← Chapters

နောက်တစ်ကြိမ် မြည်းကြည့်ကြမယ်

Vol. 71 Ch. 1064

နောက်တစ်ကြိမ် မြည်းကြည့်ကြမယ်

Vol. 71 Ch. 1064

“ ဒါ ... လုံးဝ မဖြစ်နိုင်ဘူးလေ…” နွှဲ့ရှောင်ဖေ့ အနည်းငယ် ရယ်စရာ ကောင်းသည်ဟု ခံစားနေရသည်။

“ တကယ်လို့ အဲ့တာကသာ အကြောင်းပြချက် ဆိုရင် ဘာကြောင့် နင်က ပျောက်သွားပြီး ငါကျတဲ့ မပျောက်တာလဲတဲ့… “

“ နင်က အရမ်းတုံးအတာပဲ…” ဖုန်းကျားကျား ပြောလိုက်ပြီး “ နင်က အသီး တစ်ခုလုံးမှာမှ နှစ်ကိုက်လေးတည်း ကိုက်တာလေ.. ကျန်တာ ငါ အကုန် စားပစ်တာကိုး…အဲ့တာကြောင့် ငါ့ကိုယ်ပေါ်မှာ နင့်ထက်ပိုပြီး အလုပ်ဖြစ်သွားတာ နေမှာပေါ့…”

“ ဒါ….”

နွှဲ့ရှောင်ဖေ့ ယုံကြည်ရန် ငြင်းဆန် နေဆဲဖြစ်ပြီး “ ငါတော့ မဖြစ်နိုင်ဘူးလို့ ထင်နေသေးတုန်းပဲ… ငါတို့ မက်မွန်သီး စားပြီးတာတောင် တစ်နာရီလောက်ပဲ ရှိသေးတယ်လေ…‌ အာနိသင်ပြတာ နည်းနည်းလေး မြန်လွန်းမနေဘူးလား… ဆေးသောက်ပြီး ဝက်ခြံခရင် လိမ်းရင်တောင် ဒီလောက်ထိ အာနိသင် မကောင်းနိုင်ဘူး…”

“ ကဲ... ဒါဆို နင် ဒါကို ဘယ်လို ရှင်းပြမလဲ…”

ဖုန်းကျားကျား ပြောလိုက်ပြီး “ ငါ့ မေးကိုပွတ်ကြည့်လိုက်… ငါ့အသားအရည်ဆို အရမ်းကို ချောမွေ့နေတာနော်… “

ဤတစ်ကြိမ်တွင်တော့ နွှဲ့ရှောင်ဖေ့လည်း မည်သို့ ရှင်းပြရမှန်း မသိ ဖြစ်နေတော့၏။

ဤသည်က အမှန်ပင် အနည်းငယ် မှော်ဆန်နေသည်။

သူမ နားလည်နိုင်သည်ထက်ပင် ကျော်လွန်နေတော့၏။

“ ရှောင်ဖေ့… ငါ့မှာ ရဲတင်းတဲ့ အကြံတစ်ခု ရှိတယ်…”

“ ပြော…”

“ နောက်တစ်လုံး ထပ်ဝယ်ကြည့်ကြစို့…. လျှော့ဈေးမရနိုင်ဘူးဆိုရင်တောင် ယွမ် တစ်ထောင်လေးပဲဟာ… ငါတို့ တတ်နိုင်ပါတယ်.. နင်စားပြီးလို့ နင့်ဝက်ခြံတွေ ပျောက်သွားခဲ့မယ်ဆိုရင် သဘောက တကယ်ကြီး မက်မွန်သီးကြောင့်ဆိုတာ သေချာသွားပြီလေ…”

“ ဒီလိုလည်း ကောင်းသားပဲ…”

နွှဲ့ရှောင်ဖေ့ ဖုန်းကျားကျား၏ အကြံပြုချက်ကို သဘောတူညီလိုက်သည်။

သူမတို့က ဝန်ထမ်းများ ဖြစ်ကြသော်လည်း ဝင်ငွေကတော့ မဆိုးကောင်းမွန် ရှိလှသည်။

မက်မွန်သီး တစ်လုံးကို ယွမ်တစ်ထောင်ပေး၍ ဝယ်မည် ဆိုသည်က ကြားရသည်သာ ယုတ္တိမတန်သလို ရှိသော်လည်းပဲ ၎င်း၏ စစ်မှန်မှုကို စမ်းသပ်ကြည့်ရန်တော့ ထိုက်တန်လေသည်။ အာနိသင် မရှိလျှင်ပင် အရသာက အလွန်ရှိနေသည် မဟုတ်ပါလား။

ထို့ပြင် အလှကုန် ပစ္စည်းများ၏ ဈေးနှုန်းကလည်း ထို အသီးများထက် ဈေးကြီးလွန်းနေသေးသည်။

“ မြန်မြန် အဝတ်စား လဲထားတော့… ခု ချက်ချင်း သွားကြမယ်…”

“ နင်ကလည်း လောမနေစမ်းပါနဲ့ အသီးက အရမ်း ဈေးကြီးတာဆိုတော့ လူတွေ သိပ်ဝယ်စားကြမှာ မဟုတ်ဘူး… ဘယ်သူမှ ငါတို့လက်ထဲက မလုပါဘူးဟယ်…”

ဖုန်းကျားကျားနှင့် နွှဲ့ရှောင်ဖေ့ ထွက်ခွာသွားပြီးနောက် မည်သည့် ဖောက်သည်ကမျှ လင်းရီ အနား ချဉ်းကပ်လာပြီး ဈေးမမေးကြတော့ချေ။

သို့သော်လည်းပဲ လူတော်တော်များများကတော့ သူသဟိုင်၏ ဟင်းသီးဟင်းရွက်များကို လာလာမေးကြလေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က စိမ်းစိုလတ်ဆတ်နေပြီး လှလည်း လှနေသောကြောင့်ဖြစ်၏။

သူသဟိုင်၏ သွင်ပြင်က ရိုးသားမည့် ရွာသားကြီး ပုံစံပင်။ လူတော်တော်များများကလည်း သူရောင်းသည့် ဟင်းသီးဟင်းရွက်များက ကျန်းမာရေးနှင့် ညီညွှတ်ကြောင်း ယုံကြည်ကြ၏။

ထိုအထဲ တော်တော်များက ဂျေးများပြီး မောက်မာကြပါသော်လည်း လူ့လောကတွင် နှစ်လေးဆယ်ကျော် နေထိုင်လာပြီး လူတွေအကြောင်း နှောကြေနေသည့် သူသဟိုင်အဖို့တော့ ၎င်းတို့ မျက်လုံးထဲရှိ အထင်သေးသည့် အကြည့်တို့က သူ့အတွက် ဘာမျှ မဟုတ်တော့ချေ။

မည်သို့ပင်ဖြစ်စေ သူ့ပစ္စည်းများ၏ ဈေးနှုန်းက ကောင်တီတွင် ရောင်းချသည်ထက် နှစ်ဆ ရရှိနေသောကြောင့် သူ ယနေ့တွင်တော့ တော်တော်လေး ငွေပေါ်လိုက်နိုင်ပြီဟု ပြော၍ရသည်။

ဆန့်ကျင်ဘက် လင်းရီ၏ အသီးဆိုင်လေးကတော့ တစ္ဆေတွေ ခြောက်လို့နေသည်။ သို့ပေမယ့်လည်း ထိန်းမနိုင်သိမ်းမရ ကြမ်းတမ်းလာမလေအောင် ရူပါနှင့် ထိန်းထားသောကြောင့် တစ်ခါတစ်ရံ ဈေးလာမေးမြန်းသူ မိန်းကလေးများ ရှိကြသည်။

သို့သော် ဈေးနှုန်းကို ကြားပြီးနောက် သူမတို့၏ နှုတ်ခမ်းများကို ရွံရှာစက်ဆုပ်နေဟန်ဖြင့် တွန့်ကွေးတက်သွားကြ၏။

သူတို့အားလုံး လင်းရီကို လူကောင်းတစ်ယောက် မဟုတ်ဟု ခံစားနေကြရသည်။

ကီလိုဝက်ကို ယွမ် ၂,၅၀၀ ဟုတ်လား… ဒီကောင် ဘာတွေ စဉ်းစားနေတာလဲ… သူထင်နေတာ လူချမ်းသာတွေ အိတ်ကပ်ထဲက ပိုက်ဆံက လေထဲ ထွက်လာတယ်လို့များ ထင်နေတာလား…

လင်းရီကို ဆဲဆို ကြိမ်းမောင်းသွားကြသည့် သူများလည်း တစ်ယောက်တစ်လေ မလွတ်ခဲ့ပေ။

သို့သော်လည်းပဲ သူများကို ဆဲရမည်ဆိုလျှင်တော့ လင်းရီသည်က အသိအမှတ်ပြု လက်မှတ်ရ ဆရာကြီး တစ်ဦး ဖြစ်နေလေသည်။ နောက်ဆုံးတွင် လင်းရီ၏ တရစပ် ထိုးစစ်ဆင်မှုများအောက်၌ အရှုံးပေးသွားခဲ့ကြရစမြဲ ဖြစ်၏။

ထန်ချိန် အိမ်ယာ၏ လုံခြုံရေး အခန်းထဲတွင်။

အပြာရောင် ယူနီဖောင်းနှင့် သက်လတ်ပိုင်း လူကြိး တစ်ဦး ခါးတွင် ဝေါ်ကီတော်ကီကြီး ချိတ်ထားပြီး ဖုန်းဖြင့် ဂိမ်းကစားနေသည်။

သူ၏ မျက်နှာအမူအရာသည်လည်း ရှေ့တန်း ဝင်နေရသည့် စစ်သူကြီးကဲ့သို့ တန်းမာခက်ထန်နေလေသည်။

“ ယီးပဲ… မင်း စောက်ဆင့်မှ အားမနာ… ရှေ့ကိုတက်လေ… ယီးမို့ နောက်ပြန်ပြေးတာလား..” “ ခေါင်းဆောင်ဝမ်… ခင်များ သိပ်ခေါင်းမမာပါနဲ့လား… ခင်များ မန်နာ မရှိပဲနဲ့ ရှေ့ဆက်တိုးနေတယ်ဆိုတော့ သေလမ်းရှာနေတာလား…” သူ့နောက်ရှိ လုံခြုံရေးဝန်ထမ်း ကောင်လေး တစ်ဦးမှ ပြောလိုက်သည်။

“ ယီးပဲ… မင်းတို့ သောက်ကြောက်တွေ.. ငါ့ ကြယ်တစ်လုံးလျော့ရင် မင်းတို့ကောင်တွေဆီက ယွမ်တစ်ရာဖြတ်မယ်…”

ကလင် ကလင် ကလင်…

ထိုအခိုက်အတန့်တွင် စားပွဲပေါ်ရှိ ဖုန်းသံ မြည်လာလေသည်။ လုံခြုံရေး ခေါင်းဆောင်မှ ကောက်ကိုင်လိုက်၏။ သူ ကစားနေသည့် ဂိမ်းကိုတော့ နည်းနည်းလေးမှ အရေး မစိုက်တော့ချေ။

“ ဟယ်လို ထန်ချိန် ပထမတန်းစား အိမ်ယာ လုံခြုံရေး အခန်းက ဖုန်းပြောနေပါတယ်…” “ မင်းတို့ သူတောင်းစားတွေ… ဒီမှာ လယ်သမား နှစ်ယောက် ဝင်ပေါက်ဝမှာ အသီး‌တွေ လာရောင်းနေတာကို မင်းတို့ စောက်လုံးက ကန်းနေကြတာလား.. ဒါရောင်းသင့်တဲ့ နေရာလား… ဈေးလား..” ကွန်ပလိန်း တက်လာသူကတော့ လင်းရီနှင့် လောလောလတ်လတ်လေးမှ အပြိုင်ဆဲပြီး အလံဖြူပြသွားသည့် အမျိုးသား တစ်ဦးဖြစ်၏။

လင်းရီ၏ စကားလုံးများက ရင်ဘက်ထဲထိ တတိတိ ထိမှန်လွန်းနေခဲ့ကာ ရူးသွပ်သွားစေခဲ့ပြီး လုံခြုံရေး အစောင့်များကို ကိုင်တွယ်စေရန် ဖုန်းဆက်လိုက်တော့သည်။

“ တစ်ယောက်ယောက်က ဒီမှာ အသီးတွေ လာရောင်းနေတယ် ဟုတ်လားဆရာ…”

“ မှန်တယ်.. ငါ ပြန်လာတော့ တွေ့ခဲ့တာပဲ… သူတို့က အသီးတွေ ရောင်းရုံတင် မဟုတ်ဘူးကွ… ဟင်းသီး ဟင်းရွက်တွေပါ ခင်းရောင်းနေတာ… ငါတို့ရပ်ကွက်ရဲ့ အဆင့်အတန်းကို လာဆွဲချနေတာပဲ…”

“ ဟုတ်ပါပြီဆရာ ဟုတ်ပါပြီ… ကျွန်တော်တို့ နားလည်ပါပြီ… ကျေးဇူးပြုပြီး ခဏ စောင့်ပေးပါ… ကျွန်တော်တို့ ဒီကိစ္စ ချက်ချင်း ကိုင်တွယ်လိုက်ပါ့မယ်…” ဖုန်းချပြီးနောက် လုံခြုံရေး အဖွဲ့ ခေါင်းဆောင်မှ သူ့ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။

“ ကောင်းပြီ.. ကောင်လေးတို့.. ဆော့နေတာ ရပ်လို့ရပြီ… ခုလေးတင် နေထိုင်သူ တစ်ယောက် ကွန်ပလိန်းတက်လာတယ်… အပေါက်ဝမှာ ဟင်းသီးဟင်းရွက်သည်နဲ့ အသီးသည် ရောက်နေတယ်တဲ့… ဘာဖြစ်နေလဲ သွားကြည့်ကြစမ်းကွာ…”

“ ကျွန်တော်တို့ ထန်ချိန် အိမ်ယာ ဝင်ပေါက်ဝမှာ အသီးအရွက်တွေ လာရောင်းနေတယ်… ဒါ အသစ်အဆန်းပဲ…”

“ ငါကြားတာတော့ လယ်သမား နှစ်ယောက်ဆိုပဲ.. သူတို့ ဒီက စည်းမျဉ်းတွေအကြောင်း နားမလည်လို့ နေမှာပေါ့… ဒီတော့ သွားမောင်းထုတ်လိုက်ကြစမ်းကွာ….”

“ သွားစို့… တစ်ချက် သွားကြည့်ကြမယ်…”

လုံခြုံရေး အဖွဲ့ခေါင်းဆောင်မှ သူ့လူများကို ဦးဆောင်၍ အဆောက်အဦးအပြင်ဘက်သို့ ထွက်ပြီး အပေါက်ဝသို့ သွား၍ အခြေအနေကို စစ်ဆေးကြည့်ရန် ဟန်ပြင်လိုက်သည်။

သို့သော် သူ အပေါက်ဝသို့ ရောက်သည်နှင့် အဖြူရောင် ဆာဂီတာ ကားတစ်စင်း ချဉ်းကပ်လာသည်ကို လှမ်းမြင်လိုက်ရလေသည်။

“ အဲ့ဒါ မန်နေဂျာကျန်းရဲ့ ကားမဟုတ်ဘူးလား…”

လုံခြုံရေး အဖွဲ့ခေါင်း‌ဆောင် ပြောသွားသည့် မန်နေဂျာ ကျန်း ဆိုသူက ကျန်းချင်ရှန်းပင် ဖြစ်သည်။

သူက ထန်ချိန် အိမ်ယာ၏ မြေရာ စီမံရေး မန်နေဂျာ တစ်ဦးဖြစ်ပြီး လုံခြုံအရေး အသင်းပေါ် တိုက်ရိုက် အာဏာ သက်ရောက်သူ တစ်ဦးဟုလည်း ခေါ်ဆိုနိုင်သည်။

ထို့နောက် တံခါး ပွင့်လာခဲ့ပြီး ကျန်းချင်ရှန်း ကား အပြင်သို့ ထွက်လာခဲံ၏။

“ ဘယ်သွားကြမလို့တုန်းကွ… မင်းတို့ကောင်တွေ ကြည့်ရတာ အလျင်လိုနေသလိုပဲ..”

“ ရပ်ကွက်နေထိုင်သူတွေ ဆီကနေ ကွန်ပလိန်းတက်တဲ့ အသံ ကြားလို့ပါ မန်နေဂျာကျန်း… ကျုပ်တို့ ဂိတ်နားလေးမှာ လယ်သမားနှစ်ယောက် သူတို့ ပစ္စည်းတွေ လာချရောင်းနေကြတယ်တဲ့.. မန်နေဂျာကျန်းလည်း ဝင်လာတုန်းက မြင်ပြီးရောပေါ့.. အဲ့တာ ကျုပ်တို့ အခုပဲ သွားပြီး ဖြေရှင်းတော့မလို့… ဒီကောင်တွေ တယ်လည်း သတ္တိကောင်းကြတဲ့ကောင်တွေ….”

“ ငါ့ရေပြွတ်ကို ဖြေရှင်းမှာလား… သွားပြီး ကိုယ့်နေရာကိုယ် ပြန်နေကြ…” ကျန်းချင်ရှန်း ပြောလိုက်ပြီး “ ခုလေးတင် ကုမ္ပဏီရဲ့ ထောက်ပို့ ဌာနက ငါ့ဆီ ဖုန်းဝင်လာတယ်… ဂိတ်ပေါက်ဝနား အသီးရောင်းနေတဲ့သူက ကုမ္ပဏီ စီအီးအိုရဲ့ သူငယ်ချင်းတဲ့… စီအီးအိုကိုယ်တိုင် အသိပေးလာတာနော်… မင်းတို့ သူ့ကို တစ်ခုခု လုပ်ရဲရင် ချက်ချင်း အထုပ်အပိုးပြင်ပြီးသာ ဂျောင်းလိုက်တော့…”

“ ဟမ်… စီအီးအိုရဲ့ သူငယ်ချင်း ဟုတ်လား….”

လုံခြုံရေး အစောင့် သုံးဦးလုံးမှ ရှော့ခ်ရသွားခဲ့ကြတော့၏။

“ မန်နေဂျာကျန်း… ခင်များ ကျုပ်တို့ကို လာနောက်နေတာလား… ကျုပ်တို့ စီအီးအိုက ကျိုးဟိုင်မှာ နာမည်ကြီးတိုင်ကွန်းကြီး တစ်ယောက်လေ… လယ်သမား နှစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး မိတ်ဆွေ ဖြစ်နေနိုင်မှာတုန်းဗျ…”

“ ငါလည်း အဲ့တာကို နားမလည်ဘူး ဖြစ်နေတာ… ဒါပေမယ့် အထက်ကတော့ အဲ့လို ပြောလာတာပဲ… ဘာပဲဖြစ်ဖြစ် ဒီကိစ္စ ဝင်မပါနဲ့တော့… မသိချင်ယောင် ဆောင်နေလိုက်… “ ကျန်းချင်ရှန်း ပြောလိုက်ပြီး “ တကယ်လို့ ရပ်ကွက်ထဲ တစ်ယောက်ယောက်က မကျေနပ်ဘူးဆိုရင် သူတို့ကို တိုက်ရိုက်သာ ရှင်းပြလိုက်… တကယ်လို့ သူတို့နေချင်ရင် နေကြ.. မနေချင်ဘူးဆိုလည်း ထွက်သွားကြလိမ့်မယ်.. ကုန်ကုန်ပြောမယ်ကွာ… စီအီးအိုရဲ့ သူငယ်ချင်းဆိုတဲ့သူရဲ့ စီးပွားရေးကိုသာ သွားမနှောင့်ယှက်နဲ့… ကြားတယ်နော်…”

“ ကောင်းကင်ဘုံရေ… ထူးဆန်းတဲ့ ကိစ္စတွေ နှစ်တိုင်း ဖြစ်နေကြပါဟ… ဘာလို့ ဒီနှစ်ကျမှ ပိုပြီး များနေရတာတုန်း… သူတို့ ထန်းချိန် ဂိတ်ပေါက်ဝမှာ ဈေးလာရောင်းနေရဲတာ မဆန်းတော့ပါဘူး… လက်စသတ်တော့ စီအီးအိုရဲ့ သူငယ်ချင်း ဖြစ်နေတာကိုး…” “ မှန်တယ်.. ငါလည်း ကြားကြားချင်း လက်ခံနိုင်ဖို့ တော်တော်လေး အချိန်ယူလိုက်ရတယ်…”

“ ကျုပ် အပြင်ထွက်ကြည့်လိုက်ဦးမယ်ဗျာ… စီအီးအိုရဲ့ သူငယ်ချင်းက ဂျိုနဲ့လားပေါ့….”

သိချင်စိတ် ပြင်းပြစွာဖြင့် ခေါင်းဆောင်၀မ်မှ သူ့လက်အောက်ငယ်သား နှစ်ယောက်ကို အပေါက်ဝသို့ ခေါ်ဆောင်သွားပြီး အဝေးတစ်နေရာမှ လှမ်းကြည့်လိုက်သည်။

“ သောက်ကျိုးနည်း… အသီး ကီလိုဝက်ကို ယွမ် ၂,၅၀၀ … ရွှေနဲ့များ လုပ်ထားနေလို့လား ဘုရားဘုရား…”

ခေါင်းဆောင်၀မ်မှ လင်းရီ ရောင်းချနေသည့် ဈေးနှုန်းကို သိလိုက်ရတော့ အလွန်ပင် အံ့အားတကြီး ဖြစ်သွားခဲ့တော့သည်။

“ ကျွန်တော်တော့ သူ ရူးနေပြီလို့ ထင်တယ်… ထန်းချိန် အိမ်ယာက ပိုင်ရှင်တွေအကုန်လုံးက ကျိကျိတက်တက် ချမ်းသာကြလို့ ဒီနေရာမှာ ဒီဈေးနဲ့ လာရောင်းတာ ဖြစ်လိမ့်မယ်…”

“ တော်ပြီ တော်ပြီ… ပေါက်တတ်ကရတွေ မပြောနဲ့တော့… မြန်မြန် အလုပ်ပြန်လုပ်ကြတော့….” ကျန်းချင်ရှန်း ပြောလိုက်၏။

“ အသီးလေးတွေက တော်တော်လေးတော့ ကောင်းမယ့်ပုံပဲနော်.. ဒါပေမယ့် ဈေးက ကီလိုဝက်တောင် ယွမ် ၂,၅၀၀ ဖြစ်နေတာ ဆိုးတာပဲ… သာမန်လူတွေ ဘယ်လိုမှ ဝယ်စားနိုင်မှာ မဟုတ်ဘူး…”

“ တကယ်ကြီး ရယ်စရာကောင်းလောက်အောင် ဈေးကြီးလွန်းတယ်… ငါ နားကို မလည်နိုင်တော့ဘူး… ကြည့်ရတာတော့ ငါလည်း သာမန်လူဖြစ်နေလို့ ထင်တာပဲ…”

“ အဓိပ္ပာယ် မရှိတာ… ငါ့ ယောက္ခမကြီးက သီးပင်တွေ စိုက်ပျိုးတာကွ.. ကီလိုဝက်ကို ယွမ် ၂၀ ဆိုရင်တောင် တော်တော်များနေပြီ..” ခေါင်းဆောင်၀မ်မှ ရှင်းပြလိုက်ရင်း “ ငါ့အထင် ဗျူရိုကလူတွေ မကြာခင် ဒီလူကို လာဖမ်းကြလောက်တယ်…”

ခရိခ်....

ခေါင်းဆောင်၀မ်၏ စကားဆုံသည်နှင့် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဗျူရို၏ ဥပဒေ ထိန်းသိမ်းရေး ကားတစ်စီး အပေါက်ဝနှင့် မနီးမဝေး၌ ထိုးရပ်လိုက်သည်ကို အားလုံး မြင်တွေ့လိုက်ကြရသည်။

All Chapters