← Chapters

ထိပ်တန်း ယင် ပုလဲလုံး

Vol. 1 Ch. 9

ထိပ်တန်း ယင် ပုလဲလုံး

Vol. 1 Ch. 9

ဘာသာပြန် = စမင်းသိုက်

ဒေါင်လင် ၏ အခြေအနေက အလျင်အမြန်ပဲ ဆိုးရွားလာနေခဲ့သည်..။သူ၏ ယင် ခန္တာကိုယ်က အားနည်းလာခဲ့ပြီး အချိန်မရွေး ပျက်ဆီးတော့မလို ဖြစ်နေခဲ့၏..။သူ၏ အခြေအနေတွေ တည်ငြိမ်နိုင်ဖို့အတွက် ဆိုရင် ခန္တာကိုယ် တစ်ခုကို အမြန်ဆုံး ရှာဖွေရန် လိုအပ်ပေသည်..။

"ကျန်းလင်းချန် စုန်းမ...နင် စောင့်နေလိုက်.."

ဒေါင်လင် အံကိုကြိတ်ကာ ပြောလိုက်ခြင်း ဖြစ်သည်..။

ခန္တာကိုယ် သိမ်းပိုက် ရယူခြင်းကလည်း အနုပညာတစ်ခုလို ဖြစိသည်..။အရမ်းငယ်ရွယ်သည့် လူတစ်ယောကိ၏ ခန္တာကိုယ်ကို ယူလိုက်လျင် ကျန်းလင်းချန် နှင့် လိင်ပိုင်းဆိုင်ရာ ဆောင်ရွက်ရန် အခက်တွေ့သွားနိုင်သည်..။အသက်ကြီးသည့် လူ ဆိုလျင်လည်း စိတ်ဝိဥာဥ် စွမ်းအင် ဖွံ့ဖြိုးနေနိုင်သည်..။ဒါက သူ၏ ခန္တာကိုယ် သိမ်းပိုက်ရယူခြင်း အပေါ်ကို သက်ရောက်လာနိုင်၏..။သူ၏ စွမ်းအင် အထွတ်အထိပ် ရောက်နေသည့် အချိန်တွင် သူ ဒါတွေကို ဂရုမစိူက်သော်လည်း အခုလို ဒဏ်ရာ အပြင်းအထန် ရနေသည့် အချိန်တွင်..ဒါက ပြသနာ ဖြစ်လာနိုင်ပေလိမ့်မည်..။

ဒေါင်လင် သည် သင်္ဘောကုန်းပတ်ပေါ်မှာ ခန္တာကိုယ်တွေကို ကြည့်လိုက်ရင်းမှ ရှောင်နန်ဖန်း၏ ခန္တာကိုယ်ကို သဘောကျသွားခဲ့သည်..။

ရှောင်နန်ဖန်း ဘာမှ မတုန်ပြန်နိုင်ခင်မှာပဲ ဒေါင်လင် သည် သူ၏ နှာဖူးမှ တဆင့် သူ၏ ဝိဥာဥ် ထဲကို ဝင်ရောက်လာခဲ့သည်။တစ်စုံတစ်ယောက်၏ ခန္တာကိုယ်ကို သိမ်းပိုက်ရယူခြင်းက ဒေါင်လင်အတွက် ပထမဆုံးမဟုတ်တော့ပေ။သူက လုပ်စရာ ရှိတာကို တွေဝေခြင်း မရှိလုပ်ဆောင် နေခဲ့၏..။

သူ၏ အတွေ့အကြုံများ အရ သူ ဘာလုပ်ရမည်ကို ကောင်းစွာသိနေခဲ့သည်..။သူ လုပ်စရာရှိတာက ပိုင်ရှင် ဖြစ်သူ၏ စိတ်စွမ်းအားကို ဖျက်ဆီးပြီး သူက အစား ဝင်နေရန်သာ လိုအပ်သည်..။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒေါင်လင်သည် သူ၏ တွက်ချက်မူများ မှားယွင်းသွားတာကို ချက်ချင်း သတိထားမိလိုက်၏..။သူ ရှောင်နန်ဖန်း၏ ဝိဥာဥ် နယ်မြေထဲကို ဝင်လိုက်သည်နှင့် မြူများက သူ၏ အမြင်အာရုံကို ဖုံးကွယ်နေခဲ့သည်..။

"စိတ်ဝိဥာဥ် စွမ်းအင်လား..။ဘယ်လိုဖြစ်နိုင်မှာလဲ.."

စိတ်ဝိဥာဥ် စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် သူတိုင်းက ခန္တာကိုယ် သိမ်းပိုက်မူများကို ကာကွယ်နိုင်ကြသည်..။

ရုတ်တရက် အပြာရောင် စိတ်ဝိဥာဥ် စွမ်းအင်များသည် ရေဝဲကလေးများ ဖြစ်ပေါ်လာပြီး ဒေါင်လင်ကို ဝန်းရံကာ တိုကိခိုက်လာကြသည်..။ဒီတိုက်ခိုက်မူ များက ဒေါင်လင်၏ ဒဏ်ရာများကို ပိုမို ဆိုးဝါးလာစေ၏..။

"ဝဲဂယက်တွေ ဖန်တီး နိုင်လောက်တဲ့ စိတ်ဝိဥာဥ် စွမ်းအင်လား..။သူက ဒီအဆင့်ထိအောင် ဘယ်လိုရောက်လာတာလဲ..။သာမန် သန္ဓေတည် အထွတ်အထိပ် အဆင့် ပညာရှင်တောင် စိတ်ဝိဥာဥ် စွမ်းအင် ကို အငွေ့အသက်လောက်သာ ခံစားနိုင်ကြသည်..။

'ဒီကောင်လေးက ဘယ်လိုဖြစ်တာလဲ..'

ဒေါင်လင် ထိပ်လန့်သွားခဲ့၏..။

သူ၏ ယင် ခန္တာကိုယ်သာ ဒဏ်ရာ အပြင်းအထန် မရထားလျင် ဒီတိုက်ခိုက်မူလောက်က သူ့အတွက်တော့ ဘာမှမဟုတ်ပေ..။သ်ို့ပေမယ့် သူ၏ လက်ရှိအခြေအနေက မတည်မငြိမ်ဖြစ်နေပြီး..ရှောင်နန်ဖန်း အဆင့်လောက်ကပင် သူ့အတွက် ခြိမ်းခြောက်မူ ဖြစ်နေခဲ့သည်..။

"ချီးပဲ...ကျန်းလင်းချန် ရဲ့ တိုက်ခိုက်မူကြောင့်သာ မဟုတ်ရင် ငါ ဒီလောက်အထိ အားနည်းနေမှာ မဟုတ်ဘူး..။မင်းက ဘယ်သူလဲ ကောင်လေး.."

ဒေါင်လင် ရေရွတ်လိုက်သည်..။

ဒီကောင်လေးက အစောကတည်းက မေ့ချင်ယောင် ဆောင်နေခဲ့သည် ဆိုတာကို သူသေချာ ပြောနိုင်၏..။သူက စိတ်ဝိဥာဥ် စွမ်းအင် ရှိနေတဲ့ လူနဲ့မှ တည့်တည့်လာတွေ့တာလား..။

ရှောင်နန်ဖန်း၏ ခေါင်းထဲတွင်လည်း ယန်ခန္တာကိုယ်မှ လှိုင်းများကြောင့် နာကျင်မူကို ခံစားနေရ၏..။ဒါက သူ၏ စိတ်ဝိဥာဥ် တိုက်ခိုက်မူ များမှ တန်ပြန်လာခြင်းဖြစ်သည်..။

"ကောင်လေး..မင်းအကြာကြီး မတောင့်ခံနိုင်ပါဘူး..။ဒီတိုင်း လက်လျော့ပြီး ငါ့ကို ထွက်သွားခွင့်ပေးလိုက်..။ငါ ဘာမှ မဖြစ်ခဲ့သလို..ထားပေးလိုက်မယ်..."

သို့ပေမယ့် ရှောင်နန်ဖန်းက ဘယ်လိုလုပ် အလိမ်ခံရမှာလဲ...။မင်းက ငါ့ရဲ့ စိတ်ဝိဥာဥ် နယ်မြေထဲမှာ အပိတ်ခံရတာကို ငါက လွှတ်ပေးရဦးမှာလား..။ငါ့ကို ဦးနှောက်မရှိတဲ့ ငတုံးများ ထင်နေတာလား..။

ရှောင်နန်ဖန်း သည် ဒေါင်လင်၏ စကားများကို ဂရုမစိုက်ခဲ့ပေ..။ဒေါင်လင် ကတော့ သူ၏ အခြေအနေ ဆိုးဝါးလာသည် နှင့်အမျှ ပိုပိုပြီး ကြောက်ရွံ့လာခဲ့သည်..။သူ၏ အခြေအနေက တစ်စက္ကန့်ချင်းဆီ ဆိုးဝါးလာနေခဲ့၏..။

ရုတ်တရက် ဒေါင်လင်၏ လက်ထဲမှ ယန် ပုလဲလုံးကလည်း..အအေးဓာတ်များ ထုတ်လွှတ်လာခဲ့သည်..။

"ချီးပဲ..ဘာလို့ ယန် ပုလဲလုံးကပါ တုန့်ပြန်လာတာလဲ..။ငါ ဒီယန် ပုလဲရဲ့ ပိုင်ရှင်မဖြစ်သေတာကြောင့် ဒီဟာကို မထိန်းချုပ်နိုင်သေးဘူး..။ရပ်လိုက်..ရပ်လိုက်တော့ ..ကောင်လေး..ငါ့ကို ထွက်သွားခွင့်ပေးလိုက်..။မင်းငါ့ကို လွှတ်ပေးရင် မင်းကိုငါ အန္တရာယ် မပေးဘူးလို့ ကတိပေးတယ်..။ငါ့ကို အခု လွှတ်ပေးတော့.."

ဒေါင်လင် အော်ဟစ်လိုက်သည်..။

ရှောင်နန်ဖန်း၏ တိုက်ခိုက်မူများကို ခုခံနေရသည်ကပင် သူ့အတွက် ဆိုးဝါးနေပြီဖြစ်သော်လည်း ယန် ပုလဲလုံး ကပါ တုန့်ပြန်လာခဲ့၏..။သူ၏ ဘဝက နောက်ဆုံးစည်းကို ရောက်နေခဲ့ပြီဖြစ်သည်..။

ရှောင်နန်ဖန်းကတော့ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေခဲ့သည်..။

တစ်ချိန်တည်းမှာပဲ ယင် ပုလဲလုံးသည် အအေးဓာတ်များကို ဆက်လက် ထုတ်လွှတ်နေပြီး ဒေါင်လင်၏ ခန္တာကိုယ်ကို အေးခဲလာစေခဲ့၏..။ပုံမှန်အချိန်တွင် သူ ဒီအရာတွေကို မမူသေယ်လည်း အခုချိန်မှာတော့ တဖြည်းဖြည်း အေးခဲလာနေခဲ့သည်..။

"မဟုတ်ဘူး.."

ဒေါင်လင်..အသံကုန်ဟစ်ပြီး အော်လိုက်သည်..။

အေးခဲမူက သူ့တစ်ကိုယ်လုံးကို ဝန်းရံသွားသည့်အချိန်မှာတော့ သူ၏ ယင် ခန္တာကိုယ်သည် ရေခဲရုပ်ထုကြီးဖြစ်သွားပြီး အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်..။

သူ သေသွားပြီလား..။ရှောင်နန်ဖန်း စိတ်သက်သာရာ ရစွာပဲ ရေရွတ်လိုက်သည်..။

ထိပ်တန်း ယန် ပုလဲလုံးကတော့ ရှောင်နန်ဖန်း၏ စိတ်ဝိဥာဥ် နယ်မြေထဲကို ကျရောက်သွားခဲ့သည်..။ကံကောင်းချင်တော့ ဒီအရာက သူ၏ စိတ်ဝိဥာဥ် ပင်လယ်ကိုတော့ အေးခဲအောင် မစွမ်းဆောင်နိုင် ခဲ့ပေ...။ပုလဲက ပုံမှန်အတိုင်းသာ ရှိနေခဲ့၏..။

ရှောင်နန်ဖန်း မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်..။သူ ဖြစ်ပျက်ခဲ့တာတွေကို အခုထိ မယုံကြည်နိုင်သေးပေ..။ဒါက ပြီးသွားပြီလား..။

သူ၏ စိတ်ဝိဥာဥ် ပင်လယ်ထဲက အရာတွေကို ဆွဲထုတ်ရန် ကြိုးစားလိုက်ပေမယ့် သူ မအောင်မြင်ခဲ့ပေ..။

ဒီလိုဆိုရင်တောင်မှ လတ်တလော တော့ သူ အန္တရာယ် ကင်းသည် ဆိုတာကို ရှောင်နန်ဖန်း ခံစားမိ၏..။

သူ အသက်ကို ပြင်းပြင်းရူလိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်သည်..။အခြေအနေက အတော်ကို အန္တာရာယ် များခဲ့သော်လည်း..အကျိုးအမြတ်က ရှိနေခဲ့၏..။

အင်အားကြီး သိုင်းပညာရှင် နှစ်ယောက် တိုက်ခိုက်နေခဲ့သည့် ထိပ်တန်း ယန် ပုလဲက နောက်ဆုံးတော့ သူ၏ လက်ထဲကို ရောက်ရှိလာခဲ့သည်..။သူ့ကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့သည့် ဒေါင်လင်ကတော့ သေဆုံးသွားပြီဖြစ်သည်..။

ရှောင်နန်ဖန်း မတ်တတ်ထရပ်ပြီး အသက်ကို ပြင်းပြင်းရူကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်..။

သင်္ဘော ကုန်းပတ်ပေါ်မှာတော့ ကျန်းလင်းချန် အပါအဝင် တပည့်တွေ အကုန်လုံး မေ့မျော နေခဲ့ကြသည်..။ဒါက သူ ယန် ပုလဲလုံးကို ရထားတာ ဘယ်သူမှ မသိဟု ဆိုလိုခြင်းဖြစ်သည်..။

သူ ဘာဆက်လုပ်သင့်လဲ..။သတိလစ်နေသလို ဟန်ဆောင် ရမှာလား..။ဟုတ်တယ်..သူက တစ်ခြားလူတွေ နိုးထလာသည့် အချိန်မှ အတူတူ လိုက်ပြီး ဟန်ဆောင်နေသင့်သည်..။

သူ ဒီလို တွေးလိုက်မိသော်လည်း သူနှင့် သိပ်မဝေးသည့် နေရာတွင် လဲလျောင်းကာ သတိလစ်နေကြသည့် ရီဒါဖူ တို့ အဖွဲ့ကို တွေ့လိုက်ရသည်..။သူ မျက်မှောင်ကျုတ်လိုက်၏..။ရီဒါဖူ တို့အဖွဲ့က စိတ်အလိုလိုက်သည့်ကလေးများဖြစ်သော်လည်း လမ်းတစ်လျောက်လုံးသူ့ကို ပစ်မှတ်ထားနေခြင်းက အတော်လေး စိတ်အနှောက်ယှက် ဖြစ်စေခဲ့သည်..။

"ငါ မသိတုန်း ငါ့ပစ္စည်းတွေကိုတောင် ရှာဖွေထားကြတယ်ပေါ့..။ပြီးတော့ ငါ့ကို ဆင်းရဲတဲ့ ခွေးသားလေး လို့လည်း ခေါ်နေသေးတယ်..။ကောင်းပြီ ကိုယ့်က်ိုကို သာ အပြစ်တင်ကြပေတော့..။မင်းတို့ အကုန်လုံးက မိသားစုရဲ့ ရတနာလေးတွေ ဆိုပြီး ဘဝင်မြင့်နေကြတာမလား.။ငါ မင်းတို့ကို အမြင်မှန် ရအောင် အခမဲ့ကူညီပေးမယ်.."

ရှောင်နန်ဖနိး သူတို့၏ အိတ်ကပ်များကို လိုက်ကြည့်လိုက်သည့် အချိန်တွင်..ရွှေပြားအချို့နှင့် ကတိစာရွက်များကို တွေ့လိုက်ရသည်..။

"ဒါပဲလား..။မဖြစ်နိုင်တာ...။မင်းတို့က ရီကလန် ရဲ့ ရတနာ လေးတွေဆို..။ပိုက်ဆံ ဒီလောက်ပဲ ပါကြတာလား..။အာ...VIP သော့လား..။ကြည့်ကြတာပေါ့..."

ရှောင်နန်ဖန်း သူတို့၏ အခန်းများကို သွားပြီး ပိုင်ဆိုင်မူ များကို သွားကြည့်လိုက်သည်..။

ခနအကြာမှာတော့ ရှောင်နန်ဖန်းသည် သူတို့အခန်းထဲမှ ဘဏ်စာရွက်များကို ရရှိလိုက်၏..။

"သခင်လေး ရီ တို့က ထင်ထားတဲ့ အတိူင်းပဲ..။ဒီ ဘဏ်စာရွက်တွေကတင် ရွှေပြား တစ်သောင်းလောက် တန်ကြေးရှိတယ်.."

ရှောင်နန်ဖန်း ဘဏ်စာရွက်တွေကို ရေစိုခံအိတ်ထဲသို့ ထည့်ပြီး အဝတ်အစားများ ချွတ်ကာ ရေထဲသို့ ခုန်ဆင်းလိုက်သည်..။ယင်းနောက် သင်္ဘော၏ ကိုယ်ထည်တွင် အခေါင်းပေါက် ပြုလုပ်ကာ အထဲတွင် ထည့်ပြီး ထွက်မကျအောင် လုပ်ထားလိုက်၏..။ဒီဘဏ်စာရွက်များကို သူနဲ့အတူ ယူထားရလောက်အောင် အထိ သူ မရူးမိုက်ပေ..။နောက်ပိုင်းတွငိ စစ်ဆေးမူများ ရှိလာနိုင်၏..။

ယင်းနောက် ရှောင်နန်ဖန်း သင်္ဘောပေါ်ကို ပြန်တက်ပြီး နောက်တွင် ခန္တာကိုယ်ကို သုတ်ပြီး အဝတ်အစားများ ပြန်ဝတ်လိုက်သည်..။

ဒီဖြစ်စဥ် တစ်ခုလုံးက အချိန်တစ်ချို့ကြာသွားခဲ့သည်..။တစ်ခြားလူတွေ နိုးလာကြမှာကို စိုးရိမ်တာကြောင့် ရှောင်နန်ဖန်း လူအုပ်ကြားထဲ ပြန်သွားပြီး မေ့ဟန်ဆောင်ရန် သွားလိုက်သည်..။သို့ပေမယ့် သူ မျက်မှောက်ကျုတ်လိုက်ပြီး..

"အာ..ငါ မေ့တော့မလို့..."

သူ သိပ်မဝေးသည့် နေရာတွင် သတိလစ်နေသည့် ကျန်းလင်းချန်ကို လှမ်းကြည့်လိုက်သည်..။

ဒေါင်လင်က သူမ၏ ခန္တာကိုယ်ပေါ်မှ အဝတ်အစားများကို စုတ်ဖြဲပြီး အစိတ်အပိုင်းများကို ပေါ်အောင် လုပ်ထားခဲ့သည်..။သူမ၏ အဓိက နေရာများက ဖုံးကွယ် နေခဲ့သော်လည်း သူမ၏ ဖြူဖွေးနေသည့် ခန္တာကိုယ်နှင့် ခြေတံရှည်များကိုတော့ မြင်နေခဲ့ရသည်..။အတိတ်ဘဝက အင်တာနက်ပေါ်တွင် ပုံများ အများအပြားမြင်ခဲ့ဖူးသည့် ရှောင်နန်ဖန်းတောင် နှာခေါင်းသွေး ထွက်ချင်သလို ဖြစ်နေခဲ့သည်..။

"သူမက အားလုံးထက် အရင်ဆုံးနိုးလာရင် ကောင်းမယ်..။ဒါပေမဲ့ သူက နောက်ဆုံးမှ နိုးလာရင် ဘယ်လိုလုပ်မလဲ..။သူမက ဒေါသထွက်ပြီး ဒီသင်္ဘောပေါ်က လူတိုင်းကို သတ်နိုင်လောက်လား..။ဒီ သင်္ဘောပေါ်မှာ သူမကို ယှဥ်နိုင်သည့်လူ တစ်ယောက်မှ မရှိပေ.."

တကယ်လို့ ကျန်းလင်းချန် သာ နိုးလာလျင် ကပ်ဆိုးတစ်ခု ဖြစ်လာနိုင်သည်..။

သူ ဘာလုပ်ရမလဲ....

ရှောင်နန်ဖန်း အလျင်အမြန်ပဲ အကြံတစ်ခုကို ရပ်လိုက်သည်..။သူမကို အသက်ကယ် လှေထဲထည့်ပြီး ရေထဲ မျှောလိုက်သည်က အကောင်းဆုံးဖြစ်၏..။ဒီနည်းလမ်းနှင့် သူမ၏ ရှက်ရွံ့မူကို ကာကွယ်စေနိုင်သလို..သင်္ဘောနှင့်လည်း ဝေးရာကို ရောက်သွားစေနိုင်သည်..။ဒါက အားလုံးအတွက် အန္တရာယ် ကင်းနိုင်မည့် နည်းလမ်းဖြစ်၏..။

ရှောင်နန်ဖန်း အသက်ကို ပြင်းပြင်းရူလိုက်ပြီး..သူ၏ အပေါ်ဝတ်ရုံကို ချွတ်ကာ..ကျန်းလင်းချန် အပေါ်ကို အရင်သွားအုပ်ပေးလိုက်သည်..။

ယင်းနောက် သူမကို အသက်ကယ်လှေပေါ် တင်ပေးရန် အတွက် မ လိုက်သည့်အချိန်မှာပဲ ကျန်းလင်းချန် ၏ မျက်လုံးများက လှုပ်လာခဲ့သည်..။

ရှောင်နန်ဖန်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်..။သူက ဒီလောက်တောင် ကံဆိုးနေတာလား...။

ကျန်းလင်းချန် ၏ မျက်လုံးများ ပွင့်လာခဲ့သည့် အချိန်မှာတော့ ရှောင်နန်ဖန်း အေးခဲသွား၏..။သူတို့ အကြည့်များ တွေ့ဆုံသွားခဲ့သည်..။ဘေးနားက လေထုတစ်ခုလုံး အေးခဲပြီး အရာအားလုံးက တိတ်ဆိတ်သွားခဲ့၏..။ရှောင်နန်ဖန်း၏ နှာဖူးမှာတော့ ချွေးများ စို့ လာခဲ့ပြီဖြစ်သည်..။

All Chapters