ယင်ခန္တာကိုယ်
Vol. 1 Ch. 3
ဘာသာပြန် = စမင်းသိုက်
ချောင်းဆိုးသံ အနည်းငယ်နှင့် အတူပဲ ခြံဝန်းအတွင်းမှ ဂိတ်တံခါး ဟာ ပွင့်သွားခဲ့သည်..။
မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးအောက်တွင်..အနီရောင် မီးအိမ်လေးတွေ ထွန်းလင်းနေသော်လည်း..အသေးစိတ်ကို မြင်ရရန် အတွက် ခဲယဥ်းလွန်းလှသည်..။ရှောင်နန်ဖန်းသည်..အကြီးအကဲ ၏ အပြာရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး..မျက်နှာကို လက်ကိုင်ပုဝါဖြင့် အုပ်ထားခဲ့၏..။
"ဆရာ..သခင်လေးကို..သိမ်းသွင်းနိုင်ခဲ့ရဲ့လား.."
အစောင့်တွေရဲ့ ခေါင်းဆောင်ဖြစ်သူက မေးလိုက်ခြင်း ဖြစ်သည်..။
ရှောင်နန်ဖန်း ချောင်းအနည်းငယ် ဆိုးလိုက်ပြီး ခေါင်းညိမ့်ပြလိုက်၏..။
အစောင့်တွေ၏ ခေါင်းဆောင်ဖြစ်သူသည် စိတ်သက်သာရာရ သွားခဲ့သည်..။သခင်လေးက နောက်ဆုံးတော့ လက်လျော့ ရတာပဲ မဟုတ်လား..။
ရှောင်နန်ဖန်း သည် အကြီးအကဲ ရဲ့ အသံကို အတုခိုးလိုက်ပြီး
"သခင်လေးက အခုချိန်မှာ စိတ်တွေ အရမ်းရှုပ်ထွေးနေတယ်..ဒီတော့ သူ့ကို အာရုံသွားမနောက်နဲ့..။မနက်ဖြန် သတို့သမီး ရောက်လာတဲ့ အချိန်ကျမှ အစေခံ တစ်ယောက်ကို ..ကူညီပြီး ဝတ်စုံ ဝတ်ပေးခိုင်းလိုက်..."
" သိပါပြီ..."
ရှောင်နန်ဖန်း ခေါင်းညိမ့်လိုက်ပြီး အဝေးကို လျောက်သွား ဟန် ပြုလိုက်သည်..။သို့ပေမယ့် သူ တစ်ခုခုကို စောင့်နေခဲ့ခြင်း ဖြစ်၏..။
အမှန်တကယ်ပဲ...သူ ခြေလှမ်း ငါးလှမ်းခန့် လျောက်ပြီးသည့် နောက်တွင်..ခေါင်းဆောင် ဖြစ်သူဟာ..မနေနိုင်ပဲ လှမ်းမေးလာခဲ့သည်..။
"ဆရာ..ဘလက်ကီ လေးကို တစ်ခါတည်း ခေါ်မသွားဘူးလား..."
" စောင့်ကြည့်ဖို့ အတွက်...."
ရှောင်နန်ဖန်း ပြောပြီးတာနဲ့ ချောင်းအနည်းငယ် ထပ်ဆိုးလိုက်၏..။
ယင်းနောက် နောက်ကိုတောင် ပြန်လှည့်မကြည့်ပဲ..လက်ဝေ့ယမ်းကာ အဝေးကို ထွက်သွားခဲ့သည်..။
သူ အတော်ဝေးဝေး ကို ရောက်သွားသည့် အချိန်ရောက်မှ အစောင့်ဖြစ်သူဟာ..စိတ်သက်သာရာရ သွားခဲ့သည်..။
"သူက တကယ်ကို အမျှော်မြင် ရှိတာပဲ..။သခင်လေးကို စောင့်ကြည့်ပြီး မိုက်မဲတာတွေ ကနေ တားမြစ်ဖို့ အတွက် ဘလက်ကီလေး ကို ထားထားခဲ့တယ်..။ကြည့်ရတာတော့ သူက အရာရာတိုင်းကို စီစဥ်ထားပြီးသားဖြစ်မယ်..။ဒီတော့ ငါတို့ မနက်ရောက်မှ သခင်လေးကို သွား စစ်ဆေးကြမယ်..။ဘာပဲဖြစ်ဖြစ် အိမ်တော်ထိန်း ရဲ့ အပြစ်တင်မူကလည်း ရှိသေးတာပဲ.."
.
ရှောင်နန်ဖနိးက အထဲတွင်သာ ရှိသေးသည်ဟု လူတိုင်းက ယုံကြည်နေခဲ့ကြသည်..။သူက ခြံဝန်းထဲက နေ အပြင်ကို ရောက်သွားပြီ ဆိုတာကို တော့ ဘယ်သူမှ မသိကြပေ..။
လမ်းတစ်လျောက်လုံးမှာတော့ အစေခံတွေ..အစောင့်အကြပ်တွေဟာ သူ့ကို အရိုအသေပေးကြ၏..။ရှောင်နန်ဖန်း ရဲ့ ကျေးဇူးတရားတွေကြောင့် အကြီးအကဲ သည် မြင့်မားတဲ့ အဆင့်အတန်းကို ရရှိထားခဲ့ပြီး ့ယ်သူမှ သူ့ကို မထိရဲကြပေ..။
ခြံဝန်းထဲကနေ ထွက်လာခဲ့ပြီး အမှောင်ထဲရောက်တဲ့ အချိန်မှာတော့ ရှောင်နန်ဖန်း အကူညီမဲ့စွာပဲ နောက်ပြန်လှည့်ကြည့်လိုက်၏..။ဒီ အိမ်တော်ကြီးတွင် သူ ၆ နှစ် နေခဲ့ရပြီး ၁၀ နှစ်ခန့် အကျဥ်းချခံ ခဲ့ရသည်..။အတော်ကြာအောင် ကြည့်နေပြီးကာမှ သူက..တစ်ဖက်ကို လှည့်ကာ ထွက်ခွာသွားခဲ့၏..။
နောက်တစ်ရက် မနက်ခင်း။
မရေမတွက်နိုင်တဲ့ အစောင့်အကြပ် များသည် ရှောင်မိသားစု ခြံဝန်းတွင် စုဝေးနေကြပြီဖြစ်သည်..။
မနက်ခင်းအစောတွင်..အစေခံများက သခင်လေး၏ စာကြည့်ခန်းထဲမှ မူမမှန်မူများကို တင်ပြခဲ့ကြသည်..။များပြားလှသည့် စစ်သည်များသည် ခြံဝန်းတစ်ခုလုံးကို ဝန်းရံထားခဲ့ပြီး လေထုတစ်ခုလုံးကို အေးစက်နေစေခဲ့၏..။
ခြံဝန်းထဲမှာတော့ အစောင့်အကြပ်များသည် လဲကျနေသည့် အကြီးအကဲ နှင့် မြေခွေးတစ်ကောင် ၏ အလောင်းကို ထိပ်လန့်တကြားကြည့်နေခဲ့ကြသည်..။
အစောင့်အရှောက်တွေသည် အကြီးအကဲ ပြန်ပြောသည့် အဖြစ်အပျက်များကို ကြားပြီး အံ့ဩသွားခဲ့ကြသည်..။သူတို့က အကြီးအကဲ ကို လူသေကောင် တစ်ယောက်လိုသာ ကြည့်နေခဲ့၏..။ဒီလို အမှားမျိုးကို ဖြစ်လာအောင် လုပ်ပြီးသည့်နောက်မှာတော့ အိမ်တော်ထိန်း၏ အပြစ်ပေးမူကနေ လွတ်စရာ အကြောင်းမရှိပေ..။
"အိမ်တော်ထိန်း..တွေးကြည့်ရင် သခင်လေးက..အတော်လေးကို စဥ်းလဲ ပုံရတယ်..။သူ ဒီအစီစဥ်ကို ကြံစည်နေတာ ဘယ်လောက်တောင် ရှိလောက်ပြီလဲ.."
"ကျွန်တော်တို့ အကုန်လုံးကို သခင်လေးက လှည့်စားသွားခဲ့တာပါ..။ဒီအတွက် တာဝန်ရှိတဲ့လူက သေသင့်တယ် ဆိုပေမယ့် သခင်လေးကိူရော ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ.."
"တွေးကြည့်ရင် သခင်လေးက ဒီအရာကို ကြံစည်နေတာ အတော်လေး ကြာလောက်ပြီ..။သူ့ရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို ကြောက်စရာပဲ..။သူက စိတ်ဝိဥာဥ် ကျင့်စဥ်ကို တွေ့ရလောက်အောင်တောင် ကံတရားကလည်း ကောငိးတေသေးတယ်..။သူ ဘယ်လို ကျငိ့စဥ်မျိုးကို ကျင့်ထားလဲ ဆိုတာကို ဘယ်သူပြောနိုင်မလဲ.."
အိမ်တော်ထိန်း ကတော့ ဘေးနားက ပြောဆိုမူတွေကို လျစ်လျူရူနေခဲ့ပြီး..ခုံပေါ်မှ စာကိုသာ ကြည့်နေခဲ့၏..။
ရှောင်နန်ဖန်း လွတ်မြောက်သွားပြီးနောက်တွင် သူ့အတွက် စာတစ်စောင် ထားခဲ့တာကို တွေ့ခဲ့ရသည်..။
"ကျုပ် ခင်ဗျား ခေါင်းကို လာမယူခင်အထိ မသေလိုက်နဲ့ဦး..."
"သူ့ကို တွေ့ပြီလား.."
အိမ်တော်ထိန်းသည် နောက်ဆုံးတော့ တိတ်ဆိတ်မူကို ဖြိုခွင်းပြီးမေးလာခဲ့သည်..။
"အိမ်တော်ထိန်း ..သခင်လေးက ညအစောပိုင်း ကတည်းက ထွက်သွားတာဆိုတော့..အခုဆိုရင် မြို့ပြင်ကို ရောက်နေလောက်ပါပြီ..။ကျွန်တော်ရဲ့ လူတွေက သူ့ရဲ့ အရိပ်အယောင်တောင် မတွေ့ကြပါဘူး.။ဒါပေမဲ့ အမဲလိုက်ခွေးတွေ လွှတ်ပြီး ရှာဖွေနေကြပါတယ်.."
ခေါင်းဆောင်ဖြစ်သူက ပြန်ပြောလိုက်သည်..။
"မင်းတို့ အကုန်လုံး အခုချက်ချင်း သူ့ကို တွေ့အောင်ရှာကြ.."
အိမ်တော်ထိန်း သူ၏ ဒေါသကို မထိန်းနိုင်တော့ပဲ အော်ဟစ်လိုက်ခြင်းဖြစ်သည်..။
"သိပါပြီ..."
အစောင့်တွေဟာ ချက်ချင်း စာကြည့်ခန်းထဲက ထွက်လာခဲ့ကြ၏..။သူတို့လည်း ဒေါသထွက်နေသည့် အိမ်တော် ထိန်းအနားတွင်း ထပ်ပြီး မနေချင်ကြတော့ပေ..။
အကြီးအကဲ ၏ အကြောတွေကတော့ သေနေတုန်းဖြစ်သည်..။သို့ပေမယ့် အခုချိန်က အကူညီတောင်းရန် အကောင်းဆုံး အချိန်မဟုတ်ပေ..။အိမ်တော်ထိန်း သူ့ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ့ တစ်ကိုယ်လုံးကို ရေအေးတွေ နဲ့ လောင်းခံလိုက်ရသလို ခံစားလိုက်ရ၏..။
"မင်းက သခင်လေးရဲ့ အပြုအမူတွေ ကို စောင့်ကြည့်ဖို့ တာဝန်ယူထားတာ မလား.။သူက ဘာ စိတ်ဝိဥာဥ် နည်းစနစ် တွေကို ကျင့်ကြံနေတာလဲ.."
အိမ်တော်ထိန်းသည် အေးစက်သည့်အသံဖြင့် မေးလိုက်သည်..။
"ကျွန်...ကျွန်တော် မသိပါဘူး အိမ်တော်ထိန်း.."
အကြီးအကဲ ကြောက်လန့်တကြား ပြန်ဖြေလိုက်ခြင်းဖြစ်၏..။
"အစောင့်တွေ...ဒီလူရဲ့ မိသားစုဝင် တိုင်းကို ဖမ်းချုပ်ပြီး တစ်ယောက်ချင်းစီ စစ်မေးစမ်း.."
အိမ်တော်ထိန်းသည်..ကျယ်လောင်သည့် အသံဖြစ်အော်ဟစ်လိုက်သည်..။
"သိပါပြီ.."
အပြင်ဘက်တွင် ရှိသည့် အစောင့်များသည် ချက်ချင်း လှုပ်ရှားလိုက်ကြသည်..။
"အိမ်တော်ထိန်း သနားညှာတာ ပါဦး..။ကျွန်တော်က အိမ်တော်ထိန်းအပေါ်ကို နှစ်တွေအကြာကြီး သစ္စာရှိခဲ့တာလေ..။ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ မိသားစုကိုတော့ ညှာတာပေးပါ..။ကျွန်တော်ရဲ့ ပိုင်ဆိုင်မူတွေ အကုန်လုံးကို ပေးပါ့မယ်.."
အကြီးအကဲ သည် ဆက်တိုက်တောင်းပန်နေခဲ့၏..။
အိမ်တော်ထိန်းကတော့ စကားတစ်ခွန်းမှ မပြောပဲ..သူ့လက်ထဲက စာကိုသာ ကြည့်နေခဲ့သည်..။သူ့ စိတ်တွေ အတော်လေး မကြည်မလင်ဖြစ်နေခဲ့၏..။အထူးသဖြင့် ရှောင်နန်ဖန်း၏ လက်ထဲတွင် စိတ်ဝိဥာဥ် ကျင့်စဥ်ကို ရရှိသွားခြင်းကြောင့်ဖြစ်သည်..။ဒီအရာက တစ်ချိန်တွင် ..သူ့ကို ပြန်လာပြီး အန္တာရာယ်ပေးနိုင်ပေလိမ့်မည်..။
သူ့ရှေ့မှာရှိနေတဲ့ အသုံးမဝင်တဲ့ အမှိုက်ကြောင့်သာ မဟုတ်ရင် အရာရာတိုင်းက သူ့ရဲ့ ထိနိးချုပ်မူအောက်မှာသာ ရှိနေခဲ့သည်..။တကယ်လို့ ဒီလူကိုသာ ချမ်းသာပေးလိုက်ရင် သူ့ရဲ့ ဆုံးရှုံးမူကို ဘယ်သူက တာဝန်ယူပေးမှာလဲ..။
ဆယ်ရက်ကြာပြီးနောက်..။
အနက်ရောင် လှေလေးတစ်စင်းသည်..မြစ်ကြောင်းတစ်လျောက် ရွက်လွင့်နေခဲ့သည်..။
ရှောင်နန်ဖန်း သည် လှေဦးထိပ်တွင် ထိုင်ပြီး မနက်ခင်း၏ နေရောင်ခြင်ကို ခန္တာကိုယ်ထဲကို စုပ်ယူနေခဲ့၏..။သူက ထူးခြားသည့် အသက်ရူ နည်းစနစ် တစ်ခုကို ကျင့်ကြံနေခြင်းဖြစ်သည်..။နာရီဝက်လောက်ကြာပြီးသည့် အချိန်တွငိတော့..ပါးစပ်နှင့်အပြည့်လေတွေကို မှုတ်ထုတ်လိုက်ကာ မျက်လုံးပွင့်လာခဲ့သည်..။
"အခုလောက်ဆိုရင် အမဲလိုက်ခွေးတွေ နဲ့ ငါ့က်ိုရှာနေလောက်ပြီ..။ဟမ့်..မင်းတို့ခွေးတွေက ရေထဲဆင်းပြီး အနံ့ခံ နိုင်ပါ့မလား.."
လှေက မြစ်ကြောင်းအတိုင်း ရွေ့လျားနေခဲ့ပြီး ..ရှောင်နန်ဖန်းကတော့ ..မြေပုံတစ်ခုကို ထုတ်ယူကာ..နောက်ခံများနှင့် တိုက်ကြည့်နေခဲ့သည်..။
"လဝက်လောက်ဆိုရင် ငါ ထျန်ရူ အင်ပါယာကနေ ထွက်ခွာနိုင်လိမ့်မယ်..။တိုင်ချင် အင်မော်တယ် ဂိုဏ်းက ငါ့အဖေ သူ့ဆရာကို တွေ့ခဲ့တဲ့ နေရာပဲ..။အဖေ..အဖေကတော့ သားအတွက် ဒီလက်စွပ်ကို ထားပေးခဲ့ပေမယ့်..အဖေ့ရဲ့ စီနီယာ အစ်ကိုကတော့ မှတ်မိပါဦးမလား.."
ရှောင်နန်ဖန်း သူ့လက်ထဲက ရှေးဟောင်းလက်စွပ်လေးကို တစ်ချက်ကြည့်လိုက်ပြီး မြေပုံကိုသာ ပြန်အာရုံစိုက်လိုက်သည်..။သူ့၏ လက်ရှိရောက်နေတဲ့နေရာက..ရန်သူများလက်ထဲကနေ အပြည့်အဝ မလွတ်နိုင်သေးပေ..။
ယင်းနောက်..သူ၏ အင်္ကျီထဲမှာ..ယင် ခန္တာကိုယ် ကျင့်စဥ်ကို ထုတ်ယူလိုက်၏..။
"စိတ်ဝိဥာဥ် ကျင့်စဥ် တစ်ခုကို ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..။ဒီနှစိတွေ အတွင်းမှာ..အားထားခဲ့ရတဲ့ အတွက် အရမ်းကျေးဇူးတင်မိပါတယ်.."
ရှောင်နန်ဖန်း ရေရွတ်လိုက်သည်..။
"ဒီလို ရတနာကို ငါ့လက်ထဲမှာ ထားတာက ဘယ်လောက်တောင် အန္တရာယ် များလိုက်လဲ..။ဒါပေမဲ့ စိတ်မပူပါနဲ့..မင်းရဲ့ ဂုဏ်သတင်းကို နေရာအနှံ့ပျံ့နှံ့အောင် လုပ်ပေးမှာပါ..."
သူ ယင်ခန္တာကိုယ် ကျင့်စဥ်ကို နောက်ဆုံးတစ်ကြိမ် သေချာ ဖတ်လိုက်ပြီး...မီးခြစ်ဆံကို ထုတ်ကာ..မီးနဲ့ ရှို့လိုက်သည်..။
.
ကျင့်စဥ်ဟာ လျင်မြန်စွာပဲ မီးလောင်သွားပြီး ပြာအဖြစ်သာ ကျန်နေခဲ့၏..။
"ယင် ခန္တာကိုယ်ကျင့်စဥ်က တကယ်ကို ဆန်းကျယ်တာပဲ..။ငါ ရှစ်နှစ်လောက် လေ့ကျင့်ခဲ့တာတောင် အပေါ်ယံလောက်ပဲ နားလည်သေးတယ်..။ဒါပေမဲ့ ဒါက ငါ့အတွက် တစ်ခြား တာအိုကျမ်းစာတွေကို ဖတ်တဲ့နေရာမှာ လွယ်လွယ်ကူကူ နားလည်စေတယ်..။ဒီ ကျင့်စဥ်တွေကနေ ငါ ရရှိတဲ့ အသိဥာဏ်တွေ အကုန်လုံးက ယင်ခန္တာကိုယ်နဲ့ ဆက်နွယ်နေတာချည်းပဲ.။ယင် ခန္တာကိုယ် က ကျင့်ကြံခြင်း တွေ အားလုံးရဲ့ အခြေခံလိုများ ဖြစ်နေမလား..။ဒါက တကယ်ကို အံ့ဩစရာပဲ..."
ရှောင်နန်ဖန်းသည်..သူ၏ အထုတ်ထဲမှ သာမန် တာအိုကျမ်းစာ တစ်ခုကို ထုတ်ယူလိုက်သည်..။ဒါက သူ လမ်းတွင် ဝယ်ခဲ့သည့် စာလိပ်တစ်ခုဖြစ်၏..။ဒီအရာက တစ်ခြားလူတွေအတွက်တော့ စိတ်ဝင်စားစရာ မကောင်းပေမယ့် ရှောင်နန်ဖန်းကတော့ ဒီအရာကို စ်ိတ်ဝင်တစား စတင် ဖတ်နေခဲ့သည်..။