← Chapters

ပိုက်ဆံနှင့် ဖြေရှင်းခြင်း

Vol. 1 Ch. 13

ပိုက်ဆံနှင့် ဖြေရှင်းခြင်း

Vol. 1 Ch. 13

ဘာသာပြန် = စမင်းသိုက်

လွန်ခဲ့သည့် ဆယ်ငါးမိနစ်တွင် သင်္ဘောပေါ်မှ အကုန်လုံး ဆင်းလာခဲ့ကြခြင်းဖြစ်သည်..။တိုင်ချင်ဂိုဏ်းသားများသည်..အရည်အချင်းရှိသည့် တပည့်များကို ရွေးချယ်မူ အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေခဲ့ကြသည်..။ရီဒါဖူ နှင့် သူ၏နောက်လိုက်များကတော့ ဒီတပည့်များထဲမှ တစ်ယောက် ထံတွင် ဝန်းရံနေခဲ့ကြ၏..။

"တတိယ ဦးလေး..ဒီမှာရှိနေတဲ့ လူတွေ အကုန်လုံးက ကျွန်တော်ရဲ့ ညီအစ်ကို တွေချည်းပဲ..။သူတို့က ကျွန်တော်လောက် ..ပါရမီ မပါပေမယ့်..ကျွန်တော်တို့ နေရာတွေ ကွဲပြီး မရောက်သွားရင် ပိုအဆင်ပြေလိမ့်မယ်..။သူတို့ကို အပြင်စည်းတပည့်ဖြစ်လာအောင် ကူညီပေးမယ်လို့ ကတိပေးထားတယ်လေ..။ကျွန်တော်ကို ကူညီပေးနိုင်မလား..!

ရီဒါဖူ သူ၏ အန်ကယ်ကို ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်..။

သူ၏ နောက်လိုက်များကလည်း မျှော်လင့်တကြီး ကြည့်နေခဲ့ကြ၏..။

ရီဲဒါဖူ ၏ အန်ကယ်ဖြစ်သူ သည် ရီဒါဖူ၏ နောက်လိုက်တစ်သိုက်ကို ကြည့်လိုက်သည်..။သူ ဒီကလေးတွေကို မခေါ်ချင်ပေမယ့် သူ၏ တူက ဆက်တိုက်ကို တောင်းပန်နေခဲ့သည်..။

"ထားလိုက်တော့..။ဒီ တုန်ကင် ၁၁ ခုကို ယူထားလိုက်..။မော်တယ် အကိုင်းအခွဲမှာ မင်းတို့က တပည့်တွေဖြစ်လာကြလိမ့်မယ်..။ကျင့်ကြံတယ် ဆိုတာက ..အန္တရာယ် များတဲ့ ကိစ္စပဲ..။မင်းတို့ ကြိုးစားကြရင်တော့ အတူတူရှိနေနိုင်ကြလိမ့်မယ်.."

ရီဒါဖူ ၏ အန်ကယ်သည် သူ၏ တူကို တန်ဖိုးကြီးသည့် လက်ဆောင်ပေးလိုက်ခြင်းဖြစ်သည်..။

"ကျေးဇူးပါ အန်ကယ်.."

ရီဒါဖူ၏ နောက်လိုက်များသည်လည်း စိတ်သက်သာရာ ရသွားခဲ့ကြ၏..။

ရဲဒါဖူ၏ အန်ကယ်သည် ခေါင်းညိမ့်လိုက်ပြီး..ထွက်သွားလိုက်သည်..။သူလည်း များပြားလှသည့် တပည့်များထဲမှ လူသစ်များရွေးချယ်ရဦးမည်ဖြစ်၏..။

"သခင်လေး.ဂိုဏ်းမှာရှိနေတုန်း ကျွန်တော်တို့ကို ဂရုစိုက်ပေးပါဦး.."

ရီဒါဖူ၏ နောကိလိုက်တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်..။သူတို့က အပြင်စည်း တပည့်အဖြစ် အလွယ်အကူ အရွေးခံလိုက်ရတာကြောင့် ပျော်ရွှင်နေခဲ့ကြသည်..။

ဂုဏ်ယူမူတွေ ပြည့်နေသည့် ရီဒါဖူ သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး ရှောင်နန်ဖန်းကို မြင်သည့် အချိန်မှ ရပ်တန့်သွားခဲ့သည်..။ဒီခရီးစဥ် တစ်လျောက်လုံး ဒီကောင်လေးက သူ့ကို စိတ်မချမ်းမသာ ဖြစ်စေခဲ့သည်..။အခု ရှောင်နန်ဖန်းကိုမြင်ပြီး..သူ့ရဲ့ ကျင့်စဥ် အဆင့်ကို တွေးမိလိုက်တာကြောင့်..ရယ်မောချင်စိတ်တောင် ဖြစ်သွားခဲ့သည်..။

"မင်း မြင်ရဲ့လား ကောင်လေး..။ငါတို့က ဒုတိယ ရွေးချယ်မူ ပါစရာ မလိုပဲနဲ့ တောင် တရားဝင် ဂိုဏ်းတပည့်တွေ ဖြစ်သွားကြပြီ..။မင်းကတော့...တိုင်ချင် ဂိုဏ်းက ဘယ်လိုမှန်းတောင် မသိဘူးမလား..။မင်းအရည်အချင်းနဲ့ဆိုရင် အပြင်စည်းတပည့်ဖြစ်လာဖို့တောင် အတော်ခက်ခဲမှာပဲ.."

ရီဒါဖူ ပြုံးပြီးပြောလိုက်သည်..။

ရှောင်နန်ဖန်းသည် ရီဲဒါဖူကို ထူးဆန်းစွာ လှမ်းကြည့်လိုက်၏..။ဒီကောင် ရူးနေတာလား..။သူက ..ရွှေပြားတစ်သောင်းလောက် ပျောက်ဆုံးပြီးတာတောင် အခုလို လှောင်ပြောင်နေနိုင်သေးသည်..။သူက နောက်ထပ် သင်ခန်းစာ လိုအပ်နေတာလား..။

"သခင်လေး..သူ့အဆင့်အတန်းနဲ့ ဘာများသိနိုင်မှာလဲ.."

"ဟုတ်တယ်..ဒီအဆင့်ရောက်ရင်တောင် တပည့်တွေအများကြီး ပြုတ်ကျပြီး ပြန်ပို့ခံရတာတွေ ရှိတယ်တဲ့..။သူက ကျိန်းသေ အဲဲဒီအထဲက တစ်ယောက်ဖြစ်မှာပဲ.."

ရှောင်နန်ဖန်း သူတို့ အကုန်လုံးကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်သည်..။သူတို့က များပြားလှသည့် ငွေကြေးများ ဆုံးရှုံးခဲ့ကြသည့်တိုင်အောင်..မပူမပင် ရှိနေကြသေး၏..။

"တိုင်ချင် ဂိုဏ်းအကြောင်း သိဖို့က ဘာများ ခက်ခဲလို့လဲ.."

ရှောင်နနိဖန်း ပြန်ငြင်းခုန်လိုက်သည်..။

"အ်ိုး..မင်းသိတဲ့လူ တစ်ယောက်ယောက် ရှိနေတာလား.."

ရီဲဒါဖူ အံ့ဩစွာမေးလိုက်သည်..။

"မရှိဘူး..ဒါပေမဲ့..ပိုက်ဆံက အရာရာကို လုပ်နိုင်တယ်..."

ရှောင်နန်ဖန်းပြောလိုက်သည်..။

ရီဲဒါဖူ : ...

ဒီအသံက ..တစ်နေ့လုံး ရိက္ခာခြောက်စားပြီး..ကျမ်းစာတွေ ဖတ်နေသည့် ငမွဲတစ်ယောက်ဆီမှ ထွက်လာသည်ကို သူတို့ မယုံနိုင်ကြပေ..။ပိုက်ဆံ ဆိုတာက သူ လိုအပ်နေတဲ့အရာ မဟုတ်ဘူးလား..။

ရီဲဒါဖူ နှင့် ကျန်သည့်လူများသည် ရှောင်နန်ဖန်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်ကို စောင့်ကြည့်နေကြသည်..။ရုတ်တရက် အဝတ်အစား တွန့်ကြေ နေသည့်လူတစ်ယောက်က သူ့အနားကို လျောက်လာခဲ့၏..။ဒီတစ်ယောက်က သူလျိုတွေကို ဖမ်းဆီးရန် ကြံစည်နေသည့် စီနီယာ အစ်ကို ကျိုးယွန်ဂျီ မှ လွဲလို့ တစ်ခြားဘယ်သူမှ မဖြစ်နိုင်တော့ပေ..။

ရှောင်နန်ဖန်းသည် ကျိုးယွန်ဂျီ ၏ ညစ်ပတ် တွန့်ကြေနေသည့် အဝတ်အစားများကို မြင်ပြီး မျက်ခုံးပင့်တင်လိုက်သည်..။

အင်မော်တယ် ဂိုဏ်းတွင်တောင် ..ဆင်းရဲမူ နှင့် ချမ်းသာမူကြား ခွဲခြားမူ များရှိနေသည် ကို ရှောင်နန်ဖန်း ယုံကြည်ထားသည်..။ဒါက သဘာဝဖြစိစဥ် တစ်ခု ပင်ဖြစ်၏..။ဒီလို အနေအထားအရ ဆိုလျင် ဖြစ်နိုင်သည်က..ကိုယ့်ကိုကို ကောင်းကောင်းမရပ်တည် နိုင်သည့် အပြင်စည်းတပည့် ဖြစ်ပုံရ၏..။

ရှောင်နန်ဖန်း သူ၏ အိပ်ကပ်ထဲကို နှိုက်ပြီး ရွှေစတစ်ချို့ ထုတ်ကာ ကမ်းပေးလိုက်သည်..။

"စီနီယာ အစ်ကိုက ကျွန်တော်ရဲ့ မိတ်ဆွေ တစ်ယောက်နဲ့ အတော်တူတာပဲ..."

သိပ်မဝေးသည့် နေရာတွင်တော့ ရီဒါဖူ နှင့် နောကိလိုက်များ မျက်လုံးပြူးကျယ်သွားခဲ့သည်..။ဒီငနဲ ဘာလုပ်နေတာလဲ..။တိုင်ချင်ဂိုဏ်းက တပည့်ကို ရွှေပြား လေးပြား လောက်နဲ့ လာဘ်ထိုးဖို့ လုပ်နေတာလား..။ဂိုဏ်းက တပည့်တွေကို..သူ့လို ပိုက်ဆံမရှိတဲ့ ငမွဲတွေလို့ ထင်နေတာလား..။

သို့ပေမယ့်..တစ်ဖက်က တပည့်ဖြစ်သူ၏..အဝတ်အစားများကို ကြည့်ရသည်တော့ ဒီကောင်လေး၏ နည်းဗျူဟာက အမှန်ပင် အောင်မြင်သွားနိုင်သည်..။ဒီလို ဘဝရောက်နေတဲ့ တစ်ဖက်က တပည့်ကရော ဘယ်သူလဲ..။သူ က တကယ်ပဲ ရွှေပြား လေးပြားကို ယူထားတော့မှာလား..။ဘာပဲဖြစ်ဖြစ် သူက တိုင်ချငိဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်ပေသည်..။

"ကျေးဇူးပြုပြီး ယူထားလိုက်ပါ..။ဒီဟာနဲ့ စီနီယာက အဝတ်အစားတစ်ချို့ ဝယ်ဝတ်လို့ရတယ်လေ.."

ရှောင်နန်ဖန်း သည် ကျိုးယွန်ဂျီ၏ လက်ကို ဆုပ်ကိုင်ပြီးပြောလိုက်ခြင်းဖြစ်သည်..။

"စီနီယာ အစ်ကို ဒါက ကျွန်တော်ရဲ့ ပထမဆုံးအကြိမ်လေ..။ကျွန်တော်မှာ မေးစရာ နည်းနည်းရှိနေလို့ပါ..။ကျွန်တော်ကို အချိန်နည်းနည်းပေးနိုင်မလား.."

ကျိုးယွန်ဂျီ မျက်ခုံးပင့်တင်လိုက်သည်..။ဒီတော့ ဒီကောင်လေးက သူဘယ်သူလဲ ဆိုတာကို မသိဘူးပေါ့..။သူက အချက်အလက်တွေကို ရွှေပြား လေးပြားတည်းနဲ့ သိချင်နေတာလား..။ဘယ်လောက် ရယ်စရာ ကောင်းလဲ..။ကောင်းပြီ..မင်းဘာသိချင်တာလဲ ကြည့်ကြတာပေါ့..။

"မင်း ဘာသိချင်တာလဲ.."

ကျိုးယွန်ဂျီသည် ရွှေပြာလေးပြားကို အိတ်ကပ်ထဲ ထည့်ပြီး မေးလိုက်သည်..။

သူ ဒီလိုလုပ်သည်က ရှောင်နန်ဖန်း ၏ အခြေအနေကို သေချာသိချငိသောကြောင့် ဖြစ်သော်လည်း..အခြေအနေကို ကြည့်နေသည့် ရီဒါဖူတို့ကတော့ ဒီလို မမြင်နိုင်ကြပေ..။

ကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ..။တိုင်ချင်ဂိုဏ်းရဲ့ တပည့်က ရွှေပြား လေးပြားကို လာဘ်စားလိုက်တာလား..။

အမှန်တော့ ရှောင်နန်ဖန်းက စမ်းသပ်လိုက်ခြင်းဖြစ်သည်..။ဘာပဲဖြစ်ဖြစ် ..ရွှေ​ပြားလေးပြား ဆိုသည်က ဘာမှမဟုတ်ပေ..။သူက ဒီစီနီယာ အစ်ကိုက ဆူပူပြီး ထွက်သွားမှာကိုတောင် စိူးရိမ်နေခဲ့မိ၏..။သို့ပေမယ့် ဒီစီနီယာ အစ်ကိုက တကယ်ပဲ အတူတူ လိုက်ကစားပေးချငိနေပုံရသည်..။

"ကျွန်တော် တိုင်ချင်ဂိုဏ်း ရဲ့ အခြေခံအကြောင်းအရာ တစ်ချို့ကို သိချငိလို့ပါ..။ဒုတိယ ရွေးချယ်မူက ဘယ်လိုများဖြစ်နိုင်မလဲ.."

ရှောင်နန်ဖန်း မေးလိုက်သည်..။

ကျိုးယွန်ဂျီ စိတ်ရှည်စွာပဲ ပြန်ရှင်းပြလိုက်သည်..။

"တိုင်ချငိဂိုဏ်းက တပည့်တွေကို အပြင်စည်းနဲ့ အတွင်းစည်း ဆိုပြီး နှစ်မျိုးရွေးချယ်ထားတယ်..။အပြင်စည်း တပည့်တွေက..ဌာနဆိုင်ရာတွေရဲ့ ပျင်းစရာ ကိစ္စတွေ ၊ လူသား ကမ္ဘာနဲ့ ဆက်စပ်မူတွေအတွက် အလုပ်လုပ်ကြရတယ်..။ပုံမှန်အားဖြင့် အတွင်းစည်း တပည့်တွေက သူတို့ကို ကျင့်ကြံခြင်းနည်းစနစ်တွေကို ပြန်သင်ကြားပေမယ့် သူတို့ရဲ့ အောင်မြင်နိုင်မူက အကန့်အသတ်ရှိတယ်လေ..။အတွင်းစည်း တပည့်တွေရဲ့ တာဝန်ကတော့ တိုင်ချင်ဂိုဏ်းရဲ့ မာစတာ တစ်ယောက်ယောက် အောက်မှာ လေ့ကျင့်ဖို့ပဲ..။သူတို့ ပိုပြီး အဆင့်မြင့်လာလေလေ ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို များများရလာလေလေပဲ..။ဒါပေမဲ့ တိုက်ပွဲတွေကိုလည်း များများသွားရလိမ့်မယ်.."

"တိုင်ချင်ဂိုဏ်းရဲ့ အတွင်းစည်း တပည်တွေကို အကိုင်းအခွဲ ဌာန လေးခု အဖြစ်ခွဲခြားထားတယ်..။အကိုင်းအခွဲ ဌာနတစ်ခု ခြင်းစီတိုင်းမှာ ခေါင်းဆောင်တစ်ယောက်စီ ရှိတယ်လေ..။ဒီနေ့ အကိုင်းအခွဲ ဌာနလေးခုက တပည့်တွေက..လူအုပ်ထဲက အရည်အချငိးရှိတဲ့ တပည့်တွေကို ရွေးချယ်နေကြပြီလေ..။မင်းမြင်တဲ့ အတိုင်းပဲ တော်တော်များများက ရွေးချယ်ပြီးသွားကြပြီ.."

ကျိုးယွန်ဂျီ ပတ်ဝန်းကျင်ကို ညွှန်ပြပြီးပြောလိုက်သည်..။

အမှန်တကယ်ပဲ အတွင်းစည်း တပည့်များသည် လူအုပ်ထဲတွင် လျောက်သွားပြီး တပည့်အသစ်များကို စကားပြောဆို ရွေးချယ်နေကြသည်..။

"မင်းဆီကို ဘယ်သူမှ ရောက်မလာပုံထောက်ရင် မင်းရဲ့ ပါရမီက သာမန်ပဲ ရှိတယ်လို့ ဆိုလိုတာပဲ..။ဒီအတွက် မင်းက ဒုတိယ ရွေးချယ်မူမှာ ပါဝင်ရလိမ့်မယ်..!

ကျိုးယွန်ဂျီ ​ရှင်းပြလိုက်သည်..။

"ဒုတိယ အဆင့်က ဘယ်လိုရွေးချယ်မှာလဲ.."

"ကျင့်ကြံခြင်းဆိုတာက ပါရမီတစ်ခုတည်း ကြည့်လို့ရတဲ့အရာ မဟုတ်ဘူး..။တစ်ချ်ို့ ကျင့်ကြံသူတွေက..ပါရမီ မရှိပေမယ့် သူတို့ရဲ့ သဘာဝ စိတ်စွမ်းအား တွေက ကျင့်ကြံဖို့သင့်တော်တယ်လေ..။ဒုတိယ အဆင့်က သဘာဝနဲ့ စိတ်စွမ်းအင်ကို ရွေးချယ်သွားမှာ ."

"သဘာဝလား.."

ရှောင်နန်ဖန်း ရေရွတိလိုက်သည်..။

"ဒီအဆင့်မှာ ဘယ်လိုစစ်ဆေးမှာလဲ သိပါရစေ.."

"မင်းက ဂီတ ကို နားထောင်ရမှာ.."

ကျိုးယွန်ဂျီ ပြန်ဖြေလိုက်သည်..။

"ဂီတက မင်းကို ပုံရိပ်ယောင် ကမ္ဘာဆီီကို ပို့ပေးလိမ့်မယ်..။အိပ်မက်ကမ္ဘာထဲမှာ နောက်ဆုံးအထိ တောင့်ခံနိုင်တဲ့ လူက အသင့်တော်ဆုံးပဲ.."

"ဂီတကို နားထောင်ရမှာလား..။မနေ့က အကြီးအကဲ ကု ကုချင်းတီးနေသလိုလား.."

ကျိုးယွန်ဂျီ အကြည့်တွေဟာ အရောင်လက်သွားခဲ့သည်..။

"မင်းက အကြီးအကဲ ကုကို သိနေတာလား.."

"ဟုတ်တယ်..ကျွန်တော်က သူ့လက်အောက်မှာ ကျင့်ကြံချင်တာ..။ကျွန်တော်ကို အကြံပေးပါဦး စီနီယာ.."

ကျိုးယွန်ဂျီ ရုတ်တရက် မျကိမှောင်ကျုတ်လိုက်သည်..။အကြီးအကဲ ကု များ...

ရှောင်နန်ဖန်းက သူလျိုဆိုတာကို သူပိုပြီး သေချာသွားပြီဖြစ်သည်..။အကြီးအကဲ ၏ ရာထူးက ဂိုဏ်းထဲတွင် အထူးနေရာတစ်ခု ဟုပင်ပြောလို့ရသည်..။နတ်ဆိုးဂိုဏ်းက ဒီအရာကို အားနည်းချက် အဖြစ် ဆုပ်ကိုင်ထားချင်တာလား..။အမှန်တကယ်ပဲ ဒီအရာက သူတို့၏ စတိုင်ပင်ဖြစ်သည်..။

"ဒါက သိပ်မခက်ပါဘူး.."

ကျိုးယွန်ဂျီ ပြန်ပြောလိုက်သည်..။

"ဒုတိယ အဆင့်ရဲ့ အကဲဖြတ်သူက အကြီးအကဲ ကု ပဲ..။မင်းသာ နောက်ဆုံးအထိ တောင့်ခံနိုင်ရင် ဘယ်မာစတာ လက်အောက်မှာကျင့်ကြံမှာလဲကို ရွေးချယ်လို့ရတယ်.."

"တကယ်လား .ကျေးဇူးပါ စီနီယာ.."

ရှောင်နန်ဖန်း ဂါဝရ ပြုလိုက်သည်..။

ကျိုးယွန်ဂျီ ပြုံးပြီး ခေါင်းညိမ့်ကာ ထွကိသွားခဲ့၏..။

သိပ်မဝေးသည့် နေရာတွင်ဆတာ့ ရီဒါဖူတို့ အုပ်စုသည် မယုံနိင်ဖြစ်နေကြသည်..။ရွှေပြားလေးပြားက ဒီလောက်တောင် အလုပ်ဖြစ်တာလား..။

"တွေ့လား..မင်းတို့လိုအပ်တာက ပိုက်ဆံပဲ.."

ရှောင်နန်ဖန်းသည် ရီဒါဖူတို့ အုပ်စုကို ကြည့်ပြီး သင်ခန်းစာ လှမ်းပေးလိုက်သည်..။

ရီဲဒါဖူ နှင့် ကျန်တဲ့လူများက ဘာပြန်ပြောရမှန်းတောင် မသိကြတော့ပေ..။

အဲဲဒါက ငါတို့က မင်းကို ပြောရမှာလေ ဆင်းရဲတဲ့ ခွေးသားလေးရံ့..။ဘယ်တုန်းကတည်းက မင်းပါးစပ်က ပိုက်ဆံစကား ထွက်တတ်သွားတာလဲ..။ငါ တို့က မင်းထက် အများကြီးပိုချမ်းသာတယ်..။

အဲ့အချိန်တော့ ကျိုးယွန်ဂျီသည် အင်မော်တယ် လူသစ်စုဆောင်းရေး ခန်းမကို ပြန်ရောက်နေပြီဖြစ်သာ်..။ဂျူနီယာ တပည့်တစ်ယောက်က မေးလိုက်၏..။

"ဒီကောင်လေး တစ်ခုခု မှားနေတာလား စီနီယာအစ်ကို.."

ကျိုးယွန်ဂျီ မျက်လုံးကျဥ်းမြောင်းသွားပြီး..

"သူက သူလျိုဆိုတာ ငါ ကျိန်းသေပြောနိုင်တယ်..။ဒါပေမဲ့ သူ့ကို ဘာမှမလုပ်နဲ့ဦး..။သူ့ကို ငါးစာအဖြစ်ထားပြီး ကျန်တဲ့ သူလျိုတွေကို မြှားထုတ်ရမယ်.."

"အစီစဥ်ကောင်းပဲ စီနီယာအစ်ကို.."

"သူက အကြီးအကဲ ကု ဆီမှာ ကျင့်ကြံချင်တယ်လို့ ပြောနေတယ်..။သူက ဂိုဏ်းရဲ့ ကျမ်းစာ တိုက်ထဲကို သွားခြင်းနေတာများလား..။နတ်ဆိုးဂိုဏ်းက သူ့ကို ဘယ်လို ကူညီပေးမလဲ စောင့်ကြည့်ကြတာပေါ့.."

All Chapters