ကျန်းလင်းချန်
Vol. 1 Ch. 8
ဘာသာပြန် = စမင်းသိုက်
ရှောင်နန်ဖန်းသည် ပြတင်းပေါက်နားမှ ထိုင်ခုံတွင်ထိုင်ပြီး..လဖက်ရည်ကို ဇိမ်ကျကျ သောက်နေခဲ့သည်..။ရီဒါဖူ တို့ကတော့ သူတို့နှင့် မလှမ်းမကမ်းတွင် ရှိနေခဲ့၏..။သူတို့ ထိုင်နေကြပုံခြင်း တူနိုင်သော်လည်း သူတို့ ၏ စိတ်အခြေအနေကတော့ ကွာခြားကြသည်..။
ရှောင်နန်ဖန်း သည် လတ်တလောမှ..အဆင့် ချို့ဖျက်နိုင်ထားခြင်း ဖြစိသည်..။သူ ပြတင်းပေါက်မှ တဆငိ့ အပြင်ဘက်ကို ကြည့်ပြီး သက်သောင့်သက်သာ ရှိနေခဲ့၏..။သူ၏ ခန္တာကိုယ်ထဲတွင် ..စိတ်ဝိဥာဥ် စွမ်းအင်များ သန်မာလာသည်ကို ခံစားနေရသည်..။
အဲ့အချိန်မှာတော့ ရီဒါဖူ တို့ အဖွဲ့သည်..သူတို့၏ အရသာ မရှိတော့သည့် လဖက်ရည် ကိုသာ အံကြိတ်ပြီး သောက်နေခဲ့ကြသည်..။
အဲ့အချိန်မှာပဲ သင်္ဘောကုန်းပတ် ပေါ်မှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏..။
"ကြည့်..အဲတာ ဘာလဲ.."
"တစ်ယောက်ယောက် လေပေါ်မှာ ပျံနေတယ်.."
ဆူညံသံတွေကို ကြားလိုက်တာကြောင့် ရှောင်နန်ဖန်း ၊ ရီဒါဖူ နှင့် တစ်ခြားလူများသည် ပြတင်းပေါက်ကနေတဆင့် ကုန်းပတ် ပေါ်ကို ထွက်ပြီး မော့ကြည့်လိုက်ကြသည်..။တစ်ခြားစုဝေးနေတဲ့ လူတွေလိုပဲ..သူတို့က
သိပ်မဝေးသည့် နေရာက အလင်းတန်း နှစ်ခု ကို မြင်နေကြရသည်..။သူတို့က လေထဲမှာ တစ်ယောက်ကို တစ်ယောက် ဆက်တိုက် တိုက်ခိုက်နေကြပြီး..ကြီးမားသည့် ပေါက်ကွဲမူ ကြီးများကို ဖြစ်ပေါ်စေခဲ့သည်..။
ပေါ်ထွက်လာသည့် အလင်းတန်း တစ်ခုချင်းစီ တိုင်းကပင် လူတစ်ယောက်၏ ပမာဏ လောက်ရှိနေခဲ့သည်..။
"ဒါက အင်အားကြီးတဲ့ လူတွေရဲ့ တိုက်ပွဲပဲ.."
"ဘယ်လောက်တောက် ကြောက်စရာလဲ..။ကြည့်လိုက်ဦး..တိုက်ခိုက်မူတွေက ပင်လယ်ကိုတောငိ ပေါကိကွဲ ထွက်သွားစေတယ်.."
"တကယ်လို့ သူတို့ရဲ့ တိုက်ခိုက်မူကသာ ငါတို့ သင်္ဘောကို လာထိရင် အကုန် သေကုန်မှာ မဟုတ်ဘူးလား..!"
"သူတို့...သူတို့တွေက နီးနီး လာကြပြီ..."
သင်္ဘောပေါ်က တပည့်များက ထိပ်လန့်တကြား အော်ဟစ် နေခဲ့ကြ၏..။အလင်းတန်း နှစ်ခုကလည်း သူတို့နှင့် ပိုပိုပြီး နီးကပ်လာနေခဲ့ပြီ ဖြစ်သည်..။တိုက်ခိုက်ရေးသမား နှစ်ယောက်ထံမှ ရိုက်ခတ်လာသည့် အရှိန်က ..သင်္ဘောပေါ်မှလူများကို ထိပ်လန့်စေရန် လုံလောက်ပေသည်..။
ဆန်းကျယ်သည့် သိုင်းပညာ ရှင်နှစ်ယောက် တိုက်ခိုက်နေသည်ကို အဝေးမှကြည့်ရသည်က စိတ်ဝင်စားစရာ ကောင်းသော်လည်း အနီးကပ်ကြည့်ရူရသည်က ကပ်ဆိုးတစ်ခုလိုပင်ဖြစ်သည်..။
"ငါတို့ ဝေးဝေးမှာ နေမှရမယ်...။သင်္ဘောကို လမ်းကြောင်းပြောင်းတော့..."
"ဒီတိုက်ခိုက်မူတွေက ငါတို့အပေါ်ကို ရောက်လာရင် အကုန်သေကုန်လိမ့်မယ်.."
သင်္ဘောပေါ်မှာ အကုန်ရှုပ်ယှက်ခတ် နေပေမယ့် ရှောင်နန်ဖန်းကတော့ ဒီအရာတွေ အကုန်လုံးကို လျစ်လျူရူ ထားခဲ့သည်..။သူကိုယ်တိုင်ကလည်း စိုးရိမ် နေခဲ့ပေမယ့်..သူ လုပ်နိုင်တာ ဘာမှ မရှိပေ..။ဒါကြောင့် တိုက်ခိုက်နေမူ များကိုသာ အနီးကပ်ကြည့်နေခဲ့၏..။
အလင်းတန်း နှစ်ခု အနီးကပ်လာသည့် အချိန်မှာတော့ သူ ပုံရိပ်တွေကို ရှင်းလင်းစွာ မြင်လိုက်ရသည်..။
တိုက်ခိုက်လိုက်တိုင်း အနီရောင်အလင်းတန်းများ ထွက်နေသည်က အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့်..အမျိူးသမီး ဖြစ်၏..။သူမ၏ ပွနေသည့် ဝတ်ရုံကပင် သူမ၏ ခန္တာကိုယ်အလှ တရားကို မဖုံးကွယ်ထားနိုင်ခဲ့ပေ..။သူမ က အသည်းအသန် တိုက်ခိုက် နေရသည့် အတွက် ဆံပင်များကလည်း ပြေလျော့ နေခဲ့သည်..။ဒီလိုဆိုရင်တောင်မှ သူမက အတော်လေး လှပသည်ဟု သေချာ ပြောနိုင်သည်..။
အပြာရောင် အလင်းတန်းများနှင့် တိုက်ခိုက်နေသည့်သူက လူအိုကြီးတစ်ယောက် ဖြစ်သည်..။သို့ပေမယ့် လူအိုကြီး၏ ခန္တာကိုယ်က အနည်းငယ် ဝေဝါးနေပြီး.အစစ်အမှန် ကမ္ဘာကြီးနှင့် မကိုက်ညီလှပေ..။
"ဒါက...စိတ်ဝိဥာဥ် စွမ်းအင်လား..။ဘယ်လိုဖြစ်နိုင်မှာလဲ.."
ရှောင်နန်ဖန်း ရေရွတ်လိုက်၏..။
လူအိုကြီး ဆီမှ ထွက်ပေါ်နေသည့် အပြာရောင် အလင်းတန်း များက စိတ်ဝိဥာဥ် စွမ်းအင်များ ဆိုတာက ရှောင်နန်ဖန်း ကောင်းစွာ သိနေခဲ့သည်..။သူ၏ ယင် ခန္တာကိုယ်က လည်း စိတ်ဝိဥာဥ် စွမ်းအင်ဖြင့် တည်ဆောက်ထားပုံ ရ၏..။
"ဒီလူကြီးက..စိတ်ဝိဥာဥ် ကနေ ဖြစ်တည်လာတဲ့ ခန္တာကိုယ်ကို ပိုင်ဆိုင်ထားတာလား.."
ရှောင်နန်ဖန်း မျက်လုံးပြူးကျယ်သွားခဲ့သည်..။
စိတ်ဝိဥာဥ် စွမ်းအင် တွေက အရမ်းကို ရှားပါးသည့် အတွက် ရှောင်နန်ဖန်း အတွက် ကျင့်ကြံရတာ အတော် မလွယ်ကူလှပေ..။သူ၏ လက်ရှိ စွမ်းဝိဥာဥ် စွမ်းအင်က ပုံသဏ္ဍာန် မဲ့သည့် အဆင့် မှာသာ ရှိနေသေး၏..။တစ်ဖက်မှာတော့ ဒီလူကြီး၏ စိတ်ဝိဥာဥ် စွမ်းအင်က ခန္တာကိုယ် တစ်ခုအဖြစ်တောင် ဖွဲ့စည်းနေခဲ့ပြီဖြစ်သည်..။သူတို့နှစ်ယောက်ကြားက ကွာဟမူက ရေစက် ကလေး တစ်စက် နှင့် ရေအိုင်ကြီး တစ်အိုင် နှင့်ပင် တူနေခဲ့၏..။
ကြီးမား ပြင်းထန်သည့် ထိတွေ့မူ အပြီးမှာတော့ အမျိုးသမီးသည် သင်္ဘောပေါ်ကို ပြုတ်ကျလာပြီး ပါးစပ်နှင့် အပြည့်သွေးအန်လိုက်သည်..။
"ဟားဟား..တိုင်ချင်အင်မော်တယ် ဂိုဏ်းကို သွားနေတဲ့ အပြင်စည်း တပည့်လေးတွေပါလား..။သူတို့က ဒီတိုင်း မော်တယ် တွေချည်းပဲ..မင်းကို ကယ်နိုင်ကြမှာမဟုတ်ဘူး..ကျန်းလင်းချန် .."
ခန္တာကိုယ်ကို ဖောက်ထွင်းမြင်နေရသည့် လူအိုကြီးက ရယ်မောကာ ပြောလိုက်ခြင်းဖြစ်သည်..။
"ဒေါင်လင်..နင်ငါ့ကို သစ္စာဖောက်တာပဲ..။ငါတို့..."
အမျိုးသမီးဟာ ချောင်းဆိုးလိုက်ပြီး.. အားနည်းစွာကြည့်လိုက်သည်..။
"ငါ နင်နဲ့အတူ လျိုဝှက်နယ်မြေကို လိုက်ခဲ့တာက ထိပ်တန်း ယန် ပုလဲ ကြောင့်ပဲ...။နင်က ငါ့ကို ပေးဖို့ ငြင်းဆန်နေမှတော့ ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူးလေ..။အင်အားသုံးပြီး ယူဖို့ပဲ ငါတတ်နိုင်တော့တယ်.."
လူအိုကြီးက အော်ပြောလိုက်သည်..။
ရှောင်နန်ဖန်း သည် အဖြူရောင် အလင်းအလုံးတစ်ခု ရှိနေသည့် အနီရောင် အမျိုးသမီးကို ကြည့်နေခဲ့သည်..။ဒါက နှင်းလုံးလေးတစ်လုံး လိုဖြစ်ပြီး အအေးဓာတ်ကို ပေးနေခဲ့၏..။
"ဒေါင်လင်...နင်ငါ့ကို သစ္စာဖောက်ရင် ဘာဖြစ်မလဲ ဆိုတာကိုတော့ သိလောက်မှာပါ.."
အနီရောင် ဝတ်စုံနှင့် အမျိုးသမီးက အော်ပြောလိုက်သည်..။
"အိုး..ဘာတွေများ ဖြစ်နိုင်ဦးမှာလဲ..။ဟားဟား..တစ်ယောက်ယောက်က နင့်ကို ကယ်တင်ပေးနိုင်မယ်လို့ ထင်နေတာတော့ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မလား.."
ဒေါင်လင် အေးစက်စွာ ရယ်မောလိုက်သည်..။
သူ အသက်ပြင်းပြင်း ရူပြီး အော်ဟစ်လိုက်၏..။စိတ်ဝိဥာဥ် အလင်းတန်းများ ပါဝင်သည့် အပြာရောင် အသံလှိုင်းများသည် လေထဲမှတဆင့် အားလုံး၏ နားထဲသို့ တိုးဝင်လာခဲ့သည်..။
ခနအကြာမှာပဲ သင်္ဘောပေါ်ရှိ လူတိုင်းက ခေါင်းတွေကို နာကျင်စွာ ကိုင်ထားရင်း အော်ဟစ်နေခဲ့ကြသည်...။ရှောင်နန်ဖန်း တောင်မှ နာကျင်မူကို ခံစားနေရ၏..။သူ့၏ ခေါင်းပေါ်ကို မိုးကြိုးများ ဆက်တိုက် ပစ်ချ နေသလို နာကျင်မူကို ခံစားနေခဲ့ရသည်..။
"စိတ်ဝိဥာဥ် တိုက်ခိုက်မူလား..။ရပ်လိုက် ..ဒေါင်လင် ရပ်လိုက်..."
အနီရောင် ဝတ်စုံနှင့် အမျိုးသမီးက အော်ပြောလိုက်သည်..။
သူမ တောင်မှ နာကျင်မူကို တောင့်ခံနေရ၏..။
သိူ့ပေမယ့် ဒေါင်လင်ကတော့ မရပ်တန့်ခဲ့ချေ..။သူ့ပါးစပ်ကနေ အသံလှိုင်းတွေ ဆက်တိုက် ထွက်လာနေပြီး သေင်္ဘာပေါ်မှ လူများသည် တစ်ယောက်ပြီး တစ်ဟောက် သတိလစ်ကာ လဲကျကုန်ကြသည်..။တစ်ချို့လူများတွင် နှာခေါင်းမှ သွေးများပါ စီးကျလာခဲ့၏..။
"သူတို့က မော်တယ် တွေပဲ..။သူတို့က နင့်ရဲ့ စိတ်ဝိဥာဥ် တိုက်ခိုက်မူကို တောင့်ခံနိုင်မှာမဟုတ်ဘူး..။ရပ်လိုက်..."
ကျန်းလင်းချန် အော်ဟစ်နေပေမယ့် တားဆီးရန်အတွက် အစွမ်းဆောင်နိုင်ခဲ့ပေ..။
ရှောင်နန်ဖန်းရဲ့ ဦးခေါင်းက နာကျင်မူကို ခံစားနေရပေမယ့် စိတ်ဝိဥာဥ် စွမ်းအင် မဖွံ့ဖြိုးသေးသည့် တစ်ခြား တပည့်များထက် စာလျင် အများကြီး သက်သာနေခဲ့သည်..။
သူ့ဘေးနားက လူတွေ လဲကျသွားကြတာကို မြင်ပြီး ရှောင်နန်ဖန်းက သူ၏ စိတ်ဝိဥာဥ် စွမ်းအင်ကို လှည့်ပတ်စေကာ..ဒီတိုက်ခိုက်လာမူများကို ကာကွယ်ထားလိုက်သည်..။
ရဲဒါဖူ အပါအဝင် သင်္ဘောပေါ်ရှိ ကျန်တဲ့လူတွေ အားလုံးက မေ့မျောသွားကြပြီ ဖြစ်၏..။ရှောင်နန်ဖန်း တစ်ယောက် တည်းသာ အသိစိတ်ဝင်ပြီး ကျန်ရစ် နေခဲ့သည်..။
ဒီလို ဆိုရင်တောင် မှ သူက ဆက်ပြီး မတ်တတ်ရပ်မနေရဲခဲ့ပေ..။တစ်ခြားလူတွေ အတိုင်း သူလည်း လဲလျောင်းပြီး သတိလစ်ချင်ယောင် ဆောင်နေခဲ့လိုက်၏..။သူ့၏ မျက်လုံးကိုတော့ အနည်းငယ် ဖွင့်ထားခဲ့ပြီး အခြေအနေကို ကြည့်နေခဲ့သည်..။
အားလုံး သတိလစ်သွားပြီဆိုမှ ဒေါင်လင်ဟာ အော်နေတာကို ရပ်လိုက်သည်..။အနီးရောင် ဝတ်ရုံနှင့် အမျိုးသမီးသာ သတိမလစ်ပဲ ရှိနေခဲ့သည်..။
"သူတို့က ဒီတိုင်း အမှိုက်သက်သက်ပဲ..။ဒီသင်္ဘောရော အထဲမှာ ရှိတဲ့လူတွေ အကုန်လုံးရော မကြာခင်မှာ နစ်မြုပ်သွားတော့မယ်.."
ဒေါင်လင် မချိပြုံးပြုံးကာ ပြောလိုက်သည်..။
"ကျန်းလင်းချန်..နင်က ငါ့ကို အမြဲတမ်း အထင်သေးခဲ့တာ မလား..။ငါ နင့်အပေါ်မှာ စိတ်ဝင်စားနေတာကို အကြိမ်များစွာ ပြသခဲ့ပေမယ့် လျစ်လျူရူထားခဲ့တယ်..။စုန်းမ...ဒီလို နေ့မျိုးရောက်လာလိမ့်မယ်လို့ နင် မထင်ထားခဲ့ဘူးမလား.."
.
ဒေါင်လင် သင်္ဘောပေါ်ကို ဆင်းသက်လာပြီး သူမ အနားကို လျောက်လာခဲ့သည်..။ရှောင်နန်ဖန်း နောက်ဆုံးတော့ သေချာမြင်လိုက်ရ၏..။ဒီလူ၏ ခန္တာကိုယ်က အမှန်ပင် ဖောက်ထွင်းမြင်နေခဲ့ရသည်..။ယန် ခန္တာကိုယ်က ဒီလောက်အထိ သန်မာလိမ့်မယ်လို့ သူ မထက်ထားခဲ့ပေ..။
.
ဒေါင်လင် သည် ကျန်းလင်းချန် လက်ထဲမှာ အဖြူရောင် အလုံးလေးကို လုယူလိုက်၏..။
သူ ဒီအလုံးကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အရည်ပြား ပထမအလွှာက ချက်ချင်း ခဲသွားခဲ့သည်..။
"ငါ့ရဲ့ ယခန္တာကိုယ်က အစစ်အမှန် ခန္တာကိုယ် မဟုတ်တော့ ဒီ ထိပ်တန်း ယန် ပုလဲလုံးကို ထိန်းချုပ်ရတာ ခက်ခဲနေတယ်.."
သူ ရေရွတ်လိုက်သည်..။
"ဒေါင်လင်...နင်အခု ငါ့ကို သတ်လိုက်ရင် တစ်ခြားလူတွေက နင့်ကို ကမ္ဘာအဆုံးအထိ လိုက်ရှာကြလိမ့်မယ့်..။နင်လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး.."
ကျန်းလင်းချန် အော်ပြောလိုက်သည်..။
"ငါက တရားခံဆိုတာ ဘယ်သူသိမှာလဲ..။ဒါပေမယ့် တစ်ခုတော့ ပြောလိုက်ဦးမယ် ကျန်းလင်းချန်..။နင့်ကို ဒီတိုင်း သတ်လိုက်ရမှာက အရမ်း နှမြောဖို့ ကောင်းလွန်းတယ်..။နင့် ခန္တာကိုယ်ရဲ့ အလှတရားတွေကို လည်း ကြည့်စမ်းပါဦး..။နင် မသေခင်မှာ မိန်းမတစ်ယောက်အဖြစ် ခံစားရအောင် ကူညီပေးမယ် ဆိုရင်ရော ဘယ်လိုလဲ..."
"
"နင်...နင်ဘာလုပ်မလို့လဲ..။နင်က ဒီတိုင်း ယန် ခန္တာကိုယ်ပဲ ရှိတဲ့လူပဲ..။နင့်မှာ အစစ်အမှန် ခန္တာကိုယ် မရှိဘူး..။နင် ဘာတွေ ကြံစည်နေတာလဲ.."
"နင်က ဘယ်လိုထင်လို့လဲ..။ငါ ဒီလူတွေကို အခုထိ သတ်ရသေးတာ မဟုတ်ဘူး..။သူတို့ထဲက တစ်ယောက်ရဲ့ ခန္တာကိုယ်ကို သိမ်းပိုက်လိုက်တာနဲ့ ငါ့မှာ ခန္တာကိုယ် ရှိသွားလိမ့်မယ် ဟားဟား..."
ဒေါင်လင် သတိမထားမိ ဖြစ်နေတဲ့ အချိန်မှာပဲ ကျန်းလင်းချန် သည် အဆောင်စာရွက်တစ်ခုကို ထုတ်ယူလိုပ်ပြီး အလျင်အမြန် အသက်သွင်းလိုက်သည်..။ဒါက အလင်းတန်းတစ်ခု အသွင်ပြောင်းသွားပြီး ဒေါင်လင်ဆီကို ဦးတည်သွားခဲ့၏..။
"ဟင်.."
ဒေါင်လင်သည် မီးတောက်က သူ့ခန္တာကိုယ်ကို လာထိမှာကြောင့် အလန့်တကြား လက်နဲ့ ပုတ်ထုတ်လိုက်သည်..။သို့ပေမယ့် အဆောင်မီးတောက်က သူ့လက်နဲ့ ထိသွားသည်နှင့် ခန္တာကိုယ်ထဲကို ဝင်ရောက်သွား၏..။
ရုတ်တရက် သူ့ခန္တာကိုယ်တစ်ခုလုံး မီးများတောက်လောင်လာခဲ့ပြီး..ယန် ခန္တာကိုယ်က ကွဲအက်လာခဲ့သည်..။
မီးတောက်များကြာတွင် ဒေါင်လင် ဒေါသတကြီး အော်ဟစ်နေခဲ့၏..။
ကျန်းလင်းချန် သည် သူမ၏ တိုက်ခိုက်မူ အောင်မြင်သွားတာကြောင့် ပြုံးနေတုန်းမှာပဲ..ဒေါင်လင်၏ လက်သီးချက်က သူမကိုယ်ပေါ်ကို ကျရောက်လာခဲ့သည်..။
ပြင်းထန်စွာ ဒဏ်ရာရနေသည့် ကျန်းလင်းချန်သည် သွေးအန်လိုက်ပြီး ဒေါင်လင်ကို ထိပ်လန့်တကြားကြည့်လိုက်သည်..။
"ကျန်းလင်းချန် ...နင်ကများ ငါ့ရဲ့ ယင် ခန္တာကိုယ်ကို ဖျက်ဆီးရဲတယ်လား..။စုန်းမ..ငါ့ရဲ့ ယင်ခန္တာကိုယ် ဒဏ်ရာ ရနေတယ် ဆိုရင်တောင် ဒီစိတ်ဝိဥာဥ် စွမ်းအင် မဖွံ့ဖြိုးသေးတဲ့ သေမျိုးတွေရဲ့ ခန္တာကိုယ်ကို အေးဆေး သိမ်းပိုက်လို့ ရသေးတယ်..။ငါ ခန္တာကိုယ် တစ်ခုရတာ နဲ့ နင့်ကို ဘာလုပ်မလဲ ဆိုတာ စောင့်ကြည့်နေလိုက်..."
ဒေါင်လင် နောက်တစ်ချက် ရိုက်လိုက်သည့် အချိန်မှာတော့ ကျန်းလင်းချန် ၏ ခန္တာကိုယ်မှ အဝတ်အစားများက စုတ်ပြဲ ထွက်သွားခဲ့သည်..။သူမ၏ ဒဏ်ရာက သူမ သိစိတ်၏ အဆုံးစွန် ဆီကို ရောက်နေခဲ့၏..။သူမ အမြင်အာရုံတွေ ဝေဝါးလာသည့် အချိန်မှာတော့ ဒေါင်လင်က လူငယ်လေးတစ်ယောကိ၏ ခန္တာကိုယ်ဆီကို ဦးတည်သွားနေတာကို မြင်လိုက်ရသည်..။
ယင်းနောက် သူမ လုံးဝ သတိလစ် မေ့မျောသွားခဲ့သည်..။
ဒေါင်လင်ကတော့ ကျန်းလင်းချန် ၏ ခန္တာကိုယ်ကို ဒေါသတရား၊ တဏှာတရား များနှင့် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ကာ..ရှောင်နန်ဖန်း ရှိရာကို ဦးတည်လျောက်သွားလိုက်၏..။
အခြေအနေတွေကို စောင့်ကြည့်နေသည့် ရှောင်နန်ဖန်း ဟာ ဒါကိုမြင်ပြီး ထိပ်လန့်သွားခဲ့သည်..။
ချီးပဲ ဘာလို့ ငါ့ဆီကို လျောက်လာနေတာလဲ..။ဒီမှာ မင်းရွေးချယ်စရာ လူတွေ အများကြီး ရှိနေတယ်လေ...