ရုတ်တရက် သေဆုံးမူ
Vol. 1 Ch. 15
ဘာသာပြန် = စမင်းသိုက်
လူသစ်စုဆောင်းရေး ခန်းမရှိ ကွင်းပြင်တွင်တော့ အကြီးအကဲ ကု ၏ ကုချင်းသံသည် ဆကိတိုက် ထွက်ပေါ်နေခဲ့သည်..။
ပထမ စမ်းသပ်မူ နှင့် ဒုတိယ စမ်းသပ်မူ အတွက်း ထွက်လိုက်ရသည့် လူများသည် အပြင်စည်း တပည့်အဖြစ်သာ ရွေးချယ်ခံရမည် ဖြစ်ကြသည်..။ကျန်ရှိနေသည့် လူများကတော့ သူတို့က အတွင်းစည်းတပည့်များ ဖြစ်ရန် ထိုက်တန်မူကို ပြသ နေခဲ့ကြဆဲဖြစ်၏..။
ဌာနခွဲ လေးခုမှ တပည့်များသည်..လူသစ်တွေကို သေချာဂရုတစိုက် ..စောင့်ကြည့်နေပြီး ဘယ်သူ့ကို သူတို့အဖွဲ့ထဲကို ခေါ်ရမလဲ ဆ်ိုတာကို သုံးသပ်နေခဲ့ကြသည်..။
အဲ့အချိန်မှာတော့..ထိပ်လန့်မူ ပုံရိပ်ယောင်က ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်..။
ကွင်းပြင်ထဲတွင်..တပည့်အသစ် ..၁၀၀ နီးပါး ခန့်ကျန်နေသေးသည်..။သူတို့၏ မျက်နှာ နှင့် နှာဖူးများတွင် ချွေးများဖြင့် ပြည့်နှက်နေသော်လည်း သူတို့က ဆက်လက် ပြီး ရပ်နေကြဆဲဖြစ်၏..။
သိပ်မကြာခင်မှာပဲ နောက်ထပ် တပည့်တစ်ယောက်သည် အော်ဟစ်ပြီး မြေကြီးပေါ် တုန်ရီစွာ လဲကျသွားခဲ့သည်..။
"သူတို့က ပုံရိပ်ယောင်မှန်း သိနေတာတောင် ဘာလို့ အဲလောက်အထိ ကြောက်နေကြတာလဲ.."
ရီဒါဖူ သိချင်စွာ မေးလိုက်ခြင်းဖြစ်သည်..။
သူ၏ တတိယ အန်ကယ်က ခေါင်းခါယမ်းလိုက်ပြီး..
"မင်းက ပုံရိပ်ယောင်ထဲကနေ လွတ်သွားပြီ ဆိုတော့ ဒါက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလဲ ဆိုတာ သိမှာမဟုတ်ဘူး..။ပုံရိပ်ယောင်ထဲက အခြေအနေတွေက အရမ်းကို ကြောက်ဖို့ကောင်းလို့ မင်းက ပုံရိပ်ယောင်ထဲ ရောက်နေတယ် ဆိုတာကိုတောင် မေးသွားနိုင်တယ်လေ..။ဒီ တပည့်တွေ ဒီလောက် အထိ တောင့်ခံနိုင်နေတာ သူတို့ရဲ့ စိတ်စွမ်းအားတွေက အတော်လေးကို သန်မာနေလို့ ဖြစ်မယ်..။ဒါတွေက အတုအယောင်တွေပါလို့ သူတို့ကို သူတို့ ပြောနေရင်တောင် ကြောက်ရွံ့တဲ့ စိတ်ကို ဖြေဖျောက်ဖို့ လွယ်ကူမှာမဟုတ်ဘူးလေ.."
"ဒါပေမဲ့ ဟိုခွေးသားလေးက ဘာလ်ို့ အဆင်ပြေနေတာလဲ..။သူက အိပ်ပျော်နေတာလား.."
"ဟင်..ဘယ်တစ်ယောက်လဲ.."
ရီဒါဖူ ၏ တတိယ အန်ကယ် သည် သိချငိစွာ မေးလိုက်သည်..။
ရီဒါဖူ သည် ရှောင်နန်ဖန်းကို ညွှန်ပြလိုက်၏..။
တတိယ အန်ကယ်သည် ရှောင်နန်ဖန်းကို မြင်ပြီး မျက်လုံးအရောင်လက်သွား ခဲ့သည်..။
"စီနီယာ အစ်ကို ကျွန်တော် တစ်ယောက်တွေ့ထားတယ်..။ဟုတ်တယ် ..ဟိုနားက လူငယ်လေးပဲ..။သူက အကြီးအကဲ ကု ရဲ့ ပုံရိပ်ယောင်ထဲမှာတောင် ခံစားချက် မရှိပဲ ရပ်နေတာကို ကြည့်ဦး.."
ရီဒါဖူ ၏ အန်ကယ်သည် အော်ပြောလိုက်ခြင်းဖြစ်သည်..။
စီနီယာ တပည့်သည်လည်း ရှောင်နန်ဖန်းကို မြင်ပြီး မျက်လုံးပြူးကျယ်သွားခဲ့၏..။
"သူက ဘယ်သူလဲ.."
"သူ့ နာမည်က နန်ဖန်း..။သူ့ ကျင့်စဥ်က အတော်လေးနိမ့်တယ်..။အခုမှ..အခြေခံစုစည်းမူ အဆင့် ၆ မှာပဲ ရှိသေးတယ်.."
"နန်ဖန်းလား..။အမြန်သူ့အချက်အလက်ကို ယူလာခဲ့..။ငါတို့ သူ့ကို အဖွဲ့ထဲ ခေါ်ရမယ်.."
စီနီယာ တပည့်ဖြစ်သူက ပြောလိုက်သည်..။
"စီနီယာ ကျွန်တော်ပြောတာ မကြားဘူးလား..။ဒီ နန်ဖန်းက အခြေခံစုစည်းမူ အဆင့် ၆ ပဲ ရှိသေးတာနော်.."
ရီဒါဖူ ရေရွတ်လိုက်သည်..။
သို့ပေမယ့် စီနီယာ တပည့်ကတော့ သူ့ကို လုံးဝ လျစ်လျူရူထားခဲ့၏..။သူက ရှောင်နန်ဖန်းကိုသာ သေချာ ကြည့်နေခဲ့သည်..။
"ဒီလို အခြေနေမှာတောင် ဒီလောက်အထိ တည်ငြိမ်နေနိုင်တာ မယုံနိုင်စရာပဲ..။ငါတို့ သူ့ကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင်လုပ်ရမယ်.."
"စိတ်မပူနဲ့..စီနီယာ အစ်ကို..။ကျွန်တော်တို့ထဲက သန္ဓေတည် အဆင့်တစ်ယောက်ကို ဆုံးရှုံးရမယ် ဆိုရင်တောင်..ရအောင် ခေါ်ပါ့မယ်.."
အဖွဲ့ထဲမှ ဂျူနီယာ တပည့်က ဖြေလိုက်သည်..။
ရီဒါဖူ...ဒါက ဘာကို ဆိုလိုတာလဲ..။သန္ဓေတည် အဆင့်ကို တောင် အဆုံးရှုံးခံမယ် တဲ့လား..။ငါ့ကို များပြောနေတာလား..။သူက အခုမှ အခြေခံစုစည်းမူ အဆင့် ၆ မှာပဲ ရှိသေးတာလေ..။
သို့ပေမယ့် ဘယ်သူကမှ ရီဒါဖူ စိတ်မကောင်းဖြစ်နေတာကို ဂရုမစိုက်ကြပေ..။အားလုံးက ရှောင်နန်ဖန်းကိုသာ သေချာကြည့်နေကြ၏..။
တစ်ခြားဌာန မှ တပည့်များကလည်း အခြေအနေတွေကို စောင့်ကြည့်နေခဲ့ကြသည်..။သူတို့သည်လည်း ရှောင်နနိဖန်းကို သတိထားမိနေကြ၏..။
.
ကုချင်းသံ ပိုမို ကျယ်လာလေလေ..ပုံရိပ်ယောင် ကမ္ဘာက ပိုပြီးကြောက်ဖို့ကောင်းလာလေလေ ဖြစ်သည်..။ထိပ်လန့်မူကို တောင့်မခံနိုင်သည့် တပည့်များ၏ ခန္တာကိုယ်များ စတင်လှုပ်လာခဲ့ကြ၏..။
သိပ်မကြာခင်မှာတော့ ..နေရာလွတ်တွင် လူ အယောက် ၃၀ ခန့်သာ ကျန်နေတော့သည်..။
ရှောင်နန်ဖန်းကတော့ သူတိုအထဲတွငိ ခံစားချက်မဲ့စွာ ရှိနေခဲ့၏..။
ပုံရိပ်ယောင် မြူခိုးတွေက ပျံ့နှံ့နေတာကြောင့် ရှောင်နန်းဖန်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်..။အစောက မိန်းမလှလေးမှ ပြောင်းလဲသွားသည့် နတိဆိုးကတော့ ပျောက်ကွယ်သွားပြီဖြစ်၏..။
"ဒါ..ဒါက ဇွန်ဘီ တွေလား.."
ရှောင်နန်ဖန်း၏ အမူအရာ ထူးဆန်းသွားခဲ့သည်..။
ဒါကဘာလဲ..
ရှောင်နန်ဖန်းသည် အခြေအနေတွေက သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းတာကြောင့် ပျင်းရိနေခဲ့ခြင်းဖြစ်သည်..။
သို့ပေမယ့် ရလာဒိကောင်းရရန် အတွက် သူ ဆက်နေဖို့ သာတတိနိုငိ၏..။
အဲ့အချိန်မှာပဲ..အနက်ရောင်မြူခိုးတွေ ထဲမှာ ..အဖြူရောင် အရိုးစု တစ်ခုက ခံစားချက်မဲ့စွာ ရပ်နေတာကို တွေ့လိုက်ရသည်..။
"အာ..ဒါက ဘာလို့ ဇွန်ဘီ ဇာတ်ကားတွေနဲ့ တူနေတာလဲ ။ဒီ အရိုးစုက ဘယ်ကနေ လာတာလဲ.."
ရှောင်နန်ဖနိး ရေရွတ်လိုက်သည်ာ်..။
ခနအကြာမှာတော့ သူက တစ်ခြား ရွေးချယ်ခံ ၂၉ ယောက်ကိုလည်း ပြန်မြင်လိုက်ရ၏..။တစ်ခြားလူများကလည်း တစ်ခုခု မှားနေပြီဆိုတာကို သတိထားမိလိုက်ကြသည်..။
"ဘာတွေဖြစ်နေတာလဲ.."
ရွေးချယ်ခံတွေက အော်လိုက်ကြသည်..။
အပြင်ဘက်ကမ္ဘာမှာတော့..အကြီးအကဲ ကု ၏ ကုချင်းသည် တုန်ရီသွားခဲ့ပြီး ကြိုးတစ်ချောင်း ပြတ်သွားခဲ့သည်..။
လူတိုင်းက အကြီးအကဲ ကုကို အံ့ဩသင့်စွာကြည့်လိုက်ကြ၏..။
အကြီးအကဲ မတ်တတ်ထရပ်လာခဲ့သည်..။
"ဘာဖြစ်လို့လဲ အကြီးအကဲ ကု.."
တိုင်ချင်းဂိုဏ်စရဲ့ တပည့်တစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်..။
"တစ်ခုခု မှားနေပြီ..တစ်ခုခု မှားနေပြီ.."
အကြီးအကဲ ကု အော်ပြောလိုက်သည်..။အခုထိ ရွေးချယ်ခံတွေက မနိုးသေးဘူးလား..!
"မနိုးသေးပါဘူး..။သူတို့တွေ အကုန် ပုံရိပ်ယောင် ကမ္ဘာထဲမှာပါ..။အာ..ဟိုတစ်ယောက်က ဘာဖြစိတာလဲ.."
အယောက်သုံးဆယ်ထဲမှ တစ်ယောက်သည် ထိပ်လန့်နေသည့် မျက်နှာနှင့် အံ့ဩသင့်နေခဲ့သည်..။သူ ပါးစပ်ကို ဟပြီး..သွေးများ ပါးစပ်နှင့် အပြည့် အန်လိုက်၏..။
ရွေးချယ်ခံ တပည့်သည် မြေကြှးပေါ်လဲသွားခဲ့သည်..။
"ဒါက ပုံရိပ်ယောင် မဟုတ်ဘူးလား..။သူက ဘာလို့ ရုတ်တရကိ သွေးအန်ရတာလဲ.."
ရီဲဒါဖူ ရေရွတိလိုက်သည်..။
တိုင်ချင်ဂိုဏ်းက တပည့်တွေဟာ အမြန်သွားလိုက်ကြပေမယ့်..တပည့်အသစ်ကတော့ ပြန်နိုးလာခြင်း မရှိတော့ပေ..။
"သူ သွေသွားပြီ.."
သူတို့ထဲက တစ်ဆ
ေယာက်က အော်လိုကိ၏..။
"ဘာ..သူက ဘယ်လိုသေသွားတာလဲ..။အကုန်လုံးက ပုံရိပ်ယောင်ကမ္ဘာထဲမှာ ဖြစ်နေတာ မဟုတိဘူးလား.."
တိုင်ချင်ဂိုဏ်းက တပည့်တွေကလည်း အံ့ဩသင့်နေကြ၏..။
"အကြီးအကဲ ကု ..ရွေးချယ်ခံထဲက တစ်ယောက်က သွေးအန်ပြီး သေသွားပြီ "
"အကြီးအကဲ ကု နောကိထပ် ၂၉ ယောက်ကလည်း နိုးမလာကြသေးဘူး.."
"အကြီးအကဲ ကု...ကုချင်း တီးတာ ရပ်လိုက်ပြီး မဟုတ်ဘူးလား.."
အကြီးအကဲ ကု ပြောလိုက်သည်..။
"ငါ့ကို လမ်းပြ..။သူတို့ကို တစ်ယောက်မှ မထိကြနဲ့.."
"သိပါပြီ.."
အကြီးအကဲ ကု သည် ..အလောင်းကို ထိကြည့်လိုက်သည့်အချိန်တွင် သူ့လက်တွင် အပြာရောင် အလင်းတန်းလေး ပေါ်လာခဲ့သည်..။
"အကြီးအကဲ ကု...သူက ဘယ်လိုဖြစ်ပြီး သေသွားတာလဲ.."
တပည့်တွေ အကုန်လုံးကြောက်လန့်တကြားကြည့်ေိကြ၏..။
အကြီးအကဲ ကုကတော့ ပြန်မဖြေခဲ့ပေ..။
အဲ့အချိန်မှာပဲ နောက်ထပ် တပည့်တစ်ယောက်က သွေးအန်ပြီး လဲကျသွားခဲ့သည်..။
"အကြီးအကဲ ကု...နောက်ထပ် တစ်ယောက် သေပြန်ပြီ.."
"သူတို့ကို မထိနဲ့.."
အကြီးအကဲ ကု တားမြစ်လိုက်သည်..။
"သူတို့ကို လုံးဝ သွားမထိနဲ့.."
"အကြီးအကဲ ကု သူတို့က ဘယ်လိုဖြစ်ပြီး သေကုန်ကြတာလဲ.."
တစ်စုံတစ်ယောက်က မေးလိုက်သည်..။
"ပုံရိပ်ယောင်ကမ္ဘာ ဆိုတာက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အခြေခံပြီး ငါက ဖန်တီးပေးထားတာပဲ..။အခုတော့ သူတို့ရဲ့ သိစိတ်ထဲမှာ တစ်ခုခု မှားယွင်းနေပြီ.."
အကြီးအကဲ ကု အသက်ကို ပြင်းပြင်းရူပြီး ပြန်ဖြေလိုက်သည်..။
အဲ့အချိန်မှာတော့..ရွေးချယ်ခံ သုံးဆယ်သည် တစ်နေရာထဲတွင် ပေါ်လာခဲ့ကြပေမယ့် သံသယမဝင်ကြသေးပေ..။ဘာပဲဖြစ်ဖြစ် ဒီအရာတွေက သူတို့ကို အန္တရာယ် မပြုဘူးဆိုတာကို သိနေကြသောကြောင့်ဖြစ်သည်..။
တစ်ချို့ ရွေးချယ်ခံများက တစ်ယောက်နှင့်တစ်ယောက် စကားပြောနေခဲ့ကြ၏..။
ရှောင်နန်ဖန်းကတော့ မပြောခဲ့ပေ..။သူက ပုံမှန်မဟုတ်သည့် အရိုးစုကိုသာ ကြည့်နေခဲ့၏..။ဒီ အရိုးစုကြီးက ရွေးလျားခြင်း မရှိပေမယ့် ရုတ်တရက် ဆိုသလို တပည့်အသစ် တစ်ယောက်အနားသို့ ရုတ်တရက် ရောက်လာခဲ့သည်..။
"အိုး..ဒါဘာလဲ..။အရိုးစုလား..။ငါက တော့ ကြောက်မှာမဟုတ်ဘူး..။ငါ့အဖေက သုဘရာဇာပဲ..။ငါ ဒီလိုအရိုးစု တွေကို ငယ်ငယ်ကတည်းက အများကြီးမြင်ဖူးတယ်.."
တပည့်အသစ်ကလေးဟာ အရိုးစုကို ကြည့်ပြီးရယ်မောကာ ပြောလိုက်ခြင်းဖြစ်သည်..။
အရိုးစု၏ ခေါင်းသည် လှည့်လာပြီး သူ့ကို လှောငိပြောင်လိုက်သည့် လူငယ်လေးကို ကြည့်လိုက်သည်..။သူ ရယ်မောနေတုန်းမှာပဲ..အရိုးစုသည် ရုတ်တရက် လက်ကို ဆန့်ထုတ်ပြီး လူငယ်လေး၏ ရင်ဘတ်ကို ထိုးချလိုက်သည်..။
လူငယ်လေးသည် သွေးအန်လိုက်ပြီး အရိုးစုကို မယုံကြည်နိုင်စွာ လက်ညိုးထိုးပြ နေခဲ့သည်..။
"ဟေး..ဟာသ လုပ်မနေနဲ့..။ဒီမှာ ငါတို့ကို ဘယ်အရာမှ ထိခိုက်အောင် မလုပ်နိုင်ဘူး.."
အရိုးနဲ့ အထိုးခံလိုက်ရတဲ့လူငယ်လေးကတော့ ဘာမှ မပြောနိုင်ခဲ့ပေ..။သူ သွေးတွေ အန်ပြီးသာ မြေကြီးပေါ်လဲကျသွားခဲ့၏..။
"သူ..သူ သေသွားတာလား.."
တပည့်အသစ် တစ်ယောက်က အခြေအနေကို မျက်မှောငိကျုတ်ကာ ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်..။
အလောင်းကောင်က ချက်ချင်း ဆွေးမြေ့သွားခဲ့သည်..။သူက တကယ်ပဲ သေသွားတာလား ဒါမှမဟုတ် အပြင်ကမ္ဘာကို ရောက်သွားတာလား..။
မသက်မသာ ဖြစ်တဲ့ ခံစားချက်တွေ ပေါ်ထွက်လာခဲ့ပြီး တစ်ယောက်မှ မလှုပ်ရဲတော့ပေ..။ဒါကရော စမ်းသပ်ချက်တွေထဲက တစ်ခု ဖြစ်နေတာလား..။
ရှောင်နန်ဖန်းလည်း တစ်ခုခု မှားယွင်းနေတာကို ခံစားမိသည်..။သူ ဒီနေရာမှာ ထပ်ပြီး မနေချငိတော့ပေ..။သူ နောကိကို တစ်လှမ်းဆုတ်လိုက်ပြီး ပုံရိပ်ယောင် ကမ္ဘာထဲက ထွက်သွားရန် လုပ်လိုက်သည်..။
သို့ပေမယ့် သူက နေရာတွင်ပင် ရှိနေဆဲ ဖြစ်၏..။
"ငါတို့ ထွက်သွားလို့ မရတော့ဘူး.."
ရှောင်နန်ဖန်း အော်ပြောလိုက်သည်..။
"ဘာ..."
လူတိုင်းက သူ့ကိုကြည့်လိုက်သည်..။
"ငါ နောက်ကို ဆုတ်လိုက်ပေမယ့်..ပုံရိပ်ယောင် ကမ္ဘာထဲက ထွကိလို့ မရဘူး..။မင်းတို့ရော ထွက်လို့ ရလား.."
ရှောင်နန်ဖန်း ပတ်ပတ်လည်ကို ကြည့်ကာ ပြောလိုက်သည်..။ရုတ်တရက် သူ့တစ်ကိုယ်လုံး ကြက်သီးများ ထလာခဲ့၏..။