အံ့ဩသင့်စရာ
Vol. 1 Ch. 10
ဘာသာပြန် = စမင်းသိုက်
ကျန်းလင်းချန် သည် သူမ၏ အခြေအနေကို ပြန်ကြည့်မိလိုက်သည့် အချိန်တွင် ချက်ချင်းဒေါသတွေ ထွက်လာခဲ့သည်..။
သူမ ၏ တုန့်ပြန်မူကို မြင်လိုက်ပြီး ရှောင်နန်ဖန်း သည် သူ၏ အပြစ်ကင်းစင်မူကို ကာကွယ်ရန် လုပ်လိုက်သည်..။သို့ပေမယ့် ဒါက နောက်ကျ သွားပြီဖြစ်၏..။
ကျန်းလင်းချနိ သူမ၏ ညာဘက်လက်ကို ရုတ်တရက် ဆန့်တန်းလိုက်ပြီး ရှောင်နန်ဖန်း၏ လည်ပင်းကို ညှစ်ထားလိုက်သည်..။
"နငိ ဒီအတွက် ပေးဆပ်ရလိမ့်မယ်.."
သူမ ရှောင်နန်ဖန်း၏ လည်ပင်းကို ညှစ်ထားတုန်း သူမ၏ အခြေအနေကို သေချာစစ်ဆေးလိုက်သည်..။
ကံကောင်းချင်တေ့ သူမ၏ အဝတ်အစားများ မရှိတော့ပေမယ့် ဘာမှ ဖြစ်ထားသည့်ပုံ မပေါ်ပေ..။သူမက အပျိုတစ်ယောက်သာ ဖြစ်နေသေး၏..။
အံ့ဩစွာပဲ ကျန်းလင်းချန် သူမရှေ့က လူငယ်လေးကို ကြည့်လိုက်သည်..။ရှောင်နန်ဖန်း ကတော့ လည်ပင်းအစ်နေတာကြောင့် ဘာအသံမှ မထွက်နိုင်ခဲ့ပေ..။သူ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီဖြစ်၏..။
"ဘာဖြစ်တာလဲ..."
ကျန်းလင်းချနိ မေးလိုက်သည်..။
ရှောင်နန်ဖန်း သူ၏ လည်ပင်းနှင့် ပါးစပ်ကို ညွှန်ပြကာ စကားပြောလို့ မရကြောင်း အမူအရာပြလိုက်သည်..။
ကျန်းလင်းချန် ဖြေလျော့ပေးလိုက်၏..။
ရှောင်နန်ဖန်း ချောင်းဆိုးကာ အမောတကော အသက်ရူလိုက်ပြီး...
"ကျုပ်လည်း သေချာမသိဘူး..။ကျုပ်အစောက သတိလစ်နေတာ..။ပြန်နိုးလာတဲ့ အချိန်ကျတောါ အားလုံးက သတိလစ်နေကြတယ်လေ..။အဲ့အချိန်မှာ ခင်ဗျားရဲ့ အဝတ်တွေ မရှိတာကို သတိထားမိလိုက်ပြီး ကျုပ်ရဲ့ ဝတ်ရုံနဲ့ ခြုံပေးထားတာ..။ကျုပ်တကယ် ဘာမှ မသိဘူး.."
ကျန်းလင်းချန် အတွေးနက်သွားခဲ့သည်..။ဒီကောင်လေးက လိမ်ညာနေတာလား..။သူမ ဒီလိုတော့ မထင်ပေ..။သူ၏ ဝတ်ရုံဖြင့် သူမကို ဖုံးအုပ်ပေးထားသည်က အမှန်ပင်ဖြစ်၏..။သူက သူမရဲ့ အရှက်ကို ကယ်တင်ပေးဖို့ ကြိုးစားပေးခဲ့တာလား..။
"ဒေါင်လင် ဘယ်မှာလဲ..။ယင် ပုလဲ လုံးကရော ဘယ်မှာလဲ..."
ကျန်းလင်းချန် ရှောင်နန်ဖန်းကို စိုက်ကြည့်ပြီး မေးလိုက်သည်..။သူမက လွယ်လွယ်နဲ့ ယုံကြည်မှာ မဟုတ်ဘူး ဆိုတာက ထင်ရှား၏..။
"ကျုပ်တကယ် မသိဘူး..။ကျုပ် နိုးလာတဲ့ အချိန်မှာ မြင်တာက ဒါအကုန်ပဲ.."
ရှောင်နန်ဖန်း ရိုးသားတဲ့ မျက်နှာနှင့် ပြန်ဖြေလိုက်သည်..။သူက ရှောင်အိမ်တော်က ဥာဏ်များသည့် အဖိုးကြီးကိုတောင် လှည့်စားနိုင်ခဲ့တာကြောင့် ကျန်းချန်းလင်ကို ကျော်ဖြတ်ဖို့က ပြသနာမဟုတ်ပေ..။
ကျန်းလင်းချန် ရှောင်နန်ဖန်းကို နောက်တစ်ခေါက် အေးစက်စွာ စိူက်ကြည့်လိုက်သည်..။
"နင်က ဒေါင်လင် မလား...။နင်က လူငယ်လေးကို သိမ်းပိုက်ပြီး ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား.."
"တကယ် မဟုတ်ဘူး.."
ကျန်းလင်းချန် ၏ လက်က နောက်တစ်ကြိမ် အားထည့်လာတာကြောင့် ရှောင်နန်ဖန်း အော်ပြောလိုက်သည်..။
"ငါ နင့်ကို ဘယ်လို ယုံကြည်ရမှာလဲ..။ဘယ်သူမှ မနိုးခင်မှာ နင်က ဘာလို့ အရင်နိုးလာတာလဲ..။နင် လိမ်ညာ နေတာပဲဖြစ်ရမယ်..."
ကျန်းလင်းချန် စွပ်စွဲလိုက်၏..။
ရှောင်နန်ဖန်း ချောင်းဆိုးလိုက်ပြီး..
"အဲတာက ကျုပ်မှာ စိတ်ဝိဥာဥ် စွမ်းအင်တစ်ချို့ ရှိနေလို့ပဲ ဖြစ်ရမယ်.."
"စိတ်ဝိဥာဥ် စွမ်းအင်လား..။နင်က ငယ်ငယ်လေးပဲ ရှိသေးတာလေ..။နင့်မှာ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ.."
"အမှန်ပဲ..ဒီမှာ ကြည့်လိုက်.."
ရှောင်နန်ဖန်း၏ စိတ်ဝိဥာဥ် ပင်လယ်ကနေ ပါးလွှာသည့် အပြာရောင် အလင်းတန်းလေး ထွက်လာခဲ့ပြီး ကျန်းလင်းချန် ဒါကို အလွယ်တကူပဲ ခံစားနိုင်ခဲ့သည်..။
သူမ စိတ်ဝိဥာဥ် စွမ်းအင်ကို တစ်ခြားလက်တစ်ဖက်နဲ့ ဖမ်းယူလိုက်ပြီး ဂရုတစိုက်ကြည့်လိုက်၏..။သူမ၏ လက်နှစ်ဖက်လုံး အလုပ်ရှုပ်နေတာကြောင့် သူမကိုယ်ပေါ်က ဝတ်ရုံက အောက်ကို ပြုတ်ကျသွားကာ ခန္တာကိုယ် အစိတ်အပိုင်းများ ပြန်ပေါ်လာခဲ့သည်..။
သို့ပေမယ့် ကျန်းလင်းချန် ဂရုမစိူက်ပေ..။ဘာပဲဖြစ်ဖြစ် ဒီလူငယ်လေးက အစောကတည်းက သူမ၏ ခန္တာကိုယ်ကို မြင်ထားပြီးပြီဖြစ်၏..။
ကျန်းလင်းချန် မျက်မှောင်ကျုတ်လိုက်ပြီး..
"ဒီ စိတ်ဝိဥာဥ် စွမ်းအင်က ဒေါင်လင်နဲ့ မတူဘူး..။နင်က သူ မဟုတ်ဘူး..။နင်တကယ်ပဲ ဒီအသက်အရွယ်နဲ့ စိတ်ဝိဥာဥ် စွမ်းအင်ကို ပိုင်ဆိုင်ထားတာလား.."
ရှောင်နန်ဖန်း သူ့ လည်ပင်းကို နောက်တစ်ကြိမ် ထိုးပြလိုက်သည်..။
ကျန်းလင်းချန်ကတော့ ရှောင်နန်ဖန်းကို ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်..။သူမ တကယ်ပဲ မှားပြီး စွပ်စွဲမိသွားပြီလား..။သူမရဲ့ ခန္တာကိုယ်ကို မြင်သွားတာကြောင့် ဒီကောင်လေးကို သတ်လိုက်သင့်လား..။မဟုတ်ဘူး..သူက ကူညီပြီး ဖုံးကွယ်ပေးဖို့ ကြိစားခဲ့တာပဲ..။
ကျန်းလင်းချန် နောက်ဆုံးတော့ ရှောင်နန်ဖန်း၏ လည်ပင်းကို လွှတ်ပေးလိုက်သည်..။ရှောင်နန်ဖန်းကတော့ မြေကြီးပေါ်လဲကျသွားပြီး လေကို အမောတကော ရူနေခဲ့၏..။
သူမ လက်တစ်ဖက် ဝေ့ယမ်းလိုက်သည့် အချိန်မှာတော့ သူမ ခန္တာကိုယ်ကို အဖြူရောင် အငွေ့များ ဖုံးလွှမ်းသွားပြီး မျက်နှာသာ ပေါ်နေခဲ့သည်..။သူမ ရှောင်နန်ဖန်းကို ကြည့်နေရင်း ရှုပ်ထွေးသည့် ခံစားချက်များ ဖြစ်ပေါ်နေသည်..။
ရှောင်နန်ဖန်းကတော့ သူမ၏ ဆုံးဖြတ်ချက်ကို တိတ်ဆိတ်စွာ စောင့်နေခဲ့သည်..။
အချိန်အတော်ကြာအောင် ကြာပြီးမှ ကျန်းလင်းချန် ပြောလာခဲ့၏..။
"နင် မြင်ခဲ့တာတွေ အကုန် မေ့လိုက်တော့.."
ရှောင်နန်ဖန်း ကြောက်လန့်တကြား ခေါင်းညိမ့်လိုက်ပြီး...
"ကျွန်တော် ဘာမှ မမြင်ခဲ့သလို..ဘာမှလည်း မမှတ်မိပါဘူး..အရှင်မ..."
ကျန်းလင်းချန် နှာခေါင်းရှုတ်လိုက်သည်..။
သူမသည် သင်္ဘောပေါ်မှာ အဝတ်အစားများကို ယူပြီး လေပေါ် ပျံသန်းသွားခဲ့သည်..။သူမ၏ ပုံရိပ်က အလျင်အမြန်ပဲ ပျောက်ကွယ်သွားခဲ့၏..။
ကျန်းလင်းချန် ၏ ပုံရိပ်ကို မမြင်ရတော့မှ ရှောင်နန်ဖန်းသည် စိတ်သက်သာရာ ရသွားခဲ့သည်..။
သူ ကျန်းလင်းချန်ကို ခြုံပေးထားသည့် ဝတ်ရုံကို ပြန်ပြီး ဝတ်လိုက်၏..။ဒီ ဝတ်ရုံတွင် သူမ၏ ကိုယ်သင်းရနံ့များ ကျန်နေသေးသော်လည်း ရှောင်နန်ဖန်း ဂရုမစိုက်ပေ..။သူ အစောက နေရာကိုသာ သွားပြီး သတိမေ့ချင်ယောင် ဆောင်နေလိုက်သည်..။
သင်္ဘောက ပင်လယ်ထဲ ဆက်လက် ရွက်လွင့်နေတုန်းမှာပဲ တစ်ချို့ တပည့်များက စတင် န်ိုးထလာခဲ့ကြသည်..။
"အား..ငါ့ခေါင်းတွေ နာကျင်လိုက်တာ..။အစောက ဘာတွေဖြစ်သွားတာလဲ.."
"ဂျူနီယာ ညီလေး..ထတော့...အမြန် ထတော့.."
"အား..ငါ့ခေါင်း..."
သူတို့ကို ရိုက်ခက်ထားသည့် စိတ်ဝိဥာဥ် စွမ်းအင်တွေကြောင့် နိုးထလာတဲ့လူတိုင်း ခေါင်းတွေ နာကျင်နေခဲ့ကြသည်..။
"သခင်လေး..နိုးလာပြီလား..။ဘယ်လို ခံစားရလဲ.."
ရီဒါဖူ၏ နောက်လိုက်က မေးလိုက်ခြင်းဖြစ်သည်..။
"ငါ မသေသေးတာတော့ သေချာတယ်.."
ရီဲဒါဖူ သူ့ခေါင်းကို ကိုင်ထားရင်း ပြန်ဖြေလိုက်သည်..။
တစ်ခြားတပည့်တွေပါ နိုးထလာသည့် အချိန်တွင် ရှောင်နန်ဖန်းလည်း ထလာခဲ့သည်..။သူ တစ်ခြားလူတွေကို လိုက်ကြည့်လိုက်၏..။
"ဘာတွေဖြစ်ကုန်တာလဲ.."
တစ်ခြားတပည့်များက ထိပ်လန့်နေခဲ့ကြသည်..။
"အားလုံးပဲ..ငါတို့က ထိပ်တန်းပညာရှင် နှစ်ယောက်ရဲ့ တိုက်ပွဲကိုကြည့်နေကြတာလေ...။သူတို့က ထွက်သွားကြပြီထင်တယ်..။ငါ တို့ ဒီမှာ ထပ်ပြီးကြာကြာ မနေသင့်တော့ဘူး..။အမြန်ဆုံး အရှိန်နဲ့ ရွက်လွင့်ကြတော့.."
တိုင်ချင်ဂိုဏ်းက တပည့်တစ်ယောက်က အော်ပြောလိုက်သည်..။
"ငါ အခု မှတ်မိပြီ..။ငါ နောက်ဆုံးမှတ်မိလိုက်တာက အပြာရောင် ဝတ်စုံနဲ့လူ အော်နေတာပဲ.."
"ဘယ်လို မယုံနိုင်စရာ ခွန်အားမျိုးလဲ..။သူတို့က အင်မော်တယ် တွေပဲဖြစ်ရမယ်.."
တပည့်တွေ အများကြီးဟာ ဒီတိုက်ခိုက်မူကို စိတ်ထဲတွင် စွဲကျန်နေကြပြီဖြစ်သည်..။သူတို့က အခြေအနေတွေကို ပြောဆိုနေကြရင်း အနားယူရန် အခန်းကို ပြန်သွားခဲ့ကြ၏..။
ရှောင်နန်ဖန်းလည်း အခန်းကို ပြန်လာခဲ့သည်..။သူ အိပ်ယာပေါ်မှာ မှီနေရင်း တာအိုစာလိပ်တစ်လိပ်ကို ဆွဲယူလိုက်သည်..။
သူဒီလို လုပ်လိုက်တဲ့ အချိန်မှာပဲ စိတ်ဝိဥာဥ် ပင်လယ်ထဲမှ ယင်ပုလဲလုံးသည် အအေးဓာတ်များ ထုတ်လွတ်လာခဲ့သည်..။
သူ ပထမဆုံး တာအိုကျမ်းစာကို ဖတ်ပြီးသွားတာနဲ့ နောက်ထပ် တစ်လိပ်ကို ဖတ်ရန် ယူတော့မည့် အချိန်မှာ တစ်ခုခုကို သတိထားမိလိုက်သည်..။
"မဟုတ်သေးဘူး.."
ပုံမှန်အားဖြင့် သူက စာလိပ်တစ်ခုကို ဖတ်ပြီးတိုင်းမှာ တရားထိုင်လေ့ရှိသည်..။ဒါက စည်းမျဥ်းတွေကို သူသေချာနားလည်ရဲ့လားဆိုတာကို သေချာစေရန်ဖြစ်၏..။အခုက ဘာတွေဖြစ်နေတာလဲ..။
"ငါ တစ်ခေါက်ဖတ်လိုက်တာနဲ့ စာလိပ်ကို ပြီးပြည့်စုံအောင် နားလည်သွားတာလား..။မဖြစ်နိုင်တာ ဒါက တစ်ခြား စာလိပ်တွေလိုပဲလေ..။ငါက ဘာလို့ နားလည်ရတာ မြန်ဆန်နေတာလဲ.."
ရှောင်နန်ဖန်း စိတ်လှုပ်ရှားလာခဲ့သည်..။
"ဒါက ယင် ပုလဲလုံးရဲ့ သက်ရောက်မူကြောင့်လား.."
ရှောင်နန်ဖန်းသည် သူ ဘယ်လိုရတနာမျိုး ရလိုက်လဲ ဆိုတာကို နားလည်လိုက်သည်..။သူ လက်သီးကို ကျစ်နေအောင် ဆုပ်ထားခဲ့၏..။ဒီအရာက သူ့ကို များပြားလှသည့် အသိပညာများကို မြန်ဆန်စွာ ပေးနိုင်ပေလိမ့်မည်ဖြစ်သည်..။သူ အသက်ကို ပြင်းပြင်းရူပြီး ဘာမှမဖြစ်သလို တည်ငြမ်အောင် လုပ်လိုက်၏..။
ရုတ်တရက် အခန်းအပြင်ဘက်မှ ရီဒါဖူ ၏ မိုးခြိမ်းသလို အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်..။
"ငါ့ ဘဏ်စာရွက်တွေ ဘယ်ရောက်သွားတာလဲ..။ငါ့ ပိုက်ဆံတွေက ဘယ်မှာလဲ..။တစ်ယောက်ယောက် ခိုးသွားပြီ.."
ရီဒါဖူ အော်ဟစ်လိုက်သည်..။
"သခင်လေး ကျွန်တော် ပိုက်ဆံတွေလည်း မရှိတော့ဘူး.."
"မဖြစ်နိုင်တာ..ငါ့ပိုက်ဆံတွေကို ခေါင်းအုံးအောက်မှာ ထားထားတာလေ..။အခု မရှိတော့ဘူး.."
"အမြန်...ငါတို့ ကပ္ပတိန်ကို အကြောင်းကြားရမယ်..။သူခိုးကို မိအောင် ဖမ်းမှ ဖြစ်မယ်.."