← Chapters

နတ်ဘုရား ငါးဖမ်းခြင်း

Vol. 1 Ch. 6

နတ်ဘုရား ငါးဖမ်းခြင်း

Vol. 1 Ch. 6

#ဘာသာပြန် = စမင်းသိုက်

နှစ်ရက်ကြာပြီးနောက်..။

တတိယ ထပ်ရှိ စားသောက်ဆိုင်ထဲတွင်..။

ရီဒါဖူသည် စားပွဲတစ်ခု၏ ထိပ်တွင် ထိုင်နေပြီး သူ၏ နောက်လိုက်များကတော့ ဘေးထိုင်ခုံများတွင် ရှိနေကြ၏..။

"ဟို ကောင်လေး ဘာတွေလုပ်နေလဲ.."

ရီဒါဖူ သူ၏ နောက်လိုက်တစ်ယောက်ကို မေးလိုက်ခြင်း ဖြစ်သည်..။

"ကျွန်တော် အစောင့်တစ်ယောက်ကို ငွေပေးပြီး သူ့ရဲ့အချက်အလက်တွေကို ကြည့်လိုက်သေးတယ်..။သူက အသက် ၁၆ နှစ် ..အခြေခံစုစည်းမူ အဆင့် ၅ ပဲ ရှိသေးတယ်.."

"အသက်က ၁၆ နှစ်ရောက်နေပြီကို အခြေခံ စုစည်းမူ အဆင့် ၅ ပဲ ရှိသေးတာလား..။သူက ငါတို့ကို တစ်ချိန်လုံး လိမ်ညာထားတာပဲ.."

ရီဒါဖူ နှင့် သူ၏ နောက်လိုက်များက ရေရွတ်လိုက်ကြသည်..။

လူတိုင်းက ရှောင်နန်ဖန်း အားနည်းသည်ဟု သိထားသော်လည်း ဒီလောက်အထိ အားနည်းနေ လိမ့်မယ်လို့ မထင်ထားကြပေ..။

"ဒီ အဆင့်နဲ့ တိုင်ချင် အင်မော်တယ် ဂိုဏ်းကို ဝင်ဖို့ကြိုးစားနေတာလား..။သူ အပြင်စည်းတပည့်တောင် ဖြစ်လာမှာ မဟုတ်တာ ကျိန်းသေတယ်..။သူက ဘာဖြစ်ချင်နေတာလဲ.."

ရီဒါဖူ နိမ့်ချစွာ ပြောလိုက်ခြင်းဖြစ်သည်..။

"သခင်လေး..ကျွန်တော်တို့ သုံးယောက်က သူနဲ့တစ်ခန်းတည်းလေ..။သူက အတော်လေး ထူးဆန်းတယ်လို့တောါ ကျွန်တော်ထင်တယ်.."

"ထူးဆန်းတယ်လား.."

ရီဒါဖူ သိချင်စွာ မေးလိုက်၏..။

"အမှန်ပဲ...။သူက ပြီးခဲ့တဲ့ နှစ်ရက်စလုံး အခန်းအပြင်ကိုတောင် မထွက်ဘူး..။သူက ကျွန်တော်တို့ ပထမဆုံးတွေ့ခဲ့တဲ့ လဖက်ရည်အိမ်က ဝယ်ခဲ့တဲ့ စာလိပ်တွေကိုပဲ မိုးလင်းကနေ မိုးချုပ်အထိ ဖတ်နေတာ.."

နောက်လိုက်တစ်ယောက်သည် ပြောပြလိုက်၏..။

"အဲတာ ဘာစာလိပ်တွေလဲ.."

"အဲတာ တွေက တာအိုကျမ်းစာတွေထင်တယ်...။အဲတာတွေကို နားလည်ဖို့ ဆိုတာက မလွယ်ကူဘူး..။ကျွန်တော် တို့ လှမ်းချောင်းကြည့်ပြီး နားလည်ဖို့ကြိုးစားရင်တောင် ခေါင်းကိုက် သလို ဖြစ်လာတယ်..။ပြီးတော့ ကျွန်တော်တို့ မြင်ရသလောက်တော့ သူ့မှာ ပါလာတာ ဆိုလို့ အဝတ်အစား နှစ်စုံနဲ့ စာလိပ်တွေပဲ ရှိတယ်..။သူက တကယ်ကိုဆင်းရဲတဲ့ ခွေးသားလေး ပဲ..."

"ဆင်းရဲတဲ့ ခွေးသားလေးလား..။သူက တုန်ကင်အတွက် နောက်ထပ် ရွှေပြားနှစ်ဆယ်ပိုပေးတာကိုတောင် မယူဘူးလေ..။သူက တိုင်ချင်ဂိုဏ်းရဲ့ တပည့်ဖြစ်လာဖို့ကို အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်.."

"ဒီ ခွေးသားလေးက ကျွန်တော်တို့ ရှေ့မှာတောင် မောက်မာနေရဲသေးတယ်..။တကယ်လို့သာ သူ့ကို သင်ခန်းစာ မပေးနိုင်ဘူးဆိုရင် သူ့က်ိုမြင်တိုင်း စိတ်ရှုပ်နေမိတော့မှာပဲ.."

နောက်လိုက်တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်..။

ရီဒါဖူ ခေါင်းညိမ့်လိုက်၏..။သူလည်း ဒီအတိုင်း စဥ်းစားနေသည်မှာ ထင်ရှားလှသည်..။ရှောင်နန်ဖန်းက သူ့နောက်လိုက်တွေ ရှေ့တွင့် သူ့ကို မျက်နှာပျက်အောင် လုပ်ခြင်းက သူ့ကို အရှက်ခွဲခြင်း ဖြစ်၏..။

အဲ့အချိန်မှာတော့ ရှောင်နန်ဖန်းသည် နတ်ဘုရား ငါးဖမ်းခြင်း အနုပညာ စာလိပ်ကို ဖတ်နေခဲ့သည်..။ဒါက ကျင့်ကြံခြင်း နည်းစနစ်တစ်ခု မဟုတ်သော်လည်း နတ်ဘုရား စိတ်ဆန္ဒကို ငါးစာအဖြစ် ထားသည့် နည်းလမ်းကို ဖော်ပြထားခဲ့သည်..။

ဒီစာလိပ်အတွင်းမှ နတ်ဘုရားစိတ်ဆန္ဒသည် စိတ်ဝိဥာဥ် စွမ်းအင်ကို ​ဆိုလိုသည်ကို ရှောင်နန်ဖန်း ကျိန်းသေ သိနေခဲ့၏..။အကယ်၍ စိတ်ဝိဥာဥ် စွမ်းအင်ဟု တိုကိရိုက် ရေးထားလျင် ဒီစာလိပ်ကို တစ်စုံတစ်ယောက်က အစောကတည်းက ဝယ်ထားပြီးပြီဖြစ်သည်..။

"နတ်ဘုရား ငါးဖမ်းခြင်း "

သူက စွမ်းဝိဥာဥ် စွမ်းအင်ကို လေ့ကျင့်သည့် လူတစ်ယောက် ဖြစ်၏..။သူ ဒီနည်းစနစ်ကို စမ်းပြီး လေ့ကျင့်သင့်လား..။

သူ နတ်ဘုရားငါးဖမ်းခြင်း အနုပညာကို ဖတ်ပြီးနောက် တရားထိုင်ပြီးသည့် အချိန်တွင် ညနေ ရောက်နေပြီဖြစ်သည်..။ရှောင်နန်ဖန်း အပြင်ဘက်ကို ထွက်ကာ လှည့်ပတ်ကြည့်ရူပြီးသည့် နောက်တွင် အနောက်ဘက် ငါးမြှားသည့် နေရာကို ရောက်လာခဲ့သည်..။

ဒီနေရာမှာတော့ လူငယ် တစ်ဒါဇင်ခန့်သည် စိတ်ရှည်စွာ ငါးမြှားနေခဲ့ကြ၏..။

ရှောင်နန်ဖန်း ဒီနေရာ၏ တာဝန်ရှိသူထံကို လျောက်သွားလိုက်သည်..။

"ငါးမြှားတံတစ်ချောင်း ငှားချင်လို့ပါ.."

"ဒါက ရွှေပြားတစ်ပြား ပေးရမယ်.."

တာဝန်ရှိသူသည် ပြန်ဖြေလိုက်၏..။

ငါးမြှားတံလေးငှားဖို့ကို ရွှေပြားတစ်ပြား ကျသင့််တာလား..။သို့ပေမယ့် သူ ကုန်ကျမယ် ဆိုရင်တော့ ဒီနည်းစနစ်က အမှန်ပဲ စိတ်ဝိဥာဥ် စွမ်းအင်နဲ့ သုံးလို့ ရလား ဆိုတာကို သူ စမ်းသပ်ချင်နေခဲ့သည်..။

သူ လူတစ်ချို့နှင့် ဝေးကွာသည့် နေရာကောင်းတစ်ခုကို တွေ့လိုက်တာကြောင့်..ငါးမြှားတံကိုယူပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်..။

"ဟေး..ကောင်လေး..။မင်း ငါးစာ လည်း မထည့်ရသေးဘူးလေ.."

သူ့ဘေးနားက လူငယ်လေးတစ်ယောက်က မနေနိုင်တော့ပဲဝင်ပြောလိုက်ခြင်းဖြစ်သည်..။

သူ့ဘေးနားက လူများကလည်း လှည့်ကြည့်လာခဲ့ပေမယ့် ရှောင်နန်ဖန်း လျစ်လျူရူ ထားခဲ့၏.။

အဲဒီအစား သူ့ မျက်လုံးတွေကို မှိတ်ထားခဲ့သည်..။သူ၏ စိတ်ဝိဥာဥ် စွမ်းအင်များကို နှာဖူးတွင် စုစည်းပြီး ထိုမှ တဆင့် ငါးမြှားတံ၏ ထိပ်ဖျားကို ပိူ့ဆောင်လိုက်သည်..။

ရှောင်နန်ဖန်း ရေမျက်နှာကို မမြင်ရပေမယ့် ကျမ်းစာထဲမှာ အတိုင်းသာ စိတ်ဝိဥာဥ်စွမ်းအင်ကို အသုံးပြုနေခဲ့သည်..။

ပြီးခဲ့သည့် အချိန် သူ စိတ်ဝိဥာဥ် စွမ်းအင်ကို အသုံးပြုခဲ့သည်မှာ ဝံပုလွေကို ထိန်းချုပ်ရန် အတွက် ဖြစ်၏..။

ဘယ်သူမှ သတိမထားမိပေမယ့် ငါးတွေကတော့ ရှောင်နန်ဖန်း၏ ငါးမြှားတံတွင် မှိန်​ဖျော့သည့် အပြာရောင် အလင်းတန်းထွက်နေသည်ကို တွေ့ကြရသည်..။ငါးတွေသည် စိတ်ဝိဥာဥ် စွမ်းအင်ကို ခံစားမိပြီး ငါးမြှားတံဆီ ချက်ချင်းစုဝေးလာခဲ့ကြ၏..။

သင်္ဘောက လျင်မြန်စွာ ရွှေ့လျားနေသည့်တိုင်အောင် ကြီးမားသည့် ငါး တွေသည် အနားကို စုစည်းလာခဲ့ကြသည်..။

"ငါးတွေကို ကြည့်လိုက်ဦး..။ငါတို့ ငါးအသိုက်တစ်ခု ပေါ်ကို ဖြတ်လာတာလား.."

ငါးမြှားနေသည့် လူငယ်လေးတစ်ယောက်က မှတ်ချက်ပေးလိုက်သည်..။

"အမြန်...ဘယ်သူ့ငါးက ကြီးမလဲ ဆိုတာ ကြည့်ကြတာပေါ့.."

နောက်ထပ် တပည့်တစ်ယောက် က အကြံပေးလိုက်၏..။

တစ်ခြားတပည့်တွေဟာလည်း ငါးမြှားတံတွေကို ချလိုက်ကြပေမယ့် သူတို့ရဲ့ ငါးမြှားချိတိတွေကို ဘယ်ငါးကမှ စိတ်မဝင်စားကြပေ..။

"ဘယ်လိုဖြစ်နိုင်မှာလဲ..။ဒီမှာ ငါးတွေ အများကြီး ရှိနေတာတောင် ဘာလို့ မမိတာလဲ..။ငါ့ရဲ့ ငါးစာက အထူးပြုလုပ်ထားတာကို.."

"မဖြစ်နိုင်တာ..ငါ တစ်ကောင်မှ မမိဘူးဆိုတာ မဖြစ်နိုင်ဘူး.."

လှေတစ်ခုလုံးက ငါးစာတွေက တကယ်ကို ကောင်းမွန်ပေမယ့် ရှောင်နန်ဖန်း၏ ငါးစာကိုတော့ မမှီခဲ့ပေ..။ငါးများအတွက်ကတော့ ဒီလို စိတ်ဝိဥာဥ် အစာက နဂါး​အဖြစ် ပြောင်းနိုင်ရန် အခွင့်အရေး တစ်ခုလိုဖြစ်သည်..။

ဘယ်ငါးကမှ ဒီလို အခွင့်အရေးကို လက်မလွတ်ချင်ကြပေ..။သူတို့က ဒီအစာကို ရရှိဖို့ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေခဲ့ကြ၏..။

အဲ့အချိန်မှာတော့ ရှောင်နန်ဖန်း၏ မျက်နှာက ဖြူဖျော့နေခဲ့သည်..။

"ဒါက တကယ်ကို အားကုန်လွယ်တဲ့ နည်းစနစ်ပဲ.။ငါ့ရဲ့ စိတ်ဝိဥာဥ် စွမ်းအင် တစ်ဝက်လောက် သုံးပြီးနေတာတောငိ ငါး မရသေးဘူး..။ငါ ထပ်ပြီး တောင့်မခံနိုင်လောက်တော့ဘူး..။ဘယ်ငါးကမှ မကိုက်ရင် ငါ အပေါ်ကို ပြန်ဆွဲတင်တော့မယ်.."

အဲ့အချိန်မှာပဲ အရိပ်တစ်ခုသည် ငါးများ ကြားထဲတွင် ပေါ်လာခဲ့သည်..။သူ၏ မျကိလုံးများက ရွှေရောင်တောက်ပနေပြီး ကြောက်လန့်စရာ အော်ရာများရှိနေသဖြင့် တခြား ငါးများက ဖယ်ပေးလိုက်ကြသည်..။

ဒီငါးက သူ့ရှေ့တွင် ပိတ်နေသည့် ငါးနှစ်ကောင်ကို အမြီီးနှင့် ရိုက်ကာ လွင့်စင်သွားစေခဲ့သည်..။

သူက တစ်ခြား ဘယ်ပြိုင်ဘက်မှ အနားကို မလာရဲတာ သေချာမှ..ငါးစာကို သွားပြီး ကိုက်လိုက်၏..။

ရှောင်နန်ဖန်း၏ ငါးမြှားတံသည် အလေးချိန်သက်ရောက်လာတာကြောင့် တင်းလာခဲ့သည်..။

"ဟင်..ဘယ်လိုဖြစ်နိုင်မှာလဲ.."

"ငါးတွေ အများကြီးက သူ့ကို ပဲ ရွေးချယ်ကြတယ်.."

"သူ့ ငါးမြှားတံက ငါးစာမှ မရှိတာကို..။ဒီငါးတွေက ကန်းနေကြတာလား."

"ကြိုးက ဒီလောက်အထိ တင်းနေမှတော့ ငါး အကြီးပဲဖြစ်လိမ့်မယ်.."

ကြိုးက ဖြည်းဖြည်းချင်း တင်းလာတဲ့ အချိန်မှာတော့ရှောင်နန်ဖန်း လက်ကိုမြှောက်ပြီး အပေါ်ကို ဆွဲတင်လိုက်သည်..။

သူ့ရဲ့ ရုတ်တရက် ခွန်အားကြောင့် ငါးက လေပေါ်ကိုပျံတက်ပြီး ကုန်းပတ်ပေါ် ရောက်လာခဲ့၏..။

"ငါ တကယ်ပဲ နဂါးတစ်ကောင်ကို ဖမ်းမိလိုက်တာလား..။အတော်ရုပ်ဆိုးတာပဲ.."

ရှောင်နန်ဖန်း ရေရွတ်လိုက်၏..။

"ငါးရှဥ့် ..ဒီလောက်ကြီးတဲ့ ငါးရှဥ့် ပြီးတော့ ဒါက ရွှေရောင်.."

"မဟုတ်ဘူး..ဒါက ပုံမှန် ငါးရှဥ့်မဟုတ်ဘူး..။သူ့ရဲ့ မျက်နှာပြင်က ရွှေရောင် တောက်နေတာလေ..။ဒီတော့ စိတ်ဝိဥာဥ် ငါးရှဥ့်ပဲဖြစ်ရမယ်.."

"စိတ်ဝိဥာဥ် ငါး ရှဥ့်လား..။သူ့ တစ်ကိုယ်လုံးက စိတ်ဝိဥာဥ် တွေ ပါနေတာလား..။ဒီလောက် အကြီးကြီး ဖမ်းမိဖို့က မဖြစ်နိုင်ဘူး.."

ရွှေရောင် ငါးရှဥ့်ဟာ ကုန်းပတ်ပေါ်ကနေ ပင်လယ်ထဲ ပြန်သွားဖို့ အစွမ်းကုန် ခုန်ပေါက်နေခဲ့တယ်..။ရှောင်နန်ဖန်း ဘာလုပ် နိုင်သေးခင်မှာပဲ တာဝန်ခံ တပည့်ဟာ ရောက်လာခဲ့ပြီး ငါးကို လက်သီးနဲ့ ထိုးချလိုက်ပါတယ်..။

"မင်းတကယ် ကံကောင်းတာပဲ.."

တာဝန်ခံ တပည့်ဟာပြောလိုက်သည်..။

"ဒီလို ရွှေရောင် ငါးရှဥ့်က ရွှေပြားတစ်ရာလောက် တန်တယ်.."

"ရွှေရောင် ငါးရှဥ့်လား.."

ရှောင်နန်ဖန်း အံ့ဩသင့်စွာ ရေရွတ်လိုင်၏..။

"ငါးကို ရောင်းရင် ရွှေပြား သုံးရာ ပေးမယ်.."

"ငါ ရွှေ​ပြား ၃၅၀ ပေးမယ်.."

"ငါ လေးရာ ပေးမယ်.."

တပည့်တွေဟာ အပြိုင်အဆိုင် စျေးပေးလာကြပေမယ့် ရှောင်နန်ဖန်း ခေါင်းခါယမ်းလိုက်တယ်..။

"အားလုံးကိုတောင်းပန်ပါတယ်..။ကျွန်တော်က ကိုယ့်ဟာကို စုပ်ယူမှာလေ.."

"မင်းက စုပ်ယူချင်တာလား..။ဒါဆိုရင် အမြန်လုပ်မှရမယ်.။အချိန်ကြာရင် စိတ်ဝိဥာဥ်စွမ်းအင်တွေ လျော့နည်းလာလိမ့်မယ်..။စားဖိုဆောင်ကို မင်းအတွက် ချက်ပြုတ်ပြင်ဆင်ခိုင်းလိုက်မယ်လေ..။ဒါပေမဲ့ မင်းငါတို့အတွက် တစ်ဝက်ပေးဖို့တော့ လိူလိမ့်မယ်.."

"သဘောတူတယ်.."

ရှောင်နန်ဖန်း သဘောတူလိုက်သည်..။

"ကောင်းမွန်တဲ့ ရွေးချယ်မူပဲ..။ငါ တို့ မင်းရဲ့ ရက်ရောမူအတွက် ကျေးဇူးတင်ပါတယ်။ဒီမှာ တံဆိပ်ပြားပဲ ...မနက်ဖြန် မနက်ကျရင် စာသေက်ဆိုင်ကို ယူလာခဲ့ပါ..။မင်းအတွက် လတ်ဆတ်တဲ့ ငါးရှဥ့်ကို ပြင်ဆင်ပေးထားမယ်.."

"ကောင်းပြီ.."

ရှောင်နန်ဖန်း တံဆိပ်ပြားကို လက်ခံပြီး ခေါင်းညိမ့်လိုက်သည်..။

"ဘာလို့ ဆက်ပြီးမမျှားတာလဲ..။နောက်ထပ်တောငိ ဖမ်းမိနိုင်လောက်တယ်လေ.."

တပည့်ဟာ ကမ်းလှမ်းလိုက်သည်..။သူက ကျန်တဲ့ လက်အောက်ငယ်သားတွေကို ငါးရှဥ့်ကို စားဖိုဆောငိဆီယူသွားရန် ညွှန်ကြားလိုက်၏..။

"ဟုတ်တယ် ညီအစ်ကို ..မင်းက ဘာ ငါးစာမှ မပါပဲ စိတ်ဝိဥာဥ် ငါးကို ဖမ်းသွားတာလေ..။ငါတို့ကိုလည်း သင်ပေးပါဦး.."

လူတိုင်းက ဒီနည်းနစ်ကိုသင်ချင်နေကြသည်..။

"ဒါအကုန် ကံကောင်းမူတစ်ခုဖြစ်သွားတာပါ..။ကျေးဇူးပြုပြီး ဆက်မျှားကြပါ.."

ရှောင်နန်ဖန်း ဂါဝရပြုပြီး ထွက်ခွာသွားခဲ့၏..။

သူ့ ရဲ့ စိတ်ဝိဥာဥ် စွမ်းအင်တွေ အတော်လျော့နည်းသွားခဲ့၏..။ဒီနည်းနစ်က အတော်လေးကို ပင်ပန်းနွယ်နယ်စေသည်..။

တစ်ခြားတပည့် တွေဟာလည်း ဘာမှမပြောကြတော့ပေ..။ဒီကောင်လေးက ကံကောင်းသွားခြင်းသာ ဖြစ်နိုင်၏..။ဒီလိုဆိုလျင် သူတို့ သင်ယူနိုင်တာ ဘာမှ မရှိတော့ပေ..။

"ငါတို့ ဆက်မျှားနေရင်လည်း တစ်ကောင်လောင်တော့ ရနိုင်မှာပါ.."

သို့ပေမယ့် သူတို့ ငါးမျှားချိတ်တွကို ပြန်ပြီးကြည့်လိုက်တဲ့ အချိန်မှာတော့ အစောက ငါးတွေဟာ မရှိကြတော့ပေ..။

All Chapters