← Chapters

သဘာဝ နှင့် စိတ်စွမ်းအားကို စစ်ဆေး ခြင်း

Vol. 1 Ch. 14

သဘာဝ နှင့် စိတ်စွမ်းအားကို စစ်ဆေး ခြင်း

Vol. 1 Ch. 14

ဘာသာပြန် = စမင်းသိုက်

အင်မော်တယ် လူသစ်စုဆောင်းရေး ခန်းမရှေ့တွင် တပည့်အဖြစ် ရွေးချယ်ခံရမည့် လူများစွာ ရှိနေခဲ့သည်..။ဘေးပတ်ပတ်လည်တွင်တော့..အတွင်းစည်းတပည့်များနှင့် ရွေးချယ်ခံရပြီးသူများသည်..ဒုတိယ အဆင့် ရွေးချယ်မူကို စောင့်ကြည့်နေခဲ့ကြသည်..။

အရွေးချယ်ခံ တပည့််များက အရေအတွက် အရမ်းများပြားသည့် အတွက်..တပည့်အဖြစ်ရွေးချယ် ခံရရန် အရည်အချင်း ကောင်းမွန်နေမှဖြစိပေလိမ့်မည်..။

ရှောင်နန်ဖန်းလည်း သူတို့ကြားထဲတွင် ရှိနေခဲ့၏..။

သူ့၏ လက်တွင် ဝတ်ဆင်ထားသည့် လက်စွပ်ကို ပွတ်နေခဲ့သည်..။ဒါက သူ့အဖေက သူ့ကို အသက် ၆ နှစ် မတိုင်ခင်တွင် ပေးခဲ့သည့် ပစ္စည်းဖြစ်သည်..။သူ့အဖေက တစ်ချိန်က တိုင်ချင်ဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ခဲ့ဖူးပြှီး..ဂိုဏ်းထဲတွင် သူ အရမ်းရင်းနှီးရသည့် စီနီယာ အစ်ကိုတစ်ယောက် ရှိသည်ဟု..ပြောကြားခဲ့သည်..။

ဒီလက်စွပ်နှင့် ဆိုလျင် သူ့ အဖေ၏ စီနီယာ အစ်ကို ကို ရှာနိုင်သလို..တိုင်ချင် ဂိုဏ်းထဲကိုလည်း အဆက်အသွယ်ဖြင့် ဝင်နိုင်မည်ဖြစ်သည်..။

လက်စွပ်ကို ပွတ်နေရင်းနှင့် ရှောင်နန်ဖန်း အတွေးနက်နေခဲ့သည်..။သူ..အကျဥ်းကျခံဘဝ ရောက်ကတည်းက သူ့အဖေ ပျောက်ဆုံးသွားသည်မှာ ယခုဆိုလျင် ဆယ်စုနှစ် တစ်ခုခန့် ရှိပြီဖြစ်၏..။သူ့အဖေ၏ မိတ်ဆွေဆိုသည့် လူမှာ သူ့ကို ဘယ်တော့မှ လာမရှာခဲ့ပေ..။

ဒီတော့ ငါ သူ့ကို ယုံကြည်လို့ရပါ့မလား..

ရှောင်နန်ဖန်း၏ မျက်လုံးထဲတွင် သံသယများ ဖုံးလွှမ်းသွားခဲ့သည်..။

ဂရုတစိုက်ပဲ ..ရှောင်နန်ဖန်းသည်..လက်စွပ်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်..။

သူ့အနေနဲ့ ဒုတိယ အဆင့်ကို ​ကျော်ဖြတ်နိုင်သည်ဟု ယုံကြည်ချက် ရှိနေသည်..။ဘာပဲဖြစ်ဖြစ် သူ၏ စိတ်ဝိဥာဥ် စွမ်းအင်က ခိုင်မာနေခဲ့ပြီဖြစ်၏..။ဒီတစ်ကြိမ် စမ်းသပ်မူက သူ့ကို ဖယ်ရှားနိုင်မှာမဟုတ်ပေ..။

ရှောင်နန်ဖန်း အတွေးနက်နေတုန်းမှာပဲ..အသံတစ်သံက ထွက်ပေါ်လာခဲ့သည်..။

"အားလုံး နားထောင်ကြ..။ဒုတိယ အဆင့် စမ်းသပ်မူက မင်းတို့အနေနဲ့ အတွင်းစည်း တပည့်ဖြစ်မလား..အပြင်စည်းတပည့် ဖြစ်မလား..ဒါမှမဟုတ် ထုတ်ပယ်ခံရမလား ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်.."

"မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို မူတည်ပြီး ဆုံးဖြတ်သွားမှာပဲ..။မင်းတို့ လုပ်ရမှာက အခု ရပ်နေတဲ့ နေရာမှာပဲ..ပုံမှန်ရပ်နေကြရမှာ..။မင်းတို့ ပိုပြီးကြာကြာ ရပ်နိုင်လေလေ..မငိးတို့ ရဲ့ စွမ်းဆောင်နိုင်စွမ်းကောင်းလေပဲ..။အဆင်သင့်ဖြစ်ပြီလား.."

"အဆင်သင့် ဖြစ်ပါပြီ.."

အရွေးချယ်ခံ တပည့်များသည် မျှော်လင့်ချက် အပြည့်ဖြင့် လက်သီးတွေကို ဆုပ်ထားကြသည်..။

လွန်ခဲ့သည့် ရက်ပိုင်းတွင် ကုချင်း တီးခဲ့သည့် မျက်မမြင် အကြီးအကဲ..ဖြစ်သည့် အကြီးအကဲ ကု သည် ခန်းမထဲမှ အပြင်သို့ ထွက်လာခဲ့သည်..။

" အကြီးအကဲ ကု..ကူညီပေးပါဦး.."

ဒီအစီစဥ်ကို တာဝန်ယူရသည့် လူသည် သူ့ကို ဂါဝရပြုလိုက်သည်..။

ကုချင်းကို ကျောတွင် လွယ်ထားသည့် အကြီးအကဲ ကု သည် သူ့အတွက် ပြင်ဆင်ပေးထားသည့် နေရာကို သွားထိုင်လိုက်သည်..။တစ်ခြားတပည့်များနှင့် ရှောင်နနိဖန်းသည် အကြီးအကဲ ကု ကို သိချင်စွာ ကြည့်နေခဲ့ကြ၏..။

စူးရှသည့် မျက်လုံး တွေက သူ့ကို ကြည့်နေသည်ကို ရှောင်နန်ဖန်း သတိမထားမိခဲ့ပေ..။

တစ်ဖက်တွင်တော့ ကျိုးယွန်ဂျီ သည် သူလျို ကို သေချာစိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်..။

တစ်ခြားတစ်ဖက်တွင်တော့ ရီဒါဖူနှင့် သူ၏ နောက်လိုက်များက..ရှောင်နန်ဖန်း ကျရှုံးသည့်အချိန်ကို စိတ်မရှည်စွာ စောင့်နေခဲ့ကြသည်..။

အကြီးအကဲ စတင် တီးခတ်လိုက်သည်..။

ကုချင်း မှ ထွက်လာသည့် အသံက အားလုံး၏ နားထဲကို တိုးဝင်သွားခဲ့၏..။

အားလုံး၏ အကြည့်အောက်မှာပဲ..အကြီးအကဲ ကု ၏ ရှေ့မှ ကုချင်းသည် မီးခိုးငွေးများ ထွကိပေါ်လာခဲ့ပြီး နေရာတစ်ခုလုံးကို ဖုံးလွမ်းသွားခဲ့သည်..။

ဘယ်သူကမှ တစ်ယောက်နှင့် တစ်ယောက် မမြင်ကြရပေ..။အံ့ဩစွာပဲ ရှောင်နန်ဖန်းသည် သူ့ဘေးနားက အရာတွေ အကုန်လုံး ပျောက်ကွယ်သွားပြီး သူတစ်ယောက်ထဲ ရှိနေသလို ခံစားလိုက်ရသည်..။

"ဘာတွေဖြစ်နေတာလဲ.."

တပည့်အများအပြားက အော်ဟစ်လိုက်ကြသည်..။

ဒီလိုဆိုရင်တောင်မှ သူတို့က တစ်ယောက်အသံကို တစ်ယောက် မကြားကြရပေ..။သူတို့ ကြားရသည့် တစ်ခုတည်းသော အသံက အကြီးအကဲ ကု ၏ ကုချင်းသံ ဖြစ်၏..။

စမ်းသပ်မူက စတင်နေပြီ ဖြစ်ကြောင်းကို ရှောင်နန်ဖန်း သိလိုက်သည်..။သူ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်..။

ရုတ်တရက် မြူခိုးတွေက လွင့်ပျယ်သွားပြီး ပတ်ဝန်းကျက်ကို မြင်လာကြရသည်..။သူတို့ ခြေထောက်အောက်တွင် ရှိနေသည့် မြေကြီးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်..။

မဟုတ်ပေ...။သူတို့က လေထဲတွင် ရောက်နေကြခြင်းဖြစ်၏..။သူတို့က တိမ်တွေပေါ်ကို ရောက်နေတာလား..။အောက်ကို ငုံ့ကြည့်သည့် အချိန်တွင် တိုငိချင် ကျွန်း သေးသေးလေးကို လှမ်းမြင်နေရသည်..။

"ဟင်...ငါက ဒီမှာဘာလုပ်နေတာလဲ..။ဒါက မှော်ပညာလား..။ငါ့ကို ဒီလောက် အမြင့်ကြီးကို ဘယ်လို ပို့ပေးလိုက်တာလဲ.."

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်..။

ခနအကြာတွင်တော့..တိမ်းတွေကြားတွင် ရှိနေသည့် သူတို့အားလုံးသည် စတင်ပြီး အောက်ကို ပြုတ်ကျ ကုန်ကြသည်..။

"ကယ်ပါဦး.."

"ချီးပဲ..ငါ ပြုတ်ကျနေပြီ..။ကယ်ကြပါဦး..ငါ့ကို ကယ်ကြပါဦး.."

"ငါ မသေချင်သေးဘူး.."

မရေမတွက်နိုင်သည့် တပည့်များသည် စတင်အော်ဟစ်လာခဲ့ကြသည်..။

ရှောင်နန်ဖန်းတောင်မှ ထိပ်လန့်သွားပြီး ချွေးများ ပျံလာခဲ့၏..။သူသာ ဒီလောက် အမြင့်မှ ပြုတ်ကျမည်ဆိုလျင် ကျိန်းသေပေါက် သေမည်ဖြစ်သည်..။

တစ်ခြားတစ်ဖက်တွင်တော့..တစ်စုံတစ်ယောက်က ရီဒါဖူ နှင့် တစ်ခြား တပည့်များ၏ ခေါင်းကို တစ်ယောက်တစ်ချက် လိုက်ရိုက်လိုက်သည်..။သူတို့ မျက်တောင်ခတ်ပြီး အသိစိတ်ပြန်ဝင် လာကြ၏..။ဒါက အိပ်မက်မှ နိုးထလာသည် နှင့်ပင် တူနေခဲ့သည်..။

"အရူးတစ်ယောက်လို အော်မနေပဲ..ပါးစပ်ကို ပိတ်ထား..."

ရီဒါဖူ ၏ ဦးလေးသည် သူနှင့်သူ့နောက်လိုက်များကို စိုက်ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်..။

ရီဒါဖူ သူ့ပတ်ဝန်းကျင်ကို မျက်တောင်ခတ်ပြီး ကြည့်လိုက်သည်..။သူက လေပေါ်တွင် ရောက်နေခြင်းမဟုတ်ပေ..။သူ့ပတ်ဝန်းကျင်တွင် ဘာမှမရှိပဲ အရာအားလုံးက အစောက အတိုင်းပင်ဖြစ်သည်..။မျက်မမြင် အကြီးအကဲ ကု ကတော့ ကုချင်းကို တီးခတ်နေတုန်းဖြစ်၏..။

"တတိယ အန်ကယ် ..ဘာဖြစ်သွားတာလဲ.."

ရီဲဒါဖူ အော်မေးလိုက်သည်..။

"ဒါက စိတ်ကို အထင်မှားအောင် လုပ်ထားတာလေးပဲ..။လူသားတွေက အမြင့်က ပြုတ်ကျတာကို ကြောက်ကြတယ်လေ..။ဘယ်သူက ပထမစမ်းသပ်ချက်ကို ကျော်နိုင်မလဲဆိုတာက ဒီအရာကို မြင်နိုင်မှဖြစ်မှာလေ.."

ရီဒါဖူ၏ ဦးလေးသည် ရှင်းပြလိုက်သည်...

ရွေးချယ်ခံ တပည့်အများအပြားကတော့ ကြောက်လန့်တကြားအော်ဟစ်နေခဲ့ကြသည်..။

တိုင်ချငိဂိုဏ်း၏ တပည့်များသည်..သတိလစ်သွားသည့် လူများကို စမ်းသပ်မြေပြင်မှ ခေါ်ထုတ်သွားခဲ့ကြသည် .။

"တတိယ အန်ကယ် သူတို့က.."

ရီဒါဖူ မေးလိုက်သည်..။

"သူတို့က ထုတ်ပယ်ခံလိုက်ရပြီ..။ပထမ စမ်းသပ်ချက်ကို ကျရှုံးတဲ့လူတွေက ..အပြင်စည်းတပည့်တောင် ဖြစ်ခွင့်ရကြမှာမဟုတ်ဘူး..။သူတို့ရဲ့ စိတ်စွမ်းအားက ကျင့်ကြံဖို့ မသင့်တော်ဘူးလိူ့ သတ်မှတ်လို့ရတယ်.."

ရီဒါဖူ ၏ အန်ကယ်ဖြစ်သူသည် ခေါင်းခါယမ်းလိုက်သည်..။

"ကျွန်တော်...အန်ကယ်သာ ကျွန်တော်ကို မနှိုးရင် ပုံရိပ်ယောင် ထဲရောက်နေတယ် ဆိုတာကို ချက်ချင်း သတိထားမိမှာပဲ..။သေချာတယ်.."

ရီဒါဖူ ရေရွတိလိုက်သည်..။

ရီဒါဖူ ၏ ဦးလေးသည် သူ့တူကို ကြည့်လိုက်ပြီး မရိုက်နှက်မိအောင် စိတ်ကို ကြိုးစားထိန်းလိုက်ရသည်..။

ရီဒါဖူ နှင့်သူ၏ နောက်လိုက်များသည် သူတို့၏ အဘောအကျဆုံး ပစ်မှတ်ဖြစ်သည့် ရှောင်နန်ဖန်းကို ကြည့်လိုက်ကြ၏..။

"အဲ့ ဆင်းရဲတဲ့ ခွေးသားလေးက ပထမ စမ်းသပ်ချက်ကို အောင်သွားတာလား.."

ရီဒါဖူ ရေရွတ်လိုက်သည်..။

"ကံကောင်းသွားတာပဲဖြစ်..။သီချင်းသံကို ကြားဖို့ နားလေး နေတာလား မသိဘူး.."

နောကိလိုက်တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်..။

ရှောင်နန်ဖန်းသည် အစက ထိပ်လန့်မိပေမယ့်လည်း..ပုံရိပ်ယောင်ထဲတွင် ရောက်နေကြောင်း သတိထားမိလိုက်သည်..။ဘာပဲဖြစ်ဖြစ်သူက ရိုလာကိုစတာ စီးဖူးတာကြောင့်..အမြင့်ကနေ ကျတာကို အရမ်းကြီး စိတ်မလှုပိရှားခဲ့ပေ..။

အဲ့အချိန်မှာတော့ သူက မြေပြင်ပေါ် ပြန်ရောက်ခာတာကို ခံစားမိပေမယ့် ပတ်ဝန်းကျင်ကိုတော့ မမြင်ရသေးပေ..။

စမ်းသပ်မူက ဆက်လုပ်နေတုန်းလား..။ရှောင်နန်ဖန်း သိချင်သွားခဲ့၏...။ရုတ်တရက် မြူခိုးတွေထဲကနေ ပုံရိပ် နှစ်ခုပေါ်လာခဲ့သည်..။

"နန်ဖန်း..အမေ့ သားလေး နန်ဖန်း..။နောက်ဆုံးတော့ ဒီကို ရောက်လာပြီပေါ့.."

"ကောင်စုတ်လေး..ဒီလောက်အကြာကြီး ဘာလုပ်နေတာလဲ..။မင်းအမေ နဲ့ အဖေက မင်းကို စောင့်နေတာ ကြာပြီ.."

ရင်းနှီးရသည့် အသံနှင့်ပုံရိပ်ကို မြင်လိုက်ရတာကြောင့် ရှောင်နန်ဖနိး သေသွားခဲ့သည်..။ဒီအသံတွေက သူ့ အိပ်မက်ထဲတွင် နှစိပေါင်းများစွာကြားနေရသည့် အသံများဖြစ်၏..။

"အဖေ..အမေ..."

ရှောင်နန်ဖန်း၏ ခန္တာကိူယ် တုန်လှုပ်သွားခဲ့သည်..။ဒီနှစ်တွေမှာ ဘယ်လောက်တောင် သတိရမိလဲ ဆိုတာကို သိရဲ့လား..။

ရှောင်နန်ဖန်းသည် ချက်ချင်းပြေးထွက်သွားမလိုပင် ဖြစ်သွားခဲ့သည်..။

"နန်ဖန်း..သားလေး အရမ်းသတိရတယ်..။အမေ့ဆီ အမြန်လာခဲ့ပါဦး.."

ဒီအသံတွေက အတော်လေးကို ရင်းနှီးပုံပေါ်ပြီး နွေးထွေးနေခဲ့သည်..။သူ ရှေ့ကို ထွက်သွားခါနီး အချိန်မှာပဲ အရှိန်ကို သတ်လိုက်ပြီး အံ့ဩစွာကြည့်လိုကိ၏..။ငါ့အဖေ ရဲ့ လက်ကောက်ဝတ်က ..ရွှေနာရီလား..။

ရွှေနာရီလား...

သူငယ်ငယ်တုန်းက သူ့အဖေသာ..CEO တစ်ယောက်လို ဝတ်စားထားရင် အတော်ခန့်ညားမည်ဟု မကြာခနတွေးခဲ့ဖူးသည်..။သို့ပေမယ့် ဒီကမ္ဘာပေါ်မှာတော့ ဒီလို အရာတွေ ရှိမနေခဲ့ပေ..။ဒါဆို သူ့အဖေက ဘယ်လိုလုပ် ဝတ်ထားတာလဲ..။

"ဒါတွေ အကုန်လုံးက ပုံရိပ်ယောင်တွေလား..။အကုန် အတု အယောင်တွေပဲ..။ဒီဟာတွေက ငါ့စိတ်ထဲမှာ ရှိနေတဲ့ နတ်ဆိုးတွေ..."

ရှောင်နန်ဖန်း ပုံရိပ်ယောင် ကမ္ဘာထဲမှ နိုးထလာခဲ့သည်..။

"ဒီဖက်ကို လာခဲ့ နန်ဖန်း.."

သူ့အမေ အော်လိုက်သည်..။

"ကောင်စုတ်လေး..ဒီီကိုလာလေ.."

သူ့အဖေက အလျင်စလို ပြောလိုက်၏..။

ရှောင်နန်ဖန်း ခေါင်းခါယမ်းလိုက်သည်..။သူ အသက်ကို ပြင်းပြင်းရူပြီး တည်ငြိမ်အောင် လုပ်လိုက်၏..။ယင်းနောက် ဝမ်းနည်းစွာ ပြုံးလိုက်ပြီး..

"အဖေ..အမေ..တကယ်လို့သာ အစစ်ဆိုရင်.."

မျက်ရည်တွေနှင့် ပြည့်နေသည့် ရှောင်နန်ဖန်းသည် တည်ငြိမ်သွားခဲ့သည်..။သူ ပြန်ကြည့်လိုက်သည့် အချိန်မှာတော့ သူ့ မိဘတွေက မရှိကြတော့ပေ..။

"ဘယ်လောက် အံ့ဩစရာလဲ အကြီးအကဲ ကု..။ငါ အလိုချင်ဆုံး အရာတွေကိုတောင် ယူလာပေးနိုင်တယ်..။ငါ ဘယ်လောက်ကံကောင်းလိုက်လဲ.."

ရှောင်နန်ဖန်း ပြန်ပြီး တည်ငြိမ်သွားခဲ့ပြီဖြစ်သည်..။

တစ်ချိန်တည်းမှာပဲ..ရီဒါဖူတို့သည်..စမ်းသပ် မြေပြင်မှ ဗရမ်းဗတာ အခြေအနေတွေကို မြင်နေကြရသည်..။

စမ်းသပ်ခံတပည့် များတွင် တစ်ချို့က ရူးသွပ်စွာ ရယ်မောနေကြပြီး တစ်ချို့က ဝမ်းနည်းပူဆွေးနေကြသည်..။တပည့်အယောက် နှစ်ရာ ဝန်းကျင်ခန့်က လျောက်ပြေးနေကြတာကြောင့် တိုင်ချင်ဂိုဏ်းက တပည့်များက ခေါ်သွားခဲ့ကြ၏..။

"နောက်ထပ် အယောက်နှစ်ရာက ပြုတ်သွားတာလား..။သူတို့ဘာတွေမြင်ကြလို့လဲ.."

ရီဒါဖူ ရေရွတ်လိုက်သည်..။

"ဒါက နှလုံးသားကို စမ်းသပ်တဲ့ ဒုတိယမြောက် စမ်းသပ်ချက်ပဲ..။စိတ်ခံစားချက်တွေ စိတ်ဒဏ်ရာ တွေကို ပြန်ပြီး ယူဆောင်ပေးလာလိမ့်မယ်..။လုံလောက်တဲ့ ဥာဏ်ရည်မရှိရင် စမ်းသပ်မူကို ကျရှုံးမှာပဲ.."

ရီဒါဖူ ၏ ဦးလေးက ရှင်းပြလိုက်သည်..။

"နှလုံးသား ထဲက နတ်ဆိုးလား..။စိတ်ခံစားချက်တွေ စိတ်ဒဏ်ရာတွေကို ဖော်ပြပေးတာပေါ့..။ဟို ဆင်းရဲတဲ့ ခွေးသားလေးက ဘယ်လိုဖြစ်ပြီး ဘာမှမဖြစ်တာလဲ.."

ရီဒါဖူသည် တစ်ချ်ိန်လုံး မလှုပ်ပဲ ရပ်နေသည့် ရှောင်နန်ဖန်းကို လှမ်းကြည့်လိုက်သည်..။

"သူက စိတ်ဒဏ်ရာ ရဖို့အတွက် အရမ်းငယ်နေသေးတာပဲဖြစ်ရမယ်..။ကံကောင်းတဲ့ ခွေးသားလေး.."

ရီဲဒါဖူ အထင်သေးစွာ ပြောလိုက်၏..။

"ဒုတိယ အဆင့်ကို ကျော်ဖြတ်နိုင်ရင် အနည်းဆုံး အပြင်စည်း တပည့်အဖြစ် ရွေးချယ်ခံရလိမ့်မယ်..။သူတို့ ထပ်ပြီးတောင့်ခံနိုင်ရင် ..အတွင်းစည်းတပည့်တောင် ဖြစ်လာနိုင်တယ်.."

"ဒီလိုဆို ဒီမှာရှိနေတဲ့လူတိုင်းက တိုင်ချင်ဂိုဏ်းရဲ့ တပည့်တွေဖြစ်လာကြပြီပေါ့.."

ရီဒါဖူ ရှောင်နန်ဖန်းကို စိူက်ကြည့်ရင်းပြောလိုက်သည်..။

"အမှန်ပဲ..ဒါပေမဲ့ တတိယ စမ်းသပ်ချက်က ဒီလောက်အထိ မရိုးရှင်းဘူး.."

ရီဒါဖူ ၏ တတိယ အန်ကယ်က ဆက်ပြောလိုက်သည်..။

"တတိယ စမ်းသပ်ချက်က ဘာဖြစ်မလဲ.."

ရီဒါဖူ မေးလိုက်သည်..။

"ဒါက မင်းတို့ရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းမှာ တွေ့ကြရမယ့် အရာပဲ.."

ရီဒါဖူ၏ ဦးလေးက ဖြေလိုက်ခြင်းဖြစ်သည်..။

ပုံရိပ်ယောင် ကမ္ဘာထဲမှာတော့ ရှောင်နန်ဖန်းသည် နောက်ထပ် စမ်းသပ်ချက်ကို စိတ်ရှည်စွာ စောင့်နေခဲ့သည်..။ရုတ်တရက် မိန်းကလေး ရယ်သံ များကို အဝေးတစ်နေရာကနေ ကြားလိုက်ရသည်..။

"အာ..လာပါဦး..။အတူတူ ကစားကြရအောင်.."

အတော်လေးကို လှပသည့် မိန်းကလေး တစ်ယောက်သည် ဖြူတွေ ထဲကနေ ထွက်ပေါ်လာခဲ့သည်..။သူမက ဆွဲဆောင်မူရှိသည့် ခန္တာကိုယ် အချိုးအစားရှိပြီး ပါးလွှာသည့် ခြုံထည်တစ်ခုကို ခြံထားကာ..ရှောင်နန်ဖနိးကို အဝေးတစ်နေရာကနေ စနောက်နေခဲ့သည်..။

"အ်ိုး..ငါ့ကို မချစ်တော့ဘူးလား..။ငါ့ကို ကူညီပေးပါဦး..ခြေကျင်းဝတ် နာသွားလို့.."

မိန်းမလှလေးသည် နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဖြားယောင်းနေခဲ့သည်..။

သို့ပေမယ့် ရှောင်နန်ဖန်းကတော့ တည်ငြိမ်နေခဲ့၏..။တတိယမြောက် စမ်းသပ်ချက်က အဖော်အချွတ် အလှအပလား..။ဒါက ပထမနှစ်ခု ထက်ပင် ပိုမိုလွယ်ကူနေသေးသည်..။

သူ၏ အရင်ဘဝ တွင် အင်တာနက်ပေါ်မှာ ဒီလို အရာမျိုးက မမြင်ချင်မှ အဆုံးပင် ရှိနေခဲ့သည်..။သူက ဒီအရာနဲ့ ဘယ်လိုလုပ် ကျရှုံးတော့မှာလဲ..။

"နင် အတော်ရက်စက်တာပဲ..။မခေါ်တော့ဘူး.."

မိန်းမလှလေးဟာ..ရှောင်နန်ဖန်းကို ပြောပြီး နောကိကို လှည့်သွားခဲ့သည်..။

ရှောင်နန်ဖန်းကတော့ မိန်းမလှလေးကိုသာ ကြည့်နေခဲ့၏..။

သူမ၏ အလှအပများဟာ ရုတ်တရက် သွေးသံရံရဲ မျက်နှာဖုံးတစ်ခုလို ဖြစ်လာခဲ့ပြီး ပါးစပ်မှ အစွယ်များ ထွက်လာခဲ့၏..။သူမက ပါးစပ်ကို အဆုံးစွန်ဖွင့်ထားခဲ့ပြီး ..ရှောင်နန်ဖန်းကို လက်သည်းဖြင့် ကုတ်လိုက်သည်..။

မိန်းမလှလေးက ရုတ်တရက် ပြောင်းလဲ သွားတာကြောင့် မရေမတွက်နိုင်တဲ့ တပည့်များဟာ နောကိကို ကြောက်လန့်တကြား ဆုတ်လိုက်ကြသည်..။

ဒီမြင်ကွင်းက စမ်းသပ်ခံ တပည့်တွေအတွက်တော့ မြင်ဖူးသမျှထဲတွင် အဆိုးဝါးဆုံးဖြစ်နေခဲ့၏..။

အတော်ကို နည်းသည့် ပမာဏသာ..စမ်းသပ်သည့် နေရာတွင် မူလအတိုင်း ရှိနေခဲ့ကြသည်..။

"သူတို့က ဘာလို့ အဲလောက်ကြောက်နေကြတာလဲ.."

ရီဲဒါဖူ အော်ပြောလိုက်သည်..။

"ဘာတွေဖြစ်နေတာလဲ..ဟိုကောင်လေးက ဘာလို့ အဲလောက်ငြိမ်နေတာလဲ..။ဒီကောင် အိပ်ပျော်နေတာတော့ မဟုတ်ပါဘူးနော်.."

နောကိလိုက်တစ်ယောက်က ရှောင်နန်ဖန်းကို မယုံကြည်နိုင်စွာကြည့်ပြီးပြောလိုက်သည်..။

တစ်ချို့တပည့်များသည် နေရာမှ မရွေ့သော်လည်း..မိန်းမလှ လေး၏ ရုတ်တရက် ပြောင်းလဲ မူကြောငိ့ မျက်နှာပေါ်တွင် ထိပ်လန့်သည့် အမူအရာများ ရှိနေကြသည်..။သူတို့၏ နှာဖူးတွငိ ချွေးများ စိုရွှဲနေခဲ့၏..။

သို့ပေမယ့် ရှောင်နန်ဖန်းကတော့ မူလ အတိုင်းသာ ရှိနေခဲ့သည်..။သူက ကမ္ဘာပေါ်တွင် ဒီထက် ကြောက်ဖို့ကောင်းသည့်..သရဲကားများ၊ လူသတ်ကားများကို ကြည့်ထားဖူးတာကြောင့်..ဒီအရာလောက်ကို သူ သိပ်ပြီး မထိပ်လန့်တော့ပေ..။

ပိုဆိုးတာက ဒီအရာက ပုံရိပ်ယောင်တစ်ခုဆိုတာကို သူ သိထားပြီးသားဖြစ်နေ၏..။ရုပ်ရှင်တစ်ကား အဖြစ် ပြောမည်ဆိုလျင်တောငိ..3D ရိုက်ချက် တွေက အတော်လေး အားနည်းလှပေသည်..။

ဒီလို အနေအထားမျိုးကို ..ဘယ်လိုလုပ် ကြောက်တော့မှာလဲ....

"ဒီလောက်ပဲလား.."

ရှောင်နန်ဖန်း သူ့ရှေ့မှာ ရှိနေတဲ့ မွန်းစတားကို စိတ်မကောင်းစွာကြည့်လိုက်သည်..။

တတိယ စမ်းသပ်မူက သူ့အတွက်တော့ ပထမနှစ်ခု ထက်ပင် လွယ်ကူနေခဲ့ပေသည်..။

All Chapters