ပွင့်ပွင့်လင်းလင်း ထန်လို့ရတယ်
Vol. 71 Ch. 1061
မကြာမီ သူတို့ သူသဟိုင်၏ ခွေးဘီလူးလေးနှင့်အတူ ကျိုးဟိုင်ထဲ ရောက်ရှိလာခဲ့တော့၏။
“ရီလေး.. မင်းက ကျိုးဟိုင်က … ဒီတော့ ငါတို့ ပစ္စည်းတွေ ဘယ်မှာရောင်းကြရင် ကောင်းမယ်လို့ မင်းထင်လဲ…” သူသဟိုင် မေးမြန်းလိုက်သည်။
“ ဈေးကြီးတဲ့ အိမ်ယာတစ်ခုလောက် ရှာကြတာပေါ့… အဲ့မှာ နေတဲ့ လူတွေက တော်တော်လေး သုံးနိုင်ဖြုန်းနိုင် ရှိကြတယ်လေ…” လင်းရီ သူ့ဖုန်းထုတ်၍ မြေပုံကြည့်လိုက်ပြီး “ ထန်ချိန်အိမ်ယာကို သွားကြရအောင်…”
လွန်ခဲ့သည့် သုံးလေးနှစ်ခန့်က ထန်ချိန်အိမ်ယာသည်က ကျိုးဟိုင်ရှိ ရပ်ကွက်များထဲတွင် ပထမတန်းစား အဆင့်အမြင့်ဆုံး လူနေရပ်ကွက် တစ်ခု ဖြစ်ခဲ့သည်။
သို့ပေမယ့်လည်း တရိပ်ရိပ်တိုးတက်နေသည့် စီးပွားရေးနှင့် ဖွံ့ဖြိုးမှုတို့ကြောင့် ၎င်း၏ နံပါတ်တစ် ဟူသော ရာထူးသည်လည်း မရေမတွက်နိုင်သည့် အသစ်အသစ်သော လူနေရပ်ကွက်များထံ လွှဲပြောင်းပေးလိုက်ရတော့၏။
သို့တိုင်အောင် ထန်ချိန် အိမ်ယာသည်က ကျိုးဟိုင်၏ အထက်တန်းကျမှုဟူသော ပြယုဂ်များထဲမှ တစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်သည်။ ချမ်းသာမှု၏ အမှတ် သင်္ကေတဆိုလည်း မမှားချေ။
လင်းရီ ထိုရပ်ကွက်ကို ရွေးချယ်ရခြင်းနှင့် ပတ်သက်ပြီး အခြား အကြောင်းပြချက် တစ်ခုကလည်း ရှိနေသေးပြန်သည်။
ထိုသည်က သူနှင့် ထန်ချိန် အိမ်ယာ၏ သူဌေးက ရင်းနှီးနေသောကြောင့်ပင်။ ဖုန်းတစ်ချက် ဆက်လိုက်ရုံနှင့် ရပ်ကွက်၏ အပေါက်ဝတွင် ပစ္စည်းများ ခင်းရောင်းလို့ အဆင်ပြေသည်။
မဟုတ်ပါက ကျိုးဟိုင်၏ စည်းမျဉ်းစည်းကမ်းများအရဆိုလျှင် မည်သူကမျှ ကြုံရာနေရာတွင် ဆိုင်တည်၍ ပစ္စည်းများ ရောင်းချ၍ မရချေ။ ထိုသို့ ပြုခြင်းက မြို့၏ ကျက်သရေကို ပျက်စီးစေသောကြောင့် ဖြစ်၏။
ထို့ကြောင့် သူတို့သည်လည်း စည်းမျဉ်းများ လိုက်နာရန် လိုအပ်လေသည်။
သူတို့ ဟန်ရေးပြ၍ ရသည်။ သို့သော် မျက်ကန်းတစ္ဆေ မကြောက်တော့ လုပ်လို့မဖြစ်ချေ။
“ ထန်ချိန် အိမ်ယာ … ဟုတ်လား…” သူယောင် အံ့အားသင့်သွားခဲ့၏။
“ အဲ့တာ ကျိုးဟိုင်ရဲ့ အကောင်းဆုံး လူနေအိမ်ယာတွေထဲက တစ်ခု မဟုတ်ဘူးလား.. မြေ စတုရန်း တစ်မီတာကို ယွမ် နှစ်သိန်းလောက် ပေးရမယ်ထင်တယ်…”
“ ဟုတ်တယ်.. အဲ့နေရာမှာ နေကြတဲ့ လူတွေအကုန်လုံးက သူဌေးတွေချည်းဆိုတော့ ကျုပ်တို့ ပစ္စည်းတွေကို ဈေးတစ်ချက် ဆစ်မှာတောင် မဟုတ်ဘူး… မပိုင်ဘူးလား…”
လင်းရီ ထိုသီအိုရီကို ကျီချင်းရန်ထံမှ သင်ယူခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမ ရှော့ပင်း ထွက်သည့် အခါတိုင်း နှစ်သက်သည့် ပစ္စည်းများ ရှိရင် နှစ်ခါ မမေးဘဲ ဝယ်လေ့ ရှိသောကြောင့်ဖြစ်၏။ ရန်ကျင်းရှိ SKP တွင်သာမက ပျံကျဈေးပင် ဖြစ်နေပါစေ သူမ ဈေးမေးတယ်ရယ်လို့ကို သူ မမြင်ဖူးပါချေ။
“ ဒါပေမယ့် အဲ့က လူတွေက ဆက်ဆံရ သိပ် လက်ပေါက်ကပ်တယ်လို့တော့ ညီမ ကြားဖူးတယ်.. သူတို့ ဈေးဝယ်ထွက်ရင် အရမ်း ဂျေးများကြတယ် မဟုတ်ဘူးလား…” သူယောင် ပြောလိုက်ပြီး “ ညီမကတော့ အဲ့လို လူမျိုးတွေကို မကြိုက်ဆုံးပဲ…”
သူသဟိုင် ပြုံးလိုက်ပြီး ဘာမျှ မပြောချေ။ လင်းရီသည်လည်း ပြုံးလိုက်၏။
“ ဒါ ပုံမှန်ပါပဲ.. ဒီကမ္ဘာကြီးကို ဘုရားသခင်က ဖန်ဆင်းပေးထားတာ မဟုတ်ပေမယ့် စည်းကမ်းတွေကိုတော့ လူသားတွေကပဲ ဖန်တီးထားကြတာ… အကောင်းနဲ့ အဆိုး ဒွန်တွဲလာတယ်ဆိုတာ သဘာဝပဲလေ… အဲ့လို လူစားမျိုးတွေနဲ့ တစ်ခါတစ်လေ ကြုံရတယ်ဆိုတာ သာမန်ပါပဲ… “
သူသဟိုင် ဆေးလိပ်ခဲရင်း ခေါင်းညိမ့်လိုက်သည်။
မြို့ပေါ်ရှိ လူများက ပါးနပ်ကြသည်။ မြို့ထဲတွင် ဘဝလှေကို ရွက်လွင့်မည်ဆိုပါက ပုံမှန်အတိုင်း ရွက်လွင့်လို့ မရချေ။
“ ဟုတ် နားလည်ပါပြီ အစ်ကိုကြီးလင်း…”
မကြာမီ လင်းရီ ပေးသည့် လိပ်စာအတိုင်း သူသဟိုင် ကားကို ထန်ချိန် အိမ်ယာ ဝင်ပေါက်ဝသို့ မောင်းချလာသည်။
ခမ်းနားသည့် ဝင်ပေါက်ဝနှင့် ဝင်ထွက်သွားလာ ပြုနေကြသည့် ကားအကောင်းစားကြီးများကို မြင်တော့ သူသဟိုင် နည်းနည်းလေး ကတုန်ကယင် ဖြစ်သွားခဲ့သည်။
ဤကဲ့သို့သော နေရာမျိုးက သူတို့လို သာမန်လူနှင့် လုံး၀ အပ်စပ်သက်ဆိုင်ခြင်း မရှိချေ။
“ ရီလေး… မင်း.. မင်းဟာက အလုပ်ဖြစ်ပါ့မလားကွာ.. “ သူသဟိုင် ပြောလာပြီး “ ငါတို့ တကယ်ကြီး ဒီလို နေရာမျိုးမှာ ဆိုင်တည်လို့ ရမှာနော်….”
“ အဆင်ပြေပါတယ်… ကျုပ် အားလုံး စီစဉ်ထားပါတယ်ဗျ… ဘယ်သူကမှ ကျုပ်တို့ကို လာပြီး ဖမ်းလား ဆီးလား လုပ်မှာ မဟုတ်ဘူး… မပူနဲ့… ရဲရဲကြီးသာ ရောင်း…”
“ အေး… အဲ့လိုကြားရတာ ဝမ်းသာပါတယ်ကွာ…”
“ လုပ်စရာရှိသာတာ လုပ်..”
လင်းရီ သူသဟိုင်အတွက် အထူးတလှယ် စိုးရိမ် ပူပန်မနေချေ။ အကယ်၍ တစ်ခုမျှ ရောင်းမထွက်ဘူးဆိုပါက သူ မိနစ်ပိုင်းအတွင်း သူ့လူများကို လာဝယ်ခိုင်းလိုက်၍ရသည်။ မည်သို့ပင်ဆိုစေ ဤပစ္စည်းများအားလုံးက ပန်နီဆူလာ ဟိုတယ် လိုအပ်နေသည်များ ဖြစ်ပြီး တစ်နေ့စာ အသုံးပြုရုံမျှ လုံလောက်သည့် ပမာဏသာ ဖြစ်၏။
ထို့ကိစ္စအပြင် အခြား အဓိကကျသည့် ပြဿနာ တစ်ခုကလည်း ရှိနေသေးသည်။
အကယ်၍ ပျှမ်းမျှ ဈေးနှုန်းကသာ တစ်ကတ်တီကို ယွမ် ၂,၅၀၀ မရောက်ရှိနိုင်ပါက ယခု မစ်ရှင်ကို ပြီးဆုံးအောင် လုပ်ဖို့ မေ့လိုက်ရန်သာ ရှိတော့သည်။
ဆိုင်တည်ခြင်း လုပ်ငန်းစဉ်က သိပ်ကို ရိုးရှင်းနေပြီး သူသဟိုင်ကလည်း တော်တော်ကြီးကို ကြင်နာငဲ့ညာတတ်၏။
သူ၏ ပစ္စည်းများကို မြေကြီးပေါ်တွင်သာ ခင်းကျင်းထားပြီး လင်းရီ၏ ပစ္စည်းများကိုတော့ ကားထဲတွင် ရောင်းချစေသည်။
သို့ပေမယ့်လည်း ဈေးခင်းပြီး၍ ဆယ်မိနစ်ကျော် ကြာသွားသည့် တိုင်အောင် လာဝယ်သူ တစ်ယောက်မျှ မရှိချေ။ ဈေးစကား လာမေးသည့်သူပင် တစ်ယောက်မျှ မရှိ ဖြစ်နေလေသည်။
သို့နှင့် လင်းရီလည်း ဘာမျှ လုပ်စရာ ရှိမနေသောကြောင့် လျန်ရူရွှယ်ထံ ဖုန်းဆက်လိုက်၏။
“ ဟေ့ … ဘာလို့ အစောကြီး ဖုန်းဆက်လာခဲ့တာ.. ငါအိပ်နေတာကို နင်မသိဘူးလား..” လျန်ရူရွှယ် အိပ်ချင်မူးတူး လေသံဖြင့် ပြောလိုက်၏။
လင်းရီ၏ ရှေ့မှောက်တွင် လျန်ရူရွှယ် မည်သည်ကိုမျှ ဖုံးကွယ်ထားခြင်း မရှိသကဲ့သို့ သူမ မည်သူမည်ဝါဖြစ်နေကြောင်းကိုလည်း ဂရုမစိုက်ချေ။
အကြောင်းအရင်းကတော့ လင်းရီသည်လည်း သူမ မည်သူမည်ဝါ ဖြစ်ကြောင်းကို အရေး စိုက်နေမည် မဟုတ်သောကြောင့်ပင်။
ထို့ကြောင့် သူမ၏ ရာထူး ဂုဏ်ဒြပ်၊ အဆင့်အတန်းတို့နှင့် မလျော်ညီစွာ ပြုမူနေသည်တောင်မှ ဝေဖန်စကား မပြောဆိုခြင်း ဖြစ်၏။
“ ငါ ဟွမ်ရှီး ကျေးရွာကနေ ပြန်ရောက်ပြီ… ခု ထန်ချိန်မှာ အသီးရောင်းနေတယ်…” လင်းရီ ပြောလိုက်သည်။
လင်းရီ၏ အစီအစဉ်ကတော့ ရိုးရှင်း၏။ သူ လျန်ရူရွှယ်ကို လာပြီး ယူခိုင်းလိုက်မည်။ ကျီချင်းရန် အတွက်ကိုတော့ ထိုနေ့ကျမှ နည်းနည်း ယူသွားပေးလိုက်မည်ဖြစ်၏။
“ နင် ဘာပြောလိုက်တယ်… နင်က အသီးတွေ ရောင်းနေတယ် ဟုတ်လား..” လျန်ရူရွှယ် အံ့အားသင့်နေသည့် လေသံဖြင့် မေးလာခဲ့တော့သည်။
“ နင် ရူးသွားတာလား… လင်းယွင် အုပ်စုက တစ်မိနစ်တိုင်း ယွမ် ရာချီ၊ ထောင်ချီ ရှာနေနိုင်တာတောင်မှ အဲ့လို မိသားစု စီးပွားရေး လုပ်ငန်းကြီးကို လျစ်လျူရှုပြီး ဘာလို့ အသီး ရောင်းနေတာလဲ….”
“ ငါ DiDi တောင် မောင်းလာခဲ့သေးတာ အသီးရောင်းတယ်ဆိုတာ သာမန်ပဲ မဟုတ်ဘူးလား…”
( DIDI = တီတီ၊ ဟွန်းတီးတဲ့ အသံ တီတီလေ၊ ဒါပေမယ့် တိတိလို့ပဲ စိတ်ထဲကနေ ဖတ်လိုက်ကြပါ )
“ နင့်လို စိတ္တဇ ဖြစ်နေတဲ့ သူတွေပဲ သာမန်ဆိုပြီး ပြောကြလိမ့်မယ်…”
“ ငါ လခွီးပဲ..” လင်းရီ ကျိန်ဆဲလိုက်ပြီး “ စားချင်တယ်ဆို မြန်မြန်လာယူ…”
“ အဲ့တာ ဘယ်လို ဝန်ဆောင်မှု ပေးနေတာ… ငါ့ကို အိမ်ယူလာခဲ့ပေး…” လျန်ရူရွှယ် ပျင်းတိပျင်းရွဲ အသံဖြင့် ပြောလိုက်သည်။
“ မရဘူး... ငါ သူများနဲ့ လာခဲ့တာဟ.. မင်းကို လာပို့ပေးလို့မရဘူး..”
“ ကောင်းပြီလေ… ငါ အားရင် လာခဲ့လိုက်မယ်…” လင်းရီ တစ်ယောက်တည်း မဟုတ်သောကြောင့်
လျန်ရူရွှယ် ဤကိစ္စကို စိတ်ထဲ ထားမနေခဲ့ချေ။
“ ငါတော့ နင် ထန်ချိန်လို နေရာမျိုးမှာ ဆိုင်ချရောင်းနေတာက အကြံကောင်းလို့တော့ မထင်ဘူးနော်… နင့်ကို စည်ပင်ရဲတွေ လာဖမ်းသေးလား… ငါ နင့်အတွက် နေရာ ပြင်ခိုင်းလိုက်ရဦးမလား…”
“ မလိုဘူး.. “ လင်းရီ ပြောလိုက်ပြီး “ ငါ ဒီက လူတွေနဲ့ စကားပြောပြီးသွားပြီ… မင်း အားရင်သာ ရောက်အောင် လာခဲ့လိုက်…”
“ ကောင်းပြီလေ…”
လျန်ရူရွှယ်နှင့် စကားပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
လီချူးဟန်နှင့် ဝမ်ရင်းတို့ အဖို့ကတော့ လင်းရီ သူမတို့ကို အသိပေးမနေတော့ချေ။ သူ ညတွင်းချင်းပဲ ပို့လိုက်လို့ရလေသည်။
အိမ်ယာ အပြင်ဘက် ဝင်ပေါက်ဝတွင် တစ်စုံတစ်ယောက်က ကားဖြင့် အသီးအရွက်များ၊ ရောင်းချနေသည်ကို မြင်တော့ ဝင်ထွက်သွားလာနေကြသည့် နေထိုင်သူများမှာ အနည်းငယ် ကသိကအောက် ဖြစ်သွားခဲ့ကြ၏။
ထူးတော့ ထူးဆန်းလွန်းနေသည်။ ယုတ္တိရှိရှိ ပြောရလျှင် ဤကဲ့သို့ လမ်းဘေးချရောင်းသည့် အပြုအမူမျိုးက ယခုလို ထန်ချိန် အိမ်ယာကဲ့သို့ အဆင့်အတန်းမြင့် အိမ်ယာဝန်းကျင်တွင် ရှိမနေသင့်ချေ။
ထန်ချိန် အိမ်ယာကဲ့သို့ အဆင့်မြင့် အိမ်ယာက တခြားသော ရပ်ကွက်များနှင့် စင်းလုံးချော ကွာခြားသည်။
ဤတွင် ရုံးတက်ချိန် ရုံးဆင်းချိန်ဟူ၍ မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် နေထိုင်သူ အားလုံးက ငွေကြေးကို လွတ်လပ်စွာ စိတ်ကြိုက် သုံးစွဲနိုင်စွမ်း ရှိပြီးသူများ ဖြစ်ကြလေသည်။
မနက်ကိုး ညငါး အလုပ်လုပ်ရသည့် လူပုဂ္ဂိုလ်ဟူ၍ မရှိသလောက် နည်းသည်။ ၎င်းတို့ စိတ်ရှိသည့် အချိန်၌ အလုပ်လုပ်နိုင်သည်။
ထိုအခိုက်အတန့်တွင် ကောင်မလေး နှစ်ဦး တက္ကစီဖြင့် အပြင်ဘက်မှ ရောက်လာခဲ့ကြ၏။
တစ်ယောက်က စကတ်အတိုလေး ဝတ်ဆင်ထားပြီး အခြားတစ်ယောက်ကတော့ ဖင်ကြပ် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူမတို့၏ ရုပ်ရည်နှင့် ခြေတံသွယ်သွယ်လေးများက မျက်စိအစာကျွေးလို့ သိပ်အားရချင်စရာပင်။
စကတ်အတိုနှင့် ကောင်မလေးကိုတော့ ဖေးကျားကျားဟု ခေါ်သည်။ ဂျင်းနှင့် ကောင်မလေးကတော့ သူမ၏ အခင်ဆုံး သူငယ်ချင်း နွှဲ့ရှောင်ဖေ့ဖြစ်သည်။
သူမတို့ နှစ်ယောက်လုံးက မော်ဒယ်များ ဖြစ်ကြပြီး သက်ဆိုင်ရာ အသိုင်းအဝိုင်း ငယ်လေးများတွင် ကျော်ကြား အောင်မြင်သူများ ဖြစ်ကြ၏။
တစ်ခါတစ်ရံ ဇာတ်လမ်းတွဲများတွင် တတိယနှင့် စတုတ္ထ ဇာတ်ဆောင် မင်းသမီး နေရာများပင် ရရှိတတ်သေးသည်။ သူမတို့၏ ဝင်ငွေကလည်း မဆိုးသလောက် ရှိသောကြောင့် ထန်ချိန်ကဲ့သို့ အိမ်ယာမျိုးတွင် အိမ်ငှားနေနိုင်ကြလေသည်။
ထိုသို့ဆိုလျှင် သူမတို့ ဤကဲ့သို့ တန်းမြင့် အိမ်ယာမျိုးတွင် နေထိုင်နိုင်ပါလျက်နှင့် အဘယ်ကြောင့် တက္ကစီ ငှားခဲ့လဲဟု မေးမြန်းလာခဲ့ပါက သူမတို့၏ ယာဉ်မောင်းလိုင်စင်မှာ ယခုထိ မရရှိသေးသောကြောင့်သာ ဖြစ်သည်။
“ အမ်.. ဘာကြီးလဲ…. ငါတို့ ထန်ချိန် အိမ်ယာ ဝင်ပေါက်ဝမှာ တကယ်ကြီး ဟင်းရွက်သည်ကား ရောက်နေတယ်တဲ့လား….” နွှဲ့ရှောင်ဖေ့မှ ပြောလိုက်သည်။
“ သူ ဟင်းရွက်ရောင်းတာ အရေး မဟုတ်ဘူး… ဒါပေမယ့် အဲ့ အစ်ကိုလေးက ချောလွန်းမနေဘူးလား…”ဖုန်ကျားကျား ခြေဖျားထောက် ငမ်းရင်း ပြောလိုက်သည်။
“ ဟုတ်သားပဲနော်…” နွှဲ့ရှောင်ဖေ့ ရေရွတ်လိုက်ပြီး “ ငါတို့ မော်ဒယ်လောက က တစ်ချို့ ကောင်လေးတွေထက်တောင် ချောသေးတယ်..”
“ ဘယ်ကမှာ.. ငါတော့ အနုပညာ နယ်ပယ်ထဲက တက်သစ်စလေးတွေတောင် သူနဲ့ ယှဉ်နိုင်မယ် မထင်ဘူး…” ဖုန်းကျားကျား ပြောလိုက်ပြီး “ သူ့ ကို ဒီဘေးကနေ တစ်ချက် ကြည့်ကြည့်လိုက်… ယောက်ျားပီပီသသ ခန့်တာ… မိန်းမလည်း ဆန်မနေဘူး… တစ်ချက်ကြည့်လိုက်တာနဲ့ သူက ငါ့ အကြိုက်ပဲ ဆိုတာ တပ်အပ်ပြောနိုင်တယ်..”
“ နင် နှာမီးတောက်နေပြန်ပြီလို့တော့ ငါ့ကို လာမပြောနဲ့နော်…” နွှဲ့ရှောင်ဖေ့ ပြောလိုက်ပြီး “ နည်းနည်းလေး ကလူမြူဆွယ် လုပ်တာက အဆင်ပြေတယ်… ဒါပေမယ့် စည်းခြားထားတာက အကောင်းဆုံးပဲ… နင့်မျက်နှာ ဝက်ခြံတွေ အဲ့လောက်ထွက်နေတာ နင့် တဏှာစိတ်ကြောင့်လို့ပဲ ငါတော့ သံသယ ရှိနေပြီနော်…”
“ ကျစ်… သူကျ မဟုတ်တာကျလို့…” ဖုန်းကျားကျား ပြောလိုက်ပြီး “ ပြီးတော့ အဲ့လို ခန့်ညားတဲ့ အစ်ကိုလေးရဲ့ ရှေ့မှာ ဘယ်သူကများ ထိန်းချုပ်နိုင်မှာမို့လို့..”
“ ရုပ်ချောတာက နင်နဲ့သူ့ကို လိုက်ဖက်တဲ့ စုံတွဲ ဖြစ်အောင် လုပ်ပေးမှာ မဟုတ်ဘူး… နင့်ရဲ့ အဆင့်အတန်းနဲ့ သူက လုံးဝ မလိုက်ဖက်ဘူး… ဟုတ်ပြီလား…”