← Chapters

အံ့အားသင့်စေလောက်သည့် ပြောင်းလဲသွားမှု

Vol. 71 Ch. 1063

အံ့အားသင့်စေလောက်သည့် ပြောင်းလဲသွားမှု

Vol. 71 Ch. 1063

နွှဲ့ရှောင်ဖေ့ သူမ သူငယ်ချင်းကို အထင်တသေး ကြည့်လိုက်သည်။

" ငါကတော့ နင် စကားပြောချင်ရုံ သပ်သပ်လို့တော့ မထင်ဘူး... နင်က သူ ဓားပြတိုက်တာကို ကျေကျေနပ်နပ်ကြီး ခံချင်နေတာလေ...."

" ဟီးဟီး...."

ဖုန်းကျားကျား သူမ ပါးစပ်ကို လက်ဝါးဖြင့် ကွယ်ရယ်လိုက်ပြီး " တကယ်လို့ လူတိုင်းက ငါ့ကို အခွင့်အရေး ယူချင်နေတဲ့ မကောင်းတဲ့ကောင်တွေသာဆိုရင် ငါကတော့ သေချာပေါက် အချောလေးကိုပဲ အခွင့်အရေး ပေးလိုက်မှာပေါ့..."

" နင် တစ်ခန်း လွတ်နေပြီ... "နွှဲ့ရှောင်ဖေ့ ထူးမခြားနား ပြောလိုက်၏။

" ဒါဆိုလည်း ခဏကျ ငါ့မက်မွန်သီးကို လာမတောင်းစားနဲ့... နင် စားချင်ရင်တောင် ငါ မကျွေးဘူး..."

" ကျစ်... ငါလည်း ငါ့ဘာငါ ၀ယ်စားနိုင်သားပဲ..."

နွှဲ့ရှောင်ဖေး မျက်လုံးလှိမ့်လိုက်ပြီး ရပ်ကွက်ထဲရှိ စူပါမားကတ်သို့ သွား၍ နိုင်ငံခြားမှ တင်သွင်းလာသည့် အသီးများကို ရွဲ့ပြီး သွား၀ယ်လိုက်သည်။ သူမ မက်မွန်သီး ငါးလုံးအတွက် ယွမ် တစ်ရာကျော်သာ ပေးခဲ့ရ၏။ ထို့ပြင် ဖုန်းကျားကျားထက်လည်း အလုံးအဖန်ကြီးပေသည်။

" ဒီမှာမြင်လား.. ငါ ၀ယ်ခဲ့တဲ့ မက်မွန်သီးတွေက နင့်ဥစ္စာထက် ပိုကြီးတယ်... ပြီးတော့ ငါးလုံးမှ ၁၆၇ ယွမ်တည်း...သိပ် ဈေးကြီးတယ်ဆိုပေမယ့် ဘ၀ဆိုတာ ဒီလိုနေမှ တန်တာလေ.. နင့်ဘ၀ကတော့ ဦးနှောက် ပြည်တည်နေတဲ့ ဘ၀လို့ ခေါ်တယ်... "

" နင့်ဟာက ကြီးပေါလောကြီး... ငါ့ဟာက သေးပေမယ့် အံ့ဩဖို့ကောင်းတယ်... အပြင်ပန်းကြည့်ပြီး ဝေဖန်လို့ အလကားပဲ.. ချာတူးလံ အရသာကြီးလည်း ဖြစ်ချင် ဖြစ်နေနိုင်တာပဲလေ…”

“ သွားစို့… ခုပဲ အိမ်ပြန်ကြစို့…”

“ နင် ငါနဲ့ ပြိုင်မငြင်းရဲတော့ဘူးမလား…”

မိနစ်အနည်းငယ် ကြာပြီးနောက် နှစ်ယောက်သား အိမ်သို့ ပြန်ရောက်လာခဲ့ကြပြီး မီးဖိုချောင်ထဲ အပြေးအလွှား သွားလိုက်ကြ၏။ သူမတို့၏ ကိုယ်ပိုင် မက်မွန်သီးများကို ရေဖြင့် ဆေးကြောသန့်စင်ကာ မည်သူ့ဥစ္စာက ပိုချိုမလဲ တိတ်တဆိတ် ပြိုင်ဆိုင်နေကြလေသည်။

နွှဲ့ရှောင်ဖေ့ သူမ အိတ်ထဲမှ အလှဆုံးဟု ထင်ရသည့် အလုံးကို ယူ၍ ဖုန်းကျားကျားထံ ပြောလိုက်ပြီး “ ငါ့ဟာ အရင် မြည်းကြည့်မယ်…”

ဖုန်းကျားကျား မျက်လုံး အရောင်လက်သွားခဲ့ပြီး သူမ၏ ပုံရိပ်ကိုပင် ဂရုစိုက်ခြင်း မရှိတော့ပဲ တစ်ကိုက် ကိုက်ကြည့်လိုက်၏။

“ ငါလည်း မစောင့်နိုင်တော့ဘူး..”

သူမ ကိုက်ပြီးလျှင် ပြီးချင်း ဖုန်းကျားကျား၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ကာ အမူအရာသည်လည်း အေးခဲသွားခဲ့တော့သည်။

“ အဲ့တာ ဘာအမူအရာကြီးလဲ…. နင် အဆိပ်မိသွားပြီလို့တော့ ငါ့ကို လာမပြောနဲ့နော်… ငါနင့်ကို နင့်ဦးနှောက် တစ်ခုခု မူမမှန်ပါဘူးလို့ ပြောသားပဲ.. ခု နင်ငါ့ကို ယုံပြီမလား…” “ အဆိပ်မိတယ်… ဟုတ်လား…” ဖုန်းကျားကျား စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး “ ဒီ မက်မွန်သီးက သိပ်ပြီးတော့ကို ချိုလွန်းတယ်… ငါ ခုထိ ဒီလောက် စားကောင်းတဲ့ မက်မွန်သီးမျိုး တစ်ခါမှ မစားဘူးသေးဖူး…”

“ ဟေ့ ဟေ့… နင် ခုတလောတင်မှ တတိယ ဇာတ်ဆောင် မင်းသမီး နေရာ ရထားတာကို ငါလည်း သိပါတယ်နော်.. ကျေးဇူးပြုပြီး နင့်ရဲ့ သရုပ်ဆောင် အရည်အချင်းတွေကိုတော့ ငါ့ရှေ့မှာ မကြွားဝါပါနဲ့ ဟုတ်ပြီလား… “ နွှဲ့ရှောင်ဖေ့ အထင်တသေးဖြင့် ပြောဆိုလိုက်ပြီး “ နင့် အမူအရာက ပိုကို ပိုလွန်းပါတယ်…”

“ နင် မနာလိုဖြစ်နေတာမလား… ဒါက ချိုမြနေတာ ထိပ်တန်း အရသာနော်… နင် စိတ်ကူးယဉ်ကြည့်မိနိုင်မှာတောင် မဟုတ်ဘူး…” ဖုန်းကျားကျား ပြောလိုက်၏။

“ ဘယ်လိုပြောမလဲ… ချိုတယ်…ဒါပေမယ့် အီသွားတာမျိုးလည်း မဟုတ်ဘူး… လျှာပေါ်တင်လိုက်တာနဲ့ လန်းဆန်းပြီး တစ်ကိုက်ပြီး တစ်ကိုက် ဆက်စားချင်မိနေတာမျိုး… စားပြီးရင်လည်း လျှာပေါ်မှာ အရသာက တော်ရုံနဲ့ မပျောက်သွားဘူး… အချစ်ဦးရဲ့ အနမ်းလိုမျိုးလေး…”

“ တော်ပါတော့… နင်က နင်သိသမျှ ကောင်းပါတယ်ဆိုတဲ့ စကားလုံးတွေကို အကုန် ထည့်သုံးနေတာကြီးပဲ…”

နွှဲ့ရှောင်ဖေ့ သူမ၏ နိုင်ငံခြားမှ တင်သွင်းလာသည့် မက်မွန်သီးကို တစ်ကိုက် ကိုက်လိုက်ပြီး “ ကျစ်... နိုင်ငံထဲ တင်သွင်းလာတဲ့ အသီးတွေက တကယ်ကွာတယ်နော်… အရမ်းလည်းချိုပြီး အရည်လည်း ရွှမ်းတယ်… တခြားဟာတွေထက် ပိုကောင်းတယ်ဆိုတာ သံသယ ဖြစ်နေစရာတောင် မလိုဘူး…”

“ ဘယ်လိုတောင် မကောင်းဆိုရွားဆန်တဲ့ တင်စားမှုကြီးလဲ..” ဖုန်းကျားကျား ပြောလိုက်၏။

“ ဒါပေမယ့် နင့်ရဲ့ မက်မွန်သီးက ငါ့ဟာလောက် မကောင်းဘူးဆိုတာ ငါလောင်းရဲတယ်…”

“ ချီး… နင် မယုံလည်း မြည်းစမ်းကြည့်ကြည့်..” နွှဲ့ရှောင်ဖေ့ သူမ၏ မက်မွန်သီးကို ကမ်းပေးလာသည်။ ဖုန်းကျားကျား အမူအရာ လုပ်နေခြင်း မရှိ။ တစ်ကိုက်ကိုက်လိုက်၏။

“ ဖီး ဖီး ဖီး.. ဘယ်လိုတောင် အမှိုက်ဆန်တဲ့ မက်မွန်သီးလဲ…ငါ့ဟာနဲ့ ယှဉ်ရင် အများကြီး ကွာတယ်…” ဖုန်းကျားကျား ပြောပြီးနောက် သူမ အသီး သူမကိုက်ရင်း မျက်လုံးမှိတ်၍ ကြည်နူးနေတော့သည်။ သူမ ပုံစံက အထွတ်အထိပ် ရောက်နေသည့် အမူအရာမျိုး ဖြစ်နေလေသည်။

“ နင် ဒါကတော့ ဟန်များလွန်းသွားပြီ… ဒါက နိုင်ငံခြား မက်မွန်သီး စစ်စစ်နော်..အဲ့တာကို နင်က အရသာ မရှိဘူး ပြောနေတယ်…”

“ နင် မယုံဘူးဆိုရင် ငါ့ဥစ္စာ စားကြည့်လိုက်…ပြီးရင် ထိပ်တန်းအဆင့်ရှိတဲ့ အရသာက ဘာလဲဆိုတာ နင်သိသွားလိမ့်မယ်…”

နွှဲ့ရှောင်ဖေ့ ယုံကြည်ရန် ငြင်းဆန်ပြီး ဖုန်းကျားကျား၏ မက်မွန်သီးကို တစ်ကိုက်ကိုက်လိုက်သည်။

သူမ လျှာပေါ်တင်လိုက်သည့် အချိန်မှာပဲ တစ်ခုခု မှားယွင်းနေပြီ ဆိုတာကို ခံစားလိုက်ရ၏။ ဤအရသာက သူမ ဝယ်လာခဲ့သည့် မက်မွန်သီးများနှင့် အလွန်တရာမှကို ကွာခြားလွန်းနေပေသည်။ ဆိုးရွားလွန်းနေခြင်း မဟုတ်၊ ကောင်းမွန်လွန်းနေခြင်းပင်။

“ ချီးပဲ… ဒါ ဘယ်လို မက်မွန်သီးမျိုးမို့ ဒီလောက်တောင် ကောင်းနေရတာလဲ….”

“ ကြည့်.. ငါ ဘာပြောထားလဲ… အရသာ ရှိပါတယ်ဆို ဟုတ်တယ်ဟုတ်….”

“ ချီးပဲ.. ငါ့ကို တစ်ကိုက်လောက် ထပ်ကျွေးဦး..”

“ ခစ်ခစ်ခစ် စားချင်ရင် ကိုယ့်ဘာကိုယ်သွားဝယ်စားလေ…” ဖုန်းကျားကျား ထွက်ပြေးရင်း ပြောဆိုလိုက်၏။

“ နင် .. အကျင့်မကောင်းတဲ့ကောင်မ… မြန်မြန်.. ငါ့ကို နည်းနည်းပေးကိုက်ဦးလို့..”

“ ကျစ်…ကျစ်.. ကျစ်... စောနတုန်းက ဘယ်လိုပဲ ကျွေးကျွေး မစားပါဘူးဆို.. ဘာလို့ အခုကျ လိုချင်ပါပြီ ပြောနေပြန်တာ… နင့်လို အေးစက်ပြီး အစွဲအလမ်းကြီးတဲ့ မိန်းမတွေက တကယ့်ကို အာရုံပဲ…” “ အရင်တုန်းက အဲ့လောက်ကောင်းမယ်မှန်း ငါမှ မသိခဲ့တာလို့….”

“ အခု အဲ့ဒီ အစ်ကိုလေး ရောင်းနေတဲ့ မက်မွန်သီးတွေက တန်တယ်ဆိုတာ နင် သိပြီမလား…”

ဖုန်းကျားကျား ကျန်နေသည့် မက်မွန်သီးကို နွှဲ့ရှောင်ဖေ့ထံ ရော့အင့် ဆိုပြီး ကမ်းပေးလိုက်သည်။

သို့ပေမယ့် နွှဲ့ရှောင်ဖေ့ နည်းနည်းလေးမျှသာ ကိုက်မြည်းလိုက်သည်။ မည်သို့ပင်ဆိုစေ သူမ ဝယ်ထားသည့် အသီးမဟုတ်ချေ။ မည်မျှပင် ကောင်းမွန်သည့် ရင်းနှီးမှုတို့ ရှိနေစေကာမူ သူမတို့ အကန့်အသတ်ကိုတော့ သိကြပေသည်။

“ ဝါး..… သိပ် အရသာ ရှိတာပဲ..” နွှဲ့ရှောင်ဖေ့ ဂရုတစိုက် သေချာ ဝါးနေပြီး သူမ မမျိုချခြင်တော့ပဲ ဖြစ်နေမိသည်။

“ အရသာ ရှိတယ်ဆိုပေမယ့် ကီလိုဝက်ကို ယွမ် ၂,၅၀၀ကတော့ နင့်လို သူဌေးမကြီးမျိုးပဲ ၀ယ်စားလိမ့်မယ်…”

“ ငါကရော နေ့တိုင်း ဝယ်စားမယ်လို့များ နင်ထင်နေတာလား… ဒီလောက် အရသာရှိတာကို တစ်ခါလောက် မြည်းစမ်းကြည့်ဖူး တော်ပြီပေါ့… ငါလည်း ကျိုးဟိုင်မှာ အိမ်ဝယ်နိုင်အောင် ပိုက်ဆံစုရဦးမယ်လေ…”ဖုန်းကျားကျား ပြောလိုက်သည်။

“ အဓိပ္ပာယ် ရှိတယ်…”နွှဲ့ရှောင်ဖေ့ ထ၍ အညောင်း ဆန့်လိုက်ပြီး “ သွားပြီး ရေချိုးတော့… နင်ပြီးရင် ငါချိုးတော့မယ်… ငါတို့ တစ်ညလုံး ဇာတ်ကားရိုက်နေကြတာ ခဏနေ မအိပ်ရင် ဘယ်လိုမှ ထိန်းနိုင်တော့မှာ မဟုတ်ဘူး..”

“ ငါ ရေချိုးရင် ကြာမှာနော်… နင် အဲ့တာကို ကြိုသိထားလိုက်….”

“ အေးပါ အေးပါ…”

ဖုန်းကျားကျား ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။ ထိုစဉ် နွှဲ့ရှောင်ဖေ့ သူမ အိုင်ပတ်နှင့် ဒရာမာ ဇာတ်လမ်းတွဲများ ကြည့်ရင်း ဖုန်းကျားကျား ထွက်အလာကို စောင့်ဆိုင်းနေလေသည်။

အိမ်ထဲတွင် ရေချိုးခန်း အများအပြား ပါဝင်သည် ဆိုသော်ငြားလည်း သူမတို့ နှစ်ယောက်မှာ ရေချိုးခန်း တစ်ခုတည်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရသည်ကို နေသားကျနေခဲ့သည်။ ဤသို့ဖြင့် သူမတို့ ရေချိုးခန်း တစ်ခန်းတည်းကိုသာ သန့်ရှင်းရေး ပြုလုပ်ရန် လိုအပ်ပေမည်။

တစ်နာရီကျော် ကြာပြီးနောက် နွှဲ့ရှောင်ဖေ့လည်း ဒရာမာ ဇာတ်လမ်းတွဲ နှစ်ပုဒ် ကြည့်ပြီးသွားခဲ့၏။ ရုတ်ချည်းဆိုသလိုပဲ သူမ ရေချိုးခန်းထဲမှ ထိတိလန့်တကြား အာခေါင်ခြစ်အော်သံကို ကြားလိုက်ရလေသည်။

“ ဘာဖြစ်တာလဲ… နင် ပိုးဟပ်တွေ့လို့လား…”

“ မဟုတ်ဘူး မဟုတ်ဘူး… နင် မြန်မြန်လာခဲ့..” ဖုန်းကျားကျား အော်ပြောလိုက်သည်။

နွှဲ့ရှောင်ဖေ့ ရေချိုးခန်းထဲ အပြေးဝင်သွားခဲ့ပြီး ဖုန်းကျားကျား တဘက် ပတ်ထားသည်ကို အရင်ဆုံး မြင်တွေ့လိုက်ရသည်။ ထို့ပြင် သူမကိုလည်း သရဲတစ္ဆေ မြင်တွေ့လိုက်ရသည့် အမူအရာဖြင့် ကြည့်ရှုနေလေသည်။

နွှဲ့ရှောင်ဖေ့ သူမကို အထက်အောက် သုံးလေးကြိမ်ခန့် ကြည့်လိုက်ပြီး သူမ၏ အခင်ဆုံး သူငယ်ချင်းမှာ ဘာမျှ ထူးထူးခြားခြား ပြောင်းလဲသွားဟန်လည်း မပေါ်ပေ။ အကုန် ခြေကောင်းလက်ကောင်းကြီးပင်။

“ ဘာလို့ အဲ့လောက်တောင် ရှော့ခ်ရနေတာလဲ… နင့်ကြည့်ရတာလည်း ခြေကောင်းလက်ကောင်းကြီးနဲ့ပါ…”

“ မဟုတ်ဘူ…. ငါ့ မေးစေ့ကို သေချာကြည့်လိုက်…”

“ လှပါတယ်.. ဘာဖြစ်လို့လဲ…”

“ ဝက်ခြံတွေ မရှိတော့ဘူးလေ… နင်ကလည်း…”

“ ဟင်..” ဖုန်းကျားကျား၏ စကားကို ကြားတော့မှ နွှဲ့ရှောင်ဖေ့ သူမ သူငယ်ချင်း၏ ဝက်ခြံဖုများ မရှိတော့သည်ကို သေချာ သတိထားမိသွားခဲ့သည်။

သူမတို့ မနက်ပိုင်း လမ်းလျှောက်လာစဉ်တုန်းကပင် ထို ဝက်ခြံဖုကို ရန်တွေ့နေခဲ့သေး၏။

ရက်ပေါင်းများစွာ နေ့ည မရပ်မနား ရှုတင် ရိုက်ပြီးနောက် သူမ၏ ဟော်မုန်းများလည်း ခြေကုန်လက်ပန်း ကျသွားခဲ့ကာ မေးတွင် ဝက်ခြံဖု နှစ်ခု ထွက်ပေါ်လာသည်။

သို့သော်လည်း ယခု ရေချိုးပြီးနောက် ဝက်ခြံဖုများက မှော်ဆန်ဆန် ပျောက်ကွယ်သွားခဲ့တော့သည်။

ရှိခဲ့ဖူးသည်ဆိုသည့် အရိပ်အယောင်လေးပင် ကျန်ရှိမနေချေ။ အစကတည်းက မရှိခဲ့ဖူးသကဲ့သို့ ချောမွတ်နေတော့၏။

ထိုမျှမကသေးပဲ သူမ၏ အသားအရေသည်ပင် ပို၍ ကောင်းမွန်လာဟန် ရ၏။

All Chapters