ရီဒါဖူ
Vol. 1 Ch. 4
ဘာသာပြန် = စမင်းသိုက်
တစ်လကြာပြီးနောက်..။
ရှောင်နန်ဖန်း သည် ထျန်ရူ အင်ပါယာမှ ထွက်ခွာလာခဲ့ပြီး အရှေ့ဘက် ပင်လယ်မှ ဆိပ်ကမ်းမြို့လေးတစ်မြို့တွင် ပေါ်လာခဲ့သည်..။
လဖက်ရည်ဆိုင်၏ ဒုတိယ ထပ်မှာတော့ စာလိပ်တွေ အချက်အလက်တွေနှင့် .ရောင်းချစရာ ပစ္စည်း အများအပြားကို ထားထားခဲ့သည်..။ရှောင်နန်ဖန်း သည် ဟိုဘက် ဒီဘက် လျောက်ကြည့်နေပြီး စာလိပ်တစ်ခု ချင်းစီတိုင်းကို ဂရုတစိုက်ကြည့်နေခဲ့၏..။
"သခင်လေး..ဘာလို့ ဒီဘက်က ကျင့်ကြံခြင်း နည်းစနစ် တွေကို မကြည့်တာလဲ..။ကျွန်တော်တို့ရဲ့ နည်းနစ်တွေက အကောင်းထဲက အကောင်းဆုံးပဲ..။သူတို့က စျေးကြီးတယ် ဆိုပေမယ့်..သခင်လေးရဲ့ ကျင့်ကြံခြင်း အဆင့်ကို အလျင်အမြန် မြင့်တက်လာစေလိမ့်မယ်.."
လဖက်ရည် ဆိုင်ပိုင်ရှင်က တက်တက်ကြွကြွ ရောင်းချနေပေမယ့်လည်း ရှောင်နန်ဖန်းကတော့ လျစ်လျူရူထားခဲ့၏..။သူက အင်မော်တယ် ဂိုဏ်းတစ်ခုကို ဝင်တော့မယ့် အချိန်မှာ..လမ်းဘေးက နည်းစနစ်တွေကို..ရွေးချယ်နေရဦးမှာလား..။ဒီ ကျင့်စဥ်တွေထက် စာရင် သူက ဘယ်သူမှ အထိမတွေ့ပဲ ဖုန်တွေ တက်နေတဲ့..စာလိပ်တွေကိုပဲ စိတ်ဝင်စားနေခဲ့သည်..။
"ဒီ တာအိုကျမ်းစာတွေကမှ ..ပို အဆင်ပြေပုံပေါ်သေးတယ်.."
သူ မှတ်ချက် ပေးလိုက်၏..။
ဆိုင်ရှင်ဖြစ်သူသည် ..သူ ညွှန်ပြလိုက်တဲ့ အရာကို ကြည့်လိုက်ပြီး..
"ဒါတွေက အထူးစျေးလျော့ပေးထားတာတွေပဲ..။သူတို့ကို ကျွန်တော်ရဲ့ အဖိုးက စုဆောင်းထားခဲ့တာ..ဒီနေရာမှာ ထားထားတာ အတော်တောင် ကြာနေပြီလေ..။အချိန်တွေက ကြာပြီဆိုတော့ အတော်လေးတောင် ဟောင်းနွမ်းနေပြီလေ..။ကျွန်တော့် အဖိုးရဲ့ မရောင်းရတဲ့ ပစ္စည်းတွေကို အစားမထိုးရဘူးဆိုတဲ့ စည်းကမ်းကြောင့်သာ မဟုတ်ရင် ဒီနေရာမှာ ရှိနေတော့မှာ မဟုတ်ဘူး.."
ဒီ တာအိုကျမ်းစာတွေက ဖတ်ရတာ နားမလည်နိုင်သလို..ကျင့်ကြံခြင်း နည်းစနစ်တွေလည်း မဟုတ်ပေ..။သူတို့က နှစ်ပေါင်းများစွာကြာအောင် မရောင်းရပဲ ရှိနေခဲ့၏..။သေချာတာကတော့ သူ့ရှေ့က လူငယ်လေးက နောက်ပြောင်နေတာပဲ ဖြစ်ပေလိမ့်မည်..။
"ဒီ စာလိပ်တွေက ဘယ်လောက်လဲ.."
ရှောင်နန်ဖန်း မေးလိုက်သည်..။
ဆိုင်ပိုငိရှင် အံ့ဩသွားခဲ့ပြီး..
"သူတို့ကို ဝယ်မလို့လား..။အံ့ဩစရာပဲ..ရွှေပြားတစ်ပြားနဲ့ အကုန်ယူသွားပါ.."
"ဆျာ..ခင်ဗျားက ဒီ ရှေးဟောင်း စာလိပ်တွေ အကုန်လုံး အတွက် ရွှေပြားတစ်ပြား လိုချင်တာလား.."
ရှောင်နန်ဖန်း မျက်မှောင်ကျုတ်လိုက်သည်..။
"ကျုပ်အဖိုးက ဒီထက်လျော့ပြီး မယူဖို့ ပြောထားတယ်လေ..။ဒီဟာတွေကို တကယ် ဝယ်ဖို့လုပ်နေတာတော့ မဟုတ်ဘူးမလား.."
ဆိုင်ပိုင်ရှင် အံ့ဩစွာ ပြောလိုက်သည်..။
"ဘယ်လိုထင်လို့လဲ.."
ရှောင်နန်ဖန်း လက်ဝေ့ယမ်းပြီး ရွှေပြားတစ်ပြားကို ထုတ်ယူလိုက်၏..။
.
"ဟားဟား..သခင်လေးက တကယ်ကို ရက်ရောတာပဲ..။ကျေးဇူးပါပဲ..ဒီနေ့ရဲ့ မနက်စာကို ဆိုင်မှာပဲ စားသွားပါ.."
ဆိုင်ပိုင်ရှင်က ကျေနပ်စွာ ပြောလိုက်ခြင်းဖြစ်သည်..။
ဒီ စာလိပ်ဟောင်းတွေက ဘာတန်ဖိုးမှ မရှိပဲ စင်ပေါ်မှာ နေရာယူထားသည်မှာကြာပြီဖြစ်သည်..။အခု သူတို့က မရှိတော့ဘူးဆိုတော့..တစ်ခြား စာလိပ်အသစ် ပစ္စည်းအသစ်များနှင့် အစားထိုးနိုင်ပြီဖြစ်၏..။
ရှောင်နန်ဖန်းသည် ဒီစာလိပ်တွေကို ပြတင်းပေါက်နားက စားပွဲဝိုင်းတစ်ခုဆှ ယူသွားလိုက်သည်..။သူ ဝိတ်တာကို ခေါ်လိုက်ပြီး စားစရာ တစ်ခုခုကို မှာလိုက်၏..။
သူ လုပ်စရာရှိတာ ဆက်လုပ်တော့မယ့် အချိန်မှာပဲ ဘေးနားကနေ လှောငိပြောင်သံတစ်ချို့ကို ကြားလိုက်ရ၏..။
"အရူး.သူက အမှိုက်ပုံကို ရွှေပြားတစ်ပြားနဲ့ ဝယ်ခဲ့တာပဲ ဟားဟား..."
"သခင်လေး..ကျွန်တော်ကတော့ သူ ကျင့်ကြံခြင်း နည်းစနစ်တွေ အတွက် ပိုက်ဆံမရှိလို့ ဒီအရာတွေကို ဝယ်ခဲ့တယ် ဆိုတာ လောင်းရဲတယ်.."
"သခင်လေး..သူက ကျိန်းသေ ငမွဲပဲ.."
အဆင့်တန်းမြင့်တဲ့ အဝတ်စားတွေကို ဝတ်ဆင်ထားသည့် လူငယ်တစ်စုဟာ အဖြူရောင် ဝတ်စုံနှင့်လူငယ်တစ်ယောက်ကို ဦးတည်ပြီး စကားပြောနေခဲ့သည်..။လူငယ်လေးကတော့ ယင်တောင်တစ်ချောင်းကို ဝေ့ယမ်းနေခဲ့၏..။သူ့မျက်နှာပေါ်တွင် မောက်မာမူတွေကို အထင်းသားမြင်နေကြရသည်..။ဘေးနားက လူများကတော့ စကားလုံးတစ်လုံးချင်းစီတိုင်းကို ဒီသခင်လေးကို မြှောက်ပင့်ဖို့အတွက်သာ အသုံးပြုနေကြ၏..။
ရှောင်နန်ဖန်း လူငယ်လေးကို ဆွံ့အစွာကြည့်လိုက်သည်..။ဒီအရူးတွေက ဘယ်ကနေ လာကြတာလဲ..။သူတို့က ဘေးနားက လူတွေကို အပြစ်ပြုမိမှာ မစိုးရိမ်ကြဘူးလား..။ပြီးတော့ သူ့ရဲ့ စာလိပ်တွေကရော သူတို့နဲ့ ဘာဆိုင်လို့လဲ..။
ရှောင်နန်ဖန်း သူတို့ကို လျစ်လျူရူလိုက်ပြီး စာလိပ်တွေကိုသာ ဖတ်နေလိုက်သည်..။
"သခင်လေး..တိုင်ချင် အင်မော်တယ်ဂိုဏ်းရဲ့ သင်္ဘောတွေက တကယ်ပဲ ဒီနေ့ ဆိုက်ရောက်မှာလား.."
လူငယ်တစ်ယောက်က သူတို့ရဲ့ ခေါင်းဆောင် အဖြူရောင် ဝတ်စုံနှင်လူငယ်လေးကို မေးလိုက်ခြင်းဖြစ်သည်..။
ခေါင်းဆောင်ဖြစ်သူဟာ ယပ်တောင်ကို ခတ်လိုက်ပြီး..
"ဘာလဲ..မင်းက ငါ့ကို မယုံဘူးလား.."
"မ..မဟုတ်တာ..ဒါက ကိစ္စကြီးပဲလေ..။ကျွန်တော်တို့ ယုံကြည်ပါတယ်..။ကျွန်တော်တို့ ကလန်တွေက ရီကလန်ကို ထောက်ပံ့နေကြတာဆိုတော့..သခင်လေးရဲ့ ဦးဆောင်မူနောက်ကို သေချာဖောက်လိုက်ကြမှာပါ.."
ရီဒါဖူ ကျေနပ်စွာ ခေါင်းညိမ့်လိုက်ပြီး ပြတင်းပေ့က် အပြင်ဘက်ကို ညွှန်ပြလိုက်သည်..။
"အပြင်ဘက်က ရထားလုံးတွေကို တွေ့လား.."
အားလုံးဟာ ပြတင်းပေါက်ကနေ ကြည့်လိုက်ကြသည်..။အမှန်ပင် မြို့ထဲမှာ နေရာအနှံ့က လာတဲ့ ရထားများဖြင့် ပြည့်ကြပ်နေခဲ့သည်..။သူတို့ အကုန်လုံးက ဆိပ်ကမ်းမှာ စုဝေးနေခဲ့ကြ၏..။
"ဒီလူတွေ အားလုံးက တိုင်ချင် အင်မော်တယ် ဂိုဏ်းကို ဝင်ဖို့အတွက် ကျွန်တော်တို့နဲ့ယှဥ်ပြိုင်ရမှာလား.."
ဘေးနားက လူငယ်များသည် မကျေမနပ်ဖြစ်နေခဲ့ကြသည်..။
"တိုင်ချင် အင်မော်တယ်ဂိုဏ်းရဲ့ အင်အားက ကမ္ဘာအနှံ့တောင် ပျံ့နှံ့တယ်..။ဒီအရာက အကြောင်းကျိုး မဆီလျော်ဘူးလား..။မင်းတို့သိထားရမှာက..ငါတို့ ထျန်ရူ အင်ပါဟာရဲ့ ဧကရာဇ် တောင်မှ ..တိုင်ချင် အင်မော်တယ် ဂိုဏ်းကပဲ.."
ရီဒါဖူ ပြောပြလိုက်သည်..။
"ကျွန်တော်တို့ တိုင်ချင် ဂိုဏ်းရဲ့ တပည့်တွေဖြစ်လာမှ ရမယ်.."
သူတို့ထဲက တစ်ယောက်သည် မျှော်လင့်ချက်တွေနဲ့ ထအော်လိုက်သည်..။
"ဂိုဏ်းထဲက တပည့်တွေကို အပြင်စည်းနဲ့ အတွင်းစည်း ဆိုပြီး နှစ်မျိုးခွဲထားကြတယ်..။ဘယ်လို တပည့်မျိုး ဖြစ်လာမလဲ ဆိုတာက မင်းတို့ အရည်အချင်းပေါ် မူတည်မှာပဲ..။ဒါပေါ့..ငါကတော့ ကျိန်းသေပေါက် အတွင်းစည်းတပည့်ဖြစ်လာလိမ့်မယ်.."
ရီဒါဖူ ကြွားဝါလိုက်သည်..။
"အာ...တပည့် အမျိုးအစား နှစ်မျိုးရှိတာလား.."
"ခနနေကျရင် အစောပိုင်းရွေးချယ်မူတွေ ပြုလုပ်လိမ့်မယ်..။တိုင်ချင် အင်မော်တယ်ဂိုဏ်းရဲ့ သင်္ဘောတွေက ကမ်းရိုးတန်းမှာ ဆိုက်ကပ်ကြမှာ..။တပည့်ဖြစ်လာဖို့ အရည်အချင်းရှိတဲ့လူပဲ သင်္ဘောပေါ်တက်ပြီး တိုင်ချင် ကျွန်းကို လိုက်ပါခွင့်ရှိလိမ့်မယ်..။ပြီးတာနဲ့ နောက်ထပ် စစ်ဆေးမူတွေက ရှိလာဦးမှာပဲ.."
ရီဒါဖူ ရှင်းပြလိုက်သည်..။
"သခင်လေးက တကယ် အံ့ဩစရာပဲ..။အကုန်လုံးကို သိနေတယ်.."
"ဒါပေါ့ ရီကလန် မှာလည်း တိုင်ချင် အင်မော်တယ် ဂိုဏ်းရဲ့ တပည့်တွေရှိတယ်လေ..။ဒီတော့ ငါအကုန်သိနေတာပေါ့..။ဂိုဏ်းရဲ့ သင်္ဘောတွေက ကမ်းရိုးတန်းတစ်ခုလုံးကို ရွက်လွင့်နေကြတာ..။ဒီတော့ ငါတို့ ဒီတစ်ကြိမ်ကိုလွဲရင် နောက်ထပ် တစ်နှစ်လောက် စောင့်ကြရလိမ့်မယ်..။မင်းတို့ အကုန်လုံး သေချာကြိုးစားကြတာ အကောင်းဆုံးပဲ..သိပြီလား."
ရီဒါဖူ အားပေးလိုက်သည်..။
"စိတ်မပူပါနဲ့ သခင်လေး..ကျွန်တော်တို့ စိတ်မပျက်စေရပါဘူး..."
"သူတို့ ရောက်လာပြီ..တိုင်ချင် အင်မော်တယ် ဂိုဏ်းရဲ့ သင်္ဘောတွေ ရောက်လာကြပြီ.."
လဖက်ရည်ဆိုင်ထဲမှ တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ ထအော်လိုက်ခြင်းဖြစ်သည်..။
ရီဒါဖူနဲ့ သူ့လူတွေသည် ပြတင်းပေါက်ကနေ တဆငိ့ကြည့်လိုက်ကြပြီး..ရှောင်နန်ဖန်းလည်း လှမ်းကြည့်လိုက်၏..။
အပြင်ဘက် အတော်ဝေးဝေးမှာတော့ ကြီးမားသည့် သင်္ဘောကြီးတစ်စင်းသည် ဆိပ်ကမ်းကို ဆိုက်ကပ်လာခဲ့သည်..။ရှေးဟောင်းဘာသာစကားဖြင့် ရေးထားသည့် တိုင်ချင်ဟူသည့် စာတန်းကြီးလည်းရှိနေခဲ့၏..။
"တိုင်ချင် ဂိုဏ်းရဲ့ အင်မော်တယ် မာစတာ တွေကို ဂါဝရပြုပါတယ်.."
လေးဘက်လေးလံက အသံများထွက်ပေါ်လာခဲ့သည်..။
သင်္ဘောဆိုက်ကပ်သွားတာနဲ့ သင်္ဘောပေါ်က ဝတ်စုံပြည့် တပည့်များကို မြင်နေကြရ၏..။
"မင်းတို့အားလုံး တိုင်ချင် အင်မော်တယ် ဂိုဏ်းကို ဝင်ချင်ကြတာလား.."
ဂိုဏ်းဝတ်စုံနှင့် တပည့်တစ်ယောက်က အော်ဟစ်လိုက်သည်..။
"ဟုတ်ပါတယ်.."
"အသက် ဆယ်နှစ်အတွင်း အခြေခံ စုစည်းမူ အဆင့် ၆ ကို ရောက်နေတဲ့လူနဲ့ အသက် နှစ်ဆယ် အတွင်း သန္ဓေတည် အဆင့်ကို ရောက်နေတဲ့ လူတွေ သင်္ဘောပေါ်ကို လွတ်လပ်စွာ တက်လို့ရတယ်.."
ဝတ်စုံနဲ့ တပည့်က အော်ပြောလိုက်သည်..။
သူ့အသံက ဘေးနားက လဖက်ရည်အိမ်တွေ အထိပါ နေရာအနှံ့ပျံ့သွားခဲ့၏..။
"သခင်လေး အမြန်သွားကြရအောင်..အချိန်ဖြုန်းနေတာက အကောင်းဘူး.."
တစ်စုံတစ်ယောက်က အလျင်လိုလိုက်သည်..။
"အလျင်မလိုဘူး..သင်္ဘောပေါ်က လူတွေက ဘာမှမဟုတ်တဲ့ အပြင်စည်း တပည့်လေးတွေပဲ.."
ရီဒါဖူ ပြောလိုက်သည်..။
"သူပြောတာက အခြေခံစုစည်းမူ အဆင့် ၆ နဲ့ သန္ဓေတည် အဆင့်တွေက သင်္ဘောပေါ်ကို လွတ်လပ်စွာ တက်လို့ရတယ်တဲ့..။ဒါက ဘာကိုဆိုလိုတာလဲ.."
"ဒါက အင်အားကို တိုင်းတာတာပဲ..။ဒီလို အရည်အချင်းရှိတဲ့ လူတွေက ဂိုဏ်းထဲဝင်ပြီးရင် ကျိန်းသေပေါက် အတွင်းစည်းတပည့်ဖြစ်လာကြလိမ့်မယ်..။ဒီတော့ သူတိုက လုပ်ချင်တာ လုပ်လို့ရတယ်လေ..။အပြင်စည်းတပည့်တွေက သူတို့ကို ခက်ခဲအောင် မလုပ်ရဲကြဘူး.."
"ဒီလိုဆို ..သခင်လေးက ..သင်္ဘောပေါ်ကို ကြိုက်တဲ့ အချိန် တက်လို့ရတယ်လို့ ဆိုလိုတာလား.."
တစ်စုံတစ်ယောက်က မနာလိုစွာ မေးလိုက်သည်..။
ရီဒါဖူ ပြုံးလိုက်ပြီး..
"သေချာတာပေါ့.."
ဝတ်စုံပြည့်နဲ့ တပည့်တွေဟာ အောက်ကလူတွေကို စိုက်ကြည့်လိုက်ပြီး..
"ဂိုဏ်းထဲကို ဝင်ချင်တဲ့ တစ်ခြားတပည့်တွေက အသက် ၃၀ အောက်ဖြစ်ပြီး..သူတို့ရဲ့ အရည်အချင်းအလိုက် ရွေးချယ်သွားမယ်..။ဒီနားမှာ တန်းစီကြ..ထိပ်ဆုံး အယောက် သုံးရာကိုပဲ ရွေးချယ်သွားမယ်.."
လူများသည် ချက်ချင်းပဲ..အလျင်အမြန်တန်းစီလိုက်ကြသည်..။
"သခင်လေး ကျွန်တော်တို့သွားသင့်ပြီ.."
"ကောင်းပြီလေ..မင်းတို့ရဲ့ အရည့်အချင်းနဲ့ဆိုရင် အားလုံးအဆင်ပြေမှာပါ.."
ရီဒါဖူ ယုံကြည်မူရှိစွာ ပြောလိုက်၏..။
ကပ်ဖားနောက်လိုက် အတော်များများဟာ တန်းစီ ဖို့အတွက် ထွက်သွားကြပြီး..ရီဒါဖူနဲအတူ နောက်ထပ် နှစ်ယောက်သာ..စားသောက်ရင်းကျန်နေခဲ့၏..။
"အာ..သခင်လေး.. ဟိိုငမွဲကလည်း သင်္ဘောပေါ် တက်ဖို့ လုပ်နေတာ မဟုတ်ဘူးလား.."
"ဟင်.."
ရီဒါဖူ လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ကျောပိုးအိတ်ကို လွယ်ပြီး စာလိပ်တွေ သိမ်းဆည်းနေသည့် ရှောင်နန်ဖန်းကို မြင်လိုက်ရသည်..။
"ဒီရက်အတွင်း ဧည့်ဝတ်ကျေမူ အတွက် ကျေးဇူးပါ သူဌေး..။ကျွန်တော်သွားပါတော့မယ်.."
"ကျော်ကြားထဲ မာစတာ လက်အောက်မှာ ကျင့်ကြံနိုင်ပါစေ..သခင်လေး.."
ဆိုင်ပိုင်ရှင်ဟာ ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်..။
ရီဒါဖူ နှင့် သူ့ရဲ့ လက်ပါးစေ နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်..။
"ဒီ ငမွဲ ကြည့်ရတာ အသက် ၁၆ ၁၇ လောက်ပဲ ရှိဦးမယ် မလား..။သူက သင်္ဘောပေါ် တက်ဖို့ လုပ်နေတာလား..။စစ်ဆေးမူတွေ ဆီကိုလည်း မသွားပဲနဲ့.."
လက်ပါးစေ တစ်ယောက်က အံ့ဩစွာ ပြောလိုက်ခြင်းဖြစ်သည်..။
"ကျွန်တော်တို့က သတ်မှတ်ချက်တွေ ပြည့်စုံလို့ စစ်ဆေးမူတွေ လုပ်စရာ မလိုတာလေ..။ဒါပေမဲ့ သူက အသက် သုံးနှစ် လေးနှစ်လောက် ငယ်နေတာတောင်..သတ်မှတ်ချက်ကို ပြည့်မှီနေတာလား.."
ကျန်တဲ့တစ်ယောက်က ရေရွတ်လိုက်၏..။
"သူ့ရဲ့ ကျင့်ကြံခြင်းက သန္ဓေတည် အဆင့်ကို ရောက်နေတာလား.."
ရီဒါဖူ မျက်လုံးပြူးကျယ်သွားခဲ့သည်..။
ရီဒါဖူ ကိုယ်တိုင်က ပါရမီ ရှိသူဖြစ်ပြီး သူ၏ ကလန်က သူ့အပေါ်ကို အထူးမျှော်လင့်ထားခဲ့သည်..။သူ၏ နောက်လိုက်များ၏ လိုတာထက်ပို၍ မြှောက်ပင့်နေမူကြောင့် ကိုယ့်ကိုကို ယုံကြည်မူ အပြည့်ရှိနေခဲ့၏..။သို့ပေမယ့် သူ့ရှေ့က ကောင်လေးက ဒီအသက် အရွယ်နဲ့ သန္ဓေတည် အဆင့်ကို ရောက်နေတာဆိုတော့...သူ့ထက်ပိုပြီး ပါရမီ ရှိနေတာ မဟုတ်ဘူးလား..။
大富 = ဒါဖူ , 'ကြီးမြတ်သော ကြွယ်ဝမူ '.