ပင်လယ် ခရီးရှည်
Vol. 1 Ch. 5
ဘာသာပြန် = စမင်းသိုက်
ရှောင်နန်ဖန်း လှေဆိပ်ကို ချက်ချင်မသွားခဲ့ပေ..။အဲဲဒီအစား သူ လဖက်ရည် အိမ် ပြတင်းပေါက်ကနေ အခြေအနေကို လှမ်းကြည့်နေခဲ့၏..။
တိုင်ချင် အင်မော်တယ် ဂိုဏ်းမှ တပည့်များဟာ..ပါဝင်သူများကို စတင် စစ်ဆေးနေကြပြီဖြစ်သည်..။
စစ်ဆေးမူတွေက လျင်မြန်နေခဲ့ပြီး..အသက်နှင့် ကျင့်ကြံခြင်း အဆင့် ပြည့်မှီသည့် လူများကို သစ်သား တုန်ကင်များပေးကာ သင်္ဘောပေါ်တက်ရန် ခွင့်ပြုခဲ့သည်..။
ရှောင်နန်ဖန်း ဒီအခြေအနေတွေ အကုန်လုံးကို ပြတင်းပေါက်ကနေ တဆင့် ကြည့်နေခဲ့၏..။ကျင့်ကြံခြင်း အဆင့် တစ်ခုတည်းနဲ့တင် သူ့အတွက် အားနည်းချက် ဖြစ်နေခဲ့သည်..။ဒါ့ကြောင့် သင်္ဘောပေါ်ရောက်ဖို့ သူ တစ်ခြား နည်းလမ်းများကို အသုံးပြုရန် လိုအပ်၏..။
ရှောင်နန်ဖန်း ၏ တည်ငြိမ်နေတဲ့ အမူအရာက ရီဒါဖူ နဲ့ ကျန်တဲ့ နောက်လိုက်တွေကို အာရုံစိူက်မိနေစေခဲ့သည်..။
"ဘယ်လိုများ ခေါ်လို့ ရမလဲ သိပါရစေ.."
ရီဒါဖူ လျောက်လာခဲ့ပြီး လက်သီးကို ဆုပ်ကာ ပြောလိုက်သည်..။အကယ်၍ ရှောင်နန်ဖန်းသာ ဒီအသက်အရွယ်နှင့် သန္ဓေတည် အဆင့်ကို ရောက်နေတာ မှန်ကန်လျင် သူက ရီဒါဖူ ထက်ပင် ပို၍ ပါရမီကောင်းမွန်နေခဲ့သည်..။ဒါက ဂိုဏ်းအတွင်းတွင်း အတွင်းစည်း တပည့်တစ်ယောက် ကျိန်းသေ ဖြစ်လာမည် ဖြစ်၏..။ရီဒါဖူ ကိုယ်တိုင်ကလည်း သေချာပေါက် အတွင်းစည်း တပည့်တစ်ယောက် ဖြစ်လာမည် ဖြစ်သည်..။ဒီတော့..အခုချိန်မှာ မိတ်ဆွေဖွဲ့ထားတာက ဆိုးဝါးတဲ့ အရာတစ်ခု မဟုတ်ပေ..။
" ဆင်းရဲတဲ့ ခွေးသားလေး...လို့ ခေါ်လို့ရတယ်လေ.."
ရှောင်နန်ဖန်း ပြန်ဖြေလိုက်သည်..။
စိတ္တဇ ကောင်တွေ..မင်းတို့ ပါးစပ်တွေကို ဆက်ပြီးသာ အာချောင်ထားလိုက်...မင်းတို့ တစ်စုံတစ်ယောက်ကို အပြစ်ပြုမိတဲ့ တစ်နေ့ကျရင်..သေအောင် ရိုက်ခံကြရလိမ့်မယ်...။
ရီဒါဖူ အံ့ဩသွားခဲ့၏..။ဒီကောင်လေးက..ရန်ငြိုးထားတတ် တဲ့ ပုံစံမျိုးလား..။ငါတို့က သူ့ကို စနောက်နေကြတာလေ...။ဒီလို တုန့်ပြန်တာက မလွန်လွန်းဘူးလား...။
ရှောင်နန်ဖန်းရဲ့ ပုံစံက လူငယ်သုံးယောက်အတွက် အတော်လေး စိတ်ရှုပ်ဖို့ ကောင်းနေပေမယ့် သန္ဓေတည် အဆင့်ဆိုတာကို တွေ့မိသွားပြီး..ငြိမ်နေဖို့သာ ဆုံးဖြတ်လိုက်ကြသည်..။အလျင်အမြန်ပဲ လူငယ်သုံးယောက်က ထွက်ခွာသွားခဲ့ကြ၏..။
စစ်ဆေးမူတွေက အလွန်လျင်မြန်တာကြောင့်..လူ အယောက် သုံးရာ ပြည့်ဖို့ အချိန်သိပ်မယူခဲ့ရပေ..။
အောင်မြင်သည့် လူများက ပျော်ရွှင်နေကြပြီး..ကျရှုံးသည့် လူများက စိတ်ဓာတ်ကျနေခဲ့ကြ၏..။
" အရည်အချင်းပြည့်မှီတဲ့ လူတွေ..ငါတို့နောက် နှစ်နာရီ ကျရင် ထွက်ခွာမယ်..။သင်္ဘောက ဘယ်သူ့ကိုမှ စောင့်နေမှာမဟုတ်ဘူး.."
တိုင်ချင် အင်မော်တယ် ဂိုဏ်းမှ တပည့်တစ်ယောက်က အော်လိုက်ချင်းဖြစ်သည်..။
"သိပါပြီ.."
အဲ့အချိန်မှာပဲ ရီဒါဖူ တို့သုံးယောက်ဟာ ဆိပ်ကမ်းဆီကို ရောက်လာခဲ့ကြသည်..။သူတို့၏ အပေါင်းအပါများဟာ သူ့ဆီကို အမြန်ရောက်လာခဲ့ကြ၏..။
"သခင်လေး ကြည့်လိုက်..ကျွန်တော် တုန်ကင် ရလာခဲ့တယ်.."
"ကျွန်တော်ရောပဲ..ဟားဟား..။ကျွန်တော်တို့ တိုင်ချင် အင်မော်တယ် ဂိုဏ်းရဲ့ တပည့်တွေ ဖြစ်လာကြတော့မယ်.."
နောက်လိုက်တွေဟာ ရီဒါဖူ ဆီကို ရောက်လာတာနဲ့ အခြေအနေကို ချက်ချင်းတင်ပြနေကြသည်..။
"သခင်လေး..ကျွန်..ကျွန်တော် အရွေးမခံခဲ့ရဘူး.."
လူငယ်လေးရဲ့ ပုံစံက ပြောစရာ စကားလုံး ပျောက်ဆုံးနေခဲ့သည်..။
"ဘာ..."
"ကျွန်တော် ရှေ့က တစ်ယောက်က ကျွန်တော်နဲ့ အသက်တူတူ ကျင့်ကြံခြင်းအဆင့် အတူတူပဲ..။ဒါပေမဲ့ သူ့ရဲ့ ဦးလေးက တိုင်ချင်အင်မော်တယ် ဂိုဏ်းရဲ့ အပြင်စည်းတစ်ပည့်ဖြစ်နေတယ်လေ..။သူက နောက်ဆုံး တုန်ကင်ကို အဆက်သွယ်သုံးပြီး ရသွားခဲ့တာ.."
တစ်ခြားလူတွေဟာ ဒါကိုကြားပြီး ဒေါသထွက်သွားခဲ့သည်..။
"သခင်လေးရော..တိုင်ချင် အင်မော်တယ်ဂ်ိုဏ်းမှာ အဆက်သွယ် မရှိဘူးလား..။တစ်ခုခု လုပ်ပေးလို့ ရလား.."
နောက်လိုက် တစ်ယောက်က ပြောလိုက်သည်..။
ရီဒါဖူ ခေါင်းခါယမ်းလိုက်ပြီး..
"ဒါက နောက်ကျသွားပြီ..။တုန်ကင်တွေ အကုန်လုံးက ကုန်သွားပြီလေ..။သူတို့က ငါတို့ကို ချွတ်ယွင်းချက် ပေးမှာမဟုတ်ဘူး.."
"ဒါဆို ဘယ်လိုလုပ်မလဲ.."
သနားစရာ နောက်လိုက်ဟာ..ဝမ်းနည်းစွာ ပြောလိုက်သည်..။
"ဒီမှာက ပါဝင်တဲ့လူတွေ များတော့ ယှဥ်ပြိုင်မူက တင်းကြပ်တယ်လေ..။မင်းက ကံဆိုးသွားတာပဲ..။ဒါပေမဲ့ ကံကောင်းချင်တော့ မင်းက ငယ်ရွယ်သေးပြီး နောက်တစ်နှစ်ကို စောင့်လို့ ရသေးတယ်.."
ရီဒါဖူ နှစ်သိမ့်လိုက်၏..။
တစ်ခြားလူတွေလည်း မကြည်မလင်ဖြစ်နေခဲ့ကြ၏..။သူတို့၏ ခေါင်းဆောင်တောင် မလုပ်နိုင်တဲ့ အရာကို သူတို့က ဘာတတ်နိုင်ကြဦး မှာလဲ...။
ကံဆိုးတဲ့ ကောင်လေး လက်လျော့တော့မယ့် အချိန်မှာပဲ..သူတို့ဟာ လက်ဖက်ရည်အိမ်က ကောင်လေးရဲ့ လက်ထဲမှာ တုန်ကင်တစ်ခု ရောက်နေတာကို တွေ့လိုက်ကြရသည်..။
"ဆျာ..ကျွန်တော် တုန်ကင်တစ်ခု ရလာခဲ့ပြီ.."
လူငယ်လေး တစ်ယောက်ဟာ ရှောင်နန်ဖန်းကို အပြုံးလေးနဲ့ ပြောလာခဲ့၏..။
ရီဒါဖူ နဲ့ တစ်ခြားလူတွေဟာ..လူငယ်လေးကို ကြည့်လိုက်ပြီး သူက စစ်ဆေးမူကို ကျော်ဖြတ်ကာ..သစ်သား တုန်ကင် ရထားသည့် တစ်ယောက်ဆိုတာကို ချက်ချင်းသိလိုက်သည်..။
ရှောင်နန်ဖန်း သူ့ကို ရွှေပြားနှစ်ဆယ် ထုတ်ပေးလိုက်ပြီး..
"ကတိ အတိုင်းပဲ..မင်းကို ကျေးဇူးကြွေးတင်သွားပြီ.."
"သင်္ဘောနဲ့သွားလာစရိတ်က အရမ်းကြီးတယ်လို့ ကျွန်တော် ကြားထားတယ်..။ကျွန်တော် အောင်မြင်တယ်ဆိုရင်တောင် ဒီလောက် ပိုက်ဆံကို တတ်နိုင်မှာမဟုတ်ဘူးလေ..။ဒီ ရွှေပြားနှစ်ဆယ်နဲ့ဆိုရင် ကျွန်တော် နောက်နှစ်တော့ သေချာပေါက်လိုက်လို့ရပါပြီ..။ကျွန်တော်ကသာ ကျေးဇူးတင်သင့်တာပါ.."
လူငယ်လေးက ပြန်ဖြေလိုက်သည်..။
"ဒါဆိုလည်း နှစ်ဖက်လုံး အကျိုးအမြတ် ရှိသွားတာပေါ့.."
ရှောင်နန်ဖန်း ပြုံးပြီး ပြောလိုက်၏..။
ရီဒါဖူ နဲ့ သူ့လူတွေဟာ ဒီမြင်ကွင်းကို သေချာ ကြည့်နေကြသည်..။
သူတို့က ရှောင်နန်ဖန်းရဲ့ အကွက်ကို နားလည်သွားခဲ့ကြ၏..။သူက သူ့ကိုယ်စား တစ်စုံတစ်ယောက်ကို တုန်ကင် ယူခိုင်းထားခြင်း ဖြစ်သည်..။
ရှောင်နန်ဖန်း တုန်ကင်ကို ရတာနဲ့..သင်္ဘောဆီကို ဦးတည်သွားလိုက်သည်..။အခု ဆိုရင် သူက တိုင်ချင် အင်မော်တယ် ဂိုဏ်းဆီကို သွားလို့ ရပြီဖြစ်၏..။သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် မာစတာ တစ်ယောက် ရှာနိုင်မလား ဆိုတာကတော့ နောက်ပိုင်း ပြသနာ ဖြစ်သည်..။
"ဒီလိုလည်း လုပ်လို့ ရတာပဲလား.."
နောက်လိုက်တစ်ယောက်ဟာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်..။
"သူက ဘာ သန္ဓေတည် အဆင့်မှ မဟုတ်ဘူး..။သူက ငါတို့ကို လှည့်စားသွားပဲ.."
ရီဒါဖူ ပြောလိုက်သည်..။
"ပြီးတော့ သူက ငါတို့ရှေ့မှာတောင် မောက်မာနေခဲ့သေးတယ်.."
"သခင်လေး.ကျွန်တော်တို့လည်း တုန်ကင် တစ်ခု ဝယ်လို့ မရဘူးလား.."
ကံဆိုးတဲ့ လူငယ်လေးက မေးလိုက်သည်..။
"အမြန်..တစ်စုံတစ်ယောက်က ရောင်းဖို့ ဆန္ဒရှိလား စုံစမ်းလိုက်.."
ရီဒါဖူ အမြန်ပြောလိုက်၏..။
"သိပါပြီ.."
ကျန်တဲ့လူတွေဟာ ဆိပ်ကမ်း တစ်လျောက်လုံး လိုက်မေးလိုက်ကြသည်..။
ဒါပေါ့..အဆုံးသတ်က သိနေပြီးပြီ ဖြစ်သည်..။ရီဒါဖူ၏ နောက်လိုက်များသည် တစ်ခြားသူများ၏ ဆဲဆိုခြင်း များကို သာ ခံလိုက်ကြရ၏..။ဘယ်သူကများ သူတို့ရထားတဲ့ တုန်ကင်ကို ရောင်းချင်မှာလဲ..။
အဆုံးမှာတော့..ကံဆိုးတဲ့နောက်လိုက် ဝင်ခွင့်ရဖို့အတွက် ရီဒါဖူနဲ့ ကျန်တဲ့လူတွေဟာ ရှောင်နန်ဖန်း သင်္ဘောပေါ် မရောက်ခင် ဝန်းရံထားဖို့သာ တတ်နိုင်ကြတော့သည်..။
"ဘာ ပြသနာ ရှိလို့လဲ.."
ရှောင်နန်ဖန်းသည် ရီဒါဖူ နှင့် သူ၏ နောက်လိုက်များကို အာရုံနောက်သည့် ပုံစံဖြင့် ကြည့်လိုက်သည်..။ဒီငနဲတွေက ဘာဖြစ်လို့ ငါ့နောက်တစ်ချိန်လုံး လိုက်နေတာလဲ...။
"မိတိဆွေ..ကျုပ်နာမည်က ရီဒါဖူပါ..။ကျွန်တော်မှာ တောင်းဆိုစရာလေးရှိလို့..။မိတ်ဆွေအနေနဲ့ ယဥ်ကျေးမူ တစ်ချို့ပြသပေးဖို့ မျှော်လင့်ပါတယ်.."
ရီဒါဖူ ပြောလိုက်သည်..။
"ဘာ ကိစ္စလဲ.."
ရှောင်နန်ဖန်း ကိုယ့်ကိုကို ထိန်းချုပ်ကာ ပြန်မေးလိုက်သည်..။
"ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တစ်ယောက်က တုန်ကင်ရဖို့ ကျရှုံးခဲ့တယ်လေ..။ပြီးတော့ သူက မိတ်ဆွေရဲ့ တုန်ကင်ကို စျေးကြီးပေးပြီး ဝယ်ချင်နေတာပါ..။မိတ်ဆွေရဲ့ တုန်ကင်က ရွှေပြား ၂၀ နဲ့ ဝယ်ခဲ့ရတာမလား..။ကျွန်တော်တို့ ၄၀ ပေးပါ့မယ်..။နောက်တစ်နှစ်စောင့်လိုက်တာနဲ့ မိတ်ဆွေက ရွှေပြား ၂၀ ရမှာလေ..။ဘယ်လိုသဘောရလဲ.."
ရီဒါဖူ ယုံကြည်မူ အပြည့်နှင့် ကမ်းလှမ်းလိုက်၏..။
"အဲတာ မင်းတို့ အလုပ်မဟုတ်ဘူး..။ငါ့ရဲ့ တုန်ကင်ကို ဘယ်သူ့မှ မရောင်းဘူး..."
ရှောင်နန်ဖန်း ပြတ်သားစွာ ပြောလိုက်၏..။
"ငါတို့ သခင်လေးက ထျန်ရူ အင်ပါယာရဲ့ ရီကလန် ကပဲ..။သူမင်းကို အကူညီတောင်းတာကတင် မင်းအတွက် ဂုဏ်ယူစရာ ဖြစ်နေပြီ.."
"မင်း ရီကလန် ကို မသိဘူးလား.."
"ငါတို့ကို ကျော်တာက မင်းအတွက် အဆုံးသတ် ကောင်းမှာ မဟုတ်ဘူးနော်.."
ရီဒါဖူ ၏ နောက်လိုက်များသည် ရှောင်နန်ဖန်းကို ဆက်တိုက် ဖိအားပေးနေခဲ့ကြ၏..။ရီဒါဖူကတော့ အလျင်မလိုခဲ့ပေ..။ဒီငနဲက နောက်ဆုံးတော့ လက်လျော့ရမယ်ဆိုတာကို သိနေခဲ့၏..။အခြေခံ စုစည်းမူ အဆင့် လူငယ်လေးက သူတို့ကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ...။
ရှောင်နန်ဖန်းသည် ဒီ လူငယ်လေးတွေကို ထူးဆန်းစွာ ကြည့်နေခဲ့သည်..။ရီကလန်က ဘာလဲဆိုတာ သူ မသိသလို ဂရုလည်း မစိုက်ပေ..။ထပ်ပြောရရင် ရီကလန် ရဲ့ လွှမ်းမိုးနိုင်စွမ်းက တိုင်ချင် အင်မော်တယ် ဂိုဏ်းအထိ မရောက်နိုင်တာ သူ ကျိန်းသေ သိ၏..။ဒီငနဲတွေက သူတို့၏ နောက်ခံနဲ့ ကြိုက်တာ လုပ်လို့ ရသည်ဟု တွေ့နေလျင်..သူတို့ထက် မိုက်မဲတဲ့လူဆိုတာ ရှိမှာမဟုတ်တော့ပေ..။
"မင်းတို့ပြီးပြီလား..။ပြီးရင် လမ်းဖယ်ပေးကြဦး..။ငါ သင်္ဘောပေါ်ကို တက်မလို့.."
ရှောင်နန်ဖန်း ခံစားချက်မဲ့စွာပဲ ပြောလိုက်၏..။
"ဟေး..ကောင်လေး..မင်း ငါတို့ပြောနေတာ မကြားဘူးလား..။ငါတို့ မင်းကို ဘာမှမလုပ်နိုင်ဘူးထင်နေတာလား.."
ကောင်လေးတစ်ယောက်က ပြောလိုက်၏..။
ရီဒါဖူ ၏ မျက်နှာမှာလည်း မောက်မာမူတွေ ရှိနေခဲ့သည်..။သူနှင့် သူလူတွေ ရှောင်နန်ဖန်းကို ဝန်းရံထားခြင်းက တုန်ကင်ကို အင်အားသုံးပြီး လုယူဖို့ ဆိုတာ ထင်ရှားလှ၏..။
"ဒါဆိုလည်း ကြိုးစားကြည့်လ်ိုက်လေ..။ငါ့ တုန်ကင်ပဲ ဆုံးရှုံးမလား..မင်းတို့ထဲက တစ်ယောက်ပဲ သွေးအန်မလား ဆိုတာ ငါ သိချင်သေးတယ်.."
ရှောင်နန်ဖန်း သူတို့ကို စိုက်ကြည့်လိုက်သည်..။
ရီဒါဖူ နဲ့ ကျန်တဲ့လူတွေဟာ တွန့်ဆုတ်သွားခဲ့၏..။သူက ဘယ်လိုလုပ် ယုံကြည်မူ ရှိနေတာလဲ..။သူက ခွန်အားကို ဖုံးကွယ်ထားတာလား..။သူတို့က မရှုပ်နိုင်တဲ့လူကို အပြစ်ပြုမိပြီလား..။
ဒီလိုဆိုရင် သူက ဘာလို့ တစ်ခြားတစ်ယေက်ကို တုန်ကင် ယူခိုင်းရတာလဲ..။ဒီလိုလည်း မဖြစ်နိုင်ပေ..။
ရှောင်နန်ဖန်း ရဲ့ ယုံကြည်မူရှိတဲ့လေသံ ကြောင့် ရီဒါဖူတို့ အုပ်စု တွေဝေသွားခဲ့သည်..။
ရှောင်နန်ဖန်း ၏ ပုံစံက ဒေါသထွက်နေပေမယ့် အမှန်တော့ တည်ငြိမ်နေခဲ့၏..။ဒီလို လူငယ်လေးတွေအတွက် ခြိမ်းခြောက်မူ တစ်ခုကပင် လုံလောက်ပြီ ဖြစ်သည်..။ထပ်ပြောရရင် သူတို့ တစ်ခုခု လုပ်ရန် ခက်ခဲလှ၏..။သူက တိုင်ချင် အင်မော်တယ် ဂိုဏ်းမှ သင်္ဘော၏ ရှေ့နားတွင်ဖြစ်သည်..။အကယ်၍ ဂိုဏ်းသားများ၏ ရှေ့တွင် တုန်ကင် လုယူမူ ဖြစ်တာက လူရယ်စရာ ဖြစ်လာတော့မှာ မဟုတ်ဘူးလား..။
အမှန်ပဲ..ခနအကြာမှာတော့ လေးနက်တဲ့ အော်သံတစ်ခုကို ကြားလိုက်ရ၏..။
"မင်းတို့ဘာလုပ် နေကြတာလဲ.။တိုက်ခိုက်ကြမလို့လား..။သင်္ဘောပေါ် မတက်ချင်ရင်တော့ ဆက်လုပ်ကြပေါ့ကွာ.."
ဒီအသံက ရီဒါဖူတို့ အုပ်စုကို သိသာစွာ ရည်ညွှန်းနေခဲ့၏..။သူတို့က ရှောင်နန်ဖန်းကို ဖယ်ပေးလိုက်ကြသည်..။
"စိတ်မကောင်းပါဘူး..။မင်း နောက်တစ်နှစ်ကို ထပ်စောင့်ရတော့မယ်.."
ရီဒါဖူ သည် ကံဆိုးတဲ့လူငယ်လေးကို စိတ်မကောင်းစွာ နှစ်သိမ့်လိုက်၏..။
"ငါတို့ မင်းကို တန်ချင်ဂိုဏ်းမှာ စောင့်နေပါ့မယိ.."
လူငယ်လေးဟာ ခေါင်းညိမ့်ယုံသာ တတ်နိုင်ခဲ့သည်..။
ရှောင်နန်ဖန်း အလျင်မလိုခဲ့ပေ..။သူက ရီဒါဖူ တို့ အဖွဲ့သားတွေ အကုန်တက်ပြီးသွားကာမှ စစ်ဆေးရေး နေရာဆီပို သွားကာ..တုန်ကင် ကတ်ကို စစ်ဆေးခံလိုက်သည်..။
"နန်ဖန်း လား..။အသက် ၁၆ နှစ်ပေမယ့် အခြေခံစုစည်းမူ အဆင့် ၆ ပဲ ရှိသေးတယ်.."
စစ်ဆေးရေး အတွက် တာဝန်ယူသည့် အစောင့်က ပြောလိုက်ခြင်းဖြစ်သည်..။သူက ဘယ်လိုဖြစ်ပြီး တုန်ကင်ကို ရလာတာလဲ..။
"ကျွန်တော် ဒီ တုန်ကင်ကို အဆက်အသွယ်နဲ့ ရထားတာပါ.."
တပည့်ဖြစ်သူဟာ မျက်တောင်ခတ်လိုင်၏..။ဒီ လူငယ်လေးက တိုင်ချင် ဂိုဏ်းမှာ ကြီးမားတဲ့နောက်ခံ ရှိနေတာလား..။ဒါက သူတို့ သွားရှုပ်လို့ ရတဲ့အရာ မဟုတ်ပေ..။
"ခရီးအတွက် ရွှေပြား ၂၀ ပေးရလိမ့်မယ်.."
တပည့်ဖြစ်သူဟာ ဆက်ပြီးပြောလိုက်သည်..။
ရှောင်နန်ဖန်း၏ အိပ်ကပ်ထဲတွင် ရွှေပြား ၂၀ ရှိနေသေး၏..။သူ ငမွဲတစ်ယောက်ဖြစ်တော့မှာ ဆိုပေမယ့် ပိုက်ဆံ သုံးဖို့ အတွက်က ရှောင်လွှဲလို့မရပေ..။
ရီဒါဖူ နဲ့ ကျန်တဲ့လူတွေကတော့ ရှောင်နန်ဖန်း သင်္ဘောပေါ် တက်လာတာကို အတော်ဝေးဝေးကနေ စောင့်ကြည့်နေခဲ့ကြသည်..။
"ငါတို့ သင်္ဘောပေါ်မှာတော့ ဘာမှလုပ်လို့ ရမှာမဟုတ်ဘူး..။နောက်ပိုင်းသူ့ကို ပညာပေးဖို့ အချိန်တွေ ရှိလာလိမ့်မယ်..သူ့ကိုသာ စောင့်ကြည့်ထားကြ.."
ရီဒါဖူ ညွှန်ကြားလိုက်သည်..။
"သိပါပြီ.."
ဒီသင်္ဘောက ရှောင်နန်ဖန်း ၏ အရင်ဘဝမှ အပျော်စီးသင်္ဘောနှင့်ပင် တူနေခဲ့သည်..။အဓိက သင်္ဘောကုန်းပတ်က ရှေ့ဘက်တွင်ဖြစ်ပြီး ငါးဖမ်း သည့် နေရာက နောက်ဘက်တွင်ဖြစ်၏..။သင်္ဘောတွင် အထပ်သုံးထပ် ပါဝင်ပြီး အောက်ဘက်နှစ်ထပ်က ဧည့်သည်များကို ထားကာ တတိယ အထပ်က အနိုပ်ခန်းနှင့် စားသောက်ခန်းများဖြစ်သည်..။ ရှောင်နန်ဖန်း၏ အခန်းက အိပ်ယာ လေးခု ပါဝင်သည့် ပထမ ထပ်မှ အခန်းဖြစ်၏..။ရှောင်နန်ဖန်း၏ ကုတင်က ပြတင်းပေါက် ဘက်တွင်ဖြစ်သည်..။
သူ အိတ်ကို ချကာ..အိပ်ယာပေါ်မှာ ဇိမ်ကျကျ လဲလျောင်းလိုက်ပြီး တာအ်ိုကျမ်းစာ တစ်ခုကို စတင် ဖတ်နေခဲ့၏..။
သင်္ဘောစတင် ရွက်လွှင့်သည့် အချိန်မှာတော့ ပြတင်းပေါက်မှ တဆင့် အဆုံးမရှိကျယ်ပြန့်သည့် ပင်လယ်ကြီးကို မြင်နေခဲ့ရသည်..။ရှောင်နန်ဖန်း အပြင်ကို ကြည့်လိုက်ပေမယ့် ဘာစိတ်ဝင်စားစရာ မှ မရှိတာကြောင့် စာလိပ်ကိုသာ ပြန်ဖတ်နေခဲ့သည်..။
တစ်ခြားအခန်းဖော် များသည် တိုက်ဆိုင်စွာဖြင့်
ရီဒါဖူ ၏ နောက်လိုက်များ ဖြစ်နေခဲ့သည်..။သူတို့က စာလိပ်ကို ဇိမ်ကျကျ ဖတ်နေသည့် ရှောင်နန်ဖန်းကို အေးစက်တဲ့ အကြည့်များဖြင့် ကြည့်နေခဲ့ကြ၏..။ကြည့်ရတာတော့ သူတို့နှင့် ဇာတ်လမ်းက ရှောင်လွှဲလို့ ရပုံ မပေါ်တော့ပေ..။