မဖြစ်နိုင်သည့် မစ်ရှင်
Vol. 71 Ch. 1059
တစ်နာရီကြာပြီးနောက် လင်းရီ ကျီချင်းရန်၏ ရုံးခန်းထံ ပြန်ရောက်လာခဲ့သည်။
မစ်တီးကတော့ အေးစက်နေပြီ ဖြစ်သောကြောင့် သူ ၀မ်ရင်း၏ ရုံးခန်းထဲ၌သာ ထားရစ်ခဲ့လိုက်ပြီး ကောက်ညင်းလုံးကိုသာ ယူလာခဲ့လိုက်သည်။
" နောက်ဆုံးတော့ ရောက်လာပြီပေါ့... ငါ ဖြင့် စောင့်နေတာမှ အကြာကြီး...."
" အရမ်း ဆာနေရောပေါ့... တောင်းပန်ပါတယ်နော်... ငါ့အမှားပါ...."
" ရပါတယ်... ငါမှာတာရော ပါခဲ့လား..."
" ရော့ ဒီမှာ.... ပါပါ့ဗျာ..."လင်းရီ ကောက်ညင်းလုံး အိတ်ကို ကျီချင်းရန် စားပွဲပေါ် တင်ပေးလိုက်ပြီး " ၀မှာ ကြောက်တယ်ပြောပြီး မင်းလည်း အစားကို မပျက်ဘူးနော်..."
" ငါက မ၀ပါဘူး... ဒီတော့ ပိုစားလည်း ဖြစ်တယ်... "ကျီချင်းရန် ပြုံးရွှင်စွာ ပြောလိုက်၏။
သူမ ကိုယ့်စကားကိုယ် ပြန်သဘောကျနေလေသည်။
ညနေ လေးနာရီထိုးတော့ ကျီချင်းရန် သူမ အလုပ်များအားလုံး ပြီးဆုံးသွားပြီး လင်းရီနှင့်အတူ အိမ်မပြန်မီ ပစ္စည်း ပစ္စယတို့အား သိမ်းဆည်းလိုက်၏။
သူတို့ အိမ်ပြန်ရောက်တော့ ကျီချင်းရန်မှ သူမ စကားအတိုင်း ဟင်းလေးပွဲနှင့် ဟင်းရည်တစ်ခွက်ကို လင်းရီအတွက် ပြုလုပ်ပေးသည်။
သူမ၏ ချက်ရည်ပြုတ်ရည်က သိသိသာသာ ကောင်းမွန်လာသည်။ အခြား အိမ်ချက် ဟင်းလျာများနှင့် နှိုင်းယှဉ်ပါက တကယ့်ကို မဆိုးလှချေ။
ညစာ စားသောက်ပြီးနောက် လင်းရီ အပေါ်ထပ်သို့ ချက်ချင်း မသွားချေ။ ထိုအစား ကျီချင်းရန်၏ ပေါင်ကို ခေါင်းအုံး၍ ဧည့်ခန်းထဲတွင် TV ကြည့်နေသည်။
အရင်တုန်းကတော့ ယခုလို ပြုလုပ်သည်က အချိန်ဖြုန်းခြင်း ဖြစ်သည်ဟု လင်းရီ ခံစားခဲ့ရသော်လည်း ယခုတော့ ဘ၀ကို ဤကဲ့သို့သော နည်းလမ်းဖြင့် ဖြတ်သန်းရသည်ကလည်း မဆိုးရွားဟု ပြန်ပြောင်း ခံစားနေရတော့၏။
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ ကျီချင်းရန် အိပ်ရာ အစောကြီးထ၍ မနေ့ညက ကျန်သည့် ဟင်းများကို ပြန်နွှေးလိုက်သည်။ စားသောက်ပြီးနောက် ကိုယ်စီ ကိစ္စများ ကိုင်တွယ်ရန်အတွက် ကားအသီးသီး မောင်း၍ ထွက်ခွာသွားခဲ့ကြသည်။
ဟွမ်ရှီးကျေးရွာသို့ မောင်းနှင်လာခဲ့ပြီးနောက် လင်းရီ ဆက်ပြီး မစောင့်နိုင်တော့ပေ။
သူ မလာဖြစ်သည်မှာ လေးငါးရက်မျှသာ ရှိသေးသော်လည်း ခြံထဲရှိ သီးပင် စားပင်တို့က တော်တော်ကြီးကို ထွာကျိုင်း ဖွံ့ဖြိုးလာနေသည်။
မိသားစု တော်တော်များများလည်း ၎င်းတို့ ဖန်လုံအိမ်ထဲ စိုက်ပျိုးထားသည့် သီးနှံများကို ဆွတ်ခူးကြပြီး ဖြစ်၏။ အပင်စိုက်ပျိုးသူများသာ ကိုယ်စိုက်ပျိုးထားသည့် အသီးအပွင့်များ ဆွတ်ခူးရသည့် ခံစားချက်ကို သိရှိနားလည်နိုင်သည်။
အိမ်သို့ ပြန်ရောက်လာပြီးသည့်နောက် လင်းရီ ပထမဆုံး ပြုလုပ်သည်က ၀က်ခြံသို့ သွား၍ ၀က်ကလေးအား စစ်ဆေးကြည့်ရှုခြင်းပင်။ ထိုအကောင်က နှစ်နှစ်ခြိုက်ခြိုက်ပင် စက်တော်ခေါ်နေပြီး အိပ်မက်ကောင်း မက်နေသကဲ့သို့ တစ်ခါတစ်ရံ ပြုံးပြုံးသွား၏။
လင်းရီအဖို့ ၀က်က အိပ်ပျော်ရင်း အိပ်မက်မက်နေသကဲ့သို့ ပြုမူနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သောကြောင့် အထူးအဆန်း ဖြစ်နေခဲ့တော့သည်။ အထူးသဖြင့် သုံးလသား အရွယ်သာ ရှိသေးသည့် ၀က်ကလေးပင်။ သို့သော်ငြားလည်းပဲ ကံဆိုးစွာဖြင့် ၎င်း၏ အနာဂတ်က မွေးမြူရေး တိရစ္ဆာန် အဖြစ် ကန့်သတ်ခြင်း ခံထားခဲ့ရကာ မကြာမီ ဟင်းအိုးထဲ ရောက်ရပေတော့မည်။
သေချာလေး ဂရုတစိုက် စစ်ဆေးကြည့်ပြီး နောက်တွင်တော့ ဤ၀က်၏ အနာဂတ်က အသားဟင်း ဖြစ်လာရုံမှအပ အခြား ထူးခြားမည့် အနာဂတ် မရှိနိုင်ကြောင်း လင်းရီ ပို၍ ကျိန်းသေသွားခဲ့တော့၏။ လက်ရှိ အရွယ်အစားပေါ် မူတည်၍ သုံးသပ်ကြည့်ရသလောက်တော့ အခုတ်ခံရရန် သိပ်မလိုတော့ချေ။
လင်းရီ ရေပိုက်ဆွဲပြီး ၀က်ကလေးအား မသေခင် ကောင်းကောင်း ပြုစု ရေမိုးချိုးပေးလိုက်၏။ ထို့နောက် ဖန်လုံအိမ်ရှိရာဘက်သို့ ထွက်လာခဲ့သည်။
ညစ်ပတ်သည့် အနံ့ထွက်နေသည့် ၀က်ခြံထက် စာလျှင် ဖန်လုံအိမ်ထဲရှိ သီးပင်များက အလွန်ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးနေသည်။
သူ ပထမတစ်ခေါက် ထွက်သွားခဲ့တုန်းက စားလို့ရသည့် အသီးတစ်ချို့ ရှိနေပြီး ယခု သီးပင်များ၏ သုံးပုံ တစ်ပုံသည် အပြည့်အ၀ ရင့်မှည့်နေပြီးဖြစ်သည်။
ထိုမျှ ပေါများလှသည့် အသီးများကို သူတစ်ယောက်တည်း အ၀စားလို့ စားလို့မကုန်နိုင်ချေ။ သို့ပေမယ့် သူ လက်ဆောင်ပေးလို့တော့ ရ၏။ မည်သို့ပင်ဆိုစေ သူ့အား လူတော်တော်များများက အချိန်အကြာကြီး ကူညီပေးခဲ့ကြလေသည်။ ၎င်းတို့၏ အကူအညီကို ပြန်လည် ပေးဆပ်ရန် လိုအပ်၏။
လင်းရီ မက်မွန်ပင်မှ မက်မွန်သီး တစ်လုံးကို ဆွတ်ပြီး အရသာ မြည်းကြည့်လိုက်သည်။ ချိုမြပြီး ရွှမ်းသည့် အရသာကို လျှာက စွဲလမ်းသွားပြီး သူ့ မျက်လုံးအရောင်များ လက်ခနဲ ဖြစ်သွားခဲ့၏။
အရသာက သိပ်ကို ကောင်းမွန်လွန်းနေပေသည်။
အပေါ်ယံ ရှုမြင်မည်ဆိုလျှင်လည်း မက်မွန်သီးလေးများက နီနီရဲရဲ။ လင်းရီ စိုက်ကြည့်နေသည်ကိုပင် ရှက်ကိုးရှက်ကန်း ဖြစ်နေကြသယောင်ယောင်။
[ မစ်ရှင် ပြီးမြောက်သွားပါပြီ...မက်မက်သီးများ မှည့်တဲ့အခါ စနစ်ရှင်လည်း အတွေ့အကြုံမှတ် တစ်သိန်း ချီးမြင့်ခံရပါမယ်... ]
[ အလုပ်ပြီး မြောက်နှုန်း : ၄၀ ရာခိုင်နှုန်း ]
[ ဆုလဒ် : ယွမ် ငါးဘီလီယမ်...]
စနစ်၏ အချက်ပေးသံက လင်းရီ စိတ်ထဲ မြည်ဟီးလာပြီး သူ ဖုံးကွယ်ထားသည့် မစ်ရှင် တစ်ခုကို ပြီးမြှောက်သွားခဲ့ကြောင်း ပြောပြလာသည်။
" စနစ်... မင်းရဲ့ တာ၀န် ခေါင်းစဉ်ကလည်း ကဗျာဆန်နေပါလား... မင်း အဲ့ရုပ်ရှင်တွေ ကြည့်မယ်လို့ ငါထင်တောင် မထင်ထားဘူး.... "
ယွမ် ငါးဘီလီယမ် က လင်းရီ အတွက် မများပြားသော်လည်း သူ အရေးတကြီး လိုအပ်နေသည့် အရာတော့ ဖြစ်နေသည်။
မည်သို့ပင် ဆိုစေ ဖိုတိုလီတိုဂရပ်ဖီစက်နှင့် ဖုန်းစစ်စတမ်ကို ပိုက်ဆံ မရှိပဲ မည်သို့ သုတေသန လုပ်ရမည်နည်း။
သီးနှံများကို လက်ဆောင်အဖြစ်ပေးရန် လင်းရီ အလျင်လိုမနေခဲ့ချေ။ သူ မနက်ဖြန်မှ လုပ်ရန် စီစဉ်ထား၏။
အပင်များကို ရေလောင်း၊ ပေါင်းပင်များကို ရှင်းလင်းပြီးနောက် လင်းရီ အနားယူရင်း ကျီချင်းရန်ထံ စာပို့လိုက်၏။ သူ ယနေ့ အိမ်ပြန်မလာတော့ဘူး ဟူ၍ပင်။
[ မစ်ရှင် ပြီးမြောက်သွားပါပြီ... ]
[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ... ]
[ အလုပ်ပြီးမြောက်နှုန်း : ၆၀ ရာခိုင်နှုန်း ]
[ ဆုလဒ် : စိုက်ပျိုးရေး ကျွမ်းကျင်မှု... ]
နံနက် သုံးနာရီတွင် စနစ်၏ အသိပေးသံက လင်းရီစိတ်ထဲ အသံမြည်လာသည်။
လင်းရီ ခေတ္တမျှတော့ ကြက်သေသေသွားခဲ့၏။
ဒီမစ်ရှင် ဘယ်ကနေ ဘယ်လို ရောက်ချလာတာတုန်းဟ....
စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် သူ ရုတ်တရက်ဆိုသလို သတိပြုမိသွားခဲ့သည်။ သူ မွေးထားသည့် ၀က်က တစ်ရာ ကီလို ပြည့်သွားသည့် ပုံပင်။
သို့သော်လည်း စနစ်ပေးလာသည့် ဆုလဒ်က လင်းရီကို မဆဲချင်ဘဲ မနေနိုင်အောင် ဖြစ်သွားစေခဲ့သည်။
" စနစ်... မင်း အပြင်ထွက်ပြီး ငါနဲ့ လာတွေ့စမ်းဟေ့ကောင်... ငါ သုံးလလောက် ကြိုးပမ်းခဲ့ရတဲ့ ဆုလဒ်က စိုက်ပျိုးရေး နည်းစနစ် တစ်ခုတဲ့လား... ဒါငါ ဘာသွားသုံးရမှာလဲ..."
လင်းရီ မျှော်လင့်ထားသည်က သူ၏ ခွန်အား တိုးတက်လာစေဖို့ရန်ပင်။ မျှော်လင့်ထားသည်နှင့် ရလာခဲ့သည်က မိုးနှင့်မြေကဲ့သို့ ဖြစ်နေသောကြောင့် လင်းရီ အကြီးအကျယ် စိတ်ပျက်သွားပြီး ဒေါပွလာတော့၏။
စနစ် ဘာမျှ ပြန်မပြောချေ။ သူ့အမှားသူသိသဖြင့် တိတ်ဆိတ်နေသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
လင်းရီ အိပ်ရာမှ ထပြီး ၀က်ခြံသို့ သွား၍ တစ်ချက်ကြည့်လိုက်၏။
ထင်ထားသည့် အတိုင်း ၀က်ပေါက်လေးက သူ့အစာကို ပျော်မြူးစွာဖြင့် ကုန်းတွယ်နေသည်။
" ငါ မင်းကို သွေးတွေ ချွေးတွေ မျက်ရည်တွေ အများကြီး ရင်းပြီး ပျိုးထောင်ခဲ့ရတာ... မင်း ပြန်ယူလာပေးတဲ့ ဆုလဒ်ကျ အဲ့လောက်လေးပဲတဲ့လား... မင်းကို ဆက်ထားလို့ရော ဘာထူးတော့မှာတုန်း...."
" ဟီးဟီးဟီး...."
လင်းရီ "....."
" ငိုးမ၀က်.. မင်းကို မနက်ဖြန် သတ်မယ်... "
ကျိန်ဆဲပြီးနောက် လင်းရီ သွားပြန်အိပ်လိုက် တော့သည်။ မနက် ခုနစ်နာရီ ထိုးတော့မှ ပြန်နိုးလာသည်။
" ရို... လင်းရီတောင် ပြန်လာပြီပဲ...."
ပေါက်ပြား ကိုင်ထားရင်း ဆေးလိပ်သောက်နေသည့် ရောင်ပင်းမှ သူ လင်းရီကို မြင်တော့ နှုတ်ဆက်လိုက်သည်။
" ကျုပ် မနေ့ကပဲ ပြန်လာလိုက်တာလေ..."လင်းရီ တံတိုင်းနား မှီလိုက်ပြီး " စန်းကော.. ကျုပ်ကို ကူပြီး ၀က်ပေါ်ပေးပါလား... "
" ၀က်ပေါ်မလို့လား..."
ရောင်ပင်း တံတိုင်းနား ကပ်လာပြီး တစ်ချက် လှမ်းကြည့်လိုက်သည်။ " တစ်ရာကီလိုလောက်ပဲ ရှိဦးမှာ ဘာလို့ သတ်မှာလဲ... အနည်းဆုံး ၂၀၀ ကီလို ရောက်တဲ့အထိတော့ မွေးထားပေါ့.... အခုနေပေါ်လိုက်ရင် နှမြောစရာကြီး...."
" ရတယ်.. ၀က်သားဆိုတာ နုမှ ကောင်းတာ..."
ရောင်ပင်း ပြုံးလိုက်ပြီး လင်းရီကို ဆင်လက်ဖြောင်းဖြဖို့ မကြိုးစားတော့ချေ။ လင်းရီ ချမ်းသာသည်ကို သူသိသည်။ သူ၏ သမာရိုးကျ အတွေးအမြင်တို့ကို သုံး၍ လင်းရီကို ဖြောင်းဖြရန်က မဖြစ်နိုင်ပေ။
" လာ လာ လာ.. စန်းကော မင်းကို တစ်ခု ပြောပြမယ်...."
ရောင်ပင်း လက်ဝှေ့ယမ်း၍ လင်းရီကို လှမ်းခေါ်လိုက်သည်။
" မင်း ၀က်ကို ရွာထဲမှာ မပေါ်နဲ့ကွ.. သားသတ်ရုံ တစ်ခုကို ရှာလိုက်.. တရား၀င်ဈေးက ၀က်တစ်ကောင်ကို ယွမ် ၁၅၀ ပဲ.. မင်း အဲ့ကို သွားပြီး ပေါ်ရင် ဟိုက မင်းကိုယ်စား သန့်ရှင်းရေးလည်း လုပ်ပေးလိမ့်မယ်...မင်းဖို့ အလုပ်မရှုပ်တော့ဘူးပေါ့ကွာ... "
" ဘာလို့လဲ.. ရွာထဲမှာ ၀က်ပေါ်တတ်တဲ့သူ မရှိလို့လား..."လင်းရီ ပြောလိုက်ပြီး " ဒုတိယ အစ်ကိုက ရွာထဲမှာ ၀က်တွေ ပေါ်ပေးတယ် မဟုတ်ဘူးလား..."
“ ပြောရရင်ကွာ… ငါတို့ ရွာရဲ့ မချမှတ်ထားတဲ့ စည်းကမ်းတွေအရဆိုရင် မင်း သူတို့ကို အလကား ကူညီခိုင်းလို့ မရဘူးလေ… ဒီတော့ ဝက်ပေါ်ပြီးသွားတဲ့ အချိန်ကျ ကူညီပေးတဲ့သူတွေကို အသားတစ်ချို့ ခွဲပေးရတယ်…” ရောင်ပင်း ပြောလိုက်ပြီး “ မင်း စဉ်းစားကြည့်… ငါတို့ ဝက်ပေါ်မယ်ဆို အနည်းဆုံး လူ ငါးယောက်လိုတယ်… ငါတို့ အားလုံးကိုကော ပေးရမယ်ဆိုရင် မင်းဆီမှာ အသား ဘယ်လောက်များများ ကျန်တော့မှာမို့လို့… ပြီးတော့ ပေါ်ပြီးရင်လည်း သန့်ရှင်းရေး လုပ်ရတာတွေက စောက်ရမ်း အလုပ်ရှုပ်တာ… စန်းကော ပြောတာကို နားထောင်… ငါမင်းကို သားသတ်ရုံရဲ့ ဖုန်းနံပါတ် ပေးလိုက်မယ်… အဲ့မှာ သွားလုပ်လိုက်…”
“ ကောင်းပြီ… ကျေးဇူးပဲနော် စန်းကော…”
“ ယဉ်ကျေးနေစရာ မလိုပါဘူးကွာ…” ရောင်ပင်း ဆေလိပ်ဖင်ကို ချေမွလိုက်ပြီး “ ငါ ယာထဲသွားတော့မယ်… နောက်မှ ပြောကြတာပေါ့..”
“ အိုကေ စန်းကော…”
ရောင်ပင်းကို လိုက်ပို့ပေးပြီးနောက် လင်းရီ ရိုးရိုးရှင်းရှင်း အစားအသောက် တစ်ချို့ ပြုလုပ်၍ ဖန်လုံအိမ်ထဲ ဖြေးဖြေးချင်း လမ်းလျှောက်လာခဲ့သည်။
သူ ဝက်ကို အလျင်စလို ပေါ်ဖို့ မလိုပေမယ့် သီးနှံများကိုတော့ လျင်မြန်စွာ ကိုင်တွယ်မှ ဖြစ်ပေမည်။
အကယ်၍ ရှည်ကြာသွားခဲ့ပါက အပင်ပေါ်၌ပင် ပုပ်သွားပြီး စွန့်ပစ်လိုက်ရမည် ဖြစ်၏။
[ စနစ် မစ်ရှင် : သီးနှံများအား ရောင်းချခြင်း မှတဆင့် ရောင်းရငွေ ဆယ်သိန်းရရှိအောင် ပြုလုပ်ပါ… ]
[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
“ သောက်ခွေး…”
စနစ်မစ်ရှင်အသစ်ကို မြင်တော့ လင်းရီ လုပ်ရိုးလုပ်စဉ်အတိုင်း မပြုလုပ်တော့ပဲ စတင် ဆဲဆိုပြန်တော့သည်။
“ စနစ်… မင်းငါ့ကို လာနောက်နေတာလား… မင်း ငါ့ကို ဒီအသီး သေးသေးလေးတွေ ရောင်းပြီး ယွမ် ဆယ်သိန်း ရအောင် လုပ်ခိုင်းချင်နေတယ်ပေါ့…လခွမ်းပဲ…”
[ ဘဝဆိုတာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာပါ စနစ်ရှင်… ]
“ ဒီသောက်ရေး မပါတာတွေ လာမပြောစမ်းနဲ့… မင်းရဲ့ တိလိရာ့ အဖွဲ့အစည်းကြီး ပျက်စီးသွားတာ မဆန်းပါဘူး.. ဘာလို့ဆို မင်းက သောက်ရမ်း ခွေးဆန်နေတာကိုး….”
[ သီးနှံတွေကို ရွှေရောင်မြေစေးနဲ့ စိုက်ပျိုးထားပြီး လူတစ်ယောက်ကို လှပပျိုမြစ်စေပြီး အစာခြေစနစ်ကိုလည်း အားကောင်းစေတယ်… စနစ်ရှင်… ကျေးဇူးပြုပြီး ဒီအရာတွေကို ကိုယ့်ဘာကိုယ်ပဲ စူးစမ်းကြည့်ပါ….]
“ ဟမ်… ဟုတ်လား...”
လင်းရီ ကြက်သေသေသွားခဲ့၏။ ဤသို့ဆိုလျှင် ဆိုးတော့ မဆိုးရွားချေ။
သို့သော်လည်း ဤ အသီးသေးသေးလေးများအား ယွမ် ဆယ်သိန်းရအောင် ရောင်းရမည်ဆိုတာက သိပ်တော့ လက်တွေ့မကျ ဖြစ်နေသည်။
စနစ်သည်လည်း မစ်ရှင်ထုတ်ပြန်ပြီးနောက် ပြန်ရုတ်သိမ်းလိမ့်မည် မဟုတ်ကြောင်း လင်းရီ သိရှိထားသည်။
' ခံစားချက်က မင်း အိပ်နေတုန်း မင်းအမေ မင်းကို လာရိုက်နှက်သလိုပဲ… ဘယ်လိုမှကို ကျိုးကြောင်းမသင့်တာ…'
အတိတ်ကာလတွင်တုန်းက လင်းရီ သီးနှံပင်များဖြင့် ပြည့်နှက်နေသည့် ဤဖန်လှောင်အိမ်ကြီးကို မျက်စိတဆုံး ကြည့်လိုက်မိတိုင်း စိတ်ထဲ ကြည်နူးမှုကို ခံစားခဲ့ရသည်။
သို့သော် ယခုတော့ သူဆင်းမည့် ထောင်ချောက်ကျွင်းကို သူကိုယ်တိုင် တူးမိသလို ခံစားနေရလေသည်။
ချီးပဲ … ဒီ အသီးသေးသေးလေးတွေကို ယွမ်ဆယ်သိန်းရအောင် ငါ ဘယ်လိုရောင်းရမှာပါလိမ့်….