← Chapters

ကျိုးယွန်ဂျီ

Vol. 1 Ch. 12

ကျိုးယွန်ဂျီ

Vol. 1 Ch. 12

ဘာသာပြန် = စမင်းသိုက်

တိုင်ချင် ကျွန်း၏ ကြီးမားသည့် တောင်ကြားတစ်ခုတွင် ..ကျောက်တုံးအုတ်ဂူများ အတန်းလိုက် အတန်းလိုက် ရှိနေခဲ့သည်..။

ဒါက ပင်လယ်ပြင်ကို ဖြတ်သန်းပြီး ယူလာခဲ့သည့် အလောင်းများကို ဂူသွင်းမြုပ်နှံ ထားခဲ့ခြင်း ဖြစ်သည်..။ကျောက်တုံး အုပ်ဂူများရှေ့တွင် ရပ်နေကြသည့် တိုင်ချင် ဂိုဏ်းသားများ၏ မျက်နှာများကတော့ ဝမ်းနည်းမူများ ဖုံးလွှမ်းနေကြ၏..။

သူတို့ အဝတ်အစားတွေပေါ်ကို မိုးတဖွဲဖွဲကျနေပေမယ့် ဘယ်သူမှ ဂရုစိူက်သည့် ပုံ မပေါ်ကြပေ..။သူတိူ့က သေဆုံးသည့်လူများကို မြုပ်နှံပြီးသည့် အချိန်တွင် သွေးများ စွန်းထင်းနေသည့်..အဝတ်အစားနှင့် လူတစ်ယောက်ကို ကြည့်လိုက်ကြ၏..။

ဒီလူသည် ရုပ်ရည် ခန့်ညားပေမယ့်..မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့သည်..။သူက အားလုံးရှေ့တွင် ရပ်နေခဲ့ပြီး မတူညီသည့် အော်ရာတစ်ခုကို ပေးစွမ်းနေခဲ့၏..။

"လူစုခွဲကြရအောင်..။ငါတို့ရဲ့ ဂျူနီယာလေးတွေကို မြေမြုပ်ပေးပြီးပြီ ဆိူတော့ နောက်နေ့မှ ဂါဝရ လာပြုကြမယ်.."

"သိပါပြီ စီနီယာ အစ်ကို.."

တပည့်တွေ အများစုဟာ ထွက်သွားခဲ့ကြပြီး လေးယောက်သာ ကျန်နေခဲ့၏..။အားလုံးထွက်သွားတာသေချာမှ သူတို့က ပြန်လှည့်လိုက်ကြသည်..။

"စီနီယာ အစ်ကို ..ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ဆုံးရှုံးမူတွေကို ကြုံလာရတာလဲ.."

တစ်စုံတစ်ယောက်က မေးလိုက်ခြင်း ဖြစ်၏..။

စီနီယာ အစ်ကို၏ မျက်နှာသည် သုန်မုန်သွားခဲ့ပြီး..

"နတ်ဆိုးဂိုဏ်းက ငါတို့ရဲ့ အတွင်းထဲ အထိကို စိမ့်ဝင်နေပြီ..။သူတို့က ငါတို့ရဲ့ လမ်းကြောင်းတစ်လျောက်လုံးကို ခြုံကို တိုက်ခိုက်ခဲ့ကြတာ.."

"ဟင်...နတ်ဆိုး သူလျိုတွေလား.."

"ငါတို့ ဒီလို ဆိုးဝါးတဲ့ ဆုံးရှုံးမူတွေကို ခံစားခဲ့ကြရပေမယ့် သူတို့လည်း ခံစားခဲ့ကြရတာပဲ..။ငါတို့ သူတို့ရဲ့ ခေါင်းဆောင်တွေကို ဖမ်းမိပြီး စစ်မေးထားတယ်..။ငါတို့ အထဲမှာ သူတို့ရဲ့ သူလျိုတွေ ရှိနေတယ် ဆိုတာကို အဲဒီအချိန်ကြမှ သိခွင့်ရခဲ့တယ်လေ..။သူတို့က ဘယ်သူတွေ လည်း ဆိုတာကိုတော့ မသိထားဘူး..။ကြည့်ရသလောက်ကတော့..အသစ်ခေါ်မယ့် ဂိုဏ်းသားတွေထဲမှာတောင် သူလျိုက ပါနေလောက်တယ်.."

စီနီယာ အစ်ကို ဖြစ်သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးပြောလိုက်သည်..။

"ငါ , ကျိုးယွန်ဂျီ အကုန်လုံးကို မြေလှန်ပစ်ရမယ် ဆိုရင်တောင် ဒီ သူလျိုတွေကို တစ်ယောက်မကျန်ဖော်ထုတ်ပြမယ်.."

"စီနီယာ အစ်ကို , ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ.."

"ငါတို့ ဂိုဏ်းသားသစ်စုဆောင်း တဲ့အင်မော်တယ် ခန်းမ ဆီကို သွားမယ်.."

ကျိုးယွန်ဂျီ နှင့် သူ၏ ဂျူနီယာ များသည် တိုင်ချင် ဂိုဏ်း၏ ခန်းမ ဆီကို ဦးတည်သွားလိုက်ကြသည်..။

သူတို့ ငါးယောက်သည် ..အင်မော်တယ် ဂိုဏ်းသားသစ် စုဆောင်းရေး ခန်းမကို ရောက်လာခဲ့ကြ၏..။

တစ်ချို့ အပြင်စည်း တပည့်များသည် သူတို့ ငါးယောက်ကို မြင်ပြီး အံ့ဩသည့် အမူအရာများဖြစ်သွားခဲ့ကြသည်..။သူတို့ ချက်ချင်း အရိုအသေ ပေးလိုက်ကြ၏..။

"စီနီယာ အစ်ကိုကို နှုတ်ဆက်ပါတယ်.."

ကျိုးယွန်ဂျီ သူတို့ကို လျစ်လျူရူ ထားခဲ့သည်..။သူ ခန်းမ၏ အလယ်ကို လျောက်သွားလိုက်ပြီး အပြင်စည်း တပည့်များကို စုဝေးစေလိုက်သည်..။

"လူသစ်စုဆောင်းမူ အတွင်း သင့်တော်တဲ့ တပည့်တွေရဲ့ အချက်အလက်တွေကို ထုတ်လိုက်.."

ကျိုးယွန်ဂျီ အမိန့်ပေးလိုက်သည်..။

အပြင်စည်း တပည့်များသည့် ဘာအတွက်လဲ ဆိုသည်ကိုပင် ပြန်ပြီး မေးခွန်း မထုတ်ကြပေ..။ရှောင်နန်ဖန်း၏ သင်္ဘောကို တာဝန်ယူရသည့် တပည့်ကလည်း ဒီနေရာတွင် ရှိနေခဲ့၏..။သူ ကျိုးယွန်ဂျီကို ဂါဝရ ပြုလိုက်ပြီး...

"စီနီယာ အစ်ကို ကျိုး..ကျွန်တော်က ရေကြောင်းခရီး တစ်လျောက်လုံးကို တာဝန်ယူရတဲ့လူပါ.."

ကျိုးယွန်ဂျီ အချက်အလက်တွေကို ကြည့်လိုက်ပြီး.

"လူသစ်တွေထဲမှာ မသင်္ကာစရာတွေ ရှိနေတယ်လို့ ငါ သံသယရှိတယ်..။သူတို့တစ်ယောက်ချင်းစီ ရဲ့ အချက်အလက်တွေကို စစ်ဆေးပြီး..မသင်္ကာစရာ ရှိတဲ့ လူတွေကို ရှာလိုက်..."

"သိပါပြီ စီနီယာ အစ်ကို.."

တစ်ဖက်က တပည့်များဟာ ဘာတွေဖြစ်နေလဲ ဆိုတာကို မသိကြပေမယ့် စီနီယာ အစ်ကို ကျိုးရဲ့ အမိန့်ကို မလွန်ဆန်ရဲကြပေ..။သူတို့က ချက်ချင်းပဲ..စစ်ဆေးမူများကို စတင်လိုက်ကြ၏..။

ဒီတစ်ခေါက် တွင် သင့်တော်သည့် တပည့်က တစ်ထောင်လောက်ရှိပြီး အကုန်လုံးကို စစ်ဆေးဖို့ဆိုတာက အတော်လေးကို ခက်ခဲလှသည်..။သူတို့က နာမည်နှင့် ကျင့်စဥ်သာမက..နောက်ခံနှင့် လိပ်စာ များကိုပါ စစ်ဆေးနေကြ၏..။

ဒီ စစ်ဆေးမူက တစ်ညလုံး အချိန်ကုန်သွားခဲ့သည်..။တပည့်တွေ အကုန်လုံး မအိပ်ကြရပဲ..ကျိုးယွန်ဂျီ ကိုယ်တိုင်တောင် တစ်ချိန်လုံး စစ်ဆေးနေခဲ့သည်..။

အာရုံမတက်ခင် အချိန်တွင်တော့ ကျိုးယွန်ဂျီ ၏ လက်ထဲတွင်..တစ်ခုခု ရှိနေခဲ့သည်..။

သံသယဖြစ်စရာ လူသစ်များတွင် ဒီတစ်ယောက်က ထူးထူးခြားခြား ဖြစ်နေသည်..။

"နန်ဖန်း တဲ့လား..။အသက်က ဆယ့်ခြောက်နှစ်..အခြေခံ စုစည်းမူ အဆင့် ၅ ..။တုန်ကင် လက်မှတ်ကို ..အဆက်အသွယ်နဲ့ ရရှိထားတဲ့သူ.."

ကျိုးယွန်ဂျီ မျက်လုံးကျဥ်းမြောင်းသွားခဲ့သည်..။

"ဟုတ်ပါတယ်..။သူ့ရဲ့ နောက်ခံကိုတော့ သေချာမသိရသေးပါဘူး..။သူက တုန်ကင်ကို အဆက်အသွယ်နဲ့ ရထားတာဆိုတော့..တာဝန်ရှိတဲ့ တပည့်တွေက သူ့ကို မေးခွန်းအများကြီး မမေးခဲ့တော့တာပါ..။ဒါပေမဲ့ ခရီးစဥ်တစ်လျောက်လုံး စစ်ဆေးကြည့်တော့..သူ့မှာ အမှန်တကယ် အဆက်အသွယ် ရှိမနေတာကို သိခဲ့ရပါတယ်..။တုန်ကင်လက်မှတိကို သူ ဘယ်လို ရလာသလဲ ဆိုတာကို မပြောတတ်တော့ပါဘူး.."

တာဝန်ရှိသူက ဖြေဆိုလိုက်သည်..။

ကျိုးယွန်ဂျီ အေးစက်စွာ စိုက်ကြည့်လိုက်ပြီး..

"သူက အဆက်သွယ်နဲ့လာတယ် လို့ ပြောလိုက်တာနဲ့ မင်းတို့က တက်ခွင့်ပေးလိုက်တာလား.."

"ကျွန်..ကျွန်တော်တို့..."

တာဝန်ရှိသူ၏ နှာဖူးတွင် ချွေးများ စို့လာခဲ့သည်..။

သူတို့လို တပည့်များမှာ နီးရာ ဓားကို ကြောက်ကြရသူများ ဖြစ်ကြသည်..။အဆက်အသွယ် ရှိတဲ့ လူတစ်ယောက်ကို သူတို့က ဘယ်လိုလုပ်ပြီး သွားရှုပ်ရဲမှာလဲ..။

"ဂိုဏ်းအတွက် လူသစ်ခေါ်တာက ဘယ်လောက်တောင် အရေးကြီးလဲ ဆိုတာကို မင်းတို့ မသိဘူးလား..။တကယ်လို့ သူလျိုတစ်ယောက်ကသာ ဒီနည်းလမ်းနဲ့ ဝင်လာရင် တကယ်မတွေးရဲစရာပဲ..။မင်းတို့ ဘာတွေ လုပ်မိနေလဲ ဆိုတာတောင် သိကြရဲ့လား..!

ကျိုးယွန်ဂျီ အော်လိုက်သည်..။

ခန်းမထဲရှိ အပြင်စည်းတပည့်များအားလုံး တိတ်ဆိတ်နေကြ၏..။

ကျိုးယွန်ဂျီ တာဝန်ရှိသူကို ကြည့်လိုက်ပြီး..

"ကြည့်ရတာတော့ အပြင်စည်း တပည့်တွေရဲ့ အဆင့်ကို ပြန်ဖွဲ့စည်းရတော့မယ် ထင်တယ်.."

"ကျေးဇူးပြုပြီး စီနီယာ အစ်ကို.."

တပည့်ဖြစ်သူက တောင်းပန်လိုက်သည်..။

"အနာဂတ်မှာ ဘယ်အဆက်အသွယ်နဲ့မှ ဂိုဏ်းထဲကိုဝင်လို့ မရစေရဘူး..။တကယ်လို့ တစ်ယောက်ယောက် ဒီလိုမျိုးထပ်လုပ်ရင် ငါ့ကို ဖြေရှင်းချက် ပေးရလိမ့်မယ်..။ငါ သူတို့ရဲ့ ဌာန ခေါင်းဆောင်နဲ့ စကားပြောမယ်.."

တပည့်များအားလုံး ခေါင်းတွေကိုသာ ငုံ့ပြီး တိတ်ဆိတ်နေကြသည်..။

"စီနီယာ အစ်ကို ဒီနန်ဖန်းက သူလျိုတစ်ယောကိ ဖြစ်နေနိုင်မလား.."

ကျိုးယွန်ဂျီ ခနလောက် တွေးလိုက်ပြီး..

"မသိဘူး..ဒါပေမဲ့ သူက တစ်ခုခု မှားယွင်းနေတာတော့ သေချာတယ်..။သူလျိုတွေက ဂိုဏ်းထဲကို ဒီလိုပဲ ခိုးကြောင်ခိုးဝှက် ဝင်လာကြတာလေ..။တကယ်လို့ သူလျိုရှိနေတယိ ဆိုရင်လည်း နောက်ခံကို ဖော်ပြထားကြတဲ့ လူတွေပဲဖြစ်ရမယ်..။အခု ငါ့ကို ဒီသံသယ ရှိတဲ့ လူတွေဆီကို လိုက်ပြ.."

ကျိုးယွန်ဂျီ အမိန့်ပေးလိုက်သည်..။

"သိပါပြီ စီနီယာ အစ်ကို.."

တာဝန်ရှိသူက ပြန်ဖြေလိုက်သည်..။

သူ ကျိုးယွန်ဂျီကို ဆိပ်ကမ်းကို မြင်ရမည့် တစ်နေရာဆီကို ခေါ်သွားခဲ့သည်..။

ဆိပ်ကမ်းတွင် အတော်လေးကို လူများပြည့်ကြပ်နေခဲ့၏..။သူတို့က သံသယရှိသည့် လူများကို သေချာ စောင့်ကြည့်နေကြသည်..။

မကြာခင်မှာပဲ ရှောင်နန်ဖန်းသည် ယူစရာ ရှိသည်များကို ယူပြီး တစ်ခြားလူတွေနှင့်အတူ ထွက်လာခဲ့သည်..။

"စီနီယာ အစ်ကိုကျိုး..အဲဒီ နန်ဖန်းလေ..။ခရီးစဥ်မှာလည်း သူက ရွှေရောင်စိတ်ဝိဥာဥ် ငါးရှဥ့်ကို ဖမ်းနိုင်ခဲ့သေးတယ်..။ကျွန်တော်က သူ့ကို ကံကောင်းတယ် ပဲထင်နေတာ..။အမှန်တော့ မသင်္ကာစရာကောင်းနေတာပဲ..."

တပည့်က ပြောလိုက်ခြင်းဖြစ်သည်..။

ကျိုးယွန်ဂျီ မျက်လုံး ကျဥ်းပြီး ရှောင်နန်ဖန်းကို ကြည့်လိုက်သည်..။

ရှောင်နန်ဖန်းကိုတော့ ဘေးပတ်လည်ကို သိချင်စွာကြည့်ပြီး စူးစမ်းနေခဲ့၏..။သူ့ကြည့်ရတာ အတော်လေး အပြစ်ကင်းစင်သည့်ပုံပေါ်နေခဲ့သည်..။

သို့ပေမယ့် ကျိုးယွန်ဂျီသည် လမ်းတစ်လျောက်လုံး ဆိုးဝါးသည့် တိုက်ပွဲများနှင့် ရင်ဆိုင်ခဲ့ရသည်ကြောင့်..ဘယ်သူ့အပေါ်မှာမှ သနားညှာတာမူ မထားနိုင်တော့ပေ..။

"ကျွန်တော်တို့ သူ့ကို ဖမ်းပြီး စစ်မေးကြမလား , စီနီယာ အစ်ကို.."

တပည့်တစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်..။

ကျိုးယွန်ဂျီ ခေါင်းခါယမ်းလိုက်ပြီး..

"အလျင်မလိုဘူး..။ငါတို့ သူက တကယ့် သူလျိုလားဆိုတာ သေချာအောင်လုပ်ဖို့လိုတယ်..။သူသာ သူလျိုဆိုရင် အပေါင်းအပါတွေ ရှိနေဦးမှာပဲ..။တစ်ခြား သံသယရှိတဲ့လူတွေကိုကြည့်ထား..ငါ သူ့ကို တာဝန်ယူလိုက်မယ်.."

"သိပါပြီ.."

ကျိုးယွန်ဂျီသည် ရှောင်နန်ဖန်းကို ဘယ်သူလာပြီး စကားပြောမလဲဆိုတာကို မျက်တောင်မခတ်ပဲ ကြည့်နေခဲ့သည်..။

သို့ပေမယ့် အချိန်အတော်ကြာအောင် စောင့်နေပြီးတာတောင် ဘဟ်သူမှ ပေါ်မလာခဲ့ပေ..။

ကျိုးယွန်ဂျီ ပြုံးလိုက်ပြီး..

"တကယ်ကို လှည့်စားတတ်တာပဲ..။ငါ သူနဲ့စကား​သွားပြောလိုက်မယ်..။သက်သေ မရဘူးဆိုရင်တောင် ငါ သူ့ကို ဖမ်းပြီး စစ်မေးဦးမှာပဲ.."

သူ အသက်ကို ပြင်းပြင်းရူလိုက်ပြီး ရှောင်နန်ဖန်းဆီကို လျောက်သွားလိုက်သည်..။

သူက ဂိုဏ်းထဲတွင် လူသိများသော်လည်း..အခုမှ ဝင်လာသည့် ဂိုဏ်းသားသစ်များကတော့ သူ့ကို မသိကြပေ..။

သူ ရှောင်နန်ဖန်းဆီကို သွားပြီး စကားပြောတော့မယ့် အချိန်မှာပဲ ရှောင်နန်ဖန်းက သူ့ဖက်ကို လှည့်လာခဲ့သည်..။

ကျိုးယွန်ဂျီ မျက်မှောက်ကျုတ်လိုက်၏..။သူ လူမိသွားတာလား...။

ရှောက်နန်ဖန်းက သူ့ကို စောင့်ကြည့်နေကြတယ် ဆိုတာကို အစောကတည်းက သိနေတာလား..။

နတိဆိုးဂိုဏ်းရဲ့ အချက်အလက် စီးဆင်းမူက ဒီလောက်တောင် မြန်ဆန်နေတာလား..။ကြည့်ရတာတော့ လူသစ်စုဆောငိးရေး ခန်းမ၏ အပြင်စည်း တပည့်များကိုပါ စစ်ဆေးရန်လိုအပ်နေပြီဖြစ်သည်..။

ကျိုးယွန်ဂျီ အကြည့်များက အေးစက်သွားခဲ့သည်..။သူက ရှောင်နန်ဖန်း လှုပ်ရှားသည် နှင့် ချက်ချင်း တန်းပြီး ဖမ်းဆီးရန် အသင့် ပြင်ဆင်ထားလိုက်၏..။

ရှောင်နန်ဖန်းသည် ရုတ်တရက် သူ့ အိတ်ထဲမှာ ရွှေစ တစ်ချို့ကို ထုတ်ပြီး ကမ်းပေးလိုက်သည်..။

"ဟင်..."

ကျိုးယွန်ဂျီ တွေဝေသွားခဲ့၏..။ဒါက ဘာကို ဆိုလိုတာလဲ..။ဒီရွှေစ များက အနည်းဆုံးတော့ ရွှေ​ပြားလေးပြားခန့် တန်ဖိုးရှိပေလိမ့်မည်..။

"စီနီယာ အစ်ကိုက ကျွန်တော်ရဲ့ မိတ်ဆွေတစ်ယောက်နဲ့ အတော်လေးကို ဆင်တူတာပဲ..။ကျွန်တော် က တိုင်ချင်ကျွန်းကို အခုမှစပြီး ရောက်တာဆိုတော့ အဆက်အသွယ်လေးတွေ ရှိချင်မိတယ်လေ..။ကျေးဇူးပြုပြီး ဒီ တွေ့ဆုံခြင်း လက်ဆောင်လေးကို လက်ခံပေးပါ.."

ကျိုးယွန်ဂျီ ဘာပြောရမလဲ မသိဖြစ်သွားခဲ့သည်..။တွေ့ဆုံခြင်း လက်ဆောင်လား..။မိတ်ဆွေဖွဲ့ဖို့လား..။ငါ့ကို ရွှေပြား လေးပြားနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတာလား..။ငါ တစ်နပ်စားသောက်တာတောင် ရွှေပြားတစ်ရာလောက် ကုန်တယ်လေ..။ငါက ဒါကို ဂရုစိုက်မယ် ထင်နေတာလား..။ငါ ဘယ်သူလဲ ဆိုတာရော သိရဲ့လား..။

"ကျေးဇူးပြုပြီး လက်ခံပေးပါ..။စီနီယာ..ဒီဟာနဲ့ အဝတ်အစား အချို့ သွားဝယ်လို့ ရတယ်လေ.."

ရှောင်နန်ဖန်း ရှေ့ကို တက်လိုက်ပြီး ကျိုးယွန်ဂျီ၏ လက်ကို ရွှေစ အချို့ ထည့်ပေးလိုက်သည်..။

" ?????? "

ကျိုးယွန်ဂျီ ခေါင်းကို ငုံ့ပြီး သူ၏ အဝတ်အစား အခြေအနေကို ပြန်ကြည့်လိုက်သည်..။သူက မနေ့ကမှ ခရီးက ပြန်ရောက်ခဲ့ခြင်းဖြစ်ပြီး..အဝတ်အစား မလဲလှယ်ရသေးပေ..။သွေးကွက်များက မိုးရေကြောင့် မရှိတော့သော်လည်း သူပုံစံက မျက်တွင်းများညို နေပြီး သူတောင်းစား တစ်ယောက်နှင့်ပင် တူနေခဲ့၏..။

နေဦး...သူ...သူက ငါ့ကို သူတောင်းစား လို့ ထင်နေတာလား.

All Chapters