လက်စားခြေခြင်း
Vol. 91 Ch. 1274
အခန်း (၁၂၇၄) လက်စားခြေခြင်း
ရန်ကျောက်ကဲက ယွဲ့ကျန့်ပေ ၊ လုန်ရွှယ်ကျီးနှင့် မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ တို့အတွက် အင်းချပ် (၃)ခုစီရင်ကာ အဂ္ဂိရတ်ခန်းအပြင်ဘက်သို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။
သူ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်လည်း အဂ္ဂိရတ်ခန်းအတွင်းမှ လွင့်ထွက်သွားပြီဖြစ်သော်လည်း ရန်ကျောက်ကဲအနေဖြင့် သူ့ကို ပြန်လည်ခေါ်ယူရန် မလိုအပ်ပေ။ ထိုကိုယ်ပွားကို တာအိုစကြာဝဠာရှိ အထက်ဘုံကမ္ဘာသို့ ပြန်ခိုင်းလိုက်ပြီ ဖြစ်၏။
“ဆရာဦးလေး’ယွဲ့’ ၊ ဆရာဦးလေး’လုန်’...”
ရန်ကျောက်ကဲက သူတို့နှစ်ယောက်ကိုတွေ့တော့ ချက်ချင်းပင် ပြုံးလျှက် နှုတ်ဆက်လိုက်သည်။
ရန်တိ ၊ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ကလည်း ဆေးလုံးချီသန့်စင်ခြင်းကို ရပ်တန့်လိုက်ပြီး သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်ကြသည်။
ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေကို တွေ့မြင်ရခြင်းက ရန်ကျောက်ကဲတို့သားအဖအား အတော်လေး စိတ်ခံစားချက် ပြင်းထန်စေသည်။
ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချရင်း...
“ဒီနှစ်ပိုင်းတစ်လျှောက် ကျွန်တော်တို့ကို ကျောက်စိမ်းကျောက်စောင်က ကာကွယ်စောင့်ရှောက်ပေးခဲ့ပါတယ် ၊ ကျွန်တော်တို့သားအဖက ဆရာဦးလေးကို ဒုက္ခတွေအများကြီးပေးခဲ့တယ် ၊ ဆရာဦးလေး’ယွဲ့’ နဲ့တွေ့ခွင့်ရချင်ပေမယ့် အခြေအနေမပေးခဲ့ဘူး ၊ ဒီနေ့ ဒီနေရာမှာ ဆုံတွေ့ရမယ်လို့ မျှော်လင့်မထားခဲ့ဘူး”
ယွဲ့ကျန့်ပေက...
“ဘာမှမဖြစ်ပါဘူး...”
ရန်ကျောက်ကဲတို့သားအဖကိုတွေ့တော့ ယွဲ့ကျန့်ပေ၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်သည့်တိုင် မျက်တန်းများက နူးညံ့သိမ်မွေ့သွားသည်။
သူက ရန်တိကိုကြည့်ပြီးမှ ရန်ကျောက်ကဲအား လှမ်းကြည့်လိုက်သည်။
သူက ရန်ကျောက်ကဲတို့သားအဖထက်ပင် ခံစားချက်ပြင်းထန်နေဟန်ပင်။
ထိုခဏတွင် ကျန့်ဟွမ်ဓားဧကရာဇ်သည် အတိတ်တစ်ချိန်က သူ၏ဆရာသူ့ရှေ့သို့ ပြန်ရောက်လာသည့်ပမာ ခံစားလိုက်ရသည်။
နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော်လည်း ယခုတော့ အရာအားလုံးက အချည်းနှီး မဟုတ်ခဲ့ပေ။ ယွဲ့ကျန့်ပေ ရင်ထဲမှ စိတ်လှုပ်ရှားမှု ခံစားလိုက်ရပြီး နှုတ်ခမ်းအစုံသည်ပင် တုန်ယင်သွားသည်။
သို့သော် သူပြောလိုက်သည့်စကားကတော့ သူပြောချင်သည့်စကား မဟုတ်ခဲ့ပေ။
သူက အတော်လေး တည်ကြည်လေးနက်သည့်လေသံဖြင့်...
“ငါတို့အတူတူ စုစည်းခဲ့ကြပေမယ့် ဒီလောကက အခက်အခဲတွေနဲ့ပြည့်နေတယ် ၊ အရမ်းသတိလက်လွတ်မနေပါနဲ့”
ရန်ကျောက်ကဲက...
“တိဟွမ်မြေကမ္ဘာဧကရာဇ် မူလသမ္မာတရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ပြီလား”
ရန်ကျောက်ကဲတို့အုပ်စု တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့အားလုံး ကျန့်ဟွမ်ဓားဧကရာဇ်ပြောသည့် စကားအဓိပ္ပါယ်ကို ယောင်ဝါးဝါး သဘောပေါက်မိကြသည်။
ကျန့်ဟွမ်ဓားဧကရာဇ်က ဖြည်းညင်းစွာဖြင့်...
“အမှန်ပဲ... တိဟွမ်မြေကမ္ဘာဧကရာဇ်က မူလသမ္မာတရားကပ်ဘေးကို ကျော်ဖြတ်ပြီး အမတချီစွမ်းအား (၅)မျိုးကို စုစည်းလိုက်နိုင်ပြီ ၊ အခု သူက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို တက်ရောက်သွားပြီ”
ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့်အခြားသူများ တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်သည်။
မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ သာ အမတခုံရုံးတွင် မွှေနှောက်မသွားပါက တိဟွမ်မြေကမ္ဘာဧကရာဇ်အနေဖြင့် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်နေလောက်ပေပြီ။
ယခု သူ့ကို တိဟွမ်မြေကမ္ဘာဧကရာဇ်ဟုပင် ခေါ်ဆိုရင်မသင့်တော်တော့ပေ။
သူ၏လက်ရှိဘွဲ့အမည်က “ကျန့်ရှင်းထျန်းကျွင်း” ဖြစ်သည်။
မဟုတ်ပါက သူ့ကို “မြေကမ္ဘာထက်ယံအရှင်သခင်” ဟု ခေါ်ဆိုသည်က ပိုပြီး သင့်တော်မည်ပင်။
နက္ခတ်ဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်ပေါင်းလိုက်လျှင်ပင် ‘ထျန်းကျွင်းအဆင့်’ သို့ တက်ရောက်ခဲ့ပြီဖြစ်သော ‘ကျန်းရှန်’ ကို အနိုင်ရအောင်တိုက်ခိုက်ရန် ခက်ခဲမည်ဖြစ်၏။
မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ က ကျန်းရှန်ထက်အရင်စောပြီး အမတချီစွမ်းအား (၅)မျိုးကို ပေါင်းစပ်နိုင်ခဲ့ကာ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်ခဲ့ပြီး ဖြစ်သည်။
သို့သော် ထိုအချက်ကြောင့်တော့ဖြင့် မျက်စိစုံမှိန် အကောင်းဘက်ယုံကြည်ထားရန် မဖြစ်နိုင်ပေ။
စောမင်ကျန့်က သူ့ဒုက္ခနှင့်သူ ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း ကျန့်ဟွမ်ဓားဧကရာဇ်က စကားဆက်ပြောသည်။
“မီးလျှံထက်ယံအရှင်သခင်ရဲ့ တန်ခိုးစွမ်းအားက သံသယဝင်စရာ မရှိပါဘူး ၊ ဒါပေမဲ့ ဒီတစ်ခေါက် အခြေအနေတွေက ထိန်းချုပ်ရခက်တယ်”
သူက မီးလျှံထက်ယံအရှင်သခင်ကို ချီးကျူးစကားဆိုလိုက်သည်။
“ယွမ်စီ အခိုးငွေ့ဟင်းလင်းပြင်မှာ ဝိုင်းဝန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားခဲ့တယ် ၊ အယူမှားတဲ့ ပြင်ပတာအိုတွေဘက်က ထျန်းကျွင်းအဆင့် တန်ခိုးစွမ်းအားရှင် (၃)ယောက် မီးလျှံထက်ယံအရှင်သခင်လက်ချက်နဲ့ အသက်ပျောက်ခဲ့ရတယ်”
“အမတခုံရုံးက မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ကို ဝိုင်းတိုက်ကြတဲ့ ထိပ်တန်းတန်ခိုးစွမ်းအားရှင်တွေအားလုံးကို မီးလျှံထက်ယံအရှင်သခင်က လက်စားချေတဲ့အနေနဲ့ သတ်ပစ်လိုက်တယ်”
ယွဲ့ကျန့်ပေ၏လေသံက တည်ငြိမ်လွန်းပြီး ၊ သူ၏စကားသံထဲတွင် မည်သည့်အကြောက်တရားမှမရှိကြောင်း လူတိုင်း ရိပ်မိကြသည်။
လုန်ရွှယ်ကျီးက ဖြည်းညင်းစွာခေါင်းညိတ်ရင်း...
“သူက နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်”
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များစွာ စောမင်ကျန့်လက်ထဲတွင် သေကျေခဲ့ရသည်။ စောမင်ကျန့်ကိုဝိုင်းဝန်းတိုက်ခိုက်ခြင်းက မည်မျှကြောက်မက်ဖွယ်ရာကောင်းသည်ကို ပြောနေစရာမလိုတော့ပေ။
သူ့ကိုဝိုင်းမတိုက်ခင် အမတခုံရုံးက ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်ကို ဝိုင်းရံထားရန် လက်အောက်ငယ်သားများအား တာဝန်ပေးခဲ့သည်။
ထိုနေရာသို့ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ကို ဝိုင်းဝန်းတိုက်ခိုက်သူများလည်း ရောက်ရှိလာကြသည်။
ပထမအချက်မှာ သူတို့က ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်နှင့် ပိုမိုရင်းနှီးမှု ရှိကြသည်။
ဒုတိယအချက်ကတော့ စောမင်ကျန့်ကို မျှားခေါ်ရန်နှင့် ထိန်းထားရန်အတွက် ငါးစာအဖြစ် အသုံးပြုရန် ဖြစ်သည်။
သူတို့က စောမင်ကျန့်ကို ဤအတိုင်းဆုတ်ခွာသွားစေရန် ရည်ရွယ်ချက်မရှိဘဲ အသေတိုက်ခိုက်လိုကြခြင်း ဖြစ်သည်။ သို့ဖြစ်ရာ စောမင်ကျန့်ကို ဝိုင်းထားနိုင်မှသာ သူတို့၏ရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်ပေမည်။
သို့ပေသိ အဆုံးသတ်မှာတော့ ငါးစာမျိုချခံလိုက်ရပြီး ပိုက်ကွန်ကွဲကာ ငါးကတော့ ဖမ်းမိခြင်းမရှိသလို သေလည်းမသေခဲ့ပေ။
စောမင်ကျန့်က ပြင်းထန်သည့် ဝိုင်းဝန်းတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး သူသတ်ချင်သော ပစ်မှတ်တိုင်းကို သတ်ဖြတ်နိုင်ခဲ့သည်။
လက်စားချေပြီးသည်နှင့် စောမင်ကျန့်က သူ၏လမ်းကြောင်းကို တားဆီးသူများအားလုံးကို သတ်ဖြတ်ပြီး ထိုးဖောက်တိုက်ခိုက်ကာ လွတ်မြောက်သွားခဲ့သည်။
ထို့နောက်မှာတော့ သူ့နောက်သို့လိုက်လာသူများကို ဖယ်ရှားနိုင်ခဲ့ပြီး ရန်ကျောက်ကဲကို ပေးထားသည့်ကတိအတိုင်း အဂ္ဂိရတ်ခန်းမသို့ အချိန်မီ ရောက်လာခဲ့သည်။
ကျန့်ဟွမ် ဓားဧကရာဇ်က ဖြည်းညင်းစွာဖြင့်...
“အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေဘက်က ထျန်းကျွင်းအဆင့် တန်ခိုးစွမ်းအားရှင်တွေ လှုပ်ရှားတာတောင် မီးလျှံထက်ယံအရှင်သခင်ကို ထိန်းမထားနိုင်ဘူး”
ကျင့်ကြံခြင်းအဆင့်မြင့်မားလေ အဆင့်တစ်ခုစီအတွက် တန်ခိုးစွမ်းအားကွာခြားမှု မြင့်မားလေ ဖြစ်သည်။
သို့ဖြစ်ရာ အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများဖြစ်သည့်တိုင် ထျန်းကျွင်းအဆင့် ကျင့်ကြံသူများကို လျှော့မတွက်သင့်ပေ။
ရန်တိနှင့်အခြားသူများ မီးလျှံထက်ယံအရှင်သခင်ကို ချီကျူးစကားဆိုလိုက်မိကြသည်။
ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...
“မီးလျှံထက်ယံအရှင်သခင်ကို ကျွန်တော်တို့တွေ လိုက်မီနိုင်မှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဒီလိုဖြစ်လာပြီဆိုတော့... အမတခုံရုံးလည်း တုန်လှုပ်သွားမှာပဲ ၊ လက်စားချေဖို့အတွက် မီးလျှံထက်ယံအရှင်သခင်ကို ဝိုင်းပြီးတိုက်ခိုက်ဖို့ အစီအစဉ်ကြီးတစ်ခု စဉ်းစားကြလိမ့်မယ်”
“ဒါပေမဲ့ သုခဘုံရဲ့ လှုပ်ရှားမှုတွေကိုလည်း စိုးရိမ်ရတယ်ဆိုတော့... အမတခုံရုံးအနေနဲ့ အင်အားအများကြီး သုံးရဲမှာတော့ မဟုတ်ဘူး ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ကိုယ်တိုင်ထွက်လာမလားဆိုတာတော့ မသိနိုင်ဘူး”
ကျန့်ဟွမ်ဓားဧကရာဇ်က...
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ကိုယ်တိုင်ထွက်လာမလားဆိုတာတော့ ပြောဖို့ခက်တယ် ၊ ဒါပေမဲ့ တံခါးပိတ်ကျင့်ကြံနေကြတဲ့ ထျန်းကျွင်းအဆင့် တန်ခိုးစွမ်းအားရှင်တွေတော့ အများကြီး ထွက်လာကြလိမ့်မယ်”
သူက ရန်ကျောက်ကဲကိုကြည့်ရင်း...
“အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေအတွက် မင်းနဲ့ မင်းအမေ’နှင်းကြိုးကြာ’ က အဓိကပစ်မှတ် မဟုတ်တော့ဘူး”
ဟုတ်ပေ၏။
သူတို့၏အဓိကပစ်မှတ်က မီးလျှံထက်ယံအရှင်သခင် ဖြစ်သွားပေပြီ။
ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်စွာ ထူးဆန်းသည်ဟု ခံစားနေရသည်။
ယခင်က သူတို့ကိုကူညီရန်အတွက် နည်းလမ်းပေါင်းစုံသုံးပြီး မီးလျှံထက်ယံအရှင်သခင်ကို ရှာဖွေရန် တွေးတောခဲ့ရသည်။ ယခုတော့ မီးလျှံထက်ယံအရှင်သခင်ကိုယ်တိုင် အရှုပ်အထွေးထဲ ရောက်ရှိလာသည်။
အခြေအနေက အတော်လေးပင် ရယ်စရာကောင်းလှ၏။
မည်သို့ပင်ဖြစ်စေ လက်တွေ့မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သူ ရင်ဆိုင်ရမည့်အရာကို ရင်ဆိုင်ရမည်ပဲ ဖြစ်သည်။
မီးလျှံထက်ယံအရှင်သခင်က မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ကျန်းရှန်’ ကြောင့်ဖြစ်လာမည့်ပြဿနာကို ရင်ဆိုင်ပေးမည်ဆိုလျှင် သူ့အနေဖြင့် အမတခုံရုံး၏ ခြိမ်းခြောက်မှုကို ပိုမိုခံရမည်မှာ သေချာသည်။
ပြီးတော့ အမတခုံရုံးက စောမင်ကျန့်ကို ဖမ်းဆီးရန် ကြိုးပမ်းနေခြင်းမရှိလျှင် ရန်ကျောက်ကဲတို့အုပ်စုကို ပိုပြီး အခက်တွေ့အောင်လုပ်နိုင်သည်။
ရန်ကျောက်ကဲနှင့် ဝါဒတောင်အတွက် ‘ကျန်းရှန်’ တစ်ယောက်တည်းကပင် ကြီးမားသောခြိမ်းခြောက်မှုဖြစ်နေသည်ဖြစ်ရာ အမတခုံရုံးဆိုလျှင် ပြောနေစရာမလိုတော့ပေ။
ဒဏ္ဍာရီလာ မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏သဘောထား မည်သို့ရှိသည်ကိုလည်း ခန့်မှန်းရခက်သည်။
ကျန့်ဟွမ်ဓားဧကရာဇ်က...
"အခြေအနေက လုံးဝပြောင်းသွားပြီ"
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ‘လုန်ရွှယ်ကျီး’ အပါအဝင် လူတိုင်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
အခြေအနေက အမှန်တကယ်ပင် ပြောင်းလဲသွားပေပြီ။
စောမင်ကျန့်မွှေနှောက်လိုက်သည်ဖြစ်ရာ ယခု ကြုံတွေ့နေရသောပြဿနာက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ အတွင်းရေး ရုန်းကန်ရမှုများနှင့် ပဋိပက္ခများသာ မဟုတ်တော့ပေ။
စစ်ပွဲများ ပျံ့နှံ့လာသည်နှင့်အမျှ အခြေအနေများက ထိန်းချုပ်မရနိုင်တော့ပေ။
ဤသည်က တာအိုစကြာဝဠာတစ်ခုလုံးအား လွှမ်းခြုံသွားသော မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်လာနိုင်သည်။ ထိုမိုးကြိုးမုန်တိုင်း မည်မျှအထိ သမိုင်းတွင်သွားနိုင်ကြောင်း မည်သူမှ မသိရှိနိုင်ကြပေ။
ရန်ကျောက်ကဲ၏မျက်ဝန်းများက တိတ်ဆိတ်ငြိမ်သက်နေသည်။
သူက အဂ္ဂိရတ်ခန်းမနှင့် ဆက်သွယ်နေသည်ဟု ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်သည်။
ခဏမျှစဉ်းစားပြီးနောက် သူ၏မျက်ဝန်းများထဲတွင် အလင်းတန်းများတောက်ပကာ ထက်ရှလာသည်။
အဂ္ဂိရတ်ခန်းမအတွက် သူ့တွင် အထူးအတွေးများနှင့် အစီအစဉ်များ ရှိခဲ့သည်။
အတားအဆီးများ များပြားလွန်းပြီး ထိန်းချုပ်မှုအကန့်အသတ်များရှိသည်ကြောင့် ဖြည်းဖြည်းချင်းအဖြေရှာပြီး အသေးစိတ်အစီအစဉ်များကို ဖြည်းညင်းစွာပြုလုပ်ရန် စီစဉ်ထားခဲ့သည်။
သို့သော်လည်း ဤအစီအစဥ်ကို ပြောင်းလဲ၍ ရှေ့သို့တစ်ဆင့်တက်ရန်လိုအပ်သည်။
သေခြင်းရှင်ခြင်းကို အရေးမစိုက်ဘူးဆိုလျှင် ထိုအချက်ကို လက်ခံရုံသာ ရှိသည်။
ရန်ကျောက်ကဲက လုန်ရွှယ်ကျီးအားလှည့်ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့်...
“ဆရာဦးလေး’လုန်’ ၊ ဂိုဏ်းတူအစ်မ’ယွီ’ ... မင်းတို့ရဲ့အကူအညီကြောင့် အဂ္ဂိရတ်ခန်းမကို ကျွန်တော် ပိုင်ဆိုင်နိုင်ခဲ့တာပါ”
ယွီယဲ့က အစီအရင်တည်ဆောက်သူ (၅)ယောက်တွင် တစ်ယောက်နေရာကို ဖြည့်ပေးသည်ဖြစ်ရာ သူမ မရှိလျှင် အစီအရင်က အလုပ်ဖြစ်မည် မဟုတ်ပေ။
လုန်ရွှယ်ကျီးကတော့ ချန်ချန်းဟွာ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်ပေးခဲ့သည်။
ရန်ကျောက်ကဲက...
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနေနဲ့ ဒီနေရာက ရတနာပစ္စည်းတွေနဲ့ ဆေးဖော်စပ်နည်းတွေအားလုံးကို အသုံးပြုနိုင်ပါတယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဒီ အဂ္ဂိရတ်ခန်းမကိုတော့ ကျွန်တော်ယူလိုက်မယ် ၊ ဆရာဦးလေး’လုန်’ ခွင့်လွှတ်ပေးစေချင်ပါတယ်”
လုန်ရွှယ်ကျီးက ခေါင်းခါယမ်းရင်း...
“ဒီလောက်ကြီးပြောနေစရာမလိုပါဘူးကွာ ၊ ရှောင်ယဲ့လည်း အကျိုးအမြတ်တွေ အများကြီး ရထားပြီးပါပြီ ၊ ငါတို့အတွက် ဒီခရီးစဉ်က အလကားမဖြစ်ခဲ့ပါဘူး ၊ မင်းကြောင့်သာမဟုတ်ရင် ငါတို့တွေ အဲဒီ ခန်းမဝိညာဉ်ကို သုတ်သင်ပစ်နိုင်မှာ မဟုတ်ဘူး ၊ အဲဒီအချက်ကြောင့်ပဲ ဒီခရီးရဲ့ရလဒ်က ကွဲပြားသွားတာပါ”