← Chapters

သူလျှို

Vol. 71 Ch. 1052

သူလျှို

Vol. 71 Ch. 1052

အာခေါင် ကွဲမတတ် ကျယ်လောင်သည့် အသံက အခန်းတစ်လျောက် ပဲ့တင်ထပ်လာခဲ့သည်။

ဂျင်မီ လက်ကောက်၀တ်ကို ဖိထားရင်း အံကို တင်းတင်းကြိတ်၍ နာကျင်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်လျက်ရှိသည်။နာကျင်မှုက ခံရက်နိုင်စရာပင် မရှိချေ။

ထို့နောက် သူ စကေဘာကို ကိုင်လိုက်ပြီး အားစိုက်၍ ဆွဲထုတ်လိုက်၏။

သို့သော်လည်းပဲ သူ၏ တိုက်ခိုက်လိုစိတ်နှင့် ခွန်အားကို ဆုံးရှုံးသွားပြီး ဖြစ်ကာ လင်းရီအပေါ် ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ချေ။

ဂျင်မီ မောဟိုက်စွာ အသက်ရှူလျက် ရှိပြီး လင်းရီကို သတိထားသည့် အကြည့်ဖြင့် ကြည့်နေသည်။

" မင်း ဘယ်ကနေ လာခဲ့တာလဲ.... ကျုံးဝေ့တပ်ဖွဲ့မှာ မင်းလိုလူမျိုး ရှိဖို့ မဖြစ်နိုင်ဘူး....."

" မင်းသာ ငါ့အကြောင်းသိနေရင် ငါ ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရှိနေတော့မှာ.... "လင်းရီ ပြောလိုက်ပြီး " မင်းက တော်တော်လေး သိထားတယ်ဆိုတော့ ငါမင်းကို မေးစရာရှိတယ်... ငါနဲ့ ပူးပေါင်းပေးမယ်လို့ မျှော်လင့်တယ်... "

" ဟားဟား ဟမ့်...."ဂျင်မီ နှာခေါင်းရှုံ့လိုက်ပြီး " ငါမင်းကို ကြောက်မယ်များ ထင်နေတာလား.... ငါ့နားကနေ ဘာတစ်ခုမှ သိရဖို့ မစဉ်းစားနဲ့..."

လင်းရီ နှုတ်ခမ်း တွန့်ကွေးတက်သွားခဲ့ပြီး " မင်းက ငါ့ကို မကြောက်တာလား.... ဒါမှမဟုတ် သေရမှာကို မကြောက်တာလား....."

" ငါသေရမှာလည်း မကြောက်ဘူး....."

" အံ့ဩစရာပဲ...."

လင်းရီ လက်မထောင်ပြလိုက်ပြီး ခါးတွင် ဆောင်ထားသည့် MOD ခုခံရေး ဓားမြောင်ကို ဆွဲထုတ်လိုက်သည်။

နက်စွေးနေသည့် ဓားအသွားက အရိုးဖောက်မတတ် အလင်းများ ထုတ်လွှတ်နေသယောင် ရှိပြီး ဂျင်မီကို ဆံပင်အဖျားလေးများပင် ထောင်ထသွားစေခဲ့တော့၏။

" မင်း.... မင်း ဘာလုပ်မလို့လဲ...."

" မင်းပြောတော့ သေမှာ မကြောက်ဘူးဆို... အဲ့စကား မှန်မမှန်ဆိုတာ စမ်းကြည့်ကြတာပေါ့....."

ပြောရင်းဖြင့် လင်းရီ ဂျင်မီအနားသို့ လျှောက်လာပြီး ကော်လံမှ ဆွဲ၍ ဓားမြောင်ကို ထိုးသွင်းလိုက်သည်။

စုတ်ဖြဲ ခံနေရသည့် နာကျင်မှုက ဂျင်မီ့ တစ်ကိုယ်လုံး တစိမ့်စိမ့် ပျံ့နှံ့နေပြီး ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားခဲ့တော့၏။

သူ့အမြင်တွင်တော့ ဟွာရှန့်လူမျိုးများသည် အမိန့်ကို အင်မတန် ရိုသေလိုက်နာသူများ ဖြစ်ကြသည်။ အထူးသဖြင့် ကျုံးဝေ့တပ်ဖွဲ့ထဲရှိ လူများပင်။ သူတို့ သွားသည့် ခြေလှမ်းတိုင်းကို အစီအစဉ် ရေးဆွဲထားပြီး အရမ်းကာရော မည်သည်ကိုမျှ မလုပ်ဆောင်ဝံ့ကြချေ။ သို့သော်လည်း လင်းရီက ထိုသို့ လူစားမျိုး ဟုတ်မ‌နေပေ။

အတော်ဆုံး ခွဲစိတ်ဆရာ၀န်တစ်ယောက် ဖြစ်သည်နှင့် အညီ လူ့ခန္ဓာကိုယ်အကြောင်းကိုလည်း လင်းရီ ကောင်းစွာ နားလည်ထားသည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ဂျင်မီကို ယခုကဲ့သို့ ဓားထိုးစိုက်လိုက်မည်ဆိုပါက အခက်မသင့်လျှင် မတော်တဆ အသက်ပါသွားမှုမျိုးတောင် ဖြစ်နိုင်သည်။ သို့ပေမယ့် လင်းရီကတော့ ခြားနား၏။

အလွန်ဆုံးရှိလှ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားရုံမျှလောက်ပင်။

လင်းရီ စကားများများ မပြောချေ။ ဓားမြောင်ကို ပြန်လည် ဆွဲထုတ်ရင်း ပေါင်တံသို့ တစ်ဖန် ထိုးစိုက်လိုက်၏။

စူးစူးဝါးဝါး ကျယ်လောင်သည့် အသံက ထပ်မံ ထွက်လာပြန်သည်။ ဂျင်မီ၏ ခန္ဓာကိုယ် တစ်ခုလုံး နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ခါနေပြီး ဓာတ်လိုက်နေသကဲ့သို့ ရှိ၏။

လင်းရီ သူ့ခြေထောက်ရှိ သွေးလွတ်ကြောများကို အတိအကျ ရှောင်ရှားပြီး ကြွက်သားမျှင်များအား ဖြတ်တောက်‌နေသည်။ ဂျင်မီကသာလျှင် ထိုသို့ ပြုလုပ်ခံရခြင်းက မည်မျှနာကျင်ဝေဒနာပြင်းထန်ကြောင်း ခံစား သိရှိနိုင်ပေလိမ့်မည်။

" ပုံမှန်ဆို... ဒီလိုမျိုး ခွဲစိတ်မှုလုပ်ရင် မေ့ဆေး အရင် ကြိုပေးထားရတာ.... ငါ မင်းရဲ့ အနာကျင်ရဆုံး ‌‌နေရာကို ထိုးစိုက် လှီးဖြတ်လိုက်တာတောင် သတိမမေ့သွားဘူးဆိုတော့ မဆိုးဘူး... မင်းက ယောက်ျား စစ်စစ်ပဲ...."

" မင်း... မင်းက လူမဟုတ်ဘူး... မကောင်းဆိုးဝါး...."

" သောက်ပို မပြောစမ်းနဲ့... ငါ့လောက်ချောတဲ့ မကောင်းဆိုးဝါး မင်း မြင်ဖူးလား...."

လင်းရီ သွေးပေနေသည့် ဓားမြောင်ကို ပြန်လည် ဆွဲထုတ်လိုက်ရင်း အခြား ခြေတစ်ချောင်းထံ ထပ်မံ ချိန်ရွယ်ထားလိုက်သည်။

" မဟုတ်ဘူး.... မလုပ်နဲ့...."

လင်းရီ၏ ဓားမြောင် ကျဆင်းတော့မည့် အချိန်တွင်ပဲ ဂျင်မီ အားညစ်ထုတ်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဘောင်းဘီထဲတွင်လည်း ကျင်ငယ်ရေများ စိုစွတ်သွားခဲ့လေသည်။

သူ အမှန်ပင် သေးပေါက်ချမိသွားခဲ့သည်။

" ကိုယ့်လူကတော့ ချီးကျူးလို့ကို မရဘူးပဲ ... သေးလာပါပြနေတယ်.... "လင်းရီ နှာခေါင်းရှုံ့၍ ဆိုဖာပေါ် ထိုင်ချလိုက်လေသည်။

" ပြောစမ်း... မင်းတို့ ကျုံးဝေ့တပ်ဖွဲ့ထဲ မွေးထားတဲ့ သူလျှိုက ဘယ်သူလဲ...."

........

ကွမ်တမ် အပျော်စီး သင်္ဘော၊ ပထမ အလွှာ၊ အခန်း နံပါတ် ၁၀၁၉။

ချိုးယွီလော့ ၊ နင်ချဲ့နှင့် ကျန်သူများအားလုံး ကြိုးတုပ်ခံထားရပြီး အခန်း ထောင့်စွန်းတွင် ထိုင်နေကြရသည်။

အခန်းမှာ အစကတည်းက ကြီးမားခြင်း မရှိဘဲ လူအများကြီး ရောက်လာခဲ့တော့ ပို၍ပင် ပြည့်ညှပ်ကြပ်သွားခဲ့တော့၏။

ထိုအခိုက်အတန့်တွင် သူတို့၏ မျက်နှာ အမူအရာမှာလည်း လှပ မနေကြချေ။

အဖမ်းဆီးခံရပြီးနောက် ဆေးကျွေးခြင်း ခံထားရသဖြင့် သူတို့၏ ခြေထောက်နှင့်လက်တို့ အပါအ၀င် တစ်ကိုယ်လုံး အားနည်းနေသည်။ တစ်နာရီ ကျော်သွားခဲ့ပြီး ဖြစ်သော်လည်းပဲ ဆေး၏ သက်ရောက်မှုက ယခုတိုင် ပြယ်မသွားသေးချေ။

သူမတို့ ခုခံချင်လျှင်ပင် ခုခံနိုင်သည့် အင်အားမျိုး သူမတို့ထံ၌ မရှိကြတော့ချေ။ ပြုသမျှ နုရမည့် အခြေအနေသို့ အားလုံး ကျရောက်နေကြလေသည်။

သူမတို့ ရှေ့တွင်တော့ လူခြောက်ယောက် ရှိနေကြသည်။ ထိုအထဲ ဟန်တာလည်း အပါအ၀င် ဖြစ်၏။

" ကျုံးဝေ့တပ်ဖွဲ့က ငါတို့နောက်ကို ဘာလို့ ခြေရာခံ လိုက်နေကြတာ... မင်း ငါတို့ကို တိတ်တိတ်လေး နောက်က လိုက်နေရခြင်း ရည်ရွယ်ချက်က ဘာလဲ..."ဟန်တာ မေးလိုက်သည်။ ထိုင်ခုံတွင် ထိုင်ရင်း နှုတ်ခမ်းက စီးကရက်လည်း ကိုက်ထားသေး၏။

" အဲ့တာ နင်တို့အားလုံး ငါတို့ရဲ့ သတင်းကို ရောင်းစားလိုက်လို့ ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေ သေသွားခဲ့ရတာ... နင်တို့ကို သေချာပေါက် လက်စားချေမယ်...."

ဟန်တာ ပခုံးတွန့်လိုက်၏။ " လက်စား ချေချင်တယ်ဆိုလည်း ကြိုဆို‌ နေလျက်ပဲ... ဒါပေမယ့် အခု မင်းတို့က ဖမ်းခံထားရတဲ့ ကြက်တွေလို ဖြစ်နေတာကိုတော့ သတိရဦး... မင်းတို့ အသက်ရှင်လျက် ပြန်သွားနိုင်လိမ့်မယ်လို့ တကယ်ပဲ ထင်နေကြတာလား...."

" ထွီး... သေမှာကြောက်တတ်ရင် အစကတည်းက ကျုံးဝေ့တပ်ဖွဲ့ထဲ ၀င်ခဲ့မှာတောင် မဟုတ်ဘူး...."

" သေဖို့ အဲ့လောက် လောမကြီးနဲ့ဦးလေ... မင်းမှာ အသက်ရှင်နိုင်မယ့် အခွင့်အရေး တစ်ခု ရှိသေးတယ်...."ဟန်တာ ပြောလိုက်ပြီး " မင်းတို့ ကျုံးဝေ့တပ်ဖွဲ့က သိပ္ပံပညာရှင်တွေရဲ့ နာမည်စာရင်းကို ငါ ရချင်တယ်... ဒီစာရင်းကို ပေးနိုင်တာနဲ့ မင်းကို ပြန်လွှတ်ပေးလိုက်မယ်.... "

" အိပ်မက်မက်နေလိုက်...."

" အလှလေးကလည်း ဘာလို့ ငြင်းမယ်ဆိုတာကြီးပဲ... မင်း ငါနဲ့ မပူးပေါင်းပေးချင်ဘူးဆိုတာ ငါသိတယ်... ဒါပေမယ့် တခြားသူတွေကလည်း အတူတူပဲလို့ မဆိုလိုဘူးနော်..."ဟန်တာ၏ အကြည့်က အခြားသူများပေါ် ကျရောက်သွားခဲ့ပြီး နောက်ဆုံး နင်ချဲ့ထံတွင် ရပ်တန့်သွားခဲ့သည်။

" ဒီစာရင်းကို ပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို ထွက်ခွာခွင့်ပေးမယ်... မင်းတို့မှာ စဉ်းစားဖို့ အချိန်ငါးမိနစ် ရှိတယ်.... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့... မဟုတ်ရင် ငါကိုယ်တိုင် လှုပ်ရှားရလိမ့်မယ်.... "

ပြောပြီးနောက် ဟန်တာ မျက်လုံးမှိတ်လိုက်ပြီး သစ်သား ကုလားထိုင်နောက်သို့ ကျောမှီလိုက်၏။ သူ၏ အမူအရာက အလျင်လိုမနေသကဲ့သို့ အေးချမ်းသာယာလျက်ရှိသည်။

အချိန် တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားခဲ့ပြီး ငါးမိနစ် ကုန်‌ဆုံးသွားခဲ့သည့်တိုင်အောင် တစ်ယောက်ကမျှ စကားထွက်မလာခဲ့ကြချေ။

" ဘယ်သူကမှ မပြောချင်ကြဘူးဆိုတော့ နောက်ခြေလှမ်းကို စလိုက်ကြတာပေါ့..."ဟန်တာ ချိုးယွီလော့နှင့် နင်ချဲ့ကို လက်ညိုးထိုးလိုက်ပြီး " သူတို့ နှစ်ယောက်ကို ခေါ်လိုက်... ငါ ဒီလိုလုပ်ချင်နေတာ တော်တော်လေး ကြာပြီ..."

သူ့လူ နှစ်ယောက် ရောက်ရှိလာခဲ့သည်။

" ခွေးကောင်... ငါ့ကိုလွှတ်...."

သူတို့ထဲက တစ်ယောက်မှ ချိုးယွီလော့၏ လည်ပင်းပေါ် ဓားတင်ထားပြီး " မင်း ဆင်ဆင်ခြင်ခြင်နေ.. မဟုတ်ရင် ဘုရားသခင်နဲ့ စောစီး တွေ့နေရမယ်...."

အခြားတစ်ဖက်ရှိ နင်ချဲ့၏ အခြေအနေသည်လည်း ထိုနည်းတူစွာပင်။

သူမ လက်များကို ကြိုးဖြင့် တုပ်ခံထားရုံမျှမက သူမ လည်ပင်းပေါ်တွင်လည်း ဓားတစ်လက် ထောက်ထားလျက်ရှိသည်။ သူမ တစ်ချက် လှုပ်မိပါက အသတ်ခံလိုက်ရနိုင်သည်။

" မင်းတို့နှစ်ယောက်က ကပ္ပတိန်တွေလည်းဖြစ်... အုပ်စုထဲ အလှဆုံးလည်း ဖြစ်ဆိုတော့ .. မင်းတို့နဲ့ အရင်ဆုံး စလိုက်ကြတာပေါ့...."

ဟန်တာ ကတ်ကြေး တစ်လက်ကိုင်၍ နင်ချဲ့၏ ရှပ်ကို ဖြည်းဖြည်းချင်း ညှပ်ဖွင့်လိုက်သည်။ အောက်ဘက်တွင်တော့ နည်းပညာမြင့် ကျည်ကာ တစ်ထည် ရှိနေလေသည်။

" မင်းတို့ကောင်တွေက သေသေချာချာကို ပြင်ဆင်လာခဲ့ကြတာပဲ..."ဟန်တာ အပြုံးဖြင့် ပြောလိုက်ပြီး " အောက်မှာ ဘယ်လို ပုံစံမျိုး ၀တ်ထားလဲ ကြည့်ကြည့်ရအောင်... "

နင်ချဲ့၏ အမူအရာက တည်ငြိမ်နေပြီး ဂရုလည်း မစိုက်ချေ။ သူမက အရမ်း... ပွင့်လင်းလွန်းပေသည်။

ဇွီ့....

နင်ချဲ့၏ ဘောင်းဘီများလည်း ဆွဲချခံလိုက်ရသည်။ သူမ၏ အပေါ်ပိုင်းနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက နင်ချဲ့၏ အောက်ပိုင်းကိုယ်ထည်မှာ အထူးတလှယ် ပိန်ပါး သွယ်လျနေတော့၏။

အနက်ရောင် အတွင်းခံ ဘောင်းဘီမှအပ အခြား မည်သည့် အောက်ခံ ဘောင်းဘီမျိုး ရှိမနေချေ။

ဟန်တာနှင့် သူ့လူများအားလုံး သူမကို ကြည့်‌နေခဲ့ကြသည်။

ဤကောင်မလေး နှစ်ယောက်က သူတို့ ခဏသာ စိတ်အပန်းဖြေဖို့ လုံလောက်ပေသည်။

သို့ပေမယ့်လည်း ဟန်တာ ချက်ချင်းကြီး မလှုပ်ရှားသေးချေ။ သူ ချိုးယွီလော့၏ ဘောင်းဘီကိုလည်း ညှပ်ဖြဲလိုက်၏။

သူမတို့ နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်သည်တွင် ချိုးယွီလော့က ပိုပြီး ရှေးရိုးဆန်နေခဲ့၏။ အရမ်းကို သာမန်ဆန်သည့် အတွင်းခံတစ်ထည်ကိုသာ ၀တ်ဆင်ထားပြီး မည်သည့် ထူးခြားချက်မျှလည်း ရှိမနေခဲ့ချေ။

" ငိုးမသားတွေ... ငါ့ခေါင်းဆောင်ကို လွှတ်ပေးလိုက်... မင်းတို့ ဘောတွေရှိရင် ငါ့ဆီ လာကြစမ်း.... "ထောက်ချိန် ဟိန်းဟောက်လိုက်သည်။

" မပူနဲ့.. မင်းတို့ အကုန် ဒီနေ့ အတူသေကြရမှာ... ဒါပေမယ့် မသေခင် ငါတို့ ကစားတာလေး ကြည့်သွားပေါ့... ပြီးမှ မင်းကို ကိုင်တွယ်မယ်...."

ဟန်တာ လက်ဝှေ့ယမ်းလိုက်ပြီး " ကျည်ကာ အင်္ကျီတွေ ချွတ်ပြီး ကုတင်ပေါ် ပစ်တင်ထားလိုက်...."

" မစ္စတာဟန့်... ကျွန်တော့်မှာ စိတ်ကြွဆေး နည်းနည်း ရှိတယ်... သူတို့ကို ကျွေးဦးမလား... မဟုတ်ရင် ဒီ စော်နှစ်ပွေက အမိန့်နာခံမှာ မဟုတ်ဘူး....."

" ကိစ္စမရှိဘူး... ငါ ဂရုမစိုက်ဘူး..."ဟန်တာ ပခုံးတွန့်လိုက်ပြီး " တကယ်လို့ ပြောသလို မလုပ်ရင် လုပ်တဲ့အထိ ရိုက်မယ်လေ...."

" ဟားဟား....."

သူ့လူတစ်ချို့မှ ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး ကျည်ကာ အင်္ကျီများ ဆွဲချွတ်လိုက်ကြသည်။

နင်ချဲ့၏ ဘရာက သူမ၏ အောက်အတွင်းခံနှင့် အတူတူပင်။ ချိုးယွီလော့ကတော့ သနပ်ခါးရောင်လေး ၀တ်ဆင်ထားခဲ့၏။

တစ်ယောက်က ရုန်းကန် ဆန့်ကျင်နေပြီး ကျန်တစ်ယောက်ကတော့ တည်ငြိမ်နေလျက်ရှိသည်။

တစ်ခါတစ်ရံ အမျိုးသမီး တစ်ယောက်၏ ပိုင်ဆိုင်မှုခြင်း ကွာဟမှုက မြင့်မားပြီး ကျယ်၀န်းစာ့် တောင်တန်းကြီးများကဲ့သို့ ကွာဟမှုကို ဖြစ်ပေါ်စေနိုင်သည်။

ဟန်တာ၏ မျက်လုံး ပြူးကျယ်သွားခဲ့ပြီး တဏှာစိတ် ငယ်ထိပ်ရောက်လျက် သူ၏ လက်ကြီးများဖြင့် နင်ချဲ့၏ တောင်ပို့ကြီးများထံ လက်ဆန့်တန်းလိုက်သည်။

ချလစ် ချလစ်...

သို့သော်လည်းပဲ ထိုအခိုက်အတန့်တွင် လျှပ်စစ် တံခါးလော့ခ်မှ သော့ဖွင့်သံများ ထွက်ပေါ်လာလေသည်။

All Chapters