← Chapters

ရွှေနက် ကော်ပိုရေးရှင်း၏ အစီအစဉ်

Vol. 71 Ch. 1056

ရွှေနက် ကော်ပိုရေးရှင်း၏ အစီအစဉ်

Vol. 71 Ch. 1056

“ ကျွန်မ မနက် မိုးသောက်တာနဲ့ ပြန်တော့မယ်… ဒီကိစ္စကို ပြန်အစီရင်ခံရတော့မှာပဲ…” အာယာနဲ မစ်ဆူ သူမ နဖူးကို ကိုင်ထားရင်း ပြောလိုက်သည်။ သူမ ဤကဲ့သို့ အလွန် လေးနက်ပြီး တည်ငြိမ်နေသည်ကို လင်းရီ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။ “ ဒါပေမယ့် ကျွန်မကတော့ အစီအရင်ခံလို့လည်း ထူးမယ်မထင်ပါဘူး.. အဲ့လူရဲ့ ပုံစံနဲ့ အရည်အချင်းတွေ အရဆိုရင် သူ့ကို ရှာဖွေဖို့ သိပ် ခက်ခဲလိမ့်မယ်…”

အာယာနဲ မစ်ဆူ၏ စကားလုံးများက လင်းရီကို လုံးလုံးလျားလျား လက်လျှော့သွားစေခဲ့သည်။

သူ့လက်ထဲရှိသည့် အရင်းအမြစ်တို့က မစ်ဆူ မိသားစုနှင့် ယှဉ်လျှင် တော်တော်လေးကို ဝေးကွာနေသည် မဟုတ်ပါလား။

ယခု သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာက အချိန်တိုအတွင်း သူ၏ ခွန်အားကို တိုးနိုင်သမျှ တိုးအောင် ပြုလုပ်ဖို့ရာပင် ဖြစ်တော့၏။

“ ကျွန်မတို့ နောက်တစ်ကြိမ် ပြန်တွေ့ခဲ့ရင်တော့ အောင်မြင်နိုင်ချေ အခွင့်အရေးက ပိုများမှာပါ…”

“ ဒါဆိုလည်း ဒီလောက်ပဲပေါ့… မနက်ဖြန် မနက်ကျ အတူသွားကြရအောင်… ကျုပ်လည်း စီးပွားရေး ကိစ္စတွေ ပြီးသလောက် ရှိနေပြီ….”

အာယာနဲ ခေါင်းညိမ့်လိုက်သည်။ “ ကျွန်မ မနက်ဖြန်အတွက် ဟယ်လီကော်ပတာ တစ်စင်း စီစဉ်ထားလိုက်မယ်… အတူပြန်ကြတာပေါ့….”

ထိုည အာယာနဲ မစ်ဆူ လင်းရီ အခန်းထဲတွင် အနားယူခဲ့သည်။ သူမ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်ခဲ့ပြီး မည်သည်ကိုမျှလည်း မပြုလုပ်ခဲ့ချေ။

အမေရိကား၊ ဆန်ဖရန်စစ်စကို၊ ရွှေနက် ကော်ပိုရေးရှင်း၏ ရုံးချုပ်။

ရွှေနက် ကော်ပိုရေးရှင်းက အရှက်တရားကင်းမဲ့သည့် စီးပွားရေး လုပ်ငန်းများကို တစ်နှစ်ပတ်လုံး တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျက် ရှိသော်လည်း အပေါ်ယံတွင်တော့ ၎င်းတို့က တော်တော်လေးကို ကြပ်ကြပ်မတ်မတ်ရှိသည့် လုံခြုံရေး ကုမ္ပဏီ တစ်ခု ဖြစ်သည်။

သူတို့က ဆယ်လီ အများအပြားနှင့် နိုင်ငံရေး သမားတို့အတွက် လုံခြုံရေး ဝန်ဆောင်မှုများ ထောက်ပံ့ပေးလေသည်။

တေလာဆွစ် နှင့် ရီဟာနာ ကဲ့သို့ နာမည်ကြီး ဆယ်လီဘရစ်တီများအားလုံးသည် သူတို့ ဝန်ဆောင်မှု ပေးရသူများဖြစ်၏။

ဤအချိန်တွင်တော့ အမေရိကားတွင် မနက် နှစ်နာရီ ကျော်နေပြီ။ သို့ပေမယ့် ဆန်ဖရစ်စစ်စကိုတွင်တော့ လမ်းမီးများ၊ နီယွန်မီးများ ထိန်ထိန်လင်းနေလျက် ရှိပြီး အိပ်စက်ခြင်း မရှိသည့် မြို့တော်ကြီးကို မီးအလင်းရောင် ပေးနေကြသည်။ လ၏ ချမ်းမြသည့် ရောင်စဉ်က ၎င်းတို့အပေါ် ထိရောက်မှု သိပ်မရှိတော့ချေ။

ရွှေနက် ကော်ပိုရေးရှင်း ရုံးချုပ်၏ ထိပ်ဆုံးအလွှာတွင် အနက်ရောင် ဝတ်စုံပြည့်နှင့် သက်လတ်ပိုင်း လူကြီးတစ်ဦးသည် ဆေးပြင်းလိပ်တစ်လိပ်ကို လက်တွင် ခဲထားပြီး လက်မောင်းတွင်လည်း ကြောင်နက် တစ်ကောင်ကို ပွေ့ထားသေး၏။ သူဌေး ထိုင်သည့် ထိုင်ခုံတွင် ထိုင်နေပြီး စကားတစ်ခွန်းမျှလည်း မဆိုချေ။

ထိုပုဂ္ဂိုလ်သည်က ရွှေနက် ကော်ပိုရေးရှင်းကြီး၏ သူဌေး ၊ ဂျက်ဖရီပင်။

သူ့ အရှေ့တွင် လူလေးဦး၊ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး မတ်တပ်ရပ်နေလျက်ရှိသည်။

လေးဦးလုံးက တစ်ယောက်တစ်မျိုးစီ ဝတ်စား ဆင်ယင်ထားကြ၏။ အမျိုးသမီးက တင်းရင်းနေသည့် သူမ၏ ရင်သားတောင်ပို့ကြီးများကို ဝင့်ကြွားနေစေမည့် top တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူမက လူဖြူ လူမျိုး ဖြစ်သော်လည်း သူမ၏ အသားအရေကတော့ ကြမ်းတမ်းနေလျက်ရှိကာ အသားအရေအပေါ် အလေးမထားသည့်ပုံပင်။

ကျန်သည့် အမျိုးသား သုံးဦးမှာတော့ တစ်ဦးသည် အင်္ကျီလက်တို၊ ဘောင်းဘီလက်တို၊ အခြားတစ်ဦးသည် သာမန် အဝတ်အစားများ ဝတ်ဆင်ထားပြီး ကျန် တစ်ဦးကတော့ မြင်ရခဲသည့် ညှပ်ဖိနပ်ကို စီးနင်းထားသည်။ ဂျက်ဖရီ၏ ဝတ်စုံနှင့် နှိုင်းယှဉ်မည်ဆိုပါက ကမ္ဘာကြီးလောက်ကို ခြားနားနေပြီး လမ်းဘေး သူတောင်းစားများနှင့်ပင် တူညီနေတော့၏။

“ ဂျင်မီဆီက ဘာမှ မကြားရသေးဘူးလား…” ဂျက်ဖရီ ကြောင် အမွှေးများကို ပွတ်သပ်ရင်း မေးလိုက်သည်။

“ ဘာသတင်းမှ မကြားရသေးပါဘူး…” အမျိုးသမီးမှ ပြန်ဖြေလိုက်သည်။

သူမ၏ နာမည်ကတော့ ဂျန်းနီဖြစ်ပြီး ဂျက်ဖရီအတွက် အလုပ်လုပ်ပေးနေသူများထဲမှ တစ်ယောက်ဖြစ်သည်။

သို့သော် သူတို့က ဂျင်မီ့ အဆင့်တော့ မရောက်ရှိကြသေးချေ။ အထူးမစ်ရှင်များ၌ အကူအညီလိုအပ်လျှင်သာ စေလွှတ်ခြင်း ခံရပြီး အချိန်အများစုတွင်တော့ ရုံးချုပ်တွင်နေကာ နေရာကို စောင့်ကြပ်ရလေသည်။

“ ထူးဆန်းတယ်…” ဂျက်ဖရီ သူ့ကိုယ်သူ ပြောပြောလိုက်သည်။

“ သူ ငါ့ကို ခုနလေးတင် ဖုန်းဆက်ပြီး မစ်ရှင်ပြီးပြီလို့ ပြောတယ်… ခုကျတော့ ဆက်သွယ်လို့ကို မရတော့ဘူး… အဲ့ကောင် တစ်ခုခု ဖြစ်နေတာ သေချာပြီ…”

“ ဒီတစ်ကြိမ်က ကျွန်မတို့ မစ်ဆူ မိသားစုနဲ့ ပထမဆုံးအကြိမ် စီးပွားရေး လုပ်ဖူးတာဆိုပေမယ့် နိုင်ငံတကာမှာ သူတို့ရဲ့ နာမည်ဂုဏ်သတင်းက ကောင်းမွန်လွန်းတယ်… သူတို့ တရားမဝင်တာတွေ လုပ်လိမ့်မယ်လို့ ကျွန်မတော့ မထင်ဘူး…” ဂျန်းနီ သူမ၏ အတွေးများကို ထုတ်ဖော်လိုက်သည်။

“ သူတို့မလုပ်မှာ မှန်တယ်… တကယ်လို့ အဲ့တာက သာမန် အလဲအလှယ် ဆိုရင်ပေါ့… ဒါပေမယ့် ဒီခုက ဘက်စ် သတ္တုရိုင်းလေ… ဘာမဆို ဖြစ်လာနိုင်တယ်…” ဂျက်ဖရီ ပြောလိုက်ပြီး “ အဲ့ဒီ ဂျပန်ကောင်တွေကို အထင်မသေးလိုက်နဲ့… သူတို့ရဲ့ နှလုံးသားက မည်းနက်နေကြတာ.. ဘာမဆို လုပ်ရဲတယ်…”

“ ကျွန်မတို့ အာယာနဲ မစ်ဆူကို စုံစမ်းကြည့်ရမလား..”

ဂျက်ဖရီ စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားလိုက်ပြီး “ ငါတော့ သူတို့ လက်ချက်လို့ သံသယဖြစ်နေတယ်… သူတို့က ပြီးတာနဲ့ ကွမ်တမ် သင်္ဘောထဲက ထွက်သွားကြမှာ… မင်း အခု မိုင်ယာမီကို အမြန်သွားမယ်ဆိုရင် မှီလောက်သေးတယ်… မြန်မြန်သွားပြီး စုံစမ်းကြည့်လိုက်…”

“ ကောင်းပါပြီ…”

…….

မနက် ခုနစ် နာရီထိုးလို့ လင်းရီ အိပ်ယာနိုးလာတော့ အခြားအိပ်ရာ တစ်ဖက်ရှိ အာယာနဲ မစ်ဆူမှာ မရှိတော့ချေ။

နောက်ဆက်တွဲ ကြားလိုက်ရသည့် အသံက ရေချိုးခန်းထဲ ရေများ ပြေးလွှားကျဆင်းနေသည့် အသံပင်။

လင်းရီ အိပ်ရာထဲမှ ထ၍ အခန်းပြင်သို့ ထွက်လာခဲ့သည်။ သူ အာယာနဲ မစ်ဆူ ရေချိုးခန်းထဲမှ ထွက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ သူမက အတွင်းခံများမှအပ မည်သည့် အဝတ်အစားမျှ ဝတ်ဆင်မထားချေ။

“ ကျွန်မ ရေလည်း ဖြည့်ပေးပြီးသွားပြီ… မစ္စတာလင်း သွား ချိုးလို့ရပါပြီ…”

လင်းရီ အပျင်းကြောဆန့်၍ ရေချိုးခန်းထဲ ဝင်သွားခဲ့၏။

သူ လိုအပ်မည့် ပစ္စည်းများကို ဘေးတစ်နေရာတွင် သပ်ရပ်စွာဖြင့် အစီအရီ ချထားလေသည်။

ဂျပန် အမျိုးသမီးများက ဤတစ်နေရာတွင် အင်မတန် တော်သည်ကိုတော့ သူ ဝန်ခံရပေလိမ့်မည်။

လင်းရီ ရေမိုးချိုးပြီးသည့် အချိန်၌ အာယာနဲ မစ်ဆူသည်လည်း အဝတ်စားလဲ၍ ပြီးသွားခဲ့၏။

“ ဟယ်လီကော်ပတာက ထွက်သွားဖို့ အသင့်ပဲ…”

“ ကောင်းပြီ…”

အဝတ်များ ဝတ်ဆင်ပြီးနောက် လင်းရီ သူ့ ပစ္စည်းပစ္စယများကို သိမ်းဆည်းကာ သင်္ဘောပေါ်မှ ထွက်ခွာရန် ဟန်ပြင်လေသည်။

အာယာနဲ မစ်ဆူ၏ အမြင်တွင်တော့ လင်းရီကသာ သူမ နံဘေးတွင် ရှိနေမည်ဆိုပါက သူမသည်လည်း ပို၍ လုံခြုံစိတ်ချရလိမ့်မည်။ ထို့ကြောင့် ဘာကိုမျှ စိုးရိမ်နေရန် မလိုချေ။

တစ်နာရီ မကုန်ခင် အချိန်အတွင်းမှာပဲ ဟယ်လီကော်ပတာမှာ မိုင်ယာမီ ကမ်းခြေရှိ ရဟတ်ကွင်း အသေးစားလေးသို့ ဆင်းသက်လာခဲ့၏။

ဟယ်လီကော်ပတာပေါ်မှ ဆင်းပြီးနောက် လင်းရီ ထျန်းရန်ကို လာကြိုရန် အသိမပေးလိုက်ချေ။ ထိုအစား တက္ကစီငှား၍ အာယာနဲ မစ်ဆူနှင့်အတူ လေဆိပ်သို့ ထွက်ခွာလာသည်။ “ တစ်ခုခု မူမမှန်ဘူး…” လင်းရီ နောက်ခုံမှ နေ၍ ပြောလိုက်သည်။

“ ဘာဖြစ်လို့လဲ…”

“ ငါတို့နောက်မှာ ဖို့ဒ်တစ်စင်းရှိတယ်… ငါတို့ကို နောက်ယောင်ခံနေတာ…”

အာယာနဲ မစ်ဆူ ရုတ်ချည်း နောက်လှည်ကြည့်လိုက်တော့ သူမလည်း သတိပြုမိသွားခဲ့၏။

ထို့ပြင် တစ်ဖက်သူကလည်း တော်တော်လေးကို မောက်မာလွန်းလှသည်။ ဘာကိုမျှ ဖုံးကွယ်မနေပဲ ဝင့်ဝင့်ကြွားကြွား ပွင့်ပွင့်လင်းလင်း လိုက်ပါလာလျက် ရှိလေသည်။

“ အပေးအယူက ပြီးသွားပြီဆိုတော့ ဂျင်မီနဲ့ သူ့လူတွေလည်း မဖြစ်နိုင်ဘူး… ဘယ်သူကများ ဒီလောက်တောင် ရဲတင်းနေပါလိမ့်နော်…”

အာယာနဲတွင်လည်း သူမ အတွေးနှင့် သူမ ရှိသည်။ မစ်ဆူ မိသားစု၏ လွှမ်းမိုးမှုဖြင့် ဆိုပါက ရွှေနက် ကော်ပိုရေးရှင်းသည် သူမကို ထိုသို့ ပြုဝံ့လိမ့်မည် မဟုတ်ချေ။

ဆိုတော့ … မည်သူက သူမနောက် လိုက်နေပါသနည်း။

“ ကားဆရာ… ကားရပ်လိုက်…”

အမေရိကားသည်က ကျယ်ဝန်းပြီး ကျိုးတို့ကျဲတဲ မှီတင်းနေထိုင်လျက် ရှိသောကြောင့် ဟိုင်းဝေးလမ်းတို့က နေရာတကာပင်။ ကန္တာရ အဝေးပြေးလမ်းမကြီးက ၎င်းတို့ကို လက်စဖျောက်ဖို့ အကောင်းဆုံး နေရာဟု လင်းရီ ခံစားနေရ၏။

ဒရိုင်ဘာလည်း ကားကိုရပ်တန့်လိုက်သည်။ လင်းရီတို့လည်း ပိုက်ဆံရှင်း၍ ကားထဲမှ ထွက်လိုက်၏။

မကြာမီ နောက်မှလိုက်ပါလာသည့် ဂျန်းနီနှင့် ကျန်သူများ တစ်ယောက်ပြီး တစ်ယောက် ကားထဲမှ ထွက်လာကြသည်။

“ ဟယ်လို မိန်းကလေး မစ်ဆူ… ငါ့ကိုယ် ငါ မိတ်ဆက်ပေးပါရစေ… ငါက ရွှေနက် ကော်ပိုရေးရှင်းက ဂျန်းနီပါ..” ဂျန်းနီ ခါးထောက်လျက် ပြောလိုက်သည်။

“ အပေးအယူက ပြီးသွားပြီမဟုတ်လား… နင်တို့က ဒီကို ဘာလာလုပ်တာလဲ…” အာယာနဲ အေးစက်စွာ ပြောဆိုလိုက်၏။

မည်သို့ပင် ဆိုစေ သူမသည်က မစ်ဆူမိသားစု၏ အကြီးဆုံးသမီး ဖြစ်၏။ သူမ၏ လွှမ်းမိုးမှုက ရွှေနက် ကော်ပိုရေးရှင်းထက်ပင် သာလွန်နေပါသေးသည်။

တစ်ဖက်သူ၏ လုပ်ရပ်က သူမကို စော်ကားလိုက်သလို ဖြစ်ပွားသွားစေသည်။

ဂျန်းနီ ပခုံးတွန့်လိုက်ပြီး “ အပေးအယူ ပြီးသွားပြီဆိုတာ တို့လည်း သိတယ်… ဒါပေမယ့် ဂျင်မီက ရောက်မလာသေးဘူးလေ… သူ ဘယ်မှာရှိနေလဲဆိုတာ မိန်းကလေး သိနေမယ်လို့ တို့ကတော့ ယူဆတယ်….”

“ ဂျင်မီ မရှိတော့ဘူးလား…”

“ အမှန်ပဲ…. မိန်းကလေးက ဖြေရှင်းချက်ပေးမယ်လို့ မျှော်လင့်တယ်…”

အာယာနဲ မျက်မှောင်ကြုတ်သွားခဲ့မိသည်။ ဂျင်မီ ပျောက်ကွယ်သွားသည်က သူမ ထင်မှတ်ထားသည်ထက်ပင် ကျော်လွန်နေသည်။

တစ်ဖက်ရှိ လင်းရီကတော့ တည်ငြိမ်ချင်သယောင် ဟန်ဆောင်နေပြီး သူ့အား သံသယ ရှိသွားစေမည့် မည်သည့် အပြုအမူကိုမျှ ဖော်မပြထားချေ။ သူ အာယာနဲ မစ်ဆူ၏ နောက်၌ပင် သွားရပ်နေလိုက်သေးသည်။

ဤသို့ဖြင့် တစ်ဖက်သူကို ထင်ယောင်ထင်မှား ဖြစ်သွားအောင် ပြုလုပ်နိုင်ပေသည်။

သူက အာယာနဲ မစ်ဆူ၏ သက်တော်စောင့်တစ်ဦး ဖြစ်ပြီး အခြား မည်သည့် အဖွဲ့အစည်းနှင့်မျှ ဆက်စပ် နေခြင်း မရှိချေ။

ဤနည်းလမ်းဖြင့် သူ မည်သူ မည်ဝါဖြစ်ကြောင်းကိုလည်း ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်လိမ့်မည်။

အာယာနဲ မစ်ဆူ သူမလက်ကိုဖြန့်ကားလိုက်ပြီး အေးစက်သည့် အမူအရာဖြင့် “ ငါ ဖလှယ်ခဲ့တဲ့ ပစ္စည်းကလည်း အလု ခံလိုက်ရတယ်….. မရှိတော့တဲ့ ပစ္စည်းကို ငါ့ဆီ ပြန်လာတောင်းနေတာ သင့်လျော်တယ်လို့ နင်ထင်လား….”

All Chapters