ဒီအစ်မက စိတ်လှုပ်ရှားဖို့ ကောင်းတာလေး ပေးမယ်
Vol. 71 Ch. 1058
“ ရလဒ် သိရဖို့ အချိန်ဘယ်လောက်ထိကြာမယ်လို့ သူပြောလဲ…”
“ အနည်းဆုံး တစ်လလောက်တော့ ကြာမယ်ထင်တယ်…” ချိုးယွီလော့ ပြောလိုက်ပြီး “ ဒါပေမယ့် အတွင်း အစည်းအဝေးထဲမှာ စမ်းသပ်ခံ ကြွက်နဲ့ စမ်းသပ်ပြီးတော့ အဲ့ဒီ ပစ္စည်းက ဗီဇ ပြောင်းလဲ စေပြီး လူ့ခန္ဓာကိုယ်ကို သန်စွမ်းစေတဲ့ အရာဆိုတာကိုတော့ ငါ အနည်းနဲ့ အများ ကောက်ချက်ချလို့ရတယ်… “
“ နားလည်ပြီ…” လင်းရီ ပုစွန်များကို ကိုင်တွယ်နေရင်း “ အမေရိကန်တွေ တိလိရာ့ကျွန်းပေါ်မှာ သန်မာပြီးရင်း သန်မာနေတဲ့ ကိစ္စမှာ ဒီ ပစ္စည်းက တစ်ဖက်တစ်ခန်း ပါဝင်နေမယ်ဆိုတာ သံသယ ရှိစရာတောင် မလိုဘူး…”
“ ဟုတ်တယ်..” ချိုးယွီလော့ ပြောလိုက်ပြီး “ အမေရိကန်နဲ့ ဂျပန် နှစ်နိုင်ငံလုံးက နည်းပညာအားကောင်းတဲ့ နိုင်ငံတွေပဲလေ… သူတို့ ဒီနည်းပညာကို တီထွင်လိုက်နိုင်တော့ ငါတို့ သူတို့နဲ့ ရင်ဘောင်မတန်းနိုင်တဲ့ နေရာတွေမှ အများကြီးပဲ… ဒါကြောင့်မို့ ကွာဟချက်က အမြဲတမ်း ရှိနေခဲ့တာ…”
“ ဆက်လျှောက်ဖို့ကို လမ်းအရှည်ကြီး ရှိနေသေးတာပဲ…” လင်းရီ သက်ပြင်းချ၍ တစ်ခွက်မော့လိုက်သည်။
အလုပ်အကြောင်း ပြောပြီးနောက် ကျန်သည်ကတော့ စနောက်ရင်းဖြင့် ထွေရာလေးပါး ပြောဆိုခဲ့ကြ၏။ စားသောက်ပွဲက ည ဆယ့်တစ်ကျော်သည်အထိ မပြီးဆုံးသေးချေ။
ချိုးယွီလော့က သောက်နေသည်ဆိုသော်လည်း သူမကိုယ်သူမ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်သည်။ သူ နှစ်ခွက်သာလျှင် သောက်၏။ ထို့ကြောင့် ကားမောင်းမည့် အပေါ် အကျိုးသက်ရောက်မှု မရှိချေ။
အကယ်၍ အရက်သောက်ပြီး ကားမောင်းမှုကြောင့် အဖမ်းဆီး ခံရလျှင်ပင် လျိုဟုန်၏ အစွမ်းအစဖြင့် ထိုကိစ္စကို ဖုန်းတစ်ချက် ဆက်ရုံမျှဖြင့် ဖြေရှင်းနိုင်သည်။
ပန်ဂု ဟိုတယ်သို့ အနားယူရန် ပြန်လာပြီး နောက်တစ်နေ့တွင် လင်းရီ ကျုံးဝေ့တပ်ဖွဲ့ လေ့ကျင့်ရေး စခန်းသို့ ဦးတည်လိုက်၏။
လျိုဟုန် လင်းရီအတွက် ချီးကျူးဂုဏ်ပြုသည့် အခမ်းအနား တစ်ခု ကျင်းပပေးသည်။ သို့ပေမယ့် အသင်း ၂ နှင့် ၃ အဖွဲ့သားများသာလျှင် ပါဝင် ဆင်နွှဲကြသည်။
ထို့အပြင် အရေးကြီးသည့် ကြေညာချက် စာတစ်စောင်ကိုလည်း ပြန်ကြားခဲ့သေး၏။
အသင်း ၂ နှင့် ၃ က ယခင် စစ်ဆင်ရေးများတွင် ပြင်းထန်သည့် ဆုံးရှုံးမှုများ ရှိခဲ့သောကြောင့် နောက်တစ်နှစ်အထိ အသင်း ၂ နှင့် ၃ မှာ မစ်ရှင်များ ပြုလုပ်ရာတွင် ပူးပေါင်းကြရမည်။
နောက်တစ်နှစ် လူသစ် မခေါ်မီ အချိန်အထိ အသင်း နှစ်သင်းမှာ တစ်သင်းတည်း ပေါင်းစည်းနေပေမည်။
သို့သော် ရာထူးနေရာ ချပေးသည့် နေရာရောက်တော့ စိတ်ဝင်စားဖို့ ကောင်းသည့် တစ်စုံတစ်ခုက ဖြစ်ပျက်သွားခဲ့သည်။
ချိုးယွီလော့နှင့် နင်ချဲ့ နှစ်ယောက်စလုံးက အသင်းခေါင်းဆောင်များ ဖြစ်ကြပြီး အဆင့်ခြင်း ကွာဟမှုလည်း မရှိချေ။
သို့ပေမယ့်လည်း အသင်း တစ်သင်းတွင် ခေါင်းဆောင် နှစ်ယောက် ရှိနေသည်က မည်သို့မျှ မဆီလျော်ပေ။
ထို့ကြောင့် လျိုဟုန် ကွေ့ကာ ရှောင်ကာဖြင့် ခြွင်းချက်ထားပြီး လင်းရီကို အသင်း၏ လက်ထောက် ခေါင်းဆောင်ရာထူး ပေးအပ်လိုက်၏။ သူ့တွင် အမိန့်ပေးနိုင်သည့် အာဏာ မရှိချေ။ သို့သော် ဆုံးဖြတ်ချက် ချမည့် ကိစ္စရပ်တို့၌ မဲပေးပိုင်ခွင့်တော့ ရှိ၏။
တစ်နည်းဆိုရသော် ချိုးယွီလော့နှင့် နင်ချဲ့တို့က ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေခဲ့သည်ဆိုပါက လင်းရီ၏ သဘောထားသည် လွန်စွာမှ အရေးပါသည်ဟု ဆိုလိုပေသည်။
ထောက်ချိန် မေးစေ့ပွတ်၍ ကိုယ့်ဘာကိုယ် ရေရွတ်လိုက်၏။
“ ခုက စပြီး မချောနှစ်ယောက် ကိုယ်တစ်ယောက် ဇာတ်လမ်းလေးကတော့ လာတော့မယ်…”
လုပ်ရိုးလုပ်စဉ် တစ်ချို့ ပြုလုပ်ပြီးနောက် လင်းရီ ရန်ကျင်းသို့ ပြန်လာခဲ့သည်။
သို့သော်လည်း အနက်ဝတ်လူနှင့် ပတ်သက်သည့် ကိစ္စက သူ့စိတ်ထဲတွင် အငွေ့အသက် တစ်ခု အဖြစ် စွဲထင်ကျန်ရစ်နေဆဲပင်။
လင်းရီ ရေးတေးတေး မှန်းဆကြည့်ရသလောက်တော့ သူတို့ နှစ်ဦး အနာဂတ်တွင် တိလိရာ့ ကျွန်းပေါ်၌ တွေ့နိုင်ချေ များလေသည်။
အကယ်၍ သူသာ ထိုလူကို မဖိနှိပ်ထားနိုင်ဘူး ဆိုပါက ဤမစ်ရှင်ကို ကျရှုံးဖို့ တော်တော်လေး အခွင့်အလမ်း များသွားပေလိမ့်မည်။
ထိုသို့ဆိုပါက အမှန်ပင် ကိုင်တွယ်ရ ခက်ခဲသွားလိမ့်မည် ဖြစ်၏။
မကြာမီ ကျိုးဟိုင် လေဆိပ်သို့ လေယာဉ် ဆိုက်ကပ်လာပြီး လင်းရီ ကားကို ချောင်ရန် အုပ်စုထံ မောင်းနှင်သွားလိုက်သည်။
“ ဟယ်... နင် အရမ်း အမြန်ကြီးပြန်လာတယ်…”
လင်းရီ ဝင်လာသည်ကို မြင်တော့ ကျီချင်းရန် သူမ လက်ထဲက ဘီစကစ်ကို ချ၍ ကိုအာလာလေး တစ်ကောင်ကဲ့သို့ လင်းရီပေါ် ခုန်တက်လိုက်တော့သည်။
လင်းရီလည်း ကျီချင်းရန်၏ တင်ပါးကို မြတ်နိုးမှုအပြည့်ဖြင့် ကိုင်ထားပေးလျက်ရှိပြီး ဆိုဖာပေါ် ထိုင်ချလိုက်၏။
“ မင်း အသံကြည့်ရတာ ငါ့ကို မြန်မြန် ပြန်မလာစေချင်တဲ့ ပုံပါလား..”
“ အရူး… ဘာတွေ လျှောက်ပြောနေတာလဲ…” ကျီချင်းရန် လင်းရီ၏ ပါးကို ဆွဲဆိတ်လိုက်ပြီး “ နင်ပြန်ရောက်လာတာကို ကြိုဆိုတဲ့ အနေနဲ့ ငါ ဒီနေ့ည နင့်ဖို့ စားကောင်းတာလေးတွေ လုပ်ပေးမယ်… “
“ ဒါဆို ငါကလည်း မင်း လက်စွမ်းပြမှာကို စောင့်ကြည့်ရတော့မှာပေါ့…”
“ ခစ်ခစ်… နင် အံ့အားသင့်သွားမယ်ဆိုတာ ငါပြောရဲတယ်…”
မွန်းလွဲပိုင်းတွင် လင်းရီ ဟွမ်ရှီးကျေးရွာသို့ သွားဖို့ အစီအစဉ် မရှိချေ။
ဖန်လုံအိမ်နှင့် ဝက်ခြံထဲတွင် စောင့်ကြည့်ရေး ကင်မရာများ တပ်ဆင်ထားပြီး ဖုန်းထဲမှ အချိန်ပြည့် စောင့်ကြည့်၍ ရလေသည်။
ထို့ပြင် ဝက်ကလေး၏ အရွယ်အစားကို ကြည့်ရသလောက်တော့ ကီလို တစ်ရာ နီးနီး ရှိနေချေပြီ။ အချိန်မရွေး တစ်ရာသို့ ရောက်ရှိသွားနိုင်သောကြောင့် မစ်ရှင်ပြီးဆုံးတော့မည်ဟု ဆို၍ရသည်။
ကျုံးဝေ့တပ်ဖွဲ့ အပြင် အရာအားလုံးသည်လည်း ကောင်းမွန်သည့် ဘက်ခြမ်းသို့ ဦးတည်လျက်ရှိ၏။
“ နင် တစ်ခုခု လုပ်နေလိုက်… ငါ လုပ်စရာ ရှိသေးလို့ နင့်ကို ထားခဲ့ဦးမယ်နော်…” ကျီချင်းရန် ပြောလိုက်သည်။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး မည်သို့မျှ စိတ်မရှိချေ။
“ ငါ ခဏ လျှောက်လည်လိုက်ဦးမယ်… လေယာဉ်ပေါ်မှာ အကြာကြီး ထိုင်ခဲ့ရတာဆိုတော့ ခြေဆန့် လက်ဆန့် ပြုပြီး နည်းနည်း လှုပ်ရှားဖို့ လိုတယ်လေ…”
“ အင်-ဟင်း…” ကျီချင်းရန်၏ မျက်လုံးလှလှလေးများက လင်းရီကို ကြည့်ရင်း မျက်တောင် တဖျတ်ဖျတ် ဖြစ်သွားခဲ့၏။ “ ကုမ္ပဏီ မျက်နှာချင်းဆိုင်မှာ ကောက်ညင်းလုံး ရောင်းတဲ့ ဆိုင်အသစ် ရှိတယ်… နင် ငါ့ဖို့ နည်းနည်းလေး ဝယ်လာပေးပါလားဟင်…”
“ ဟားဟား... ချင်းရန် မှာလည်း အဲ့ဒီ မကောင်းတဲ့ အကျင့် ရှိနေတာပဲ…”
ကျီချင်းရန်၏ အပြုအမူက လင်းရီကို တက္ကသိုလ်တွင် အဆောင်နေခဲ့ရသည့် နေ့ရက်များထံ ပြန်ပြောင်း အောက်မေ့သွားစေခဲ့သည်။
စနေ တနင်္ဂနွေ အတန်း မရှိသည့် ရက်များဆိုပါက လူတိုင်း အခန်းထဲတွင် အလောင်းကောင်ကြီးများကဲ့သို့ ကျောခင်းလေ့ရှိကြပြီး အကယ်၍ ထိုအချိန် တစ်ယောက်ယောက်ကများ အပြင်သွားမည်ဆိုပါက တစ်ခန်းလုံး သွားမည့်လူကို မုန့်များ သောက်စရာများ တနင့်တပိုးကြီး မှာကြတော့၏။ အနှစ်ချုပ်ရသော် ၎င်းတို့က တောက်တိုမယ်ရ လုပ်ပေးနေရသလိုပင်။
လက်ရှိ ကျီချင်းရန်၏ အခြေအနေကလည်း ထိုအတိုင်း ဖြစ်နေခဲ့သည်။
သူ အပြင်သွားသည့် အခါတိုင်း တစ်ခုတစ်လေလောက် မမှာလိုက်ရဘူးဆိုပါက သူမမှာ သေမတတ် ဖြစ်တော့မည့်ဟန်ပင်။
“ ခစ်ခစ်… နင်က အကောင်းဆုံးပဲ… လိမ္မာတော်နော်.. မွ…”
ကျီချင်းရန်၏ ချစ်ဖို့ကောင်းမှုနှင့် ရင်ဆိုင်လိုက်ရတော့ လင်းရီ လုံးဝ ကူကယ်ရာမဲ့သွားခဲ့ရတော့သည်။
အောက်ထပ်ရောက်တော့ လင်းရီ ကျီချင်းရန် ပြောသည့် ဆိုင်ကို မြင်လိုက်ရလေသည်။
“ လောင်ပန်… ကောက်ညင်းလုံး ဘယ်လိုရောင်းလဲ…”
“ တစ်ပွဲ ယွမ်နှစ်ဆယ်…”
“ ကျွန်တော့်ကို……. နှစ်ပွဲပေးဗျာ…”
လင်းရီ အစက တစ်ပွဲတည်း ဝယ်ယူတော့မလို့ပင်။ သို့ပေမယ့် သူ ရုတ်တရက် ဝမ်ရင်းကို သတိရသွားပြီး နှစ်ပွဲဝယ်လိုက်တော့၏။ သူ မစ်တီး နှစ်ခွက်လည်း ဝယ်ခဲ့လိုက်သေးသည်။
ဤအတောအတွင်း အရောင်းဌာန အတွင်းသို့ လူပေါင်းများစွာ ဝင်ချည်ထွက်ချည် ပြုလျက် ရှိနေခဲ့သော်လည်း သူသည် ဝန်ထမ်းဟောင်း တစ်ဦး ဖြစ်နေဆဲပင် ဖြစ်သည်။ သူ မည်သူ မည်ဝါဖြစ်ကြောင်း ဖုံးကွယ်ရန် အလို့ငှာ လင်းရီ မာ့စ်နှင့် နေကာမျက်မှန် တစ်လက် ဝယ်၍ တပ်ထားလိုက်၏။
သူ အရောင်းဌာနကို ရောက်တော့ လင်းရီ သူ့ ပစ္စည်းအိတ်များကို လက်မှ ကိုင်ဆွဲရင်း ဝမ်ရင်း၏ ရုံးခန်း တံခါးကို မခေါက်ဘဲ ဝင်သွားခဲ့လိုက်သည်။
ဝမ်ရင်းက စားပွဲပေါ်တွင် အရောင်းစာရင်းများကို တွက်ချက်ကြည့်နေသည်။
အဖြူရောင် တီရှပ်တွင် တောင်ထပ်လေး နှစ်ခုက ဖောင်းနေပြီး အောက်ဘက်ပိုင်းတွင်တော့ အနက်ရောင် အလုပ်ဝတ် စကတ်နှင့် အသားရောင် စတော်ကင်ကို ဝတ်ဆင်ထားသည်။
ရင့်ကျက်သည့် အလှတရား၊ ညို့ငင်နိုင်သည့် ဆွဲဆောင်မှု၊ ကျော့ရှင်းသည့် ကိုယ်လုံးကိုယ်ပေါက်၊ ကုန်ကုန်ပြောရလျှင် ကောင်းပေ့ဆိုသည့် အချက်များက ဝမ်ရင်းထံတွင် စုပြုံနေသလား အောက်မေ့ရလေသည်။
“ နင်…… လင်းရီ…”
“ နေကာမျက်မှန်နဲ့ မာ့စ်တပ်ထားတောင် ကျွန်တော် ဘယ်သူမှန်း အစ်မရင်း ပြောနိုင်တယ်ပေါ့…”
“ နင့် ကိုယ်သင်းနံ့ကို ရင်းနှီးနေလို့ပါဟယ်…”
ဝမ်ရင်း မတ်တပ်ရပ်လိုက်ပြီး လင်းရီကို သူမ ထိုင်နေသည့် ထိုင်ခုံ၌ ထိုင်စေရင်း ကြိုဆိုလိုက်သည်။
“ ငါ့ဖို့လား…”
“ တစ်ယောက်တစ်ခုလေ…”
လင်းရီ နာမည် မပြောခဲ့သော်လည်း ဝမ်ရင်းကတော့ မည်သူ့ကို ပြောနေခြင်း ဖြစ်ကြောင်း သတိပြုမိလေသည်။
“ နင်…”
ဝမ်ရင်း ကြက်သီးထသွားခဲ့၏။ “ သူဌေးက အပေါ်ထပ်မှာ… ဒါတောင် နင်က ငါ့ဆီလာပြီး မုန့်တွေ လာပို့ရဲသေးတယ်ပေါ့… ဒါ တကယ့်ကို စိတ်လှုပ်ရှားစရာပဲ…”
“ အစ်မရင်းပြောတော့မှ ကျွန်တော်တောင် တော်တော်လေး စိတ်လှုပ်ရှားလာသလိုပဲ…”
“ နောက်ဆို အဲ့လို မလုပ်နဲ့ .. ကြားလား… ဥက္ကဌကျီ မြင်သွားခဲ့ရင် ကောင်းမှာ မဟုတ်ဘူး…” ဝမ်ရင်း ကောက်ညင်းလုံးကို သူမ ပါးစပ်ထဲ ထည့်ရင်း ပြောလိုက်သည်။
“ တကယ်လို့ နင် ဒီအစ်မကို သတိရတယ်ဆို နောက်ကျ ဖုန်းတစ်ချက် ခေါ်လိုက်…. ငါ နင့်ဆီ လာခဲ့မယ်…”
“ လူကြီးတွေ ဘာကြောင့် ကိုယ့်ထက် အသက်ကြီးတဲ့ သူရရင် ရွှေထုပ်ကောက်ရတာပဲလို့ ပြောမှန်း ခုမှပဲ နားရည်လည်တော့တယ်… အဲ့ဒီ မိန်းမငယ်လေးတွေက အစ်မလောက်ကို မကောင်းတာ…”
“ အစ်မက ဒီအပိုင်းမှာတော့ ယုံကြည်ချက် အပြည့်ရှိတယ်လေ…” ဝမ်ရင်း ရင်ကိုကော့၍ ပြောလိုက်သည်။
“ ဘာတွေလဲ အလုပ်ရှုပ်နေတာ… ကျွန်တော် ဝင်လာတုန်းက အစ်မကြည့်ရတာ ဝမ်းနည်းနေသလိုပဲ…”
“ အရောင်းမှတ်တမ်းပေါ့… အရမ်း စိတ်ရှုပ်စရာပဲ… နှစ်ရက်တောင် ရှိနေပြီ… ဒါပေမယ့် စာရင်းက မကိုက်သေးဘူး… ဆယ်သိန်းကျော်တောင် ကွာနေတာ…” ဝမ်ရင်း လင်းရီနောက်တွင် ရပ်နေရင်းဖြင့် ပခုံးများကို နှိပ်နယ်ပေးလိုက်ပြီး “ မောင်လေးရီက ဒါမျိုး ကိစ္စတွေ သိပ်ကျွမ်းတာကို အစ်မရင်း မှတ်မိတယ်နော်… အစ်မကို ကူပေးပါလားဟင်… “
“ ဒါဆို အစ်မရင်းက ဘာလဲ ပြန်လုပ်ပေးမှာ…”
ဝမ်ရင်း ကလူမြူဆွယ်သည့် အပြုံးဖြင့် “ အစ်မက နင့်ကို ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ တစ်ခုခု ပေးမှာပေါ့…”
ပြောပြီးနောက် ဝမ်ရင်း လင်းရီ ခါးပတ်ကို ချွတ်လိုက်ပြီး “ နင်က နင်လုပ်စရာ ရှိသာလုပ်… အစ်မက အစ်မ အလုပ် အစ်လုပ်မယ်… ဘယ်သူကမှလည်း ဘယ်သူ့ကို မနှောင့်ယှက်ဘူး ... ”
“ သောက်ကျိုးနည်း… ဒါကြီးကတော့ သောက်ရမ်း စိတ်လှုပ်ရှားဖို့ကောင်းသွားပြီ…”