← Chapters

စစ်မှန်သော နဂါး နန်းတော်။

Vol. 153 Ch. 2130

စစ်မှန်သော နဂါး နန်းတော်။

Vol. 153 Ch. 2130

မိုလီ တစ်ယောက် အကြာကြီး ငြိမ်သက် သွား၏။ သူ့ခွန်အားကို ဖုံးကွယ်ပြီး စစ်မှန်သော နဂါးလမ်း ချန်ပီယံ ဖြစ်ရန် မျှော်လင့်သည်။

ချောင်ယန်မှ ပြုံးသည်။ မိုလီ အမူအရာကို မြင်ရသည်မှာ သဘာဝအတိုင်း ပျော်ရွှင် စေ၏။ ကမ္ဘာပေါ်ရှိ လူတိုင်းကို လူမိုက်များဟု ထင်ကာ သွေးနထင် ရောက်နေသူ ဖြစ်သည်။

“ ယဲ့ချင်းရှန်ကို လျှော့တွက်လို့ မရဘူး။ ”

မိုလီ တစ်ယောက် ပြန်လည် ငြိမ်သက် သွားကာ ရေခဲလျှပ်စီး သူတော်စင် သစ်သီးကို သိမ်းဆည်းလိုက်သည်။

“ တကယ်တော့ အဲဒီလူကို လျှော့တွက်လို့ မရသလို၊ ဘယ်သူ့ကိုမှ လျော့တွက်လို့ မရဘူး၊ လူတိုင်းက ဒီနေရာ ကနေ အကျိုးအမြတ်ကို ရယူလိုကြမယ်၊ သတိ မထားရင် ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ နိုင်တယ်။ ”

“ အမှန်ပဲ ... မင်းမှာ ရှောင်ဟုန်ဖေးနဲ့ ဖန်ဟွာရှင်း တို့လို ... ပြိုင်ဘက်တွေလည်း ရှိသေးတယ်။ ”

ချောင်ယန်မှ ပြုံးကာ သတိပေးလိုက်သည်။

“ မင်းငါ့ကို လျှော့တွက်နေတယ်၊ ငါ့ ပြိုင်ဘက် တွေက ကောင်းကင် ကိုးလမ်းရဲ့ ချန်ပီယံတွေပဲ၊ စစ်မှန်သော နဂါး လျှို့ဝှက် နယ်မြေ ဆိုတာက ... စမ်းချောင်းလေး တစ်ခုပါ။ ”

မိုလီက ဂုဏ်ယူ ဝင့်ကြွားစွာ ပြောကြား လိုက်သည်။ သည့်နောက် နှစ်ယောက်သား ဆက်လက် ထွက်ခွာ လာခဲ့၏။

မိုလီ ပြောသည်မှာ မှန်ချေသည်။ လင်းယွန်သည် ကြေးဝါ အခန်းထဲမှ ထွက်ခွာ မသွားဘဲ အက်ကြောင်းကို ရည်ရွယ်ချက် ရှိရှိ ဖန်တီးလိုက်ခြင်း ဖြစ်၏။

“ ဧကရီ၊ ငွေရောင် ခေါင်းတလား ထဲမှာ ဘာတွေ့လဲ။ ”

လင်းယွန်က မေးသည်။

“ ဒါက ... မြင့်မြတ်တဲ့ ခေါင်းတလားပဲ၊ ထာဝရ သူတော်စင် ခေါင်းတလားလို့ ခေါ်တယ်၊ ဝိညာဉ် နတ်မိစ္ဆာ မိသားစုက သူတို့ရဲ့ ခန္ဓာကိုယ် သက်တမ်း ကျော်လွန်သွားတဲ့ အချိန်မှာ ခန္ဓာ အသစ်ကို မတွေ့မချင်း ... ဒီထဲမှာ ဝင်နေ ကြတယ်။ ”

ငွေခေါင်းတလားသည် ခိုင်မာသော ဇာတ်ကြောင်း ရှိချေပြီ။ သို့သော် လင်းယွန် အတွက် အသုံး မဝင်ချေ။

“ ဆိုလိုတာက သက်တမ်းကုန်သွားတဲ့ လူတွေသာ ဒီနတ်ခေါင်းတလားကို သုံးနိုင်တယ် အဲဒီလို မဟုတ်လား။ ”

လင်းယွန်က မေးလိုက်သည်၊

“ မှန်တယ် နင့်အတွက် အသုံးမဝင်ပေမယ့် လိုအပ်သူတွေ အတွက် ရတနာ တစ်ပါးပဲ၊ တစ်စုံ တစ်ဦးက သက်တမ်းကို တိုးပေးနိုင်တဲ့ အရာ တစ်ခု မရမချင်း၊ အထဲမှာ နေနိုင်တယ်၊ အောင်မြင်မှုတွေ ဖန်တီး နိုင်တယ်။ ”

“ ဒါဆို ငါ လိုအပ်လာနိုင်မလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ ”

လင်းယွန်က ပြုံးလိုက်သည်။ ထာဝရ သူတော်စင် ခေါင်းတလား၊ နဂါး လက်ကောက်၊ မွေးရာပါ သူတော်စင် သစ်သီး၊ သူတော်စင် ဆေးပင် အချို့နှင့်၊ ဘုန်းဝိညာဉ် သုံးပါး မိုးကြိုး လိပ်နက် သံကြိုးတို့ ရှိလာပြီ ဖြစ်၏။

ထိုရိတ်သိမ်းနိုင်မှုသည် ကောင်းကင်ကို အံတုနေပြီ ဖြစ်သည်။ မျက်မြင် မဟုတ်ပါသော် မည်သူမျှ ယုံမည် မဟုတ်ချေ။

“ ဧကရီ၊ ဒီသူတော်စင် အသီးက ငါ့ကို အမည်ခံ သူတော်စင် နယ်မြေ ရောက်အောင် ကူညီပေး နိုင်မလား။ ”

“ အခွင့်အလမ်း များတယ်။ ”

“ နားလည်ပြီ။ ”

လေးနာရီကြာပြီးနောက် မြေအောက် နန်းတော်မှ ထွက်ခွာပြီး အဝေးရှိ တောင်ကုန်း ပေါ်သို့ ဦးတည် ပျံသန်းလိုက်သည်။

အောက်ဘက်တွင် ပြင်းထန်သော တိုက်ပွဲများနှင့် အတူ စိမ်းလန်း စိုပြေသော တောင်ကြား လွင်ပြင် တစ်ခုရှိ၏။

လူခုနစ်ယောက်သည် ဓားသမား တစ်ယောက်ကို တိုက်ခိုက် နေပြီး၊ ဓားသမား၏ သူ့အဖော်မှာ ဘေးတွင် လဲကျနေသည်။

“ ဖန်ရှောက်လင် ... မင်းကို သူတော်စင် ဆေးပင် ပေးထားပြီးပြီ၊ ဒါဆို မင်း ဒီလောက် အထိ လုပ်ဖို့ လိုသေးလား။ ”

ဓားသမားက အော်ငေါက် လိုက်သည်။ ၎င်းသည် ဓားဂိုဏ်း၏ ကုန်းစွန်းယန်ဖြစ်ပြီး မြေပြင်ပေါ် လဲလျောင်း နေသူမှာ ဓားရူး ကျောက်ယန် ဖြစ်၏။

လူခုနစ်ယောက်၏ ခေါင်းဆောင် လူငယ်က ပြုံးပြီး၊

“ ငါလွန်တော့ ဘာလုပ်မလဲ၊ လျှို့ဝှက် နယ်မြေ ဆိုတာ တောတွင်း ဥပဒေ ဖြစ်တယ်၊ မင်း အားနည်းရင် သေမယ်၊ ဒါကြောင့် မင်းရဲ့ ဓားဂိုဏ်း ကိုသာ အပြစ်တင်ပါ၊ ...

... တန်ခိုးကြီးတဲ့ ဂိုဏ်းလေး တစ်ဂိုဏ်းက .. ငါတို့လို မြင့်မြတ်မြေတွေကို ရင်ဆိုင်ဝံ့သလား၊ စိတ်တော်င မကူးနဲ့။ ”

-ဟု လှောင်ပြောင် ပြောကြားလိုက်သည်။

ဖန်ရှောက်လင်၏ ကျင့်ကြံမှုသည် မရဏ မူလအဆင့်၌ ရှိပြီး၊ မျက်နှာတွင် ဒဏ်ရာတစ်ခု ရှိနေကာ သွေးများ စွန်းထင်းနေ၏။

ကုန်းစွန်းယန်၏ အကြည့်များ စူးရှလာပြီး၊

“ မင်းသာ ခိုးကြောင်ခိုးဝှက် ... မတိုက်ခိုက်ရင် ကျောက်ယန် ဒဏ်ရာ ရမှာ မဟုတ်ဘူး၊ မြင့်မြတ်မြေရဲ့ ပါရမီရှင် ဆိုတာ ဒီလိုမျိုး အရှက်ကင်းမဲ့ ကြတာလား။ ”

“ စကား မများနဲ့ ... ၊ အချိန်ဖြုန်းဖို့ ငါစိတ်မ၀င်စားဘူး ... သူတို့ကို သတ်လိုက်။ ”

ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့ သော်မှ အသက် ဆုံးရှုံးလုနီးပါး ဖြစ်ကာ မျက်နှာတွင် ဒဏ်ရာ ရရှိသွား သဖြင့်၊ ဖန်ရှောက်လင်မှာ မပျော်မရွှင် ဖြစ်နေသည်။

ထို့ကြောင့် သူတော်စင် အသီးအနှံများ ရရှိလျှင်ပင် ကျောက်ယန် တို့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိချေ။

“ ဟိတ် ... ။ ”

“..... ။ ”

သူ့ကိုယ်သူ ဂရုမစိုက်နိုင် တော့ဘဲ ကျောက်ယန်ကို ကာကွယ် နေရသောကြောင့် ကုန်းစွန်ယန်မှာ ညံ့ဖျင်းသော အနေအထားသို့ ချက်ချင်း ရောက်ရှိလာသည်။

“ သေ လိုက်တော့ ... ။ ”

ဘေးမှ ရပ်ကြည့်နေသော ဖန်ရှောက်လင်မှ အခွင့်အရေး ရသည်နှင့် ကုန်းစွန်းယန် ဦးခေါင်း ထံသို့ အနက်ရောင်မီးလျှံများ ဖုံးလွှမ်းနေသော လက်သည်းဖြင့် လှမ်းကုပ် လိုက်သည်။

“ ရွှပ် ... ။ ”

နတ်ဆိုး လက်သည်းက ဦးခေါင်းကို ကုပ်မိတော့မည့် အချိန်တွင် ဓားရောင်ခြည် တစ်စင်းက ပျံသန်းလာကာ၊ လက်သည်းကို ဖြတ်ချသွားသည်။

ဖန်ရှောက်လင်နှင့် သူ့အဖော် ခြောက်ယောက်မှာ ချက်ချင်း နောက်ဆုတ် သွား တော့၏။

“ ဘယ်လောက် တောင် ... အစွမ်းထက်တဲ့ ဓားရောင်ဝါလဲ။ ”

ဖန်ရှောင်လင်က သူ့လက်ဖဝါးကို ငုံ့ကြည့်ကာ အံ့သြသွားသည်။ သူနှင့် ထိတွေ့ ရုံမျှဖြင့် လက်၌ ဒဏ်ရာတစ်ခု ရှိလာ၏။

“ ယဲ့ ချင်း ရှန် ... ။ ”

ကုန်းစွန်းယန်မှ လှည့်ကြည့်ကာ အံ့သြသွားသည်။ ကျောက်ယန်ပင် မြေပြင်ပေါ်မှ ခေါင်းထောင် ကြည့်မိ၏။

“ အစ်ကို ကျောက် ... မင်း ဒဏ်ရာရ သွားတာလား။ ”

လင်းယွန်မှ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေ မှာတောင်မှ ဉာဏ်ကြီးရှင်တွေနဲ့ ပြည့်နေတယ်၊ အစ်မယဲ့က လွဲရင် ဘယ်သူမှ နဂါးပြာ မှတ်တမ်း အတွက်၊ နာမည် ထားခဲ့နိုင်မယ် မထင်ဘူး။ ”

ကျောက်ယန်မှ ပြန်ဖြေ၏။ ခိုးဝင် တိုက်ခိုက် ခံရခြင်းကြောင့် ရှုံးနိမ့်ရသည်ဟု မဖော်ပြခဲ့ချေ။ သူတို့ နှစ်ဦး၏ ကောင်းမွန်သော ဆက်ဆံရေး အသွင်ကြောင့် ကုန်းစွန်ယန်မှာ မျက်ခုံးပင့် မိသည်။

“ နတ်နဂါး အထက်တန်းစား အဆင့်ဝင် ယဲ့ချင်းရှန်လား ။ ”

နောက်ဆုံးတွင် ဓားရည်ရွယ်ချက်မှာ အဘယ်ကြောင့် အလွန် ကြောက်စရာ ကောင်းနေသည်ကို ဖန်ရှောက်လင်မှ သိလိုက်ရ၏။

“ ယဲ့ချင်းရှန် ... မင်းက ကောင်းကင် တာအိုဂိုဏ်းရဲ့ တပည့် ဆိုရင်တောင် သူတို့ကို ကယ်ချင်ရင် သူတော်စင် ဆေးပင် ပေးရမယ်။ ”

ဖန်ရှောက်လင်မှ ပြုံးကာ တောင်းဆို လိုက်သည်။

“ ငါ့နာမည်ကို သိပြီး တာတောင် ... မင်းကမာနကြီးဖို့ သတ္တိ ရှိသေးတာလား၊ မင်းမှာ ယုံကြည်ချက် ရှိပုံရတယ်။ ”

လင်းယွန်မှ ပြန်ပြောလိုက်၏။

“ မင်းနာမည်လား ... ဘာနာမည်လဲ သန့်ရှင်းသော သမီးတော် သတ်သူ ... ဆိုတဲ့ နာမည် ကိုပြောတာလား၊ ဟား ဟား ဟား ...၊ ယဲ့ချင်းရှန် ... မင်းက အထက်တန်းစား အဆင့်ရဲ့ အဖြည့်ခံပါ၊ ...

... ငါ့အစ်ကို ဖန်ဟွာရှင်းက ... အဆင့် (၆၀)မှာ ရှိနေတယ်၊ မင်းလို နောက်ဆုံး အဆင့် လူက ဒီလိုမျိုး မာန ထောင်လွှား ရအောင် ယုံကြည်မှု ဘယ်က ရတာလဲ။ ”

ဖန်ရှောက်လင်မှ လှောင်ရယ် လိုက်သည်။

“ သူ့ကို အတူတူ တိုက်ရအောင်၊ သူ့မှာ ရတနာတွေ အများကြီး ရှိရတယ် ... အမည်ခံ သူတော်စင်တောင် မဖြစ်သေးတာ ... ငါတို့ ကြောက်နေစရာ မလိုဘူး။ ”

ခုနစ်ယောက် စလုံးက လူသတ်လိုသော ဆန္ဒများဖြင့် ကြည့်လိုက်ကြသည်။ သူတို့သည် အရူးများကဲ့သို့ ဆန္ဒရှိသလို လုပ်နေခဲ့ ကြသည်။ ဤသည်မှာ ပထမဆုံး အကြိမ် မဟုတ်ချေ။

“ သေလိုက်တော့ ... ။ ”

“ ရွှပ် ... ။ ”

သို့သော် လင်းယွန်က ပန်းသင်္ချိုင်းကို ဆွဲထုတ်ပြီး လှည့်မကြည့်ဘဲ ပိုင်းချပစ် လိုက်၏။ ကြယ်ဓားနှင့် နိဗ္ဗာန်-ဒသမမြောက် အသွင် ကူးပြောင်းမှုကို ထည့်သွင်း ထားသည်။

ဘုန်းဝိညာဉ် နှစ်ပါး ဖြာထွက်ကာ၊ မရဏ မူလ အဆင့်ရှိ သူတော်စင် ခုနစ်ပါးကို နှစ်ပိုင်းခွဲ ပစ်လိုက်တော့၏။

“ ဘာလဲ ... ဓားတစ်ချက် တည်းနဲ့ ... အမည်ခံ သူတော်စင် ခုနစ်ပါးကို သတ်လိုက် တာလား။ ”

ကုန်းစွန်းယန်မှ အော်သည်။ ယဲ့ချင်းရှန် သန်မာ သည်ကို သူ သိသော်လည်း ဤမျှ အထိ မမျှော်လင့် ထားချေ။

ရုတ်တရက် ထင်ကြေးတစ်ခု ပေါ်လာပြီး၊

“ နိဗ္ဗာန်-ဒသမမြောက် အဆင့်။ ”

-ဟု ရေရွတ်လိုက်မိသည်။

လင်းယွန်က ဖုံးကွယ် မထားဘဲ ခေါင်းညိတ်ပြ လိုက်သည်။ ကျောက်ယန်မှ ဝမ်းသာ သွား၏။

“ နိဗ္ဗာန်-ဒသမ အဆင့်က မိုးပြာ မူလအဆင့်နဲ့ ညီမျှတယ်၊ ကြယ်ဓားက မရဏ မူလအဆင့် အမည်ခံ သူတော်စင် တွေကို ဖြေရှင်းနိုင်တယ်။ ”

ယဲ့ချင်းရှန် ခွန်အားအပေါ် နားမလည်နိုင် ဖြစ်နေသာ ကုန်းစွန်းယန်ကို ကျောက်ယန်မှ ရှင်းပြပေး လိုက်သည်။

ထို့ကြောင့် လင်းယွန်သည် အမည်ခံ သူတော်စင် နယ်ပယ်တွင် ရှိမနေခဲ့သည့်တိုင် နတ်နဂါး အထက်တန်းစား အဆင့်ထဲ ဝင်ရောက် နိုင်ခြင်း ဖြစ်၏။

ပြိုင်ဘက်များကို လွယ်လွယ်ကူကူ သတ်လိုက်ခြင်း အားဖြင့်၊ ကြယ်ဓားမှာ မည်မျှ အားကောင်း လာသည်ကို တွေးဆနိုင်၏။

ထိုအသိက ကျောက်ယန်ကို ပျော်ရွှင်စေသည်။ ယဲ့ချင်းရှန်းသည် လင်းယွန် ဖြစ်မှန်း သူသာလျှင် သ်၏။

“ မင်းရဲ့ ဒဏ်ရာကို အရင် ကုပါ။ ”

လင်းယွန်က နဂါးပြာ စွမ်းအင်ကို လောင်းထည့် ပေးလိုက်သည်။ အချိန်အတော် ကြာပြီးနောက် တည်ငြိမ်သွား၏။

တိုက်ပွဲဝင် စွမ်းအား တစ်ဝက်ကို ပြန်လည် ရရှိလာချိန်၌ နဂါးပြာ စွမ်းအင် ပေးပို့ခြင်းအပေါ် ရပ်နားလိုက်သည်။

“ အစ်ကိုယဲ့ ... ဖန်ရှောင်လင် အစ်ကိုက ဖန်ဟွာရှင်းပဲ၊ ဒီနေရာကနေ အရင် ထွက်သွား သင့်သလား ။ ”

ကုန်းစွန်းယန်က သူ့အသိစိတ် ပြန်ဝင် လာပြီးနောက် စိုးရိမ်သော လေသံနှင့် မေးလိုက် လေသည်။

“ အဆင်ပြေပါတယ် ... ဓားဂိုဏ်းရဲ့ တပည့်တွေ ဘယ်မှာလဲ၊ ယဲ့ဇီလင် အဆင်ပြေ ရဲ့လား။ ”

နောက်ဆုံးတွင် ယဲ့ချင်းရှန် တစ်ယောက် သူတို့ကို ကူညီရသည့် အကြောင်းအရင်း အပေါ် ကုန်းစွန်းယန် နားလည် သွား၏။

ကောလဟာလများ မှန်ပုံပေပင်။ သူ ပြန်ဖြေရန် တုံ့ဆိုင်း နေချိန်၌ ကျောက်ယန်က ပြန်ဖြေပေး လိုက်သည်။

“ အစ်မယဲ့ အဆင်ပြေ ပါတယ် ... စစ်မှန်သော နဂါး နန်းတော်မှာ ပြန်စုံဖို့ ငါတို့ကို ပြောထားတယ်။ ”

စစ်မှန်သော နဂါး နန်းတော်သည် ဤနယ်မြေ၏ အန္တရာယ် အရှိဆုံး နေရာ ဖြစ်ပြီး ရတနာ အများစုကို ထိုနေရာ၌ တွေ့နိုင်၏။

လူတိုင်းက နတ်ဆိုး သားရဲများကို အမဲလိုက်ပြီး ဖြစ်၍ ထိုနန်းတော် ပေါ်လာရန် စောင့်မျှော် နေကြပေမည်။

နှစ်ရက်အကြာတွင် နဂါးဟောက်သံ နှင့်အတူ ကောင်းကင်ပေါ် ရောင်စဉ် ခုနစ်သွယ် ထိုးတက် သွား၏။

“ နဂါး နန်းတော် ပေါ်လာပြီ။ ”

ကုန်းစွန်းယန်မှ စိတ်လှုပ်ရှားစွာ ပြောသည်။ လူအများ အပြားသည် ၎င်းတို့၏ အမည်များကို ချန်ထားနိုင်မည် မဟုတ်သောကြောင့် ရတနာ ရရှိရန်သာ အာရုံစိုက် ကြ၏။

ထိုသို့သော် လူများ အတွက် နဂါး နန်းတော်မှာ ပန်းတိုင် ဖြစ်သည်။ သုံးယောက် လုံးက တိုင်ပင်စရာ မလိုဘဲ၊ လျင်မြန်စွာ ပျံသန်း လိုက်တော့၏။

“ ဟိုမှာ ... ။ ”

ကုန်းစွန်းယန်မှ ညွှန်ပြသည်။ ရောင်စဉ် ခုနစ်သွယ် ဖြာထွက်နေသော တောင်တန်းကြီး တစ်ခုက တိမ်များထဲသို့ ထိုးဖောက် ဝင်ရောက်နေ၏။

ပတ်ဝန်းကျင်တွင် လူအများအပြား စုဝေးနေပြီး၊ နန်းတော်မှ ထွက်လာသော နဂါး အငွေ့အသက်ကို စောင့်ကြည့်နေသည်။

မည်သူမျှ ရူးရူးမိုက်မိုက် ဝင်ဝံ့ခြင်း မရှိချေ။ သုံးယောက်သား နန်းတော်ကို ကြည့်နေချိန်တွင် ယဲ့ဇီလင် ဦးဆောင်သော ဓားဂိုဏ်း ရောက်ရှိ လာသည်။

“ အစ်မယဲ့ ... မင်းတို့ အဆင်ပြေလား။ ”

ကုန်းစွန်းယန်မှ မေးသည်။

“ ဟီးဟီး ... ညီမယဲ့နဲ့ ငါတို့ဆုံ မှတော့ အဆင်ပြေပါတယ်၊ နင်တို့ရော ဒုက္ခ ရောက်ကြ သေးလား။ ”

“ လမ်းတွင် အခက်အခဲ အချို့တော့ ကြုံခဲ့ရတယ်၊ ဒါပေမယ့် ကံကောင်းစွာနဲ့ ယဲ့ချင်းရှန်က ကူညီပေးတယ်။ ”

ဓားဂိုဏ်း၏ တပည့်များကြားတွင် နွေးထွေးသော လေထု ပေါက်ဖွား လာသည်။ သူတို့သည် ကောင်းကင် အဆင့် တပည့်များ ဖြစ်ပြီး၊ အချို့သည် အကြီးအကဲ ရာထူးကို ယူထားသူများ ဖြစ်ကြ၏။

“ ယဲ့ချင်းရှန်လား ... ။ ”

မူချင်းချင်း၊ ယဲ့ဇီယွင်နှင့် မူရွယ်ချင်းက စကားစမြည် ပြောလျက် လင်းယွန် အမည်ကို လျစ်လျူရှု ထား၏။ ထိုစဉ် ယဲ့ဇီလင်မှ သူ့ကို လှည့်ကြည့်လာ တော့သည်။

***

All Chapters