သေတာက ပုံမှန်ပဲ..
Vol. 1 Ch. 11
ဘာသာပြန် = စမင်းသိုက်
ရှောင်နန်ဖန်းသည် သူ၏ စိတ်ဝိဥာဏ်စွမ်းအင်က မှန်ကန်သည့် နည်းစနစ်နှင့်ဆိုလျင်..ခန္တာကိုယ် နှင့် ဝိဥာဥ်ကို သန်မာအောင် လုပ်နိုင်သည် ဆိုတာကို နားလည်ထားသည်..။
ထိပ်တန်း ယင်ပုလဲ ၏ အကူအညီဖြင့် ရှောင်နန်ဖန်းသည် တာအိုကျမ်းစာ အလိပ် ၂၀ လောက်ကို သုံးရက်အတွင်းဖြင့် ပြီးစီးအောင် ဖတ်နိုင်ခဲ့သည်..။သူ၏ ဝိဥာဥ် ပင်လယ်ထဲက စိတ်ဝိဥာဥ်စွမ်းအင် သိုလှောင်ကန် ကလည်း အတော်လေးကို တိုးတက်လာခဲ့ပြီဖြစ်၏..။
ရှောင်နန်ဖန်းကျေနပ်စွာ ပြုံးလိုက်သည်..။တစ်ခြားလူတွေက စိတ်ဝိဥာဏ်စွမ်းအင် သိုလှောင်ကန် နည်းပါးသည့်အတွက် စိတ်ညစ်နေကြရသော်လည်း သူကတော့ စိတ်ပူစရာ မလိုခဲ့ပေ..။
အဲ့အချိန်မှာပဲ..သူ ကုချင်း တီးခတ်သည့် အသံကို ကြားလိုက်ရသည်..။
ကုချင်း၏ သံစဥ်က ဝမ်းနည်းမူများ ပါဝင်နေခဲ့ပြီး..နားဆင်သူတိုင်း၏ စိတ်ဝိဥာဥ်ကို တိုက်ရိုက် လှုံ့ဆော်ပေးနေခဲ့သည်..။ရှောင်နန်ဖန်း ၏ စိတ်ဝိဥာဥ် စွမ်းအင်များကလည်း လှုံ့ဆော်မူကို ခံနေရ၏..။
"ဘာတွေဖြစိနေတာလဲ..။ဘယ်သူက ကုချင်း တီးနေတာလဲ.."
ရှောင်နန်ဖန်း အံ့ဩသင့်သွားခဲ့သည်..။
လွန်ခဲ့တဲ့ သုံးရက်လုံးတွင် သူက စာလိပ်များ အချက်အလက်များ ဖတ်နေရင်းနှင့်သာ အချိန်တွေကုန်ဆုံးခဲ့သည်..။သူက ရီဒါဖူ နဲ့ နောက်လိုက်တွေ ပိုက်ဆံပျောက်လို့..ပွက်လောရိုက်နေတာကိုတောင် ဂရုမစိူက်ခဲ့ပေ..။
အပြင်မှာ ကုချင်းတီးနေသည့်လူက သူ၏ စိတ်ဝိဥာဥ် စွမ်းအင် ကျင့်စဥ်ကို နှစ်ဆ မြင့်တက်စေနိုင်သည့်သူ ဖြစ်၏..။
ရှောင်နန်ဖန်းသည်..အခန်းထဲကနေ ထွကိလိုက်ပြီး ကုန်းပတ် ဆီကို လျောက်သွားလိုက်သည်..။တပည့်တွေ အများကြီးဟာ..အဝေးမှ တစ်နေရာကို ကြည့်နေကြတာ ကို သူ တွေ့လိုကိရသည်..။၊ရီဒါဖူနှင့် သူ၏ နောကိလိုက်များ ကတော့..မျကိနှာပေါ်တွင် စိတ်ပူသည့် အမူအရာများနှငိ့ပြည့်နေခဲ့သည်..။
"ဆျာ..ကျွန်တော်အမှန်အတိုင်းပြောနေတာ..။ကျွန်တော်တို့ရဲ့ ဘဏ်စာရွကိတွေ အခိုးခံလိုက်ရတာ အားလုံးပေါင်းဆိုရင် ရွှေပြား တစိသောင်း လောက်တန်ကြေးရှိတယိ...။ဒီသေင်္ဘာပေါ်ကို နောက်တစ်ကြိမ်လောက် ထပ်ရှာလို့ မရတော့ဘူးလား."
ရီဲဒါဖူ ညည်းတွားပြီး ပြောလိုက်ခြင်းဖြစ်သည်..။
"သင်္ဘောက ဆိပ်ကမ်းကို ကပ်တော့မှာလေ..။ကျွန်တော်တို့ ရောက်ပြီဆိုတာနဲ့ ပိုက်ဆံတွေက ပြန်ရဖို့ ဖြစ်နိုင်တော့မှာမဟုတ်ဘူး.."
နောကိလိုက်တစိယောက်က အလျင်လိုလိုက်ခြင်း ဖြစ်၏..။
ရီဒါဖူနှင့်သူ ၏ နောက်လိုက်များသည် တိုင်ချငိဂိုဏ်းမှ တာဝန်ရှိသူထံတွင် ဂျီကျနေကြခြင်းဖြစ်သည်..။
တပည့်၏ မျက်နှာဟာ စိတ်ရှုပ်မူတွေ ပေါ်လာခဲ့ပြီး..
"ဒါက လုံလောက်ပြီ.."
ရီဒါဖူ နှင့် တစ်ခြားလူများသည် တိတ်ဆိတ်သွားကြ၏..။
"ဒီသုံးရက် အတွင်းမှာလည်း မင်းတို့ကြောင့် သင်္ဘောပေါ်က လူတွေအားလုံး အငြိမ်မနေကြရဘူး..။ငါတို့ လုံလောက်အောင် လုပ်ဆောင်ပြီးပြီ လို့ မထင်ဘူးလား..။မင်းတို့ ပိုက်ဆံကို ရှာဖို့ စိတ်ဝိဥာဥ် ခွေးတွေကိုတောင် သုံးပေးထားတယ်လေ..။မင်းတို့လည်း သိနေတာပဲ မဟုတ်ဘူးလား..။ပိုက်ဆံတွေမှာ မင်းတို့ရဲ့ အနံ့ရှိနေသ၍ သူတို့က ကျိန်းသေ ရှာတွေ့ကြလိမ့်မယ်..။ဒါပေမယ့် မတွေ့ဘူးလေ..။မင်းတို ဘယ်အချိန်အထိ လူတွေကို ဒုက္ခပေးချင်နေကြတာလဲ..။ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား..ဟမ်..."
ရီဒါဖူ နဲ့ ကျန်တဲ့လူတွေဟာ စိတ်ထဲမှာ မခံချင်ဖြစ်သွားခဲ့ကြသည်..။ဘယ်သူက ရွှေပြားတစ်သောင်း ပျောက်တာကို ဟာသလုပ်နေမှာလဲ..။
"ကောင်းပြီ..တော်လောက်ပြီ..။ငါ မင်းတို့နဲ့ ကစားဖို့ အချိန်မရှိသေးဘူး.."
တိုင်ချင်ဂိုဏ်းရဲ့ တပည့်က သူတို့ကို ပြောပြီးတာနဲ့ ထွက်သွားလိုက်သည်..။
ရီဒါဖူနဲ့ကျန်သည့်လူများသည် တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်စွာသာ ကြည့်နေကြ၏..။
"သူဌေး..ဒီကောင်တွေများ ကျွန်တော်တို့ ပိုက်ဆံကို ခ်ိုးထားတာလား မသိဘူး..။ပြီးတာနဲ့ သူတို့ရဲ့ ခွေးတွေက ဘာအနံ့မှ မရသလို ဟန်ဆောငိနေတာဖြစ်နိုင်တယ်လေ.."
"ဟုတ်တယ်..သင်္ဘောပေါ်မှာ အရင်ဆုံးနှိုးလာတဲ့ ကောင်တွေကလည်း ဒီကောင်တွေပဲ.."
"သခငိလေး ကျွန်တော်တော့ သေချာပြောနိုင်တယ်နော်..။ဒီကောင်တွေ ယူထားတာပဲဖြစ်ရမယ်.."
အဲ့အချိန်မှာပဲ ရှောင်နန်ဖန်းသည် သူတို့ဘေးနားကနေ ဖြတ်သွားလိုက်သည်..။ရီဒါဖူနှင့် ကျန်သည့်လူများက သူ့ကို တစ်ချက်သာ လှည့်ကြည့်ပြီး ဂရုမစိုက်ကြပေ..။သိသာစွာပဲ သူတို့က ရှောင်နန်ဖန်းကို သံသယမဝင်ကြပေ..။
ဘာပဲဖြစ်ဖြစ် ဘယ်နေရာက သံသယဝင်စရာ ရှိနေလို့လဲ..။သူက အခြေခံစုစည်းမူ အဆင့် ၆ ဖြစ်ပြီး တစ်ခြားလူတွေထက် နောက်ကျပြီးမှသာ နိုးလာသည့် သူဖြစ်သည်..။စိတ်ဝိဥာဥ် ခွေးတွေကလည်း အချိန်အတော်ကြာအောင် အနံ့ခံထားတာကြောင့် သူက တရားခံမဖြစ်နိုင်ပေ..။
"ဆင်းရဲတဲ့ ခွေးသား လူလိမ်လေး..ငါ့ရှေ့မှာ ကွယ်မနေနဲ့.."
ရိီဒါဖူ အာရုံနောက်စွာ လှမ်းအော်လိုက်သည်..။သူက ဒီတစ်ခေါက် ဆုံးရှုံးမူ အတော်များတာကြောင့် စိတ်ညစ်နေခဲ့၏..။
"မင်းက ငါ့ကို ဆင်းရဲတဲ့ ခွေးသားလေးလို့ လာခေါ်နေတာလား..။မင်းမှာ သောက်ဆံ ဘယ်နှစ်ပြား ရှိလို့လဲ.."
ရှောင်နန်ဖန်း ပြန်ပြောလိုက်သည်..။
ရီဒါဖူ ဒေါသတကြီး ပြန်ပြောဖို့ လုပ်လိုက်ပေမယ့် သူ့ ပိုက်ဆံတွေ မရှိတော့ဘူးဆိုတာကို သတိရလိုက်သည်..။အခုချိန်တွင် ရှောင်နနိဖန်းလို ဆင်းရဲသည့် ခွေးသားလေးကတောင် သူ့ကို အထင်သေးနေပြီဖြစ်၏..။
ရှောင်နန်ဖန်း သူတို့ကို ဂရုမစိူက်တော့ပဲ ရှေ့ကိုသာ ဆကိပြီး တက်သွားလိုက်သည်.။သူက လူအုပ်ကြားထဲကို တိုးသွားလိုက်ပြီး ..ကုချင်းသံ လာသည့်နေရာကို ရှာဖွေရန်ကြိုးစားလိုက်သည်...
သူတို့ သင်္ဘော၏ ရှေ့တွငိတော့ ကြီးမားသည့် ကျွန်းကြီးတစ်ကျွန်းကို မြင်တွေ့နေရပြီဖြစ်သည်..။
"ငါတို့ တိုင်ချင် အင်မော်တယ် ဂိုဏ်းကို ရောက်လာပြီလား.."
ရှောငိနန်ဖနိး သိချင်သွားခဲ့၏..။
"ဒါပေါ့..ဒါပေမဲ့ ငါတို့ အခု ဆိုက်ကပ်လို့ မရသေးဘူး.။ငါတို့ရှေ့ကလူတွေပြီးသွားတဲ့အထိ စောင့်ကြရဦးမယ်.."
သူ့ရှေ့မှာရပ်နေသည့်လူက သူ့ကို ရှင်းပြလိုက်သည်..။
တိုင်ချင် ကျွန်းသည် အတော်လေးကြီးမားလှသည်..။ကျွန်း၏ အစိတ်အပိုင်းအများစုက မြူတွေကြားထဲတွငိ ဖုံးကွယ်နေခဲ့ပြီး အဆောက်အဦးအချို့ကိုသာ မြင်နေခဲ့ရ၏..။
ကျွန်းပတ်ပတ်လည်တွင်တော့..သင်္ဘော တစ်ဒါဇင်ခန့် ရှိနေပြီး ဘယ်သင်္ဘောကမှ ကမ်းဆိုက် ခွင့် မရကြပေ..။သူတို့က ကြီးမားသည့် သင်္ဘောကြီးတစ်စင်း ဆိပ်ကမ်း ကပ်နေတာကိုသာ စောင့်နေကြသည်..။
လူတိုင်းက သင်္ဘောကြီးကို သာ အာရုံစိုက်နေကြ၏..။တိုင်ချင်ဂိုဏ်းမှ တပည့်အများစု၏ မျက်နှာများကတော့ ဝမ်းနည်းမူတွေနှင့် ပြည့်နေခဲ့ကြသည်..။
"တိုင်ချင် ဂိုဏ်းသားတွေက ဒီသင်္ဘောကြီးကို လာပြီး ကြိုဆိုကြတာ မဟုတ်ဘူးလား.."
ရှောင်နန်ဖန်း သူ့ကိုယ်သူ တွေးလိုက်သည်..။
"ကြည့်လိုက်..သင်္ဘောကြီးပေါ်မှာ အခေါင်းတွေ အများကြီးပဲ.."
လူတစ်ယောက်က အော်ဟစ်ကာ ပြောလိုက်ခြင်းဖြစ်သည်..။
ရီဒါဖူတို့ကို ထားရစ်ခဲ့သည့် တပည့်ဖြစ်သူဟာ အော်ပြီး ကြေညာလိုက်သည် .။
"ဒီသင်္ဘောကြီးက သေဆုံးသွားကြတဲ့ တိုင်ချင် ဂိုဏ်းသားတွေရဲ့ အလောင်းကို ယူဆောင်လာကြတာပဲ..။သူတို့ ငြိမ်းချမ်းစွာ အနားယူနိုင်ကြပါစေ.."
"ဘာ..အင်မော်တယ် တွေက ထာဝရရှင်သန်နိုင်ကြတာ မဟုတ်ဘူးလား..။သူတို့က ဘာလို့ သေကြတာလဲ.."
အခြေအနေကို ကြည့်နေသည့် တပည့်တစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်..။
"တိုင်ချင် ဂိုဏ်းရဲ့ တပည့်တွေ အကုန်လုံးက နတ်သားတွေလို့ မင်းက ထင်နေတာလား..။သူတို့အကုန်လုံးက ထာဝရ ရှင်သန်ဖို့ အင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်ကြလိမ့်မယ်လို့ ထင်နေတာလား..။ဂိုဏ်းထဲဝင်ပြီးတာနဲ့..ဘဝကို အေးဆေးနေလို့ ရပြီီလို့ ထင်နေတာလား.။မင်း ဒီလို တွေ ယုံကြည်ထားတယ် ဆိုရင်တော့ အခုပဲ မေ့ပစ်လိုက်တော့..။မင်းတစ်ချက်မှားယွင်းသွားတာနဲ့ သေဆုံးသွားနိုင်တယ်..။တပည့်တွေ အားလုံး တိုက်ပွဲမြေပြင်ကို သွားနိုင်ဖို့ ငါတို့ အကောင်းဆုံးတွေနဲ့ လေ့ကျင့်ပေးခြင်းခံကြရတယ်..။သေဆုံးတယ် ဆိုတာက ပုံမှန်ဖြစ်နေကြ အရာတစ်ခုပဲ.."
"ဘာ..."
တပည့်တစ်ယောက်က ထိပ်လန့်စွာ ပြောလိုက်သည်...။သေဆုံးတယ် ဆိုတာက ပုံမှန်အရာတစ်ခုတဲ့လား .။
"စီနီယာ ..ကုချင်းတီးနေတာက ဘယ်သူလဲ သိပါရစေ.."
ခပ်ဝေးဝေးတစ်နေရာတွင်တော့ အညိုရောင်ဝတ်စုံ ဝတ်ထားသည့် ပိန်ပိန်ပါးပါး လူတစ်ယောက်သည် မျက်လုံးများကို ပိတ်ထားပြီး ရှိနေခဲ့သည်..။သူက
ကုချင်း တီးနေခြင်းဖြစ်၏..။များပြားလှသည့် တိုင်ချင်ဂိုဏ်းသားများသည် သူ့အနားတွင် လေးစားစွာ ရပ်နေခဲ့ကြသည်..။သူတို့က ဂိီတ သံစဥ်ကိုသာ နားထောင်နေကြပြီး ဘာအသံမှ မထွက်ကြပေ..။
"အဲတာ အကြီးအကဲ ကု ပဲ..။သူက သေဆုံးတဲ့ လူတွေ ရဲ့ ဝိဥာဥ်တွေ အေးချမ်းစွာ အနားယူနိုင်ဖို့ တီးခတ်ပေးနေတာ.."
" ဒါက တကယ်ပဲ သက်ရောက်မူရှိရဲ့လား.."
တစ်ချို့ လူများကတော့..သိပ်ပြီးမလေးစားစွာပဲ..မျက်လုံးမှိတ်ထားသည့် လူကြီးကို ကြည့်ကာ ပြောလိုက်သည်..။
သူတို့မှာ စိတ်ဝိဥာဥ်စွမ်းအင် မရှိသေးတာကြောင့် ဒီသံစဥ်တွေက ဘယ်လောက်အထိ သက်ရောက်မူရှိလဲဆိုတာကို မသိကြသေးပေ..။ဒီ အကြီးအကဲ က တကယ်ကို မာစတာ တစ်ယောက်ဖြစ်ပုံရ၏..။
"သေဆုံးတဲ့လူတွေ အတွက်သီချင်းလား..။အကြီးအကဲ ကု..."
ရှောင်နန်ဖန်း သံစဥ်ကို နားထောင်နေရင်းနှင့် မျကိလုံးတွင် အရောင်လက်သွားခဲ့သည်...။
တကယ်လို့ သူသာ အကြီးအကဲ ကု လက်အောက်တွင် လေ့ကျင့်နိုင်လျင် သူ့၏ ကျင့်စဥ်က အလျင်အမြန်မြင့်တက် လာနိုင်လိမ့်မည်ဖြစ်၏..။
"ကောင်းပြီ ဒါကလုံလောက်ပြီ..။ဂိုဏ်းက အလောင်းတွေကို သင်္ဂြိုလ် ရင်းနဲ့ အလုပ်ရှုပ်နေကြလိမ့်မယ်..။ဒီတော့ ငါတို့ သင်္ဘောက ကမ်းကပ် လို့ရမှာမဟုတ်သေးဘူး..။ငါတို့ မနက်ဖြန်မှ ဆိပ်ကမ်းကို ကပ်ကြတာပေါ့.."
သူ ညွှန်ကြားလိုက်သည်..။
"သိပါပြီ.."
တပည့်များက အော်ပြောလိုက်ကြသည်..။
တစ်ချို့တပည့်များကတော့ အခြေအနေတွေကိုမြင်ပြီး ယုံကြည်မူ ကင်းမဲ့စွာ ကြောက်လန့်နေကြသည်..။
ကျင့်ကြံခြင်း လမ်းကြောင်းမှာ..သေဆုံးခြင်းက ပုံမှန်ပဲတဲ့လား..။