← Chapters

ငါတို့က သူနဲ့ အဆင့်အတန်းချင်း တူသာ မဟုတ်ဘူး

Vol. 71 Ch. 1065

ငါတို့က သူနဲ့ အဆင့်အတန်းချင်း တူသာ မဟုတ်ဘူး

Vol. 71 Ch. 1065

“ မင်းရဲ့ သောက်ကျိုးနည်း စီးတဲ့ ပါးစပ်ကို ကြည့်စမ်း.. ပြောပြီးတာနဲ့ တန်းဖြစ်တော့တာပဲ..” ကျန်းချင်းရှန် ပြောလိုက်သည်။

“ ကျုပ်တို့ သွားပြီး ရှင်းပြပေးကြမလား…. ဒါက ကျုပ်တို့ရဲ့ ပိုင်နက်ပဲလေ… သူတို့ ဈေးရောင်းခွင့် ရှိရင် ရောင်းလို့ ရပါတယ်….”

“ ဒါက ဆိုင်ခင်းတာနဲ့ မဆိုင်ဘူး…” ကျန်းချင်းရှန် ပြောလိုက်ပြီး “ သူ ရောင်းနေတဲ့ အသီး ကီလိုဝက်ရဲ့ ပျှမ်းမျှဈေးက ယွမ် ၂,၅၀၀ လေ… စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဗျူရိုက သူ့ကို အဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျိန်းသေပေါက် လာရှာမှာပဲ… ဘာလို့လဲဆိုတော့ လက်ခံနိုင်စရာမှ မရှိတာ….”

“ ကျုပ်တို့ လက်ဝင်လျှိုလို့ မရမှတော့ ကျုပ်တို့ကို အပြစ်တော့ လာမတင်နဲ့ပေါ့..” ခေါင်းဆောင်ဝမ်မှ အပြစ်ကို လင်းရီထံ တွန်းပို့လိုက်သည်။

တစ်ချိန်တည်းတွင် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဗျူရို၏ ကားက ဝင်ပေါက်ဝတွင် ရပ်တန့်လိုက်လေသည်။

သူသဟိုင်နှင့် သူယောင်တို့ အနည်းငယ် သွေးလန့်သွားခဲ့ကြသည်။

“ အစ်ကိုကြီးလင်း.. သူတို့ ညီမတို့ကို လာဖမ်းကြတာလား မသိဘူးနော်..”

လင်းရီ လှမ်းကြည့်လိုက်သည်။

“ ငါ ထင်တာ မမှားရင်တော့ အဲ့လိုနေမှာ…”

“ ငါတို့ ဒီမှာ ဆိုင်ခင်း ရောင်းတာ စည်းကမ်းချိုးဖောက်သလိုမျိုး ဖြစ်သွားလား မသိပါဘူးကွာ… မြန်မြန် ဆိုင်သိမ်းကြစို့… ငါတို့က မှန်နေတာ မဟုတ်ဘူး…. ဒဏ်ကြေး ဘယ်လောက်ကောက်မလဲ သူတို့ အပေါ် လုံးဝ မူတည်သွားပြီ…”

“ ဒဏ်ကြေး မကောက်ပါဘူး အော့ကောကလည်း… ကျုပ် ထန်းချိန်က လူတွေနဲ့ စကားပြောပြီးသွားပါပြီ…. ဒီတော့ သူတို့ လာဝင်ရှုပ်လို့ မရဘူး… ရဲရဲကြီးသာ ဆက်ရောင်း…”

လင်းရီနှင့် သူသဟိုင်တို့ စကားပြောနေစဉ် ကားထဲရှိ လူများကလည်း သူ့ကို အကဲခတ်နေကြ၏။

“ ကပ္ပတိန်… ကျွန်တော်တို့ ဒီရောက်ပြီးနေပြီကို ဘာလို့ ကားထဲမှာပဲ ထိုင်နေသေးဝာာလဲ…”

“ ငါ့ စိတ်ထဲ အသီးရောင်းတဲ့သူနဲ့ နည်းနည်းလေး ရင်းနှီးနေသလားလို့…” ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့် ကပ္ပတိန် ဆိုသူမှ ပြောလိုက်သည်။

“ ရင်းနှီးနေတယ်.. ဟုတ်လား…. ကပ္ပတိန်… ဒါက ကီလိုဝက်ကို ယွမ် ၂,၅၀၀ နဲ့ လိမ်ရိုက်နေတဲ့ ဈေးသည်နော်… ဒါက လူ့အဖွဲ့အစည်းကို သပ်သပ် စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ…”

“ မင်း ဘာသိလို့.. “ ကပ္ပတိန် မျက်မှောင်ကြုတ်နေပြီး “ အဲ့ အသီးရောင်းတဲ့သူက သေချာပေါက် မရိုးရှင်းဘူး..”

ပြောပြီးနောက် ကပ္ပတိန်ဖုန်းဖွင့်ပြီး သူ၏ အထက်လူကြီးထံ ဖုန်းခါ်လိုက်သည်။

“ ဆရာ.. ကျုပ် မေးချင်တာလေး ရှိလို့ပါ…”

“ ဘာလဲမေးမှာ…”

“ ခင်များ လင်းယွင် အုပ်စုရဲ့ ဥက္ကဌလင်းနဲ့ သိတယ်.. ဟုတ်တယ်နော်…”

“ ဟေ့ကောင်… သူ့ကို မသိရင် ငါ ဒီမှာ အလုပ်လုပ်နေတာ အလကား ဖြစ်သွားတော့မှာပေါ့ကွ… ဘာလို့ အဲ့ဒါ လာမေးနေတာ…”

“ ဆရာ့ဆီမှာ ဓာတ်ပုံလေး ဘာလေးများ ရှိမလားလို့ပါ… ကျုပ်ကို ပို့ပေးပါလားလို့…” ကပ္ပတိန် ပြောလိုက်သည်။

“ တစ်စုံတစ်ယောက်က ထန်းချိန် အိမ်ယာ ဝင်ပေါက်ဝမှာ အသီး လာရောင်းနေတယ်လို့ တိုင်တန်းထားတယ်… ပျှမ်းမျှ ဈေးကလည်း တစ်ကီလိုကို ယွမ် ငါးထောင်တဲ့… အဲ့တာနဲ့ ကျုပ်တို့ ကားမောင်းပြီး လာစုံစမ်းကြည့်တော့ အသီးရောင်းတဲ့သူက လင်းယွင် အုပ်စုရဲ့ ဥက္ကဌလင်းနဲ့ နည်းနည်းလေး ဆင်တူနေသလားလို့….”

“ တကယ်… မင်း လာနောက်နေတာတော့ မဟုတ်ဘူးမလား….”

“ ကျုပ်လည်း မသေချာလို့ ဆရာ့ဆီ ဖုန်းဆက်လိုက်တာလေ…. ဆရာ လင်းယွင် အုပ်စုဆီ စာရွက်စာတမ်းတွေ သွားပေးတော့ ကျုပ်လည်း သူ့ကို အမှတ်မထင် တစ်ခေါက် ဆုံခဲ့ဖူးတာပဲ..ဒါပေမယ့် သေချာတော့ မမှတ်မိဘူး.. ဒါကြောင့်မို့ လူမှားမှာ စိုးနေတာ….”

“ ဗွီဒီယိုကော ခေါ်လိုက်ကွာ … ဒါမှ အဲ့လူ ဘယ်လိုပုံရှိလဲ ငါသေချာ ကြည့်လို့ရမှာ…”

“ ကောင်းပါပြီ ဆရာ…”

ကပ္ပတိန်လည်း ဖုန်းချလိုက်ပြီး လင်းရီထံ ကင်မရာချိန်၍ ဗွီဒီယိုကော ခေါ်ဆိုလိုက်၏။

“ သောက်ကျိုးနည်း တကယ်ကြီး ဥက္ကဌလင်းဟ….”

“ ဆရာ မမှားတာတော့ သေချာပါတယ်နော်…”

“ မမှားနိုင်ဘူး… ဥက္ကဌလင်းရဲ့ ရုပ်ရည်က ဒီလောက်ခန့်တာ သူ ပြာဖြစ်သွားရင်တောင် ငါမှတ်မိတယ်…”

“ ကံကောင်းချင်တော့ ကျုပ်တို့ ဘာမှမလုပ်ရသေးတာပဲ… မဟုတ်ရင် ကြီးကြီးမားမားတွေတော့ ဖြစ်ကုန်တော့မှာ…” ကပ္ပတိန် အကယ်၍ ဆိုပြီး အကျိုးဆက်များကို စဉ်းစားကြည့်လိုက်တော့ တုန်ခိုက်သွားခဲ့၏။

“ ဒါပေမယ့် သူက ဒိတ်ဒိတ်ကျဲကြီး မဟုတ်ဘူးလား… ဘာလို့ ဒီလာပြီး အသီးရောင်းနေတာလဲတဲ့.. မရှက်ဘူးလား မသိဘူးနော်….”

“ ဥက္ကဌလင်းက ငါတို့ နားလည်နိုင်တဲ့ လူစားမျိုး မဟုတ်ဘူးကွ… ငါတို့ရဲ့ ဗျူရို လက်ထောက် ခေါင်းဆောင်ဆီကနေ ကြားဖူးတာတော့ ဥက္ကဌလင်း အရင်တုန်းက DIDI လည်း မောင်းသေးတယ်… သူ စားသောက်ဆိုင်တောင် ဖွင့်လိုက်ပါသေးတယ်ဆိုပဲ… ဒီတော့ အသီးတွေ ရောင်းနေတာ မထူးဆန်းတော့ဘူး…”

“ ဆိုတော့ ဒီလိုကိုး….”

“ ကောင်းပြီ… မင်းလည်း ဖင်မှိုတက်အောင် ထိုင်ပဲ မနေနဲ့ဦး.. မြန်မြန်သွားပြီး ဥက္ကဌလင်း မပြန်ခင် နှုတ်ဆက်လိုက်…. သူ့အလုပ် မထိခိုက်အောင်လည်း လုပ်ဦးနော် ဟေ့ကောင်…”

“ စိတ်ချထားလိုက်ဆရာ.. ကျုပ် အခုပဲ သွားလိုက်မယ်…”

ဖုန်းချပြီးနောက် သေဘေးမှ လွတ်မြောက်လာခဲ့သည့်နှယ် ကပ္ပတိန် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။

“ ကပ္ပတိန်… ခင်များပြောလိုက်တာ သူက လင်းယွင် အုပ်စုရဲ့ ဥက္ကဌကြီး ဟုတ်လား…”

“ မှန်တယ်… ဘီလီယမ်နာကြီးကွ… ကံကောင်းတာ ငါတို့ အရမ်းကာရော ဘာမှ မလုပ်ရသေးလို့ပေါ့… “ ထိုသို့ ပြောပြီးနောက် ကပ္ပတိန် အဝတ်အစား သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်လိုက်ကာ “ ဆင်းပြီး တစ်ချက် သွားကြည့်ရအောင်…”

“ အိုကေ….”

ကားထဲမှ လူလေးယောက် ထွက်လာပြီး တစ်ချိန်တည်းတွင် အသီးဆိုင်နား ရှိနေကြသည့် လူအားလုံးလည်း မသိစိတ်မှ အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြ၏။

သူတို့အားလုံး ဤဗျူရို အရာရှိကြီးများက အသီးရောင်းသည့်သူကို လာရောက်ဖမ်းဆီးကြခြင်း ဖြစ်ကြောင်း ခန့်မှန်းထားပြီး ဖြစ်သည်။

ကီလိုဝက်ကို ယွမ် ၂,၅၀၀ နဲ့ ဟုတ်လား… ဟာသပဲ…

သူ့ကို လာမဖမ်းမှပဲ ထူးဆန်းနေလိမ့်မယ်…

သူယောင်ကတော့ အတုန်လှုပ်ဆုံး ဖြစ်နေသည်။ ယခုလို မြင်ကွင်းမျိုးနှင့် သူမ ပထမဆုံးအကြိမ် ရင်ဆိုင် ကြုံတွေ့ဖူးခြင်းဖြစ်၏။

“ အစ်ကိုကြီးလင်း… အဆင်ပြေတာ သေချာပါတယ်နော်…”

“ ရတယ်… ငါ မင်းတို့ အစား ဂရုစိုက်ပေးလိုက်မယ်…”

လင်းရီ အလွန်တည်ငြိမ်နေပြီး မည်သို့မျှ ခံစားမနေရချေ။

သူ အခြား ဘာမျှ မပြောဝံ့သော်လည်း ကျိုးဟိုင်တွင်တော့ မည်သူကမျှ သူ့ကို ဘာမှလုပ်ဝံ့လိမ့်မည် မဟုတ်ချေ။

ဂိတ်အတွင်း၌ ကျန်းချင်ရှန်းနှင့် လုံခြုံရေး အဖွဲ့သားများလည်း အခြေအနေကို စောင့်ကြည့်နေကြလေသည်။

“ မန်နေဂျာကျန်း… ကျုပ်တို့ ဒီကိစ္စကို အထက် သတင်းပို့ဖို့ လိုဦးမလား….”

“ အရင်ဆုံး ဘာဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့… အနည်းဆုံးတော့ ငါတို့ ဖုန်းမဆက်ခင် ဘယ်လို ဖြစ်သွားမလဲ သိနေသင့်တယ်လေ…”

“ သူ ဒဏ်ကြေးကောက်မှာကိုတော့ သေချာပေါက် ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး… ဒါပေမယ့် ထိန်းသိမ်း ခံရမရကတော့ ကျုပ်လည်း မပြောတတ်ဘူး…”

“ ခန့်မှန်းနေတာ ရပ်လိုက်တော့… ဘာဖြစ်မလဲ အရင် စောင့်ကြည့်ကြစို့…”

တစ်ချိန်တည်းတွင် ဥပဒေ ထိန်းသိမ်းရေး ကပ္ပတိန်မှ လင်းရီ ရှေ့ ရောက်ရှိလာလေသည်။

“ မင်္ဂလာပါ ဥက္ကဌလင်း… ကျုပ်က စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဗျူရိုက ကျားလေ့ပါ… စိတ်မရှိရင် ကျုပ်ကို ရှောင်ကျားလို့ ခေါ်လို့ ရပါတယ်…”

“ အာ….”

ထိုမြင်ကွင်းကို မြင်တော့ လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။

‘ ဘာတွေ ဖြစ်နေတာလဲ ‘

အဲ့ဒီ အရာရှိကြီးတွေက တကယ်ကြီး သူ့အပေါ် ချိုသာ ယဉ်ကျေးပြနေကြတယ်… ပြီးတော့ ခေါင်းညိမ့်ပြပြီး ဦးတောင်ညွှတ်လိုက်ကြသေးတယ်...

“ ဘာလို့ ကျုပ်ဆီ ရောက်လာကြတာလဲ….”

“ ဘာမှမဟုတ်ပါဘူး… ကျုပ်တို့ ဒီတိုင်း တစ်ချက် လာကြည့်ရုံတင်ပါ… ဥက္ကဌလင်း တစ်ခုခု လိုအပ်တာများ ရှိသေးလား…. တကယ်လို့ ရှိရင် အားမနာနဲ့ ပြောနော်… ကျုပ်တို့ သေချာပေါက် ကူညီပေးမယ်…”

“ ခင်များတို့က ကြင်နာလွန်းနေပါပြီ… ကျုပ်က ဒီတိုင်း ဟင်းသီးဟင်းရွက်နဲ့ အသီးတစ်ချို့ လာရောင်းနေတာ… ဘာအကူအညီမှ မလိုပါဘူး…”

“ ကောင်းပြီလေ… အကူအညီ မလိုဘူးဆိုရင်လည်း ကျုပ်တို့ အရင် သွားနှင့်တော့မယ်… ဥက္ကဌလင်းရဲ့ စီးပွားရေးကို မနှောင့်ယှက်တော့ပါဘူး…”

“ ကောင်းပြီ.. ဂရုစိုက်ကြပါ…”

“ ဟုတ်ကဲ့ပါ ဥက္ကဌလင်း.. “

တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ပြီးနောက် ကပ္ပတိန်လည်း သူ့လူများကို ကားထဲ ခေါ်ဆောင်ကာ ထွက်ခွာရန် ဟန်ပြင်တော့သည်။

ထန်းချိန် အိမ်ယာ ဝင်ပေါက်ဝတွင်တော့ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်မှုက ကြီးစိုးလို့နေသည်။

လူတိုင်း လင်းရီကို ကြောင်အစွာဖြင့် ငေးကြည့်နေခဲ့ကြ၏။

အသီး ကီလိုဝက်ကို ယွမ် ၂,၅၀၀ နဲ့ ရောင်းနေတယ်.. ဒါကို ဗျူရိုက လာမဖမ်းတဲ့အပြင် ဦးညွှတ်ပြီး ဘာကူညီပေးရမလဲဆိုပြီး လာမေးလိုက်သေးတယ် ဟုတ်လား… သောက်ကျိုးနည်း ကမ္ဘာကြီးရေ… အံ့ဩဖို့ကောင်းလိုက်တာ....

ငါတို့ ဘာကြီးကို မြင်လိုက်ရတာပါလိမ့်…

ဂိတ်အတွင်းတွင် ကျန်းချင်းရှန်နှင့် ခေါင်းဆောင်ဝမ်တို့သည်လည်း အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။

“ ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းလိုက်လဲ… သူက ကျုပ်တို့ စီအီးအိုရဲ့ သူငယ်ချင်း ဖြစ်နေတာ မဆန်းတော့ပါဘူး… သူလည်း သာမန်လူမှ မဟုတ်ပဲကိုး…”

“ သေချာပေါက်ပဲပေါ့…” ကျန်းချင်းရှန် ပြောလိုက်ပြီး “ ကောင်းပြီ.. ဒီမှာပဲ ရပ်ပြီး ဆက်ကြည့်မနေကြနဲ့တော့…. သွားပြီး ကိုယ့်အလုပ်ကိုယ် လုပ်ကြ… ငါတို့က အဲ့လို အာဏာ ရှိတဲ့လူတွေနဲ့ အဆင့်အတန်းချင်း တူတာမဟုတ်ဘူး…”

“ အဓိပ္ပာယ် ရှိတယ်…”

မုန်တိုင်း ခဏ ဝင်ပြီးနောက်တွင်တော့ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားခဲ့လေသည်။

“ ရီလေး… မင်းက တစ်ခုခုတော့ တစ်ခုခုပဲ… ငါ ဒီတစ်ခေါက် ကျိုးဟိုင်ကို လာခဲ့ရတာ အလကား မဖြစ်တော့ဘူး… တော်တော်လေး သင်ယူလိုက်ရပြီ…” သူသဟိုင် ပြောလိုက်သည်။

“ အသေးမွှားလေးပါဗျာ…” လင်းရီ ပြုံးလိုက်ပြီး “ ဘာမှ စိတ်မပူဘဲ ကိုယ့် ပစ္စည်းကိုသာ ရောင်း… ဘယ်သူမှ ကျုပ်တို့ကို လာနှောင့်ယှက်လို့ မရဘူး…”

“ ဟီးဟီး.. အစ်ကိုကြီးလင်းက ညီမတို့ကို ကာကွယ်ပေးနေမှတော့ ဘယ်သူကကော လာနှောင့်ယှက်ရဲတော့မှာလဲ….” သူယောင် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ သူဌေး သူဌေး… ငါ မက်မွန်သီး တစ်လုံး လိုချင်လို့….”

နှစ်ယောက်သား စကားပြောနေစဉ် နွှဲ့ရှောင်ဖေ့ သော့သော့လေး ပြေးလာပြီး ကား၏ စတီးတန်းကြီးများကို ဆုပ်ကိုင်ထားလိုက်သည်။ သူမ အမောစို့နေသည့် လေသံဖြင့် ပြောလိုက်၏။

နွှဲ့ရှောင်ဖေ့နှင့် ဖုန်းကျားကျားတို့ ရောက်လာသည်ကို မြင်တော့ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ မည်သို့ပင်ဆိုစေ သူတို့၏ ဆက်ဆံရေးက ခုနလေးတင် မသာမယာ ဖြစ်ခဲ့သည် မဟုတ်ပါလား။

“ စောနတုန်းက ငါ့ကို လူလိမ်ဆိုပြီး စွပ်စွဲနေတာ မဟုတ်ဘူးလား… ဘာလို့ ငါ့ဆီကနေ ပြန်လာဝယ်ချင်နေရတာ…”

“ ငါခုနတုန်းက စိတ်ခံစားချက် နည်းနည်း ပြင်းထန်သွားလို့ပါနော်… နင်ကလည်း စိတ်ထဲ ထားမနေနဲ့လေ… တောင်းပန်ပါတယ်.. ဟုတ်ပြီလား..” နွှဲ့ရှောင်ဖေ့ ပြောလိုက်၏။

“ တောင်းပန်စရာ မလိုပါဘူး.. ဘာပဲဆိုဆို ကျုပ် ရောင်းတဲ့ ပစ္စည်းကလည်း တကယ့်ကို ဈေးကြီးနေတာပဲလေ… မင်း မမှားပါဘူး..”

“ နားလည်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်….. ဆိုင်ထဲက အကြီးဆုံး အလုံးကို ငါ့ဖို့ ရွေးပေးနော် အစ်ကိုလေး…”

နွှဲ့ရှောင်ဖေ့ အလှဆုံး ပြုံးပြီး ပြောလိုက်သည်။ တစ်ချိန်တည်းတွင် လင်းရီကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။

သူမ စောနတုန်းက ဒေါသထွက်နေ၍သာ သေချာ အနီးကပ် မကြည့်လိုက်ရသော်လည်း ယခု ဂရုစိုက်ပြီး ကြည့်တော့မှ ဤအစ်ကိုလေးသည် သောက်ရမ်း ခန့်ညား တည်ကြည် ကြည့်ကောင်းလှသူ တစ်ဦးဖြစ်ကြောင်း သူမ သတိပြုမိသွားခဲ့လေသည်။

စာစဉ် (၇၁)ပြီး၏။

All Chapters