← Chapters

စိတ်ဝိဥာဥ် စွမ်းအင်

Vol. 1 Ch. 2

စိတ်ဝိဥာဥ် စွမ်းအင်

Vol. 1 Ch. 2

"သခင်လေး..ကျွန်တော် မသေချင်သေးဘူး..။ကျွန်တော်ရဲ့ မြေးလေးက အခုမှ မွေးထားတာလေ..။ကျေးဇူးပြုပြီး ဒီနှစိတွေမှာ ကျွန်တော် ပြုစုစောင့်ရှောက်ပေးခဲ့တာတွေကို ထောက်ထားပါဦး.."

အပြာရောင် ဝတ်စုံနဲ့ အဘိုးအိုက ကြောက်လန့်တကြား တောင်းပန်လိုက်ခြင်းဖြစ်သည်..။

အဆိပ်ရဲ့..အရှိန်ကြောင့် အကြီးအကဲ ရဲ့ အသက်ရူသံတွေက မမှန်ချင်ဖြစ်လာခဲ့သည်..။သူက အော်ဟစ်မူ တွေကိုတောင် မလုပ်နိုင်ပဲ..သူ့ အသက်ကို ချမ်းသာ ပေးဖို့သာ တောင်းပန်နေခဲ့၏..။

သို့ပေမယ့် ရှောင်နန်ဖန်းကတော့ သူ့ကို အေးစက်ပြီးသာ စောင့်ကြည့်နေခဲ့သည်..။

"အကြီးအကဲ..အိမ်တော်ထိန်းရဲ့ အင်အားတွေကြီးမားလာတယ် ဆိုတာတော့ မှန်ပါတယ်..။အစေခံတွေ အများကြီးက သူ့ဘက်ကို ပါသွားခဲ့ကြပေမယ့်..ကျုပ် သူတို့ကို အပြစ်မတင်မိဘူး..။ဒါပေမဲ့ ခင်ဗျားကတော့ ကွာခြားတယ်လေ..။ခင်ဗျားက အသက်နဲ့ရင်းပြီး ရှောင်ကလန် အပေါ်မှာ အကြွေးတင်ထားခဲ့တာ..။ဒီ ဆယ်စုနှစ် အတွင်း ခင်ဗျား ကျုပ်အတွက် ဘာမှ မလုပ်ပေးခဲ့တာကို ကျုပ်အပြစ်မတင်ပေမယ့်..အိမ်တော်ထိန်း အတွက် အလုပ်လုပ်ပေးနေတာကိုတော့ မျက်ကွယ်ပြုထားလို့ မရဘူး..။ခင်ဗျားက မျက်နှာရအောင်လို့..ကျုပ်ရဲ့ လှုပ်ရှားမူတွေကိုတောငိ ထောက်လှမ်းပေးနေခဲ့တာလေ..။အိမ်တော်ထိန်းက ကျုပ်ရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ဆို့နေတာကလည်း ခင်ဗျားကြောင့်ပဲ..။ကျုပ် ကျင့်ကြံခြင်း စာအုပ်တွေကို ရှာပေမယ့်လည်း ခင်ဗျားက အရိပ်ထဲကနေ စောင့်ကြည့်နေခဲ့တယ်..။ဒါတောင်မှ ကျုပ်က ခင်ဗျားလို လူကို လွှတ်ပေးမယ် ထင်နေတာလား.."

ရှောင်နန်ဖန်း အေးစက်စွာ ပြောလိုက်ခြင်းဖြစ်သည်..။

"မင်းက လွန်ခဲ့တဲ့ နှစ်တွေကတည်းက..ငါ့ကို စောင့်ကြည့်နေတာပဲ..။မင်း ဒီအစီစဥ်ကို ဆွဲနေတာ ဘယ်လောက်ကြာပြီလဲ..။ဘယ်လိုဖြစ်နိုင်မှာ လဲ..မင်းတစ်ဘဝလုံး ဒီထဲမှာပဲ နေရတာကို ဘယ်လိုဖြစ်ပြီး ဒီလိုတွေ စီစဥ်တတ်သွားရတာလဲ..။ဒါက မဖြစ်နိုင်ဘူး.."

ရှောင်နန်ဖန်း အေးစက်စွာသာ ကြည့်နေခဲ့သည်..။ဒါပေါ့ သာမန် ၁၆ နှစ်အရွယ်ကလေးတစ်ယောက်ကတော့ ဒီလိုတွေ စီစဥ်တတ်မှာ မဟုတ်ပေ..။သို့ပေမယ့် သူကတော့ မတူခဲ့ချေ..။သူက အတိတ်ဘဝက မှတ်ဥာဏ်တွေကို ရရှိထားတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် အရူးလုပ် မခံမည်မှာ သေချာ၏..။

'ဒါက ဆယ်နှစ်တောင်ရှိသွားပြီ အကြီးအကဲ..။အခုက ကျုပ် လွတ်လပ်ခွင့် ရတော့မယ့် အချိန်ပဲ.."

ရှောင်နန်ဖန်း ရုတ်တရက် ပြောလိုက်သည်..။

အကြီးအကဲဟာ..ရှောင်နန်ဖန်းက သူ့ကို လွှတ်ပေးဖို့ အစီစဥ် မရှိတာကြောင့် တောင်းပန်မူတွေ အစား ဒေါသတွေကို ပြောင်းသွားခဲ့သည်..။

"ထွက်သွားမှာလား..။မင်းက ဘယ်လို ထွက်သွားမှာလဲ..။ဒါက မဖြစ်နိုင်ဘူး..။အိမ်တော်ထိန်းက ခြံဝန်းတစ်ခုလုံးကို အစောင့်တွေ အထပ်ထပ် ချထားတာ..။သခင်လေး..မင်းထပ်ပြီး ကြံစည်မနေနဲ့တော့..။မင်းက ဒီနှစိတွေ အတွင်းမှာ ကောင်းကောင်းမွန်မွန် နေခဲ့တာပဲ..။တကယ်လို့သာ မင်းငါ့က်ို ဖြေဆေးပေးရင်..ဘာမှမဖြစ်သလို ဟန်ဆောင်ပေးန်ိုင်တယ်..။ဒီလိုမှ မဟုတ်ရင်တော့..အိမ်တော်ထိန်းကို အပြစ်ပြုရင် ဘယ်လိုခံစားရလဲ ဆ်ိုတာကို မင်းသိသွားစေရမယ်.."

"ကျုပ်တို့ နှစ်တွေ ကြာအောင် အတူရှိခဲ့ကြတာမလား မကြီးအကဲ..။ကျုပ်က ဘာလို့ ခင်ဗျားတစ်ယောက်တည်းနဲ့ နီးနီးကပ်ကပ် နေပြီး ခင်ဗျားစကားပဲနားထောင် ခဲ့တယ် ဆ်ိုတာရော သိရဲ့လား.."

ရှောင်နန်ဖန်း ပြုံးပြီး မေးလိုက်သည်..။

"ဘာဖြစ်လို့လဲ.."

အကြီးအကဲ ဟာ အတွေးနက်သွားခဲ့သည်..။

"ဘာလို့လဲ ဆိုတော့..ခင်ဗျားက ပိန်တယ်..အကြာခန ချောင်းဆိုးတယ်..အရေးအကြီးဆုံးက ခင်ဗျားရဲ့ ခန္တာကိုယ်ပုံစံက ကျုပ်နဲ့ တစ်ထပ်တည်းပဲလေ.."

ရှောင်နန်ဖန်း ပြန်ဖြေလိုက်ခြင်းဖြစ်သည်..။

"မင်း..မင်း..စီစဥ်နေတာက..."

ရှောင်နန်ဖန်း ရှေ့ကို တက်သွားပြီး အကြီးအကဲ ရဲ့ အဝတ်အစားတွေကို ချွတ်လိုက်သည်..။

"အမှန်ပဲ..ကျုပ် ခင်ဗျားပုံစံ ဟန်ဆောင်ပြီး ထွက်သွားမလို့..။ကျုပ် ဒီနှစိတွေမှာ ခင်ဗျားစကားကို နားထောင်ပေးခဲ့တာလည်း ခင်ဗျား အိမ်တော်ထိန်းရဲ့ ယုံကြည်မူကို ရဖို့အတွက်ပဲ..။အဲဲဒီ အစောင့်တွေက ခင်ဗျားကို လာရှုပ်ရဲကြမှာမဟုတ်ဘူး.."

အကြီးအကဲ မျက်လုံးပြူးကျယ်သွားခဲ့တယ်..။ရှောင်နန်ဖန်းက တစ်ချိန်လုံး ကြံစည်နေခဲ့တာလား..။သူ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတာလေ...

"မင်းထွက်သွားလို့ မရဘူး..။မဟုတ်ဘူး..မင်းထွက်သွားလို့ မရဘူး.."

အကြီးအကဲ ကြောက်လန့်တကြားပြောလိုက်၏။

"ဘာလို့ မရက မှာလဲ..။ဒါက ကျုပ်ရဲ့ အိမ်တော် မဟုတ်ဘူးလား.."

ရှောင်နန်ဖန်း တည်ငြိမ်စွာပဲ ပြောလိုက်သည်။

အကြီးအကဲဟာ ချောင်းဆိုးလိုက်ပြီး..

"မင်း ထွက်သွားလည်း ဘာလုပ်နိုင်မှာ မို့လို့လဲ..။မင်းက အပြင်လောကနဲ့လည်း အတွေ့အကြုံရှိတာ မဟုတ်ဘူး..။မင်းက ၁၆ နှစ်လုံး ဒီထဲမှာပဲ..ပိတ်လှောင်ခံထားရတာ..။အပြင်မှာ ဘယ်လို အန္တရာယ်တွေ စောင့်နေလဲ ဆ်ိုတာကို မင်းမသိပါဘူး..။သန်မာတဲ့ ကျင့်ကြံမူ အခြေခံ မရှိဘူးဆိုရင် မင်းက အမြန်သေရမှာပဲ.."

ရှောင်နန်ဖန်းဟာ အကြီးအကဲ ဘက်ကို လှည့်လိုက်ပြီး..

"အကြီးအကဲ ခင်ဗျားက အချိန်ဆွဲချင်နေတာလား.."

အဲ့အချ်ိန်မှာပဲ အနက်ရောင် အရိပ်တစ်ခုဟာ စာကြည့်ခန်းထဲကို ဝင်လာခဲ့သည်..။

' ဝုတ် '

အနက်ရောင် အရိပ်ဟာ ဒေါသတကြီး အော်ဟစ်နေပြီး သူ့ဆီကို ပြေးဝင်လာခဲ့သည်..။

ရှောင်နန်ဖန်း ရဲ့ ဝတ်ရုံဟာ လေတိုက်ခတ်သွားပေမယ့် သူ နောက်ကို ပြန်မဆုတ်ခဲ့ပေ..။အဲဒိီအစား သူ မြေခွေးကိုသာ ကျားတစ်ကောင်လို စူးရှတဲ့ မျက်လုံးတွေ နဲ့ ပြန်ကြည့်လိုက်၏..။

"သူ့ကို ကိုက်လိုက် ဘလက်ကီလေး.."

အကြီးအကဲ ဟာ အော်ဟစ်လိုက်သည်..။

သခင်ရဲ့ စကားကို နားထောင်စွာပဲ..မြေခွေးဟာ ရှောင်နန်ဖန်း ဆီကို တိုးဝင်သွားခဲ့သည်..။သူ့ရဲ့ မျက်လုံးတွေကတော့ နီရဲနေခဲ့၏..။

သူ ရှောင်နန်ဖန်းကို ခုန်အုပ်လိုက်တော့မယ့် အချိန်မှာပဲ သူ့မျက်လုံထဲမှာ အပြာရောင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်..။

မြေခွေးရဲ့ မျက်လုံးတွေက ရှောင်နန်ဖန်းရဲ့ အကြည့်တွေနဲ့ ဆုံသွားတဲ့ အချိန်မှာတော့..သူ အကြောက်လန့်ရဆုံး အရာတစ်ခုကို တွေ့လိုက်ရသလို တုန်ရီသွားခဲ့သည်..။

"ဘလက်ကီ ဘလက်ကီလေး..။ဘာတွေ စောင့်နေတာလဲ..."

အကြီးအကဲ အော်ဟစ်လိုက်ခြင်းဖြစ်သည်..။

မြေခွေးနက် ကတော့ အကြီးအကဲ ရဲ့ အော်သံကို မကြားတဲ့အလား ကြောက်လန့်တကြားနဲ့တောင် နောက်ပြန် ဆုတ်နေခဲ့သညိ..။

"မင်းရဲ့ ကျင့်ကြံမူက အခြေတည် အဆင့် ၅ ပဲ ရှိသေးတယ်လေ..။ဘလက်ကီ က..အဆင့် ၉ နဲ့ ညီမျှတဲ့ ခွန်အားတွေ ရှိနေပြီးပြီ..။မင်းဘယ်လိုလုပ်ပြီး သူ့ကို ထိပ်လန့်အောင် လုပ်နိုင်ရတာလဲ.."

အကြီးအကဲ ရေရွတ်ပြီး ပြောလိုက်၏..။

ရုတ်တရက် အကြီးအကဲဟာ ရှောင်နန်ဖန်းရဲ့ မျက်လုံးထဲက အပြာရောင် အလင်းရောင်ကို တွေ့လိုက်သည်..။

"ဒါ...ဒါက စိတ်ဝိဥာဥ် စွမ်းအင်မလား.."

အကြီးအကဲ ရေရွတ်လိုက်၏..။

"အမှန်ပဲ.."

ရှောင်နန်ဖန်း ပြောလိုက်သည်..။

"မဖြစ်နိုင်တာ...မဖြစ်နိုင်တာ..။ဘယ်လိုလုပ် မင်းလို လူမျိုးက စိတ်ဝိဥာဥ် စွမ်းအင် ရှိနေနိုင်မှာလဲ..။မင်းရဲ့ ကျင့်စဥ် နည်းလမ်းက ငါတွေ့ဖူးသမျှထဲမှာတော့ အဆိုးဆုံးပဲ..။မင်းက အခြေတည်အဆင့်မှာ ဘယ်လိုလုပ် စိတ်ဝိဥာဥ် စွမ်းအင် ဖွံ့ဖြိုးလာနိုင် ရတာလဲ..။ကိန်းဝပ်ခြင်း အဆင့် အထွတ်အထိပ်မှာ ရှိနေတဲ့

အိမ်တော်ထိန်း တောင် အခုမှ စိတ်ဝိဥာဥ် စွမ်းအင်က ဖြစ်တည်လာတာ.."

အကြီးအကဲ ​အံ့ဩစွာပြောလိုက်ခြင်းဖြစ်သည်..။

"ငါတို့က မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို အမြဲတမ်း ဂရုတစိုက် စစ်ဆေးလာခဲ့တာ..။မင်းက အခုမှ အခြေတည် အဆင့် ၅ မှာပဲ ရှိနေသေးတယ်..။မင်းက နည်းလမ်းတစ်ခုက လွဲပြီး စိတ်ဝိဥာဥ် စွမ်းအင်ကို ဖွံ့ဖြိုးအောင် လုပ်လို့ မရဘူး..။အဲတာက.."

"အဲတာက ဘာဖြစ်လဲ.."

ရှောင်နန်ဖန်း စိုက်ကြည့်နေရင်းနဲ့ မေးလိုက်တယ်..။

"အဲတာက မင်း အင်မော်တယ် ဂိုဏ်းတစ်ခုက စိတ်ဝိဥာဥ် ကျင့်စဥ် တစ်ခုကို ရမှ ဖြစ်နိုင်မယ်..။ဒါပေမဲ့ ဒီလို ရတနာ မျိုးက သေချာ စောင့်ကြပ်ထားကြတာလေ..မင်းက ဘယ်လိုလုပ်..ရနိုင်မှာလဲ.."

ရှောင်နန်ဖန်း ပြုံးလိုက်ပြီး.."

"ဒါတွေ အကုန်လုံးက ခင်ဗျား ကျေးဇူးကြောင့်ပဲ..။ခင်ဗျားပဲ ကျုပ်ကို ရှိသမျှ စာလိပ် တွေနဲ့ အချက်အလက် တွေ ရှာပေးခဲ့တာလေ..။ခင်ဗျား သေချာတော့ မဖတ်ကြည့်ခဲ့ဘူးမလား.."

"မင်းရဲ့ စိတ်ဝိဥာဥ် စွမ်းအင်တွေက ဒီစာလိပ်တွေ ထဲကနေ လာတာလား..။မဖြစ်နိုင်ဘူး..ဒါက မဖြစ်နိုင်ဘူး..။အိမ်တော်ထိန်းက မင်းစွမ်းဆောင်နိုင်စွမ်း မရှိအောင် အသုံးမဝင်ဆုံး စာလိပ်တွေကိုပဲ ရှာဖွေပေးထားတာ..။အဲမှာ ဘာ ကျင့်စဥ် နည်းစနစ်မှ မရှိနိုင်ဘူး..။စိတ်ဝိဥာဥ် ကျင့်စဥ် ဆိုရင် ပြောမနေနဲ့တော့..။တစ်စုံတစ်ယောက်က မင်း လက်ခံရရှိတဲ့ စာလိပ်တိုင်းကို စစ်ဆေးထားတာ.."

"ဒီ အသုံးမဝင်တဲ့ တာအ်ိုကျမ်းစာ တွေကို သေချာ လိုက်ပြီး စစ်ဆေးကြည့်ထားတယ် ဆိုတာ သေချာရဲ့လား..။ကျုပ်ကို မပေးခင်မှာ ခင်ဗျား တစ်ခုချင်းစီ ခိုက်ဖတ်ထားခဲ့တာလား.."

ရှောင်နန်ဖန်း လှောင်ပြုံးပြုံးလိုက်သည်..။

အကြီးအကဲ ရဲ့ မျက်လုံးဟာ ပြုးကျယ်သွားခဲ့၏..။

ဘယ်လိုဖြစ်နိုင်မှာလဲ....

"အသုံးမဝင်တဲ့ ကျမ်းစာတွေလို့ ခင်ဗျားပြောလိုက်တာလား..။ဘာလို့လဲ တစ်စုံတစ်ယောက်ရဲ့ အမှိုက်က တစ်ခြားတစ်ယောက် အတွက် အဖိုးတန်တစ်ခု ဖြစ်နေနိုင်တယ်လေ.."

အကြီးအကဲ ရဲ့ မျက်နှာဟာ..ဖြူဖျော့နေခဲ့ပြီဖြစ်သည်..။ရှောင်နန်ဖန်းရဲ့ အစီစဥ်တွေက သူ့ထက်ပိုပြီး ဥာဏ်များကောက်ကျစ် နေခဲ့တာကို သူ သိလိုက်ရပြီဖြစ်၏..။ဒါက သူ တစ်ချိန်လုံး သိခဲ့တဲ့ လူငယ်လေးရော ဟုတ်သေးရဲ့လား..။ဘလက်ကီ တောင်မှ သူ့ရဲ့ စိတ်ဝိဥာဥ် စွမ်းအင် အောက်မှ လှုပ်လို့ မရခဲ့ပေ..။

မြေခွေးကတော့ ရှောင်နန်ဖန်း ရဲ့ မျက်လုံးကနေ ထွက်လာတဲ့ အပြာရောင် အလင်းတန်းကြောင် ကြောက်ရွံ့နေခဲ့သည်..။ရှောင်နန်ဖန်းက လက်နက်တစ်ခုကို ယူပြီး အနားကို ကပ်တဲ့ အချိန်ထိအောင် သူက မလှုပ်ရဲခဲ့ချေ..။

"ဘလက်ကီတဲ့လား...။ငါ့အဖေက မင်းကို သားရဲ တပ်ကနေ ခေါ်လာခဲ့တာက ငါ့ရဲ့ ဘေးနားမှာ နေပြီး ကူညီဖို့ပဲ..။ဒီ အဘိုးကြီးက မင်းကို စောင့်ရှောင်သူကလွဲလို့ ဘာမှ မဟုတ်ဘူး..။ငါကမှ မင်းရဲ့ သခင် အစစ်ပဲ..။ဒါတောင်မှ စိတ်ဝိဥာဥ် သားရဲတစ်ကောင် အနေနဲ့ ငါ့ကို လေးစားမူ မရှိပဲ..ပြန်ပြီး တိုက်ခိုက်ချင်နေသေးတယ်..။ကောင်းပြီ...မင်း အသက်ရှင်နေလို့လည်း ဘာမှ ကောင်းကျိုး ရှိမှာမဟုတ်ဘူး.."

သူ ဓားမြောင်ကို မြှောက်လိုက်ပြီး ဝံပုလွေ ရဲ့ ခေါင်းကို တစ်ချက်တည်း ထိုးစိုက်လိုက်၏..။

ပြီးတာနဲ့ ရှောင်နန်ဖန်းဟာ..အားနည်းနေပြီဖြစ်တဲ့ အကြီးအကဲ ကို လျစ်လျူရူလိုက်ပြီး ..အဝတ်အစားတွေကို ပြောင်းဝတ်လိုက်သည်..။ယင်းနောက် သူ နောက်ကျောက်ကို အနည်းငယ် ကုန်းလိုက်ပြီး..အကြီးအကဲ ရဲ့ လက်ကိုင်ပုဝါနဲ့ ပါးစပ်ကို အုပ်လိုက်သည်..။သူက ချောင်း အနည်းငယ်ပါ ဆိုးကြည့်လိုက်သေးသည်..။

လက်ကိုင်ပုဝါက မျက်နှာတစ်ဝက်လောက် ဖုံးထားပြီး မီးရောင်ကလည်း အတော်လေး မှိန်နေတာကြောင့်..ရှောင်နန်ဖန်း ကို မှတ်မိဖို့ဆိုတာက မဖြစ်နိုင်ပေ..။

"အဟမ်း..အဟမ်း..ဘယ်လိုနေလဲ ကြည့်ပေးဦး..။ကျုပ်ပုံစံက ခင်ဗျားနဲ့ တူရဲ့လား..။တစ်ခုခု ထပ်ပြီး ပေါင်းထည့်စရာ လိုသေးလား.."

အဲ့အချိန်မှာတော့ အကြီးအကဲဟာ အရိုးထဲအထိအောင် အေးစက်နေခဲ့သည်..။ဒီခွေးသားလေးက သူ့ရဲ့ လှုပ်ရှားမူတိုင်းကို ဂရုတစိုက်စောင့်ကြည့် နေတယ် ဆိုတာ သိသာနေခဲ့ပြီဖြစ်သည်..။ဒီငနဲက သူ့လို လှုပ်ရှားပြီး အသံကအစ တစ်ထပ်တည်း တူညီနေခဲ့သည်..။

"မဟုတ်ဘူး..မင်းထွက်သွားလို့ မရဘူး.."

အကြီးအကဲဟာ အားကုန်သုံးပြီး အော်ဟစ်လိုက်သည်..။

"ဟုတ်သားပဲ..စိတ်မပူနဲ့..ကျုပ် ကျွေးလိုက်တဲ့ အဆိပ်က ခင်ဗျားကို သေစေမှာမဟုတ်ဘူး..။အဆိုးဆုံး ရက်အနည်းငယ်လောက်ပဲ သတိလစ်နေလိမ့်မယ်.."

ရှောင်နန်ဖန်း အမှန်အတိုင်း ပြောပြလိုက်ခြင်းဖြစ်သည်..။

"မသေနိုင်ဘူးလား..."

အကြီးအကဲ ရဲ့ မျက်နှာမှာ မျှော်လင့်ချက်လေးတွေ ပြန်ရောက်လာခဲ့သည်..။

"ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျုပ်ကို နှစိတွေကြာအောင် ခစားလာခဲ့တာလေ..။တစ်ချိန်လုံး ကျုပ်ကို အလိမ်အညာတွေ ပြောပြီး စောင့်ကြည့်လာခဲ့တာ ဆိုတော့ ဘယ်လိုလုပ် အလွယ်တကူ လွှတ်ပေးလိုက်လို့ ဖြစ်မှာလဲ..။အိမ်တော်ထိန်းသာ ခင်ဗျားကျုပ်ကို လွှတ်ပေးလိုက်တယ် ဆိုပြီး သိသွားရင် ဘယ်လိုဖြစ်လာနိုင်လောက်မလဲ..။ခင်ဗျားက သခင်ကိုတောင် သစ္စာဖောက်ပြီး အိမ်တော်ထိန်း ကို ခစား ခဲ့တာဆိုတော့ သူက ခင်ဗျားဘဝကို ဆိုးဝါးအောင် တော့ မလုပ်လောက်ဘူးမလား.."

ရှောင်နန်ဖန်း ပြုံးလိုက်သည်..။

အကြီးအကဲ ရဲ့ မျှော်လင့်ချက်တွေကို ကြောက်လန့်မူတွေက ဖုံးအုပ်သွားခဲ့၏..။ရှောင်နန်ဖန်းက အိမ်တော်ထိန်း အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာကို သူ သိထားပြီးသားဖြစ်သည်..။တကယ်လို့ သခင်လေးကို သူ လွှတ်ပေးလိုက်တယ်လို့ ထင်သွားရင် အိမ်တော်ထိန်းက သေလောက်အောင် နိပ်စက်တော့မည်ဖြစ်သည်..။ထပ်ပြောရရင် သူက ထပ်ပြီး အသုံးမဝင်တော့ပေ..။အိမ်တော်ထိန်းက သူ့ရဲ့ မိသားစုတွေကိုတောငိ ဒုက္ခပေးလာနိုင်ပေ၏..။

"မဟုတ်ဘူး..ကျွန်တော်ကို သတ်လိုက်ပါ သခင်လေး..။ကျေးဇူးပြုပြီး သတ်လိုက်ပါ.."

သူသာ ရှောင်နန်ဖန်းရဲ့ လက်ချက်နဲ့သေသွားရင် သူ့မိသားစုက အပြစ်ပေးခံရတော့မှာ မဟုတ်ပေ..။

သို့ပေမယ့် ရှောင်နန်ဖန်းဟာ အေးစက်စွာ ကြည့်လိုက်ပြီး...

"အကြီးအကဲ..ခင်ဗျားက အိမ်တော်ထိန်းကို ရွေးချယ်ထားရင် အဆုံးအထိ ရွေးချယ်ရမယ်လေ..။အခု ခင်ဗျား ဒီအခြေအနေကို ရောက်နေတာက ခင်ဗျားရဲ့ လုပ်ရပိတွေကြောင့်ပဲ..။အဲလို မထင်ဘူးလား.."

ရှောင်နန်ဖန်း တံခါးကို ဖွင့်လိုက်ပြီး ကျယ်ပြန့်လှတဲ့ အပြင်ကမ္ဘာကြီးကို ကြည့်လိုက်ပါတယ်..။

အကြီးအကဲ ရဲ့ အသံကတော့ တဖြည်းဖြည်းနဲ့ အားနည်းလာပြီး မေ့မျောသွားခဲ့သည်..။သူက ဘယ်သူ့ကိုမှ အကူညီ မတောင်းနိုင်တော့ပေ..။သူ မမေ့မျောခင် အခိုက်အတန့်မှာတော့ စိတ်ပျက်မူတွေသာ ခံစားနေမိခဲ့၏..။

All Chapters