ခွန်လွန်အထင်ကရကိုးပါး၏တိုက်ပွဲ
Vol. 91 Ch. 1280
အခန်း (၁၂၈၀) ခွန်လွန်အထင်ကရကိုးပါး၏တိုက်ပွဲ
မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ ပြန်ရောက်လာခြင်း မရှိသေးပေ။
သို့သော် ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေက အထက်ဘုံကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ရလဒ်အနေဖြင့် ကျန့်ဟွမ်ဓားဧကရာဇ်နှင့် နက္ခတ်ဧကရာဇ်၏ဖိအားကြောင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ မှာ နတ်ဘုရားအနားယူတောင်ကြားတွင် အေးအေးဆေးဆေး မနေနိုင်တော့ပေ။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သူတို့ကို မတွေ့ဆုံဘူးဆိုပါက ကျန့်ဟွမ်ဓားဧကရာဇ်နှင့် နက္ခတ်ဧကရာဇ်တို့ ပူးပေါင်းပြီး နတ်ဘုရားအနားယူတောင်ကြားကို ဖျက်ဆီးပစ်မည် ဖြစ်သည်။
အဆုံးသတ်မှာတော့ ယန်ချဲ့ တောင်ကြားမှထွက်လာပြီး သူ့ကိုစောင့်နေသည့် နက္ခတ်ဧကရာဇ်ကို တိုက်ခိုက်ရတော့သည်။
နက္ခတ်ဧကရာဇ် အေးစိမ့်စမ်းချောင်းနယ်မြေမှ ရေခဲပြင်ထဲတွင် ပိတ်မိနေရာမှ လွတ်မြောက်လာပြီးနောက် ၊ နှစ်ပေါင်းထောင်ချီကြာအောင် ရေခဲထဲတွင် ပိတ်မိနေရသည့် အမျက်ဒေါသကိုဖြေဖျောက်ရန် ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
နက္ခတ်ဧကရာဇ်က လှုပ်ရှားမှု တစ်စုံတစ်ရာ မပြုလုပ်သော်လည်း ပြင်းထန်သော အအေးလှိုင်းများက နတ်ဘုရားအနားယူတောင်ကြားတစ်ခုလုံးသို့ တစ်ဖန်ပြန်လည် လွှမ်းခြုံသွားသည်။
ကောင်းကင်ထက်မှ မိုးမြေအရံအတားများ ချက်ချင်း အက်ကွဲစုတ်ပြတ်ပြီး ပွင့်ထွက်သွားကာ အနက်ရောင် ဗလာနယ်စကြာဝဠာ ထွက်ပေါ်လာသည်။
ထိပ်တန်းအဆင့် နက်ရှိုင်းနက်ဘုရားနှစ်ပါး အစွမ်းရှိသမျှ တိုက်ခိုက်ကြမည်ဆိုလျှင် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ မိုးမြေအရံအတားများ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သူတို့တိုက်ပွဲပြီးသွားသည့်အချိန်တွင် အထက်ဘုံကမ္ဘာတစ်ဝက်ခန့် ပျက်ဆီးသွားပေလိမ့်မည်။
ထို့ကြောင့် အပြစ်မရှိသူများ မသေဆုံးကြစေရန် အထက်ဘုံကမ္ဘာအပြင်ဘက် ဗလာနယ်ထဲတွင် တိုက်ခိုက်ကြခြင်းက အကောင်းဆုံးဖြစ်သည်။
နက္ခတ်ဧကရာဇ်ကို တိုက်ခိုက်ရန်ဆုံးဖြတ်ပြီးသည့်နောက် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကလည်း တုံ့ဆိုင်းနေခြင်း မရှိခဲ့ပေ။
သူက ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး ကမ္ဘာ့အပြင်ဘက် စကြာဝဠာဗလာနယ်ထဲသို့ ဝင်ရောက်သွားကာ နက္ခတ်ဧကရာဇ်အား တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ရင်း...
“တာအိုရောင်းရင်း’ချန်’ နဲ့ တိုက်ခိုက်ဖို့ စောလွန်းသေးတယ်လို့ ငါက တွေးထားတာ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ အခြေအနေတွေဆိုတာက အမြဲတမ်းပြောင်းလဲနေတော့ ငါတို့ မျှော်လင့်မထားတာတွေ အမြဲ ဖြစ်နေတာပဲလေ ၊ အခုက အချိန်ကျပြီထင်ပါတယ် ၊ ငါတို့ တိုက်ခိုက်ရမယ့်အချိန် ရောက်လာပြီ”
“ဒီလိုဆိုတော့လည်း တိုက်ခိုက်ကြတာပေါ့”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ ၏ မျက်နှာအမူအရာက တည်ငြိမ်နေသည်။
သူက အခြားတစ်ဖက်တွင်ရှိနေသော ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ နှင့် ရန်ကျောက်ကဲတို့ကိုလစ်လျူရှုလိုက်ပြီး စတင်တိုက်ခိုက်လိုက်သည်။
လက်ဝါးရိုက်ချက်တစ်ချက်က နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ ထံသို့ တည့်တည့်မတ်မတ် ဆင်းသက်လာသည်။
လက်ဖဝါးအောက်တွင် အလင်းရောင်များတောက်ပလာပြီး နေနှင့်လ၏ တည်ရှိမှုသည်ပင် ရပ်တန့်သွားသည့်အလား ထင်မှတ်ရသည်။
ကောင်းကင်တစ်ခွင် ကြောက်မက်ဖွယ်ရာရောင်ဝါတစ်ခု ချက်ချင်းပြည့်နက်သွားပြီး ဗလာနယ်တစ်ခုလုံး လွှမ်းခြုံသွားသည်။
လွန်ခဲ့သည့်တစ်ခဏတွင် သူက မည်သို့မှမတတ်နိုင်သဖြင့် နက္ခတ်ဧကရာဇ်နှင့် တိုက်ခိုက်ရသည့်ပမာ ဖြစ်သည်။ သို့သော် ယခုတော့ သူက စိန်ခေါ်သူတစ်ယောက်ပမာ စတင်တိုက်ခိုက်နေပြန်သည်။
သူ၏ လက်ဝါးရိုက်ချက်လွှမ်းခြုံမှုအောက်တွင် တိုက်ပွဲကြည့်နေသော ရန်ကျောက်ကဲနှင့် ယွဲ့ကျန့်ပေတို့သည်ပင် သူတို့၏မျက်လုံးများရှေ့တွင် မှောမိုက်သွားသည့်ပမာ ခံစားလိုက်ရပြီး ကမ္ဘာလောကတစ်ခုလုံး အလင်းရောင်ဆုံးရှုံးသွားသည့်ပမာ ဖြစ်သည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ က နူးညံ့သိမ်မွေ့ဟန်ရှိပြီး အရာရာကို အမြဲတမ်း လျှို့ဝှက်စွာ လုပ်ဆောင်တတ်သည်။ ယခုတော့ သူ၏ ပထမဆုံးတိုက်ကွက်ကပင် ပြိုင်ဘက်၏စွမ်းအားရောင်ဝါကို ဖိနှိပ်ထားနိုင်ပြီ ဖြစ်၏။
လက်ဝါးသိုင်းဝိညာဉ်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး အလွန်အမင်း ပြင်းထန်လွန်းသည်။
နတ်ဘုရားတစ်ပါး၏ အပြစ်ပေးမှုက ကောင်းကင်မှသည် ကမ္ဘာမြေပြင်ထံကျရောက်လာသည့်ပမာ သေမျိုးလူသားလောကတစ်ခုလုံး တုန်လှုပ်သွားစေပြီး အရာအားလုံးကို ငြိမ်ဝပ်သွားစေသည်။
လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်၏ ကျော်ကြားသောသိုင်းပညာမှာ ကမ္ဘာတစ်ခွင်ကျော်ကြားသော “ကောင်းကင်လွှမ်းခြုံလက်ဝါးသိုင်း” ဖြစ်သည်။
လက်ဝါးရိုက်ချက်တစ်ခုတည်းဖြင့် ကောင်းကင်တစ်ခွင် လွှမ်းခြုံထားနိုင်သည်။
ရန်ကျောက်ကဲမျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
သူ့ကိုပိုပြီး သတိထားစေသည်မှာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ ၏ လက်ဖဝါးထဲတွင် တည်ရှိနေသောအရာ ဖြစ်သည်။
ကောင်းကင်တစ်ခွင် လွှမ်းခြုံထားသော လက်ငါးချောင်းထဲတွင် နက်ပြာရောင်အလင်းမှုံမြူခိုးများ လျှံတက်လျှက် ရှိသည်။
ထိုနက်ပြာရောင်မြူမှုံများထဲတွင် နက်ပြာရောင်အလင်းတန်းများရှိနေပြီး ငှက်မွှေးယပ်တောင်တစ်ခု၏ မထင်မရှားအသွင် ထွက်ပေါ်နေသည်။
ထိုယပ်တောင်က ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏လက်ဖဝါးနှင့် တစ်သားတည်းပေါင်းစပ်နေသည့်ပမာ ဖြစ်သည်။
ထိုယပ်တောင်ထဲတွင်ပါရှိသော နက်နဲသည့်အယူအဆများက ဖုံကွယ်ခြင်း ၊ တိတ်ဆိတ်ခြင်း ၊ နက်နဲခြင်းနှင့် ရက်စက်ခြင်းများ ဖြစ်သည်။
ငြိမ်သက်ခြင်းအဆင့်ရှိသော နက်ရှိုင်းအမတမှော်ဝင်ပစ္စည်းဖြစ်သည့် ‘ကောင်းကင်လွှမ်းယပ်တောင်’ ပင် ဖြစ်လေ၏။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ က သူ၏လက်ဖဝါးထဲမှ သူ၏တန်ခိုးစွမ်းအားနှင့် အမတမှော်ဝင်ပစ္စည်းကို တစ်သားတည်းပေါင်းစပ်ကာ စွမ်းအားအပြည့် ထုတ်ဖော်အသုံးပြုခဲ့သည်။
အလွန်အမင်းခံနိုင်ရည်ရှိပြီး ကြမ်းတမ်းခက်ထန်သော လက်ဝါးရိုက်ချက်ဖြင့် ရင်ဆိုင်ရသည့်အခါ နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ အရှိန်အဟုန် ဆုံးရှုံးသွားသည့်ပမာ ဖြစ်သည်။ သို့ပေသိ သူ၏မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိပေ။
အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော ‘ကောင်းကင်လွှမ်းယပ်တောင်’ နှင့်အဆင့်အတန်းတူညီသော အမတမှော်ဝင်ပစ္စည်းတစ်ခု နက္ခတ်ဧကရာဇ်တွင်လည်း ပိုင်ဆိုင်ထားသည်။
ထိုပစ္စည်းက နာမည်ကောင်းဖြင့်ကျော်ကြားသော “ရေခဲလှိုင်းဓားကျိုး” ပင် ဖြစ်သည်။
ချန်ရွှမ်ကျုန်းက ဓဓားကိုဆုပ်ကိုင်ထားပြီး (၂)ပေရှည်သော ကျောက်စိမ်းဓားကျိုးသည် သူ၏ရင်ဘတ်ထက်တွင် တည်ရှိနေသည်။
ထိုကဲ့သို့ ရိုးရှင်းသည့်လုပ်ဆောင်ချက်ဖြင့်ပင် သူ၏ခန္ဓာကိုယ်မှ အဆုံးမရှိအေးခဲနေသော လေအေးများထွက်ပေါ်လာပြီး ဆီးနှင်းများပြည့်နက်နေသော ကောင်းကင်ပြင်တစ်ခု ဖြစ်တည်လာကာ စကြာဝဠာတစ်ခွင် လွှမ်းခြုံသွားသည်။
ဆီးနှင်းများက လျှင်မြန်စွာ စိမ့်ဝင်သွားပြီး စီးဆင်းမှုရပ်တန့်မသွားဘဲ ရေခဲမြစ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
တစ်ချိန်တည်းမှာပင် အေးခဲနေသော ရေခဲမြစ်ရှည်ကြီးက ၎င်း၏နယ်မြေကိုချဲ့ထွင်ပြီး တစ်ချိန်က ရန်ကျောက်ကဲတွေ့မြင်ခဲ့ဖူးသော ရေခဲပင်လယ်ကြီး တစ်ဖန်ပြန်လည်ထွက်ပေါ်လာကာ စကြာဝဠာကို ဖုံးလွှမ်းသွားသည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ ကောင်းကင်လွှမ်းခြုံလက်ဝါးသိုင်းက ရေခဲမြ်စထက်သို့ကျရောက်သွားပြီး ရေခဲမြစ်တစ်ခုလုံး အက်ကြောင်းများထင်ဟပ်သွားကြာ မကြာမီ ပြိုလဲတော့မည့်အလား တုန်ခါလာသည်။
သို့သော် နက္ခတ်ဧကရာဇ်က သူ၏ရင်ဘတ်ရှေ့တွင် ဓားကျိုးကိုဆုပ်ကိုင်ထားဆဲဖြစ်ပြီး ခန္ဓာကိုယ်တစ်ချက် လှုပ်ရှားသွားခြင်း မရှိသေးပေ။
အေးခဲသောလေထုအလွှာများ ပိုမိုမြင့်တက်လာပြီး ကွဲအက်သွားသောရေခဲမြစ်က အဆက်မပြတ် ပြန်လည်ကောင်းမွန်လာသည်။
အမှောင်ထုနှင့်ပြည့်နေသော စကြာဝဠာထဲတွင် ရေခဲမြစ်က ငြိမ်သက်စွာ တည်ရှိနေသည်။
ဤအခိုက်အတန့်တွင် ဧကရာဇ် (၂)ပါး၏တိုက်ခိုက်စွမ်းရည်က လက်ရည်ညီလျှက် ရှိသည်။
“ရေခဲသိုင်းပညာ (၇)ရပ်ထဲက စတုတ္ထမြောက်သိုင်းပညာဖြစ်တဲ့ ရေခဲမြစ်သိုင်းပညာ”
ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေက ရေရွတ်လိုက်သည်။
နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ က သူသင်ယူခဲ့သမျှ ပညာရပ်များအားလုံးကို ကောင်းကင်ဖွင့်ကျမ်းစာနှင့် ကိုယ်ပိုင်အသိဉာဏ်ပေါင်းစပ်ကာ အလွန်ထူးခြားသည့် ထိပ်တန်းသိုင်းပညာရပ်များတီထွင်ခဲ့ပြီး ရေခဲလှိုင်းကျောင်းတော် အဆက်အနွယ်ကို တည်ထောင်ခဲ့သူ ဖြစ်သည်။
ထိုပညာရပ်များအနက် ‘နက်ရှိုင်းရေခဲဓားသိုင်း’ က သမိုင်းတစ်လျှောက် လူသိများခဲ့သည်။
ထိုသိုင်းပညာက ကနဦးကောင်းကင်နှင့်နှောင်းပိုင်းကောင်းကင်ကြားတွင်တည်ရှိသည့် ကနဦးကောင်းကင်ရေပြင်ကို အခြေခံကာ တီထွင်ထားခြင်း ဖြစ်သည်။
ထိုသိုင်းပညာထဲတွင် အဆုံးမရှိသော အသက်ဓာတ်စွမ်းအားနှင့် နွေးထွေးမှုများပါဝင်သလို အကန့်အသတ်မရှိသည့် သတ်ဖြတ်လိုသောအငွေ့အသက်နှင့် အေးခဲမှုတို့လည်း ပါဝင်သည်။
ရေခဲသိုင်းပညာ (၇)ရပ်တွင် ထိုသိုင်းပညာက ပြိုင်ဘက်ကင်း ထိပ်တန်းသိုင်းပညာတစ်ရပ်ဖြစ်ပြီး ရေခဲလှိုင်းဓားကျိုးနှင့် ပေါင်းစပ်အသုံးပြုပါက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ရေခဲမြစ်သိုင်းပညာက ရေခဲသိုင်းပညာ(၇)ရပ်တွင် စတုတ္ထမြောက်သိုင်းပညာဖြစ်ပြီး တစ်ခုတည်းသော ခံစစ်သိုင်းပညာရပ်လည်း ဖြစ်သည်။
ထိုသိုင်းပညာအသုံးပြုလိုက်သည်နှင့် ရန်သူ၏တိုက်ကွက်က အေးခဲသွားပြီး အဆုံးမဲ့သော ခံစစ်စွမ်းအားပါရှိသည့် ရေခဲမြစ်တစ်ခု ထွက်ပေါ်လာမည် ဖြစ်သည်။
အက်ကွဲသွားပြီးနောက် ပြန်လည်ကောင်းမွန်လာသော ရေခဲမြစ်ကိုကြည့်ရင်း ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်လိုက်သည်။
“ပြီးရင် ပဉ္စမမြောက်ပညာဖြစ်တဲ့ ရေခဲမြစ်အရည်ပျော်သိုင်းပညာ လိုက်လာလိမ့်မယ်”
ရေခဲမြစ်သိုင်းပညာက ခံစစ်သိုင်းပညာတစ်ရပ်ဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းမရှိသော်လည်း အမြဲတမ်း ခံစစ်အတွက် အသုံးပြုခြင်း မဟုတ်ပေ။ ထိုအစား ရန်သူကို အလစ်အငိုက်ဖမ်းပြီး ခံစစ်အတွင်းမှ ထွက်ပေါ်လာသော တိုက်စစ်စွမ်းအားတစ်ခု ပါဝင်နေသည်။
ထိုရေခဲမြစ်အောက်တွင် လျှို့ဝှက်စွာ ရေများစီးဆင်းနေပြီး ထိုရေများက သာမန်မြစ်ရေမဟုတ်ဘဲ အရှိန်အဟုန် ပြင်းထန်လွန်းသည်။
ရေခဲသိုင်းပညာ(၇)ရပ်မှ စတုတ္ထမြောက်သိုင်းပညာဖြစ်သော ရေခဲမြစ်သိုင်းပညာပြီးဆုံးသည့်နောက် နောက်ဆက်တွဲထွက်ပေါ်လာသည့်တိုက်ခိုက်မှုမှာ ပဉ္စမမြောက်သိုင်းပညာဖြစ်သည့် ရေခဲမြစ်အရည်ပျော်သိုင်းပညာ ဖြစ်သည်။
တဟုန်းဟုန်းတက်လာသောရေများက တဖြည်းဖြည်း ပိုမိုသိသာထင်ရှားလသည်။
ထိုရေများက အေးခဲနေသောရေခဲမြစ်ကို အလိုအလျောက်ခွဲထုတ်ပြီး ရန်သူကို တန်ပြန်တိုက်ခိုက်ရန်အတွက် ဗလာနယ်ကိုပင် ဖြိုခွင်းပစ်နိုင်လောက်အောင်ကြောက်မက်ဖွယ်ရာစွမ်းအားဖြင့် ပေါက်ကွဲထွက်လာသည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တိုက်ပွဲတွင် အသာစီးရယူထားသော်လည်း သူ့အနေဖြင့် ရေခဲမြစ်အရံအတားကို မဖြတ်ကျော်နိုင်သရွေ့ မကြာမီတွင် ရေခဲမြစ်အတွင်းမှ အရေည်ပျော်နေသောရေများဖြင့် တန်ပြန်တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရပေမည်။
နက်ပြာရောင်အမှောင်ထုထဲတွင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ မျက်နှာအမူအရာက တည်ငြိမ်လျှက် ရှိသည်။
ချန်ရွှမ်ကျုန်းအပေါ် သူ၏နားလည်နိုင်စွမ်းက ရန်ကျောက်ကဲနှင့် ယွဲ့ကျန့်ပေတို့ထက် ပိုမိုမြင့်မားသည်။
အေးခဲနေသောရေခဲမြစ် အရည်ပျော်သွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော ဓားသွားကို ပြတ်ပြတ်သားသားခံစားရမည်ဖြစ်ကြောင်း ယန်ချဲ့ ရှင်းရှင်းလင်းလင်း နားလည်ထားသည်။
ထို့ကြောင့် သူ၏ ကောင်းကင်လွှမ်းခြုံလက်ဝါးသိုင်း၏တန်ခိုးစွမ်းအားက အကန့်အသတ်မရှိထွက်ပေါ်လာပြီး ရေခဲမြစ်ကို အဆက်မပြတ်ဖိနှိပ်ထားလိုက်သည်။
နက်ပြာရောင် မှိန်ဖျော့သည့်အလင်းတန်းများက အသက်ဝင်လာဟန်ရှိပြီး ရေခဲမြစ်အတွင်းသို့ အဆက်မပြတ် စိမ့်ဝင်သွားကာ အဖျက်စွမ်းအားကို ဖြစ်ပေါ်လာစေသည်။
နက်ပြာရောင်အလင်းတန်းများအောက်တွင် ရေခဲမြစ်က ညစ်နွမ်းသွားပြီး အရည်ပျော်သွားခြင်း မရှိတော့ပေ။ ရေခဲမြစ်က နက္ခတ်ဧကရာဇ်၏ ထိန်းချုပ်မှုမှ ကင်းလွန်သွားသည့်ပမာ ဖြစ်သည်.
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ရေခဲမြစ် အရည်ပျော်သွားစေရန် အခွင့်အရေးမပေးခဲ့ပေ။
နက္ခတ်ဧကရာဇ်က တန်ပြန်တိုက်စစ်ဆင်လာပြီဆိုပါက တိုက်စစ်နှင့်တိုက်စစ် ရင်ဆိုင်ရမည်ဖြစ်လေရာ သူတို့နှစ်ယောက်လုံး ထိခိုက်နစ်နာစေမည် ဖြစ်သည်။
နက္ခတ်ဧကရာဇ်၏ခန္ဓာကိုယ်တွင် ဖုံးကွယ်ထားသည့်ဒဏ်ရာဟောင်းရှိနေလေရာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အနေဖြင့် တိုက်စစ်ကိုတိုက်စစ်နှင့်တန်ပြန်သည်ကို စိတ်ထဲထားမည် မဟုတ်ပေ။
အနေအထားက ပိတ်မိနေသောအနေအထားမျိုးဖြစ်သည့်တိုင ်ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
နဂိုက ဦးတည်ရာခွဲခြားရန်ခက်ခဲသော စကြာဝဠာဗလာနယ်ထဲတွင် ရုတ်တရက် အရံအတားများ ထွက်ပေါ်လာသည်။
ကောင်းကင်ယံမှ သဲထန်သောရေခဲမိုးများရွာသွန်းလာပြီး မိုးရေစက်များက တိုက်ခိုက်နေသူ (၂)ဦးကို လွှမ်းခြုံသွားသည်။
မိုးရေစက်တိုင်းက ဓားသွားအစွန်းများပမာ ဖြစ်သည်။
ကောင်းကင်ထက်တွင်ပြည့်နေသည့် ဓားသွားများက မိုးသက်မုန်တိုင်းပမာဖြစ်ပြီး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်သည်။
ရေခဲသိုင်းပညာ (၇)ရပ်၏ ဒုတိယသိုင်းပညာ ‘ဆီးနှင်းအက်ကွဲ’ သိုင်းပညာ ဖြစ်သည်။
ကောင်းကင်တစ်ခွင်လုံး ထက်ရှသည့် ဓားသွားအစွန်းများနှင့် ပြည့်နက်နေသည်။
ဒါကိုမြင်တော့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏မျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မှိန်ဖျော့သည့်အမှောင်လွှာဖြင့် လွှမ်းခြုံသွားပြီး အဆုံးမရှိသောအဖျက်စွမ်းအားများဖြင့် ဝန်းရံသွားသည်။
ရေခဲဓားသွားများက အမှောင်လွှာထဲသို့နစ်မြုပ်သွားပြီး အရိပ်အယောင်မရှိ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
သိုသော် ထိုသို့တိုက်ခိုက်လိုက်သည်နှင့် အောက်ဘက်တွင်ရှိနေသော ရေခဲမြစ်အတွင်း ဝင်ရောက်သွားသည့် နက်ပြာရောင်အလင်းတန်း အဆိပ်သင့်စွမ်းအားများက နှေးကွေးသွားသည်။
ထိုအချိန် နက္ခတ်ဧကရာဇ်၏ရင်ဘတ်ရှေ့တွင်ရှိနေသော ကျောက်စိမ်းဖြူရောင်ဓားကျိုးက အပြင်ဘက်သို့ ခုတ်ပိုင်းချလိုက်သည်။
ဤဓားချက်က သိုင်းကွက်အလှည့်အပြောင်းမရှိသို အလွန်ရိုးရှင်းကာ တိုက်ရိုက်ဆန်သည်။
သို့သော် ဓားကွက်ထဲတွင် သည်းမခံနိုင်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ ချုပ်နှောင်ထားသည်။
ဓားသွားခုတ်ပိုင်းလိုက်ရာနေရာတိုင်းတွင် တိတ်ဆိတ်စွာဖြင့်ပင် ရေခဲမြစ်က မှန်တစ်ချပ်ပမာ အက်ကွဲသွားသည်။
ရေခဲမြစ်အရည်ပျော်သိုင်းပညာ...။