← Chapters

ကိုယ်ပိုင်တန်ဖိုးကို တင်စားဖော်ကြူးခြင်း

Vol. 71 Ch. 1062

ကိုယ်ပိုင်တန်ဖိုးကို တင်စားဖော်ကြူးခြင်း

Vol. 71 Ch. 1062

" နင် သူများကို ညစ်ပတ်တဲ့ စိတ်နဲ့ မတွေးလို့ မရဘူးလား..."ဖုန်းကျားကျား ပြောလိုက်ပြီး " ဒါက ဒီတိုင်း ရိုးရိုးသားသား ချီးကျူးသာလေ.. အလှတရားကို ရှုစားတာ အပြစ်ဖြစ်သွားလား... ကြိုးချင်းညှိမယ့် အတွေးတွေလည်း ငါ့မှာ မရှိပါဘူးနော်.."

" နင့်မှာ မရှိဘူးဆိုရင်လည်း မြန်မြန် ပြန်ကြစို့... တစ်ညလုံး အလုပ်လုပ်ထားရတာ ပင်ပန်းနေပြီ..."

" ဘယ်လောက်ပဲ ပင်ပန်းနေပါစေ နင် စားဖို့တော့ လိုသေးတယ်လေ... ငါတို့ အိမ်မှာလည်း ဟင်းသီးဟင်းရွက်တွေ ကုန်နေတာနဲ့ အတော်ပဲ.. နည်းနည်းလောက် သွား၀ယ်ကြရအောင်..."

" နင် သူနဲ့ စကားပြောချင်လို့မလား.. ဆင်ခြေတွေ ပေးမနေစမ်းပါနဲ့ဟယ်...."

" ဗျစ်တောက် ဗျစ်တောက် လုပ်မနေနဲ့တော့... "ဖုန်းကျားကျား နွှဲ့ရှောင်ဖေ့ကို စိတ်အား ထက်သန်စွာဖြင့် ဆွဲခေါ်လာပြီး " ငါ သူ့မျက်နှာကို အနီးကပ်ပြီး သွားကြည့်ချင်တယ်ဟာ... သူက အရမ်း ခန့်လွန်းတယ်..."

စကတ်လေး လုံးချေရင်း ဖုန်းကျားကျား လင်းရီထံ လျှောက်လာခဲ့တော့သည်။

သူမကို အံ့အားသင့်သွားစေသည်က ကားထဲရှိ အသီးများအားလုံးမှာ နီရွှမ်းပြီး စိုပြေနေသည်။ ကြည့်ရသည်မှာ တော်တော်လေး အရသာ ရှိလောက်၏။

" အသီးတွေ မဆိုးဘူးနော်..."နွှဲ့ရှောင်ဖေ့ မက်မွန်သီး တစ်လုံးကို ကောက်ယူလိုက်ရင်း " ကြည့်ရတာတော့ အရသာရှိမယ့်ပုံပဲ..."

" အစ်ကိုလေး .. နင့် နင့်မက်မွန်သီးတွေ ဘယ်လိုရောင်းလဲ..."ဖုန်းကျားကျား မေးမြန်းလိုက်ပြီး " ငါ့ကို ငါးလုံး ထုပ်ပေး..."

" ကီလို၀က်ကို ယွမ် ၂,၅၀၀ ပဲ အလှလေး.... ခုချက်ချင်း ထုပ်ပေးလိုက်မယ်နော်.... "

သူ့ တံခါး၀ရှေ့ တံခါးလာခေါက်နေသည့် ဖောက်သည်တစ်ချို့ မြင်လိုက်ရတော့ လင်းရီ အားဆေး နှစ်လုံး သွင်းထားသကဲ့သို့ စိတ်တက်ကြွသွားတော့သည်။ ယခုလောက် လျှင်မြန်စွာဖြင့် လာ၀ယ်သူ ရှိလိမ့်မည်လို့တောင် သူ မျှော်လင့်မထားခဲ့ချေ။

" ဟင် .. ဘာကြီး ဘာကြီး... နင်ဘာပြောလိုက်တယ်... ကီလို၀က်ကို ယွမ် ၂,၅၀၀ ဟုတ်လား..."

ဖုန်းကျားကျားနှင့် နွှဲ့ရှောင်ဖေ့တင်သာမက သူဟဟိုင်နှင့် သူယောင်တို့ပင် လင်းရီ စိတ်လောပြီး လျှာများ လိပ်သွားလေသလောဟု သံသယ ဖြစ်နေမိတော့၏။

" ရီလေး.. မင်း ဘာတွေ ပြောနေတာ... ကီလို၀က်ကို ယွမ် ၂,၅၀၀ ဟုတ်လား..."

" ကျုပ် ရောင်းနေတဲ့ အသီးတွေက တခြား ဘယ်ဟာနဲ့မှ မတူဘူး... သူတို့မှာ အဆိပ်အတောက်ပြေစေတဲ့ အကျိုးအာနိသင် ရှိတယ်... ဟော်မုန်းတွေကိုလည်း ကောင်းကောင်းလှည့်ပတ်စေတယ်... ဒီတော့ ဈေးကြီးတာ သဘာ၀ပဲလေ... "

ထိုစကားကြားတော့ လင်းရီ၏ ဖန်ဂဲလေး သူယောင်ပင် သဘော မတူနိုင်တော့ချေ။

ကျိုးဟိုင်ကဲ့သို့ နေရာမျိုး၌ပင် ကီလို၀က်ကို ၂၅ ယွမ်ဖြင့် ရောင်းလျှင်ပင် တော်တော်လေး ဈေးကြီး နေပြီး ဖြစ်၏။ မည်သူကမျှ အသီး ကီလို၀က်ကို ယွမ် ၂,၅၀၀ ပေး၍တော့ စားကြလိမ့်မည် မဟုတ်ချေ။

ဟုတ်တယ် မစားကြလောက်ပါဘူးနော...

ဒါက မက်မွန်သီးလေ.. ဂျင်ဆင်းမှ မဟုတ်ပဲနဲ့..

" နင် ဒါ ဘာလဲလုပ်တာ.. သူများကို လာပြီး ရိုက်စား လာလုပ်နေတာလား..."နွှဲ့ရှောင်ဖေ့ မကျေမနပ် ဖြစ်သွားခဲ့တော့သည်။

ဘယ်လို အသီးမျိုးမို့ ကီလို၀က်တည်းကို ယွမ် ၂,၅၀၀ နဲ့ လာရောင်းနေရတာလဲ...

သူ့ကိုယ်သူ ရုပ်လေးချောတယ် ဆိုတာနဲ့ပဲ ဘယ်ဈေးနဲ့ ရောင်းရောင်း ၀ယ်သူ ရှိမယ်လို့များ ထင်နေလား မသိဘူး...

ငါ့ပိုက်ဆံက မိုးပေါ်က ပြုတ်ကျလာတာ မဟုတ်ဘူးဟဲ့... အိုကေ...

" ကျုပ် မပြောဘူးလား... ကျုပ်ရောင်းတဲ့ အသီးက သူများဟာတွေနဲ့ မတူဘူးလို့ဆိုနေ...ဈေးကြီးတယ်ဆိုတာလည်း ဈေးကြီးရခြင်း အကြောင်းပြချက်ရှိတယ်... မင်းတို့ ၀ယ်ချင်မှ ၀ယ်..."

" နင် ရူးနေတာလား... ရတယ်.. ငါ နင့်ကို ရုံးတိုင်မယ်..."နွှဲ့ရှောင်ဖေ့ ပြောလိုက်ပြီး " ချီးကို အဆိပ်အတောက် ပြေစေတယ် ဟုတ်လား.. ဘာကို သောက် ပေါက်တတ်ကရ ဟော်မုန်းတွေကို ကောင်းကောင်း လည်ပတ်စေတယ် ဟုတ်လား... ဒါ လိမ်လည်နေတာပဲ.. နင့်ကို ဖမ်းခိုင်းရမယ်..."

လင်းရီ ပခုံးတွန့်လိုက်ပြီး " ဘာပဲဖြစ်ဖြစ်ပေါ့.. မင်း အတွက် သိပ် ဈေးကြီးနေတယ်ဆိုရင်လည်း မ၀ယ်နဲ့.. ငါကလည်း မင်းကို ၀ယ်ပါ ၀ယ်ပါလို့ တောင်းပန်မနေဘူး... ဟုတ်တယ်နော်..."

" ရှောင်ဖေ့.. တော်ပြီ... ဒီမှာ လူတွေ အများကြီး ရှိနေတယ်လေ..."ဖုန်းကျားကျား နွှဲ့ရှောင်လီ၏ လက်မောင်းကို ဆွဲလိုက်ပြီး " သူလည်း ငါတို့ကို သူရောင်းတဲ့ ဈေး ပြောပြီးသားပဲ.. ၀ယ်တယာမ၀ယ်တာ ငါတို့ အလုပ်.. သူ့ကို သွားပြောနေစရာ မလိုပါဘူးဟာ..."

ပြောပြီးနောက် ဖုန်းကျားကျား လင်းရီကို ကြည့်လိုက်ပြီး " အစ်ကိုလေး... နင်ရောင်းတဲ့ မက်မွန်သီးတွေက နည်းနည်း ဈေးကြီးတယ်နော်... ငါ တစ်လုံးတည်း ၀ယ်လို့ရော ရလား..."

" ချီးပဲ... နင်ကကော အရူးလား... "နွှဲ့ရှောင်ဖေ့ ပြောလိုက်ပြီး " ဘာလို့ ဒီလောက် ဈေးကြီးနေတဲ့ အသီးကို ၀ယ်မှာလဲ... နိုင်ငံခြားက လာတဲ့ အသီးတွေတောင် ဒီလောက် ဈေးမကြီးဘူး... သူ့ကိုယ်သူ နည်းနည်းလေး ကြည့်ကောင်းတိုင်းနဲ့ တဏှာရူးမတွေကို ဆွဲဆောင်နိုင်မယ်လို့များ ထင်နေလား မသိဘူး..."

" ငါ တစ်လုံး၀ယ်ပြီး မြည်းကြည့်ချင်တယ်..."ဖုန်းကျားကျား ပြောလိုက်ပြီး " တစ်လုံးလောက် ၀ယ်လိုက်လို့လည်း ဘယ်လောက်မှ မကုန်ကျသွားပါဘူးဟယ်... တကယ်လို့ တကယ်ကြီး မတူဘူး ဆိုရင်ကော... ဒီလောက်ဈေးကြီးနေမှတော့ ထူးခြားတာ တစ်ခုခုတော့ ရှိရမှာပဲလေ..."

" နင်လည်း အရူးပဲ.. အဆင်လေး မြင်လိုက်တာနဲ့ ဦးနှောက်က သုံးစားလို့ကို မရတော့ဘူး.. တော်ပြီ.. နင် လုပ်ချင်ရာသာ လုပ်တော့..."

" တစ်လုံး ၁,၈၀၀ က ခံသာပါသေးတယ် နင်ကလည်း...... ကော့တေး လေးငါးခွက်စာလောက် ရှိတာကို... အဲ့လောက်ကြီး ကပ်စေးနည်းနေစရာ မလိုပါဘူး...."

ထို့‌နောက် ဖုန်းကျားကျား လင်းရီကို ကြည့်လိုက်ပြီး " ငါ့ဖို့ ကောင်းတာလေး ရွေးပေးဦး... အရသာမရှိရင် ငွေပြန်တောင်းမှာနော်..."

" ပြဿနာ မရှိဘူး..."

လင်းရီ ကျန်တာ အာမ မခံနိုင်သော်လည်း အသီး၏ အရသာနှင့် အဆင်းသွင်ပြင်တွင်တော့ ယုံကြည်ချက် အပြည့်ရှိသည်။

ဖုန်းကျားကျားဖို့ တစ်လုံးရွေး၍ ချိန်ကြည့်ပြီးနောက် လင်းရီ အိတ်ထဲထည့်၍ ကမ်းပေးလိုက်သည်။ ။

" ယွမ် ၁၀၀၀ ... ငါ မင်းကို လျော့ပြီး ပေးလိုက်မယ်... ယွမ် ၅၀၀ တည်းပေးတော့..."

လင်းရီ၏ ရက်ရောမှုကို မြင်‌တော့ ဖုန်းကျားကျား အနည်းငယ် ပျော်ရွှင်သွားခဲ့သည်။

ကြည့်ရသည်မှာ အချောလေးက နှလုံးသား မည်းညစ်နေသည့် ဈေးသည် ဖြစ်ဟန်မတူပေ။ မဟုတ်ပါက ဧရာမ လျှော့ဈေးကြီး ပေးလိုက်မည် မဟုတ်ချေ။

ဖုန်းကျားကျား လင်းရီကို ယွမ် ငါးရာ ပေးပြီး အပြုံးတစ်ပွင့်လည်း လက်ဆောင်ပေးခဲ့ကာ ထွက်ခွာသွားခဲ့သည်။

" နင့်မှာ သုံးစရာ ပိုက်ဆံတွေ သိပ်ပေါနေတယ် ထင်တယ်..."

အပြန်လမ်းတွင်တော့ နွှဲ့ရှောင်လီမှ ဆက်တိုက်ဆိုသလို ဖုန်းကျားကျားအား စက်သေနတ် ပစ်တော့၏။

" ချီးပဲဟာ.. ငါ တွေးလေ ဒေါသတွေ တဆတ်ဆတ် ထွက်လာလေပဲ...မရ‌ဘူး.. ငါ အခု ရဲလှမ်းတိုင်တော့မယ်...."

" ဟိတ် ဟိတ် ဟိတ်.. နင်ဘာလုပ်တာလဲ... သူ နင့်ကို ဘာ စော်ကား နေလို့လဲ... ဘာဆိုင်လို့ သူ့ကို ရဲတိုင်ရမှာ..."ဖုန်းကျားကျား ဖြောင်းဖြ ပြောဆိုလိုက်၏။

"သူ ငါ့ကို မစော်ကားခဲ့ဘူးလို့ နင်ပြောနေတယ် ဟုတ်လား..."နွှဲ့ရှောင်ဖေ့ ပြောလိုက်ပြီး " သူ ငါ့ကို ခုလေးတင် စော်ကားလိုက်တာ နင် မမြင်ဘူးလား... ဘာပဲဖြစ်ဖြစ်ဟာ နင်ငါ့ကို လာမတားနဲ့... မဟုတ်ရင် နင်နဲ့ငါ သေတမ်းပြတ်ပြီ... သူ့ကို မတိုင်ရရင် ငါ ညအိပ်ပျော်တော့မှာ မဟုတ်ဘူး...."

နွှဲ့ရှောင်လီ မည်မျှ ဒေါပွနေသည်ကို မြင်တော့ ဖုန်းကျားကျားလည်း ဘာမျှ မပြောတော့ချေ။

သူမတို့ နှစ်ယောက် ရင်းနှီးလာခဲ့သည်မှာ နှစ်တွေ အတော်ကြာနေပြီး ဖြစ်၏။ စကားအဖြစ် ပြောရလျှင် တစ်ယောက်၏ အတွင်းခံကို တစ်ယောက်က ယူ၀တ်လို့ မည်သူကမျှ စိတ်ရှိလိမ့်မည် မဟုတ်ချေ။ လင်းရီ အတွက်ကြောင့်နှင့်တော့ သူမ၏ အခင်ဆုံး သူငယ်ချင်းနှင့် မိတ်မပျက်ချင်ပေ။

နွှဲ့ရှောင်ဖေ့ ဖုန်းထုတ်၍ စက်မှုနှင့် ကူးသန်းရောင်း၀ယ်ရေး ဗျူရိုထံ ဖုန်းဆက်လိုက်သည်။

" ဟယ်လို.. ကျွန်မ ထန်ချိန် အိမ်ယာ ၀င်ပေါက်၀နားလေးမှာ သစ်သီး တစ်ကီလိုကို ယွမ် ငါးထောင်နဲ့ လာရောင်းနေတဲ့ အသီးသည်တစ်ယောက် အကြောင်း တိုင်ချက်ဖွင့်ချင်လို့ပါ... သူပြောတာ သူရောင်းတဲ့ အသီးစားလိုက်ရင် အဆိပ်အတောက်တွေ ဖြေပေးပြီး ဟော်မုန်းတောင် ကောင်းကောင်း လည်ပတ်စေနိုင်မယ်ဆိုပဲ.... မြန်မြန်လာပြီးတော့ ဒီရဲ့ လူလိမ်ကို လာဖမ်းပေးကြပါ... ကျွန်မတို့လို သာမန်လူတွေရဲ့ ပိုက်ဆံကို လိမ်ရိုက်နေတယ်ဆိုတာ အသိသာကြီးပဲ..."

" နွှဲ့ရှောင်ဖေ့... ကျွန်မရဲ့ အိုင်ဒီ နံပါတ်က ၂၃၂၃၀*********"

ဖုန်းကျားကျား အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်သည်။ ရှောင်ဖေ့ကတော့ အတည်ပေါက်ကြီးတွေ လုပ်နေချေပြီ။

သူမ၏ အမည်ရင်းနှင့်ပင် တိုင်တန်းလိုက်နေသေးသည်။

" ဟူး... ဖုန်းဆက်ပြီးတော့မှ နေလို့ထိုင်လို့ ကောင်းသွားတော့တယ်..."နွှဲ့ရှောင်ဖေ့ ပြောလိုက်ပြီး " အဲ့ဆိုင် ချက်ချင်း အပိတ်ခံရပါစေတော်..."

" ငါတော့ အဲ့လို ဖြစ်လိမ့်မယ်လို့ မထင်ဘူး..."ဖုန်းကျားကျား ပြောလိုက်ပြီး " သူတို့ဘက်က ဈေးကိုလည်း ကြိုပြောထားတယ်လေ.. ၀ယ်တာ မ၀ယ်တာ ငါတို့ အပိုင်းပဲ မဟုတ်ဘူးလား... သူတို့လည်း မမှားပါဘူး... "

" နင်ဘာနားလည်လို့.. ဒါကို မမှန်ကန်တဲ့ ကုန်ပစ္စည်း ရောင်း၀ယ်မှု လို့ ခေါ်တယ်.. သူက လူတွေကို လိမ်ရိုက်စားလို့ရအောင် အချဉ်ဖမ်းနေတာလေ... သူတို့လို လူစားမျိုးတွေကို ငါတို့ ပြင်းပြင်းထန်ထန် ကိုင်တွယ်ခါမှ တော်ရာ ကျလိမ့်မယ်.... "

" ငါ သဘောမတူဘူး..."ဖုန်းကျားကျား ပြောလိုက်ပြီး " ဘာပဲဖြစ်ဖြစ် ငါတို့တွေက တစ်နှစ်ကို ယွမ် သိန်းနဲ့ချီပြီး ပိုက်ဆံ ရှာနေနိုင်တဲ့ လူတွေလေ.. ငါတို့ မက်မွန်သီး တစ်လုံးလောက် ၀ယ်မြည်းကြည့်လို့ ဘ၀ပျက်မသွားပါဘူး..."

" အရသာ အကြောင်း ပြောနေတာ မဟုတ်ဘူး... ဘာ အခွင့်အရေး ရှိလဲဆိုတဲ့ အကြောင်းပဲ... "

" အချောလေးက သေချာပေါက် တစ်ခုခု ထူးခြားတာ ရောင်းနေတာ သေချာတယ်.. နင်ကိုက ငါ့အတွေးတွေ နားမလည်နိုင်အောင် ဉာဏ် မမှီသေးလို့ပါ..."ဖုန်းကျားကျား ပြောလိုက်ပြီး " ငါ ခဏကျရင် သေသေချာချာလေး မြည်းကြည့်ရမယ်.. ငါ့ဟာ လာမလုစားနဲ့ ဟုတ်ပြီလား..."

" ငါတို့ ရပ်ကွက်ထဲမှာလည်း နိုင်ငံခြားက တင်သွင်းလာတဲ့ အသီးတွေ ရှိနေတာကိုပဲ.. ငါ အဲ့သွားပြီး ငါးကီလိုလောက် ၀ယ်လိုက်ဦးမယ်... နင့်ဥစ္စာထက် ပိုကောင်းမှာ သေချာပေါက်ပဲ..."

" ငါနင့်ကို မယုံဘူး..."

ဖုန်းကျားကျား ပလတ်စတစ် အိတ်ကို ကိုင်ပြီး နွှဲ့ရှောင်ဖေ့ ရှေ့ ဝှေ့ယမ်းပြလိုက်ရင်း " အသားနဲ့ အရောင်ကိုပဲ တစ်ချက်ကြည့်လိုက်... အရသာ ရှိမရှိ နင် စားကြည့်စရာတောင် မလိုဘူး..."

" အရသာ ရှိရင်တောင် ယွမ်ငါးရာနဲ့ မတန်ဘူး..."

" တန်ဖိုးကို ပစ္စည်း တစ်ခုတည်းကြည့်ပြီး ဆုံးဖြတ်လို့ ဘယ်ရမှာ..."ဖုန်းကျားကျား ပြောလိုက်ပြီး "နင် တွေးကြည့်လိုက်.. တစ်(ဖ်)ဖနီဆို သောက်စုတ် သောက်ပျက် ဖွတ်ကျား ပင်အပ်ကို ယွမ်ငါးသောင်းတန် နားကပ်ဆိုပြီး လုပ်ရောင်းသေးတာ မဟုတ်ဘူးလား... အပ်ချည်တစ်လုံးဆိုလည်း ယွမ် ရှစ်သောင်းတဲ့... အဲ့တာတွေကကော ဦးနှောက် မရှိတဲ့ သောက်ပိန်းတွေကို ဈေးတနင့်ကြီး တင်ထားတာ မဟုတ်ဘူးလား... သိုးမွေး ရိတ်သလို အရိတ်ခံနေရမှန်းသိတာတောင် လူတော်တော်များက ဆန္ဒရှိနေကြတာ ငါ အံ့လည်း အံ့ဩမိတယ်..."

" သူကပဲ ပြောရတယ် ရှိသေး... မက်မွန်သီး တစ်လုံးကို ယွမ်ငါးရာ ပေးပြီး ၀ယ်ခဲ့တဲ့ နင်ကကော သိုးမဟုတ်လို့လား..."

" နိုင်ငံခြားသားတွေ ရိတ်တာကို ခံရတာထက် ကိုယ့်လူရိတ်တာပဲ ကိုယ်ခံတော့မှာပေါ့... ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို တင်စားဖော်ကြူးနေတာပဲ မဟုတ်ဘူးလား... “

All Chapters