကျောင်းအုပ်၊ ကြည့်လိုက်ပါအုံး။ အဲဒီဟယ်ရန်က နောက်ထပ် အဆင့်ကိုး ရုပ်သေးသခင်တစ်ယောက်ကို တိုက်ခိုက်တော့မယ်”

ကျောင်းသားဟယ်ရန်က အလွန်မောက်မာသည်။

ကျောက်ကျစ်ကျင်းက အလင်းလွှာကို ညွှန်ပြလိုက်ပြီး အော်ပြောသည်။

ယခုအချိန်တွင် သူက ကျောင်းသားဟယ်ရန်ကို တားဆီးရန် မကြိုးစားတော့ပေ။

ဟယ်ရန်က လက်ရွေးစင်ကျောင်းသားတစ်ယောက်ကို ကျောင်းအုပ်၏ရှေ့တွင် သတ်ဖြတ်လိမ့်မည်ဟု မျှော်လင့်သည်။

ကျောင်းအုပ်က ထိုကျောင်းသား၏ ရက်စက်မှုကို မြင်သွားလိမ့်မည်။

လက်ရွေးစင်တစ်ယောက်က မျက်လုံးရှေ့တွင် သေဆုံးသွားသောကြောင့် ကျောင်းအုပ်က နာကျင်ရလိမ့်မည်။

ယခုတစ်ကြိမ်တွင် ကျောင်းအုပ်က ဒေါသထွက်သွားပြီး လျန်ချီယွမ်ကို အပြစ်ပေးလိမ့်မည်။

အလင်းလွှာတွင် ဟယ်ရန်က ဓားမော့ဖြင့် ခုတ်ချလိုက်သည်။

ကြောက်ရွံ့နေသော တုထန်က ထွက်ပြေးချင်သော်လည်း ရုပ်သေးရုပ်နှင့် ဝင်တိုက်မိသွားသည်။

“သနား ....”

တုထန်၏စကားသံက တိတ်ဆိတ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ရုပ်သေးရုပ်၏ လက်တစ်ဖက်က သူ့ရင်ဘတ်ကို ထိုးဖောက်ခဲ့သည်။

သွေးများ ပြန့်ကျဲထွက်လာသည်။

ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်တွင်ရှိသော တပည့်များအားလုံးက ဖြူဖျော့သွားကြသည်။

ကောင်းကျန်ထိုက်နှင့် တုထန်၏နောက်သို့ လိုက်လာသော တပည့်များအားလုံးက တုန်ခါနေပြီး ဟယ်ရန်စွန်းကို ကြောက်ရွံ့စွာ ကြည့်သည်။

အကယ်၍ သူက တိုက်ခိုက်လာလျှင် သူတို့အားလုံးက ရှင်သန်နိုင်မည်မဟုတ်ပေ။

ထိုလူက အဆင့်ကိုးရုပ်သေးရုပ်နှင့် အဆင့်ကိုးချပ်ဝတ်ကို ထိန်းချုပ်ထားပြီး အဆင့်ကိုးကျွမ်းကျင်သူနှစ်ယောက်ကို လွယ်ကူစွာ သတ်ဖြတ်ခဲ့သည်။

ထိုခွန်အားမျိုးကို မည်သူက ခုခံနိုင်မည်နည်း။

နလန်မိုရန်၏ ဘေးတွင်ရှိသော လူများက ပျော်ရွှင်သွားကြသည်။

သခင်လေးနလန်၏ အစ်ကိုက အလွန်သန်မာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

နလန်မိုရန်ကို စွန့်ခွာသွားသောလူများက နောင်တရနေကြသည်။

“သူလား”

ကျောက်ချီယန်က ရေရွတ်လိုက်ပြီး ကျောက်ကျစ်ကျင်းကို ကြည့်သည်။

“ဒါလေးပဲလား”

ကျောက်ကျစ်ကျင်းက လျင်မြန်စွာ ပြောသည်။

“အဲဒါတင်မဟုတ်ပါဘူး။ တောင်ကုန်းနံပတ်ဆယ့်လေးက ဆရာလျန်ကို ဆက်သွယ်ခဲ့ပါသေးတယ်”

“ကျွန်တော်က စာကို ဖြတ်ယူထားလိုက်ပါတယ်။ ဒါပေမဲ့ ဝှက်စာကိုတော့ မဖြည်နိုင်ခဲ့ပါဘူး”

ကျောက်ကျစ်ကျင်းက လက်ကို ဆန့်ထုတ်လိုက်သည်။ ရွှေအလင်းက ကျောက်ချီယန်ဆီသို့ ပျံသန်းသွားသည်။

သူက အောင်ပွဲရနေသော မျက်နှာထားဖြင့် ကျယ်လောင်စွာပြောသည်။

“စမ်းသပ်ပွဲအတွင်းမှာ တပည့်တွေက ဒိုင်လူကြီးတွေနဲ့ မဆက်သွယ်ရပါဘူး။ ဒါက စည်းကမ်းဖောက်ဖျက်တာပါပဲ”

ဤတစ်ကြိမ်တွင် သက်သေက အထင်အရှားရှိနေသည်။ လျန်ချီယွမ်က လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ထင်ထားသည့်အတိုင်း ကျောင်းအုပ်ကျောက်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

သူက လက်မြှောက်ပြီး ရွှေအလင်းကို အလင်းလွှာထဲသို့ ဆင့်ခေါ်သည်။ ထို့နောက် သူ့မျက်နှာထားက လျင်မြန်စွာ ပြောင်းလဲသွားပြန်သည်။

“ဟမ့်”

“လွတ်သွားတော့မလို့ တော်သေးတာပေါ့”

ကျောက်ချီယန်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ရွှေအလင်းက လျန်ချီယွမ်၏ရှေ့သို့ ရောက်လာသည်။

လျန်ချီယွမ်က ရွှေအလင်းကို ဆုပ်ကိုင်လိုက်ပြီး မျက်နှာထားလေးနက်သွားသည်။

“ဒီနေရာကို မင်းဆီမှာ အပ်ခဲ့မယ်”

ကျောက်ချီယန်က လျန်ချီယွမ်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ဒီမှာ ခုခံထား။ ငါက မြို့သခင်ဆီကို သွားလိုက်အုံးမယ်”

ထိုသို့ဖြင့် သူ့ပုံရိပ်က ပျောက်ကွယ်သွားသည်။

ကျောင်းအုပ်က ထွက်သွားပြန်သည်။

ခန်းဆောင်က တိတ်ဆိတ်နေသည်။

လျန်ချီယွမ်က ကျောက်ကျစ်ကျင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

“မင်းက အရာအားလုံးကို ဖျက်ဆီးမိတော့မလို့ပဲ”

ထို့နောက် သူကလည်း ပျောက်ကွယ်သွားသည်။

ခန်းဆောင်ထဲတွင်ရှိသော လူများက တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။

‘ဘာဖြစ်နေတာလဲ’

ကျောက်ကျစ်ကျင်း၏မျက်နှာထားက ပြောင်းလဲသွားပြီး စိတ်ဓာတ်ကျနေပုံရသည်။

“ဟားဟား၊ ငါ့လမ်းစဉ်က ဘယ်လောက်တောင် အထီးကျန်လိုက်သလဲ”

သူက ခေါင်းခါလိုက်ပြီး ထိုင်ခုံတွင် ထိုင်ချလိုက်သည်။

“ဒီစစ်ဆေးပွဲပြီးရင် ငါက နေကြတ်မြို့ကနေ ထွက်သွားတော့မယ်”

တခြားဒိုင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း စကားမပြောပေ။

လျန်ချီယွမ်က တောင်ကုန်းနံပတ် ၁၄၏ ခံတပ်ထဲသို့ ရောက်လာသည်။

သူ၏ မျက်နှာထားက လေးနက်နေပြီး ပုံရိပ်ကို ဖုံးကွယ်ထားသည်။ ဟန်မူယဲ့မှလွဲ၍ တခြားလူများက သူ့ကို မမြင်နိုင်ပေ။

သူက ရှေ့တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဟန်မူယဲ့က ဓားတစ်လက်၏ အနက်ရောင်အစိတ်အပိုင်းကို ကိုင်ထားသည်။

“ဒီအစိတ်အပိုင်းကိုကြည့်ပြီး နေကြတ်မြို့ရဲ့ စမ်းသပ်ပွဲကို တိုက်ခိုက်မယ့်လူတွေ ရှိနေတယ်လို့ အာရုံခံနိုင်တာလား”

လျန်ချီယွမ်က တီးတိုးပြောသည်။

“အာရုံခံတာလား”

ဟန်မူယဲ့က လျန်ချီယွမ်ကို ကြည့်လိုက်ပြီး အစိတ်အပိုင်းကို ပစ်ပေးသည်။

“ပန်းပဲပညာရှင်တစ်ယောက်ရဲ့ရှေ့မှာ လက်နက်အစိတ်အပိုင်းတစ်ခုက ဘာလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်မှာလဲ”

ဟန်မူယဲ့၏အသံက တည်ငြိမ်နေသည်။

လျန်ချီယွမ်က အစိတ်အပိုင်းကို ဆုပ်ကိုင်လိုက်သည်။

“ဒီအစိတ်အပိုင်းက သုံးလအတွင်း ပျက်စီးသွားတာပဲ။ လေဟာနယ်စွမ်းအင်တွေက တိုက်စားထားတယ်”

“ပြီးတော့ အစိတ်အပိုင်းထဲမှာ ရင်းမြစ်မီးတောက်ရဲ့စွမ်းအား ပါဝင်နေတယ်။ အဲဒါက ဖုန်းကောမြို့နဲ့ လျန်ရှုမြို့ရဲ့ ထူးခြားတဲ့ ပန်းပဲနည်းစနစ်ပဲ”

“ဒီအစိတ်အပိုင်းက အနည်းဆုံး နတ်ဘုရားအဆင့် ခွန်အားတစ်ခုကြောင့် ပဲ့ထွက်လာတာပဲ”

လျန်ချီယွမ်က တီးတိုးပြောလိုက်ပြီး မျက်နှာထားက ပိုမိုလေးနက်လာသည်။

“ဒီအစိတ်အပိုင်းကနေတစ်ဆင့် ရုပ်သေးရုပ်ရဲ့ ခွန်အား၊ တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ နည်းစနစ်နဲ့ ရုပ်သေးသခင်ရဲ့ အကျင့်စရိုက်ကိုတောင် သိနိုင်တယ်”

“ပြီးတော့ နောက်ကွယ်မှာရှိတဲ့ အင်အားစုကိုလည်း ခန့်မှန်းကြည့်နိုင်တယ်”

ဟန်မူယဲ့က ထပ်ပြောသည်။

လျန်ချီယွမ်က အစိတ်အပိုင်းကို ဆုပ်ကိုင်ထားပြီး ခေါင်းညိတ်သည်။

“ကြည့်ရတာ လှည့်ကွက်တစ်ခု တကယ်ရှိနေတဲ့ပုံပဲ”

“ဒါက နေကြတ်မြို့ကို တိုက်ခိုက်ချင်တာပဲ။ စမ်းသပ်ပွဲက အပေါ်ယံပဲ ဖြစ်လိမ့်မယ်”

“ကြည့်ရတာ ဖုန်းကောမြို့ ဟုတ်ပုံမရဘူး။ အဲဒါက ....”

“လျန်ရှုမြို့ပဲ ဖြစ်လိမ့်မယ်”

လျန်ချီယွမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

“ကျောင်းအုပ်က စမ်းသပ်ပွဲကို မရပ်ချင်ဘူး။ စမ်းသပ်ပွဲကို ရပ်လိုက်ရင် ရန်သူတွေက သတိထားမိသွားလိမ့်မယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

အမှန်ပင်ဖြစ်သည်။

ကျွမ်းကျင်သူများက ဤနေရာကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိမ့်မည်။

“ဆရာဟန်၊ ကျောင်းသားတွေအားလုံးက အပြစ်ကင်းပါတယ်”

“သူတို့က နေကြတ်ကျောင်းတော်ရဲ့ ကျောင်းသားတွေပါပဲ။ သူတို့ရဲ့အသက်ကို ငါးစာအဖြစ် မသုံးနိုင်ဘူး”

လျန်ချီယွမ်က အသက်ရှူသွင်းလိုက်ပြီး ပြောသည်။

“သားရဲတွေရောက်လာတဲ့အချိန်မှာ ကျွန်တော်က လှုပ်ရှားပါမယ်”

“ကျောင်းသားတွေကို ခေါ်ထုတ်သွားဖို့ ကူညီပေးပါ”

လျန်ချီယွမ်က နတ်ဘုရားအဆင့် ဖြစ်သော်လည်း ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက သိပ်မကောင်းပေ။

သို့သော် သူက တပည့်များကို ပစ်မထားနိုင်ပေ။

လျန်ချီယွမ်၏ ဆုံးဖြတ်ထားသော မျက်နှာထားကို မြင်ရသောအခါ ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ခေါင်းခါသည်။

“ထားလိုက်ပါတော့။ ဒီနေရာမှာ ငါက တာဝန်ယူထားလိုက်မယ်”

“စိတ်မပူနဲ့”

သူ့စကားကြောင့် လျန်ချီယွမ်က အံ့အားသင့်သွားသည်။ သူက အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်လိုက်သည်။

“အဲဒါဆိုရင် ဆရာဟန်ကို အားကိုးရတော့မှာပဲ”

သူက ဟန်မူယဲ့နှင့် မယှဉ်နိုင်ပေ။

ဆရာဟန်က စိတ်မပူရန် ပြောခဲ့သောကြောင့် သူက စိတ်ချနိုင်သည်။

လျန်ချီယွမ်က ဦးညွတ်လိုက်ပြီး ပျောက်ကွယ်သွားသည်။

“ကောင်းထျန်ကျင်း၊ ဖုန်းကျူထျန်းကို သွားရှာပြီး ဒီကိုလာဖို့ ပြောလိုက်ပါ”

“ထောင်ကွမ်း၊ ဟယ်ရန်ကို သွားရှာပါ”

ဟန်မူယဲ့က ပြောလိုက်သည်။

အပြင်ဘက်တွင်ရှိသော ကောင်းထျန်ကျင်းနှင့် ထောင်ကွမ်းက အံ့အားသင့်နေကြသည်။

‘ဖုန်းကျူထျန်းက ဘယ်သူမလို့လဲ’

‘သူက သူတော်စင်အဆင့်ကို သတ်နိုင်တဲ့ ဖုန်းကောမြို့ရဲ့ သခင်လေးလေ’

‘ငါတို့ရဲ့ခေါင်းဆောင်က သူ့ကို ဆင့်ခေါ်နိုင်မှာလား’

သူတို့၏ ခေါင်းဆောင်ဟန်က အဆင့်ကိုးဖြစ်သော်လည်း ပန်းပဲပညာရှင်တစ်ယောက်သာ ဖြစ်သည်။

အဆင့်ကိုးချပ်ဝတ်သခင် သို့မဟုတ် အဆင့်ကိုးရုပ်သေးသခင်များက သူ့ကို လှည့်ကြည့်မည်မဟုတ်ပေ။

“မင်းတို့က ဘာဖြစ်လို့ ရပ်နေသေးတာလဲ”

ဟန်မူယဲ့၏အသံ ပေါ်ထွက်လာပြန်သည်။

ကောင်းထျန်ကျင်းနှင့် ထောင်ကွမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လျင်မြန်စွာ ထွက်သွားကြသည်။

မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်ဟန်က အမိန့်ပေးခဲ့သည်။ သူတို့က မလွန်ဆန်နိုင်ပေ။

တခြားလူများကလည်း ဟန်မူယဲ့၏ စကားသံကို ကြားရသည်။ ထို့ကြောင့် ထွက်သွားသော လူနှစ်ယောက်ကို ကြည့်လိုက်ပြီး တီးတိုးပြောနေကြသည်။

ကောင်းထျန်ကျင်းနှင့် ထောင်ကွမ်းတို့က နှင်ထုတ်ခံရနိုင်သည်။

သို့သော် ခဏအကြာတွင် ချပ်ဝတ်နှင့် ဖုန်းကျူထျန်းက ပျံသန်းလာခဲ့သည်။

သူက ခံတပ်ကို ကြည့်လိုက်ပြီး အထဲသို့ ဝင်လာသည်။

“ဖုန်းကျူထျန်း”

“သူက ဒီကို တကယ်ရောက်လာတာပဲ”

“ကြည့်လိုက်”

ခံတပ်က ဆူညံသွားသည်။

လူအများက ဖုန်းကျူထျန်းကို ချောင်းကြည့်နေကြသည်။

ဖုန်းကျူထျန်းက အပြုံးတစ်ခုနှင့်အတူ လျှောက်လာသည်။

“အစ်ကိုဟန်၊ ဘာဖြစ်လို့ ....”

သူက စကားမဆုံးခင် မျက်နှာထားပြောင်းလဲသွားသည်။

ဟန်မူယဲ့၏ဘေးတွင် အနက်ရောင်ရုပ်သေးရုပ်က ပျံထွက်လာပြီး သူ့ပခုံးကို ဆုပ်ကိုင်၍ လွင့်ပစ်လိုက်သည်။

သူက ထိုရုပ်သေးရုပ်ကို သိသည်။

နတ်ဘုရားအဆင့်ကိုပင် အနိုင်ယူနိုင်သော ရုပ်သေးရုပ် ဖြစ်သည်။

All Chapters