← Chapters

စစ်မှန်သော နဂါးလမ်းက အဖြည့်ခံ မဟုတ်လား။

Vol. 153 Ch. 2131

စစ်မှန်သော နဂါးလမ်းက အဖြည့်ခံ မဟုတ်လား။

Vol. 153 Ch. 2131

“ သခင်မလေး မတွေ့တာ ကြာပြီနော်။ ”

လင်းယွန်က တည်ငြိမ်စွာပြုံးပြီး နှုတ်ဆက် လိုက်သည်။ အခြားသူ များ၏ မျက်လုံးထဲတွင် ထိုအပြုံးသည် လူယုတ်မာ ဆန်နေ၏။

ထို့ကြောင့် ယဲ့ဇီလင် မဖြေခင် ယဲ့ဇီယွင်က သူမကို နောက်ပို့လိုက်ပြီး၊

“ ယဲ့ချင်းရှန် ... နင်က စစ်မှန်သော နဂါးလမ်းကို လာတာ ... ယဲ့ဇီလင် ကြောင့်လို့ မပြောနဲ့။ ”

-ဟု စကားကို ပိတ်လိုက်သည်။

သူမ စကားကြောင့် လင်းယွန်က အံ့ဩသွားကာ၊ ဓားဂိုဏ်းမှ တပည့်များထံ တစ်ချက် ဝေ့ကြည့်မိသည်။

ရှေးဟောင်း စစ်မြေပြင်တွင် အသက်နှင့် သေခြင်းကို မျှဝေ ခံစားခဲ့ကြသော သူ့ညီအစ်ကို မောင်နှမများသည် ချစ်စရာ ကောင်းပေ၏။

ရန်ငြိုးရန်စ မရှိသော်လည်း ယဲ့ဇီလင်ကို ကာကွယ်ရန် အတွက် ရန်လို နေသည်။ သို့သော် ယဲ့ဇီလင်က၊

“ ယဲ့ချင်းရှန် ... နင် ငါတို့နဲ့ နဂါး နန်းတော်ဆီကို လိုက်မို့လား။ ”

-ဟု လှမ်းမေး လာသည်။

လင်းယွန်က ရောင်စဉ် ခုနစ်သွယ် ဖုံးအုပ်ထားသော နဂါး နန်းတော်ကို တစ်ချက် ကြည့်ကာ ချိန်ဆမိ၏။

ဤနန်းတော်တွင် ရတနာများ ရှိနိုင်သော်လည်း၊ ၎င်းတို့သည် သူ့အတွက် အသုံးမဝင်ချေ။

ဓားဂိုဏ်းသည် ဘေးကင်းကြောင်း သူ အတည်ပြုပြီးပါက အောင်မြင်မှု တစ်ခု ရယူရန် အာရုံစိုက်ရ ပေမည်။ ထို့ကြောင့် ခေါင်းယမ်းပြီး ‘ငါ မလိုက်ဘူး၊’-ဟု ပြန်ဖြေ လိုက်သည်။

မူရွယ်ချင်းက၊

“ နတ်နဂါး အထက်တန်းစား အဆင့် သတ်မှတ်ချက်က လူတွေ ဒီမှာ ရောက်နေပြီ။ ”

-ဟု ခပ်တိုးတိုး သတိပေး လာ၏။

၎င်းတို့မှာ ရှောင်ဟုန်ဖေး၊ ဖန်ဟွာရှင်း၊ ချောင်ယန်၊ မိုလီနှင့် အခြားသူများ ဖြစ်သည်။

“ နဂါးရောင်ဝါ အားနည်းသွားပြီ ... ငါတို့ ဝင်ရအောင်။ ”

တစ်စုံတစ်ယောက်က ပြောကြားလိုက် သည်နှင့် လူတိုင်းက သည်းမခံနိုင် တော့ဘဲ လျှပ်တပြက် လှုပ်ရှား လိုက်ကြသည်။

“ အားလုံး သတိထားပါ ... စစ်မှန်သော နဂါးလျှို့ဝှက် နယ်မြေက ထွက်ပြီးရင် ... ငါတို့ ပြန်ဆုံကြမယ်။ ”

လင်းယွန်က ဓားဂိုဏ်းမှ တပည့်တိုင်းကို လက်သီး၊လက်ဖဝါး ထိကပ်ကာ နှုတ်ဆက်ပြီး၊ ထွက်ခွာ သွားတော့၏။

“ ဒီကောင်က ဘာလို့ ကောလဟာလတွေနဲ့ မတူရ တာလဲ ... ။ ”

“ ဟုတ်တယ်... သူက မာနကြီးပြီး သွေးလနတ်သား အပါအဝင် ... ဘယ်သူ့ကိုမှ လူထင်တာ မဟုတ်ဘူး၊ ဒါပေမယ့် သူက ငါတို့ကို ခင်မင်ပုံ ပြနေတယ်။ ”

“ ဒါက ထူးဆန်းတယ် ... သူ့လေသံက ဘာလို့ နည်းနည်း ရင်းနှီး နေရတာလဲ။ ”

လင်းယွန် ထွက်သွား ပြီးနောက်၊ ဓားဂိုဏ်းမှ တပည့်များက သူ့အကြောင်း ပြောဆို ဆွေးနွေး လာကြသည်။

မူရွယ်ချင်းက ယဲ့ဇီလင်ကို ကြည့်ကာ၊

“ ဂျူနီယာ ညီမယဲ့ ... နင် တစ်ခုခု သိထားလား၊ သူက ကောင်းကင် တာအိုဂိုဏ်းရဲ့ သူတော်စင် တပည့် တစ်ဦး ဖြစ်ပေမယ့် ... ငါတို့ကို အရမ်း စိုးရိမ် နေပုံရတယ်။ ”

-ဟု စုံစမ်းတော့၏။

သို့သော် ထိုမေးခွန်းကို ယဲ့ဇီလင် အစား ကုန်းစွန်းယန်က ပြုံးပြီး ပြန်ဖြေလာသည်။

“ အဲဒါကို အများကြီး မစဉ်းစားနဲ့၊ ဒီကောင်က သန့်ရှင်းသော သမီးတော် သတ်သူ မဟုတ်လား၊ သူ ငါတို့နဲ့ တွေ့တုန်းက အစ်မယဲ့ အကြောင်း မေးခဲ့သေးတယ်။ ”

ထိုစကားကို ကြားချိန်၌ အားလုံး ငြိမ်ကျ သွားသည်။ သို့သော် အကြောင်း တစ်ခုခုကြောင့် ယဲ့ဇီလင်မှာ ငေးမောသွား၏။

“ သတိရပါ ... ငါတို့ အန္တရာယ် ကြုံရင် နဂါးနန်းတော် ကနေ ချက်ချင်း ထွက်သွားမယ်၊ လောဘ မကြီးနဲ့။ ”

ယဲ့ဇီလင်က လင်းယွန်ပုံရိပ် ပျောက်ကွယ် သွားသည်နှင့် ဆန့်ကျင်ဘက် အရပ်သို့ ဦးတည် လိုက်တော့သည်။

ထိုအချိန်တွင် လင်းယွန်က ချိုင့်ဝှမ်း တစ်ခုသို့ ရောက်ရှိသွား၏။

“ ဒီနေရာ မဆိုးဘူး ... ၊ နင့်မှာ သုံးရက်တောင် ကျန်သေးတာမို့ အချိန်လောက် ပါတယ်၊ ငါ စောင့်ရှောက်ပေးမယ်။ ”

ခရမ်းငယ်က ဓားသေတ္တာထဲမှ ထွက်ကာ၊ ဝိညာဉ်ရေးရာ အစီရင်ကို ခင်းကျင်း လိုက်သည်။ စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေသည် အန္တရာယ် ရှိသဖြင့် လိုအပ်ချေ၏။

လင်းယွန်မှ အောင်မြင်မှု ရယူနေစဉ်၊ နတ်ဆိုး သားရဲများ တွေ့ရှိခဲ့ပါက ဒုက္ခ ဖြစ်ပေ လိမ့်မည်။

အစီရင်ထဲတွင် လင်းယွန်က ရွှေရောင် အိုးပုတ်ပင်ကို ထုတ်ယူ လိုက်သည်။ ၎င်းတွင် ရွှေအိုးအသွင် သစ်သီး တစ်လုံး ပါ၏။

ပြီးပြည့်စုံသော မွေးရာပါ သူတော်စင် သစ်သီးဖြစ်ပြီး ရှေးဟောင်း နဂါးနှင့် ဖီးနစ် အရုပ်များ ရေးထွင်းထားသည်။

“ အဲဒါကို တိုက်ရိုက် မသုံးနဲ့ ... ၊ နင့်ရဲ့ လက်ရှိ ကျင့်ကြံမှုက ဒီသူတော်စင် သစ်သီးရဲ့ အစွမ်းကို မခံနိုင်ဘူး၊ ဒါကြောင့် နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို၊ ...

... အောင်မြင်မှု ရအောင် အရင် လုပ်ပါ၊ အဲဒါကို အောင်မြင်မှု ရရင်၊ အမည်ခံ သူတော်စင် နယ်ပယ်ကို ရောက်ဖို့ လွယ်လိမ့်မယ်။ ”

မွေးရာပါ သူတော်စင် သစ်သီး၏ စွမ်းအင်သည် များပြားပြီး သိပ်သည်းဆမှာ များစွာ မြင့်မား၏။

ထို့ကြောင့် အဆင့် ချိုးဖြတ်ရာတွင် တိုက်ရိုက် အသုံးချခြင်းဖြင့် ဖြုန်းတီးရာ ရောက် ပေမည်။ လင်းယွန်က ခေါင်းညိမ့်၏။

အရိယာ ဓားသုတ္တန်မှာ ဆုံးခန်းတိုင် သွားပြီဖြစ်သဖြင့်၊ နောက်ထပ် လှမ်းတက် လိုပါက တော်ဝင်ဓားကျမ်းကို လေ့ကျင့်ရ တော့မည် ဖြစ်သည်။

အခြား တစ်ဖက်တွင် ခရမ်းငယ်၏ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းသည် ဆဋ္ဌမအဆင့်၌ အတော်ကြာ ပိတ်မိ နေခဲ့သည်။

“ စရအောင် ... ။ ”

သို့သော် သုံးရက် အတွင်း အောင်မြင်မှု ရယူလိုသော် ဖိအား နည်းနည်း ကြီးမားပေမည်။ သူ စိတ်ပူ နေသည်ကို သိသော ခရမ်းငယ်မှ ပြုံးလျက်၊

“ စိတ်မပူပါနဲ့ ... နိဗ္ဗာန်-ဒသမ အသွင် ကူးပြောင်းရေးကို လှမ်းတက် ရတာကတောင် အမည်ခံ သူတော်စင် နယ်ပယ်ကို တက်လှမ်း ရတာထက် ပိုခက်တယ်၊ ပြီးတော့ ...

... ဒါက မွေးရာပါ သူတော်စင် အသီးမို့ စွမ်းအင် မလုံလောက်မှာ ပူနေစရာ မလိုပါဘူး၊ နင့် ခန္ဓာသာ ခံနိုင်ရည်ရှိဖို့ ဆုတောင်းထား၊ ဒီသစ်သီးက သူတော်စင် နယ်ပယ်၊ ...

... တက်လှမ်းဖို့ အထိတောင် လုံလောက်ပါတယ်၊ အမည်ခံ သူတော်စင် နယ်ပယ် ဆိုတာ ... သူ့အတွက် ဘာမှ မဟုတ်ဘူး၊ ဒီလို မွေးရာပါ သူတော်စင် သစ်သီးက ဘယ်လောက် အထိ၊ ...

... အဖိုးတန်လဲ နင် သိလား၊ ဒါမျိုး စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေ အတွင်းမှာ ပေါ်မလာသင့်ဘူး၊ ဒါက ရယ်စရာပဲ။ ”

“ ဒီလောက်တောင် အစွမ်း ထက်တယ်လား။ ”

လင်းယွန်က အံ့သြသွားပြီး၊

“ ဒါဆို ငါကံကောင်းတာပေါ့။ ”

-ဟု ပြောကြားလိုက်သည်။

“ နင် ကံကောင်းလား၊ ကံဆိုးလား ငါမသိဘူး၊ သေချာတာ ကတော့ စစ်မှန်သော နဂါးနန်းတော်ရဲ့ ရတနာတွေ အားလုံးပေါင်း ရင်တောင် ...

... ဒီမွေးရာပါ သူတော်စင် သစ်သီးနဲ့ ... ထာဝရ သူတော်စင် ခေါင်းတလားကို ယှဉ်နိုင် ဦးမှာ မဟုတ်ဘူး၊ ဘာလဲ နင့်ကိုယ်နင် အထင်ကြီးနေ ပြန်ပြီလား၊ ...

... ဒါက သူတော်စင် အကြီးအကဲနဲ့ သက်ဆိုင်ပါတယ်၊ လျှို့ဝှက် နယ်မြေကို မဖွင့်ခင် သူက နင့်လို လူယုတ်မာကို စိုက်ကြည့်နေတာ ငါတွေ့လိုက်တယ်။ ”

ခရမ်းငယ်က သူမ၏ ထင်ကြေးကို မျှဝေလာသည်။ ထိုထင်မြင်ချက်သည် မှန်ကန် နိုင်သည်ဟု လင်းယွန်မှ ခံစားရ၏။

“ ဟုတ်တယ် သူပဲ ဖြစ်ရမယ်၊ သူက နင့်အတွက် စီစဉ်ထားတာ၊ ဟမ့် ... နေပါဦး ဒီလိုတွေ လုပ်ပေးရအောင် ... သူနဲ့ နင်က ဘယ်တုန်းက ရင်းနှီးသွားတာလဲ။ ”

“ မဟုတ်ပါဘူး ... အဓိပ္ပါယ်မဲ့တဲ့ စကားတွေ မပြောနဲ့ ... ။ ”

လင်းယွန်က အလျင်အမြန် ငြင်းဆို လိုက်သော်လည်း အပြစ် ရှိသလို ခံစားလာ ရသည်။ မုရွယ်လင်သည် ယွဲ့ဝေဝေကြောင့် သူ့ကို အလွန် ဂရုစိုက်ခြင်း ဖြစ်နိုင်၏။

လင်းယွန်က စကား မပြောတော့ဘဲ ဓားသုတ္တန်ကို လှည့်ပါတ် လိုက်သောအခါ နဂါး ဟောက်သံနှင့် ဖီးနစ် အော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။

နိဗ္ဗာန် ရောင်ဝါသည် လက်ဖဝါးပေါ်၌ စုပ်ဝဲ အဖြစ် ပေါ်လာကာ သူတော်စင် အသီးကို စုပ်ယူ တော့၏။

နောက်တစက္ကန့်တွင် ခရမ်းရောင် နန်းတော်ရှိ နိဗ္ဗာန် ရောင်ဝါများက ပြင်ပ စွမ်းအင်ကြောင့် လှုတ်ခတ်လာသည်။

ဆံပင်များ တဖျပ်ဖျပ် လွင့်သွား၏။ အစွမ်း ထက်သော ရောင်ဝါများ သူ့ခန္ဓာကိုယ် အတွင်းမှ စိမ့်ထွက် လာတော့သည်။

“ ဒါက မွေးရာပါ သူတော်စင် အသီးရဲ့ အစွမ်းလား။ ”

ပေါက်ကွဲလု နီးပါး စွမ်းအင်များ ဝင်ရောက် လာသဖြင့် ထိတ်လန့်သွား၏။ နတ်ခန္ဓာ ကနဦး အဆင့်ကို အောင်မြင်ထား သည်မှာ ကံကောင်း ပေသည်။

မဟုတ်သော် အသားများ တစ်စစီ ဖြစ်ကုန်နိုင်၏။ ခရမ်းရောင် နန်းတော် အတွင်း စုပြုံနေသော နိဗ္ဗာန် ရောင်ဝါများ ပေါက်ကွဲစဉ် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း အသက် ဝင်လာသည်။

“ ဝါးမြိုလိုက် ... ။ ”

ကမ္ဘာဖျက် ဆေးအိုးကြီး ပေါ်လာပြီး၊ သူတော်စင် သစ်သီး၏ စွမ်းအင်များကို ဝါးမြို တော့သည်။

ချွေးပေါက်ထဲမှ တောက်ပမှုများ ပြေလျော့သွားပြီ စွမ်းအင် ပေါက်ကွဲမှုမှာ တဖြည်းဖြည်း ငြိမ်သက်လာ၏။

“ ဒါက ပိုကောင်းတယ် ။ ”

လင်းယွန်က ဓားသုတ္တန်ကို တည်တည် ငြိမ်ငြိမ် လမ်းညွှန် ဖြန့်ကျက်ပြီး ပြုံးလိုက်သည်။ ဤသို့ဖြင့် လျှို့ဝှက်ဘုံ၌ ရက်အနည်းငယ် ကုန်လွန် သွား၏။

ဤနေရာအတွင်း ခုနစ်ရက်သည် ပြင်ပ၌ နံ့သာတိုင် နှစ်ချောင်း လောင်ကျွမ်းချိန် မျှသာ ရှိချေပြီ။

ထိုအချိန်တွင် လူများစွာက လျှို့ဝှက် နန်းတော်မှ ထွက်ခွာ လာကြသဖြင့် တောင်ခြေ များ၌ ပြန်ပေါ် လာကြသည်။

“ အိုး ... နတ်နဂါး လျှို့ဝှက် နယ်မြေက တကယ် အားကောင်းတာပဲ၊ မင်ဂိုဏ်းရဲ့ အဲဒီ သူတော်စင် တပည့်ကို ကြည့်မ်း ... ဖြစ်စဉ် တစ်ခု သူ့မှာ ကပ်ညိ နေတုန်းပဲ။ ”

“ နတ်နဂါး အထက်တန်းစားတွေ ဆိုရင် ပြန်ထွက်လာတဲ့ အခါ ... ဘယ်လောက်တောင် အစွမ်းထက် လာလိုက်မလဲ။ ”

“ နတ်ဖီးနစ်တောင်ရဲ့ မင်းသမီးလေး ထွက်လာပြီ၊ သူမဆီကနေ တောက်လောင် နေတဲ့ မီးရနံ့ ရတယ် ... ဒါက နတ်ဖီးနစ် မီးတောက်ပဲ .... အရမ်းမိုက်တယ်။ ”

“ တာအို သားတော်လည်း ထွက်လာပြီး သူ့ဆီကနေ နေမင်းကြီးလို ပူပြင်းတဲ့ ခံစားချက် ရနေတယ်။ ”

“ စတုတ္ထ ကောင်းကင်လမ်း ချန်ပီယံ မုချင်းကျွယ်လည်း ထွက်လာပါပြီ၊ သူ အထဲမှာ ဘာတွေ ရခဲ့မလဲ။ ”

“ ကောင်းကင်လမ်း ချန်ပီယံတွေက သူတို့ကိုယ် သူတို့ ဖုံးကွယ်ဖို့ ... စိတ်မ၀င်စား ကြဘူး၊ ဒီခေတ် တစ်ခုလုံးကို နှိမ်နင်းနိုင် မယ်လို့ ထင်နေကြ တာလား။ ”

“ ဒါက ကြောက်စရာ ကောင်းလွန်းတယ်။ ”

အသီးသီးသော လျှို့ဝှက် နယ်မြေမှ ကျွမ်းကျင်သူများ ပေါ်ထွက် လာသည်နှင့်အမျှ လူအုပ်ကြီးမှာ ပွက်လောရိုက် ကုန်၏။

ပါဝင်သူများ အားလုံးသည် လျှို့ဝှက် နယ်မြေ၌ ရိတ်သိမ်းမှု ကြီးမားလာပုံ ပေပင်။ ယခင်ထက် များစွာ အားကောင်း လာ၏။

“ နဂါးပြာ မှတ်တမ်းက တကယ့်ကို ခမ်းနားတာပဲ။ ”

မုရွယ်လင် ဘေးတွင် ရပ်နေသော အမျိုးသမီးက ကျေနပ်သွားသည်။ သူမသည် နတ်နဂါး အင်ပါယာ၏ အရာရှိ ဖြစ်၏။

ဧကရီ ကိုယ်စား ဤပွဲကို တက်ရောက် လာခြင်း ပေပင်။ သူမ၏ အမည်မှာ ဇီလင် ဖြစ်ချေပြီ။

မုရွယ်လင်က သူမကို ဂရုမစိုက်ဘဲ စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေထံ စိုက်ကြည့် နေသည်။

ထိုလျှို့ဝှက် နယ်မြေ တည်ရှိရာ တောင်တန်း၌ နဂါးဦးခေါင်း၊ လက်သည်းနှင့် အမြီးများ ဖြစ်ပေါ်လာ၏။

ဤသည်မှာ နဂါးပြာ မှတ်တမ်း၏ အဆင့်များ ဖြစ်သည်။ နဂါးများ ပေါင်းစပ်ခြင်းမှ လူပေါင်းကိုးရာ နေရာရပေမည်။

ထို့ကြောင့် မည်သူမဆို နဂါးအမြီး၌ နေချင်ကြမည် မဟုတ်ချေ။ သည့်အပြင် နဂါး ကိုးကောင် အနက် စစ်မှန်သော နဂါးသည် အညံ့ဆုံး နဂါးဖြစ်၏။

မာနရှိသော ပါရမီရှင် များသည် ထိုနဂါးလမ်းကို ရွေးမည် မဟုတ်ချေ။ ယင်းကို အာရုံစိုက် နေသော မုရွယ်လင်ကြောင့် ဇီလင်မှ အလိုမကျ ဖြစ်လာသည်။

“ စစ်မှန်သော နဂါးလမ်းက အဖြည့်ခံပဲ မဟုတ်လား။ ”

ဤတစ်ကြိမ်၌ မုရွယ်လင်မှ တုန့်ပြန်လာသည်။

“ နဂါးလမ်း တွေက အရေးမကြီးဘူး၊ ဒဏ္ဍာရီလာ ကောင်းကင်နဂါး သခင်တွေ ဆိုတာ ဒီလိုလူတွေကြား ကနေပဲ လာတာ။ ”

သူမ အဖြေကြောင့် ဇီလင်မှ ပြုံးသည်။ ဤအမျိုးသမီးကို ဧကရီပင် လေးစားရ သဖြင့် သူမ ငြင်းခုံရန် ဆန္ဒ မရှိချေ။ သို့သော် သူမ အပြုံးတွင် လက်မခံလိုသည့် အရိပ် အယောင်များ ရှိနေ၏။

ဒုတိယ အမွှေးတိုင် လောင်ကျွမ်း ကုန်ဆုံး ခါနီးတွင် ပါရမီရှင်များ အားလုံး နီးပါး ထွက်လာ ကြပြီဖြစ်သည်။

ကောင်းကင်လမ်း ရှစ်လမ်းမှ ချန်ပီယံ များက၊ နတ်နဂါးလမ်းပေါ် စတင် လျှောက်လှမ်း လာတော့၏။

မုရွယ်လင် ခမျာ သူတို့ကို စိတ်မဝင်စား နိုင်ချေ။ စစ်မှန်သော နဂါးလမ်း သို့သာ ကြည့် နေခဲ့သည်။

သူမ ရည်ညွှန်းသော ထိုလူသည် အဆိုပါ နဂါးလမ်းမှ ထွက်မလာ သေးကြောင်း၊ အရာရှိ ဇီလင် ပြောနိုင်၏။

***

All Chapters