စားသောက်ဆိုင်
Vol. 1 Ch. 7
#ဘာသာပြန် = စမင်းသိုက်
တတိယထပ်ရှိ စားသောက်ဆိုင်တွင်..။
ရီဒါဖူသည် ပြတင်းပေါက်အနားမှ ထိုင်ခုံတွင် ထိုင်ရင်းနှင့် ကုန်းပတ်ပေါ်တွင်..တရားထိုင်နေပုံရသည့် ရှောင်နန်ဖန်းကို ကြည့်နေခဲ့သည်..။သူ့ နောက်လိုက်တွေကတော့ ဘေးနားတွင် ထိုင်ပြီး လဖက်ရည် သောက်နေခဲ့ကြ၏..။
"အဲ့ ခွေးသားလေးက တကယ်ပဲ ထူးဆန်းတယ်လို့ မထင်ဘူးလား..။သူ ပုံစံကို ကြည့်ဦး..။သူက နေပူဆာလှုံနေတာထက် ကျင့်ကြံနေတာနဲ့တောငိ ပိုတူနေသေးတယ်.."
"သေချာလို့လား သခင်လေး..။ဘယ်လို အမှိုက်ကျင့်စဥ်မျိုးက နေပူထဲမှာ လေ့ကျင့်ဖို့ လိုအပ်တာလဲ.."
နောက်လိုက်တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်..။
"မနေ့က တစ်စုံတစ်ယောက်က စိတ်ဝိဥာဥ် ငါးကို ဖမ်းလိုက်တယ် ဆိုတာ သိကြလား.."
ရီဒါဖူ ရုတ်တရက် မေးလိုက်၏..။
"သင်္ဘောပေါ်က လူတိုင်းက ဒီအကြောင်းကို ပြောနေကြတာပဲ..။ကျွန်တော်တို့ သေချာစုံစမ်းကြပေမယ့် ဘယ်သူ ဖမ်းမိတာလဲ ဆိုတာ မသိရဘူး..။စားဖိုဆောင်ကို ဝယ်လို့ရသေးလားလို့ တောငိ သွားမေးခဲ့ပေမယ့်..မရှိတော့ဘူးလို့ ပြောတယ်လေ..!
နောက်လိုက်တစ်ယောက်က ပြောလိုက်၏..။
"စိတ်မကောင်းစရာပဲ..ထျန်ရူ အင်ပါယာမှာ နေလာတာ ကြာတာတောငိ ..စိတ်ဝိဥာဥ် ငါးကို တစ်ခါမှ မစားဖူးဘူး..။ဒီငါးတွေရဲ့ စိတ်ဝိဥာဥ် စွမ်းအင်က လုံးဝကို သန့်စင်ပြီး ဝိဥာဥ်ကို အားဖြည့်ပေးနိုင်တယ်လို့တောင် ကြားဖူးတယ်.."
ရီဒါဖူ ပြောလိုက်သည်..။
"ဟုတ်လား..။ကျွန်တော် ကြားတာတော့ ပင်လယ်ရတနာ တစ်ခုဖြစ်တဲ့ ငါးရှဥ့်တဲ့..။ရွှေရောင် ငါးရှဥ့်တစ်ကောင်.."
နောက်လိုကိတစ်ယောက် သည် တံတွေးကို မြိုချပြီး ပြောလိုက်ခြင်းဖြစ်သည်..။
"ရွှေရောင် ငါးရှဥ့်လား..။တကယ် စိတ်မကောင်းစရာပဲ .."
ရီဒါဖူ ထပ်ပြီး ပြောလိုက်သည်..။
ရီဒါဖူနှင့် သူ၏ နောကိလိုက်များ မနက်စာအတွက် စောင့်နေကြချိန်တွင် နောက်လိုက်တစ်ယောက်က ရေရွတ်လိုက်သည်..။
"အာ..ဟို ဆင်းရဲတဲ့ ခွေးသားလေးက ဆိုင်ထဲကို ဘာလာလုပ်တာလဲ.."
"ဟင်...!
လူတိုင်းက လှမ်းကြည့်လိုက်ကြသည်..။သူတို့က ရှောင်နန်ဖန်း မနက်ခင်း တရားထိုင်ပြီး ဆိုင်ထဲကို ဝင်လာတာ တွေ့လိုက်ကြရ၏..။
ရီဒါဖူ နှင့်သူ့လူများသည် ရှောင်နန်ဖန်းကို ဆင်းရဲသည် ဟုသာ သိထားခဲ့ကြသည်..။သူက တတိယ ထပ်က စားသောကိဆိုင်ကို ဘာလာလုပ်တာလဲ..။ဒီနေရာက သာမန် စားသောက်ဆိုင်မဟုတ်ပေ..။အတော်လေးကို စျေးကြီးတာကြောင့် ငွေကြေးမတတ်နိုင် သူများ ဝေးဝေးနေရန်သာ တတ်နိုင်၏..။
ရှောင်နန်ဖန်း သူ၏ တံဆိပ်ပြားကို ဝိတ်တာ တစ်ယောက်ထံ ကမ်းပေးလိုက်ပြီး ရီဒါဖူတို့နှင့် မလှမ်းမကမ်းရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်၏..။
"သူက ဆင်းရဲတယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား..။ဒါဆို သူက ဒီမှာဘာလုပ်နေတာလဲ.."
ရီဒါဖူ မျက်မှောင်ကျုတ်ပြီး ရှောင်နန်ဖန်း၏ အခန်းဖော် တစ်ယောက်ကို ကြည့်လိုက်သည်..။
"မသိဘူးလေ...ကျွန်တော် သူ့ပစ္စည်းတွေ အကုန်လုံးကို စစ်ဆေးကြည့်တာတော့ ရွှေတွေ ငွေတွေ တစ်ခုမ မရှိဘူး..။သူ့ အိပ်ထဲမှာ ရိက္ခာခြောက်တွေပဲ ရှိတယ်..။သူက တကယ်ချမ်းသာတယ် ဆိုရင် ကျွန်တော်တို့ သုံးယောက်နဲ့တစ်ခန်းတည်း ဘယ်လိုလုပ်နေမှာလဲ..။သူက သခင်လေးလို ဒုတိယထပ်မှာ ကိုယ်ပိုင် အခန်းငှားပြီးနေမှာပေါ့..."
ရှောင်နန်ဖန်း ရုတ်တရက် လှည့်လာပြီး ပြောလိုက်သည်..။
"မင်းက ငါ့ပစ္စည်းတွေကို ရှာဖွေတာက စည်းကျော်နေပြီလို့ မထင်ဘူးလား.။ပြီးတော့ မင်းက ငါ့ရှေ့မှာတောင် မျက်နှာပြောင်တိုက်ပြီး လာပြော နေသေးတယ်.."
သူတောင်မှ ဒီငနဲကို ထပြီး ရိုက်နှက်ချင်စိတ် ဖြစ်မိပါတယ်...
နောက်လိုက်ဟာ တစ်ခုခု ပြန်ပြောဖို့ လုပ်လိုက်ပေမယ့် ရီဒါဖူ ဖြတ်ပြောလိုက်သည်..။
"မင်းက နန်ဖန်း ဟုတ်တယ်မလား..။ငါ မင်းကို ကောင်းကောင်း မှတ်မိတယ်..။ငါ့က်ို ဆန့်ကျင်တဲ့လူတိုင်း ဘာဖြစ်သွားလဲ ဆိုတာကိုရော သိရဲ့လား.."
"မင်းက ငါနဲ့ တိုက်ခိုက်ချင်နေတာလား.."
ရှောင်နန်ဖန်း အထင်သေးစွာ ပြောလိုက်သည်..။
"ဒီလှေပေါ်မှာ တိုကိခိုက်လို့ မရဘူးဆိုတာ ငါ ကောင်းကောင်း သိပါတယ်..။စိတ်မပူနဲ့..အနာဂတ်မှာ ငါတို့ တစ်ယောက်ကို တစ်ယောက် သိကျွမ်းဖို့ အခွင့်အရေး တွေရှိလာဦးမှာပါ.."
ရှောင်နန်ဖန်း မျက်မှောက်ကျုတ်ပြီး သူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်သည်..။ကြည့်ရတာ ရီဒါဖူက တစ်ခါမှတောင် တိုက်ခိုက်ဖူးတဲ့ပုံ မရှိလှပေ..။ဟောင်နေသည့် ခွေးက မကိုက် ဟူသည့် စကားပုံသည် အမှန်ပင် ဖြစ်၏..။
ရှောင်နနိဖန်း ခေါင်းခါယမ်းလိုက်ပြီး သူ့၏ စားပွဲဖက်သို့ ပြန်လှည့်ကာ လျစ်လျူ ရူထားလိုက်သည်..။
ဒီအရာကို မြင်ပြီး ရီဒါဖူ ပို၍ပင် ဒေါသထွက်သွားခဲ့၏..။အခြေခံစုစည်းမူ အဆင့် ၅ ငမွဲ တစ်ယောက်က သူ့ကို မထီမဲ့မြင် ပြုနေတယ်တဲ့လား...။
"မင်းက ဆင်းရဲတယ်မလား..။ဒီမှာ ထိုင်နေတာ ကုန်ကျစားရိတ်ဘယ်လောက် ရှိတယ် ဆိုတာရော သိရဲ့လား.။မင်းရဲ့ စားသောက်စားရိတ်အတွက် ..စားဖိုဆောင်မှာ ပန်းကန် ဝင်မဆေးရဖို့ အတွက် မျှော်လင့်မိတယ်.."
ရီဒါဖူ လှောငိပြောင်ကာ ပြောလိုက်သည်..။
"အမှန်ပဲ..ဒီနေရာမှာ..အလကားစားလို့ ရတာ ဘာမှမရှိဘူး.."
နောက်လိုက်များကလည်း လှောင်ပြောင်ကာ ရယ်မောနေခဲ့ကြ၏..။
ရှောင်နန်ဖန်းကတော့ သူတို့ကို လျစ်လျူရူထားလိုက်သည်..။သူ ဒီ ငနဲတွေနဲ့ အမြဲတမ်းတွေ့နေရလောက်အောင်..ဘာလို့ ကံဆိုးနေရတာလဲ...။
လျင်မြန်စွာပဲ ဝိတ်တာ တစ်ယောက်က ဟင်းပွဲ လာချပေးခဲ့၏..။
"အာ...ငါ ဒါကို မမှာထားဘူး."
ရှောင်နန်ဖန်းရဲ့ မျက်လုံးတွေက ..ကျောက်ပုဇွန်ထုတ်ကြီးကို ကြည့်ကာ ပြောလိုက်သည်..။
"စားဖိုမှူး ရဲ့ လက်ဆောင်ပါ ဆရာ..။ဒီ ခရမ်းရောင် သားရဲဘုရင် ကျောက်ပုဇွန်က ခံတွင်းဖွင့် ဖို့ အတွက်ပါ..။ကျန််နေတဲ့ အဓိက ဟင်းကိုတော့ ချက်ချင်း ပြင်ဆင်ပေးပါ့မယ်.."
ရီဒါဖူ ရဲ့ စားပွဲ အပြင် စားသောက်ဆိုင် တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်..။
ခရမ်းရောင် သားရဲဘုရင် ကျောက်ပုဇွန်က တိုင်ချင် အင်မော်တယ် ဂိုဏ်း၏ အဓိက ဟင်းလျာဖြစ်၏..။ဒီအရာက အရမ်းကို ရှားပါးပြီး..စျေးကြီးတာကြောင့် ချမ်းသာ သည့်လူများတောင် အမြဲတမ်း ဝယ်မစားနိုင်ကြပေ..။
ရီဒါဖူကတော့ သူ့ မျက်နှာကို ဖြတ်ရိုက်ခံထားရသလို ခံစားနေရသည်..။သာမန် ပုဇွန် ဟင်းလျာ များသာ ရှိသည့် သူတို့၏ စားပွဲကက..ရှောင်နန်ဖန်းစားပွဲပေါ်က ကျောက်ပုဇွန် ကြောင့် အရသာ ကင်းမဲ့သလိုတောငိ ဖြစ်နေခဲ့သည်..။
အဲ့အချိန်မှာပဲ ဝိတ်တာသည် နောက်ထပ်ကြီးမားသည့် ဟင်းပွဲတစ်ပွဲကို ရှောင်နန်ဖန်း ဆီသို့ ယူဆောင်လာခဲ့သည်..။
"ဒါက စာဖိုမှူးခေါင်းဆောင်က အထူးပြင်ဆင်ပေးထားတဲ့ ရွှေရောင် စိတ်ဝိဥာဥ် ငါးရှန့်ဟင်းလျာ ပါ...။အရိုးတွေကို ဖယ်ရှားပေးထားတာဖို့ အရသာ ရှိရှိသုံးဆောင် နိုင်ပါပြီ.."
ဝိတ်တာလေးသည် ဂါဝရပြုလိုက်ပြီး နောက်ကို ဆုတ်သွားခဲ့၏..။
ရှောင်နန်ဖန်း စားပွဲပေါ်ရှိ ဟင်းလျာမှ မှိန်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းတစ်ခု ထွက်နေခဲ့သည်..။ရီဒါဖူ နှင့် သူ၏ နောကိလိုက်များကတော့ မျက်လုံးပြူးကျယ် နေခဲ့၏..။ရွှေရောင် အလင်းတန်းက အရမ်းကြီး မတောက်ပနေပေမယ့် အားလုံး၏ အာရုံကို ဖမ်းစားထားနိုင်ခဲ့သည်..။
"စိတ်ဝိဥာဥ် ငါး လား..."
"ရွှေရောင် ငါးရှဥ့်.."
"ဘယ်လို ဖြစ်န်ိုင်မှာလဲ..."
ရီဒါဖူ နှင့် သူ့၏ နောက်လိုက်များသည် ရှက်ရွံ့သလို ခံစားနေကြရသည်..။သူတို့က အခုပဲ ရှောင်နန်ဖန်းကို ပိုက်ဆံမရှိတဲ့ ငမွဲလို့ လှောင်ပြောင်နေကြတာ မဟုတ်ဘူးလား..။ဒီအခြေအနေက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...။
ရီဒါဖူ မခံချင်စွာ ပြောလိုက်၏..။
"သူက စိတ်ဝိဥာဥ် ငါးက်ို ဖမ်းနိုင်တော့ရော ဘာဖြစ်လဲ..။ဒါက ကံကောင်းသွားတာပဲ..။သူ့ဘဝမှာ ဒီလို အရသာ ရှိတာကို စားသောက်နိုင်တာ ပထမဆုံး အကြိမ်နဲ့ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ် ဆိုတာ ငါ လောင်းရဲတယိ.."
"အမှန်ပဲ..သူ့ရဲ့ ကျင့်စဥ်အရဆိုရင် သူက တိုင်ချင်ဂိုဏ်းသား တစ်ယောက် ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး.."
"အမှန်ပဲ..အပြင်စည်းတစ်ပည့်တစ်ယောက် ဖြစ်ချင်တယ် ဆိုရင်တောင် အနည်းဆုံးတော့ အခြေခံစုစည်းမူ အဆင့် ၆ ကို ရောက်နေဖို့ လိုအပ်သေးတယ်လေ.."
သူတို့ စကားပြောနေတဲ့ အချိန်မှာတော့ ရှောင်နန်ဖန်းက ကျောက်ပုဇွန်နဲ့ ငါးရှဥ့်ကို စားသောက်လို့ ပြီးသွားခဲ့ပြီဖြစ်သည်..။သူ ဗိုက်ကို ကျေနပ်စွာ ပွတ်လိုက်ပြီး..
"သောက်ကျိုးနဲ ကောင်းလိုက်တဲ့ အရသာ.."
ရုတ်တရက် ရှောင်နန်ဖန်း၏ ခန္တာကိုယ် တုန်လှုပ်သွားခဲ့၏...။
သူ၏ ခန္တာကိုယ်အတွင်းမှာ စွမ်းအင်များ ပေါ်ထွက်လာသလို ခံစားလိုက်ရသည်..။သူ့ထံမှ စွမ်းအင်
အော်ရာ တစ်ချို့ ပေါက်ကွဲ ထွက်လာခဲ့၏..။
သူ..သူက အခြေခံစုစည်းမူ အဆင့် ၆ ကို ရောက်သွားတာလား...
"စိတ်ဝိဥာဥ် ငါးရှဥ့်...ဒါက စိတ်ဝိဥာဥ် ငါးရှဥ့် ကြောင့်ပဲဖြစ်ရမယ်..။သူက စိတ်ဝိဥာဥ် စွမ်းအင်တွေကို စုပ်ယူပြီး ချီ အဖြစ် ပြောင်းလဲလိုက်တာပဲ..။ဒီကနေ အဆင့် ချိုးဖြက်နိုင်သွားတာ.."
ရီဒါဖူ ရေရွတ်လိုက်၏..။
.
"ဒါ..ဒါဆို သူက တိုင်ချင် ဂိုဏ်းကို ဝင်နိုင်သွားတော့မှာလား..."
နောက်လိုက်တစ်ယောက်က..သဘောမကျစွာ အော်ပြောလိုက်ခြင်း ဖြစ်သည်..။