ဘာလို့ မလုပ်ရမှာလဲ ... ။
Vol. 153 Ch. 2132
စစ်မှန်သော နဂါး လျှို့ဝှက် နယ်မြေသည် ပူဖောင်းများ ကဲ့သို့ ပြိုကျနေစဉ် လင်းယွန်မှာ အမည်ခံ သူတော်စင် နယ်ပယ်သို့ ရောက်ရှိ လာသည်။
နောက်ဆုံးတွင် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း သည်လည်း သတ္တမအဆင့် ရောက်ရှိ သွား၏။
နိဗ္ဗာန် ရောင်ဝါသည် မိုးပြာရောင် သူတော်စင် ရောင်ဝါ အဖြစ် ပြောင်းလဲ သွားပြီး ခရမ်းရောင် နန်းတော် အတွင်း စုဖွဲ့နေ၏။
ယင်းက ရေကန်ကြီး အဖြစ် ပေါင်းစည်း သွားသည်။ ကန်ရေများမှာ သူတော်စင် ရောင်ဝါ များဖြင့် ဖွဲ့တည်ထားပြီး အလျား-အနံ ပေ တစ်သောင်း ရှိချေ၏။
မိုးပြာမူလ သာမန် အမည်ခံ သူတော်စင် တစ်ပါးသည် အကျယ်ပေ တစ်ထောင် အထိသာ ရောက်ရှိ နိုင်မည်။
အတွေး တစ်ချက်ဖြင့် ရောင်ဝါကို ထုတ်လွှတ်လိုက်ရာ၊ တောင်တန်းများ ပြိုကျ ကုန်ပြီး၊ မြေကြီးများ တုန်ခါလာ၏။
ပတ်ဝန်းကျင်သည် သူ့အငွေ့အသက်ကို ခံနိုင်ပုံ မရချေ။
“ ဒါ အမည်ခံ သူတော်စင် တစ်ပါးရဲ့ စွမ်းအားလား ... ။ ”
သူတော်စင် ရောင်ဝါ အဖြစ် အသွင် ကူးပြောင်းမှုကို ခံယူပြီးနောက် သက်တမ်းမှာ အနှစ် ငါးရာ တိုးလာ၏။
ယခင်က သုံးစွဲခဲ့ဖူးသော နဂါးသွေး သစ်သီးနှင့် နတ်ဘုရား အသွေးတော် အရွက် များကြောင့် သူ့သက်တမ်းသည် အနှစ် (၈၀၀) နှင့် (၁၀၀၀)ကြား ရရှိလာသည်။
ယခုချိန်၌ အချိန်-အာကာသ ရတနာ အတွင်းဝင်ကာ လေ့ကျင့်ရန် သက်တမ်း အပေါ် စိုးရိမ်စရာ မလိုတော့ချေ။
“ နဂါးပြာ မှတ်တမ်း ပြီးရင် ... ကောင်းကင် စက်ဝန်း ဘုံကျောင်းထဲ ဝင်ရမယ်။ ”
လင်းယွန် မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပ လာခဲ့သည်။
“ အရူး တစ်ယောက်လို ကိုယ့်ကိုယ်ကို ဂုဏ်ယူပြုံး ပြုံးမနေနဲ့ ... ငါတို့ အခု ထွက်သွားရ တော့မယ့် အချိန်ရောက်ပြီ။ ”
ခရမ်းငယ်က သတိပေးသည်။ သားတစ်ယောက် ကြီးပြင်းလာ သည်ကို မြင်နေရသော မိခင် တစ်ယောက် ကဲ့သို့ ပြုံးနေခဲ့၏။
လင်းယွန်သည် သူတော်စင် တာအိုကို မဆုပ်ကိုင်ရ သေးသော်လည်း အရည်အချင်း အရ စိတ်ပူနေစရာ မလိုပေ။
အချိန်ရပါက အုပ်စိုးရှင် သူတော်စင် တာအိုကိုပင် အလွယ်တကူ ဆုပ်ကိုင် နိုင်မည်။
“ ကောင်းပြီ ... သွားရအောင်။ ”
လင်းယွန်၏ အကြည့်များ စူးရှလာပြီး သူကိုယ်သူ ယုံကြည်မှု ပိုရှိလာ၏။ စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေ မပြိုကွဲမီ အမည်ခံ သူတော်စင် တံဆိပ်ကို ချေမှုန်းခဲ့ရာ၊ မြင်ကွင်းများ အက်ကွဲသွားသည်။
သူ ပြန်ပေါ်လာသော အခါ စစ်မှန်သော နဂါးတောင်ခြေ၌ ရောက်ရှိနေ၏။ တောင်ပေါ်၌ တိုက်ပွဲ ပြင်းထန်နေပြီ ဖြစ်သည်။
နဂါးကိုးကောင် အနက် ဤတောင်သည် အရှုပ်ထွေးဆုံးသော တိုက်ပွဲများ ရှိရာ နဂါးလမ်း ဖြစ်ချေ၏။
ဤလမ်း၌ လူမျိုးစုံ စုဝေး နေသည်။ အထက်တန်းစား အဆင့် ပါရမီရှင်များ အပြင် သာမန် ပါရမီရှင်များလည်း ရှိ၏။
လင်းယွန်က ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရာ ယဲ့ဇီလင်အား တွေ့လိုက်ရသည်။ ဤနဂါးလမ်း အတွက် ခွဲတမ်းမှာ (၁၀၀)သာ ဖြစ်သော်လည်း ဝင်ပြိုင်သူ (၁၀၀၀၀)ကျော်၏။
ဓားဂိုဏ်း၏ တပည့်များသည် ယဲ့ဇီလင် အနီး၌ စုဝေးနေသည်။ သူတို့ အားလုံး မျက်နှာ၌ စိတ်ဓာတ်ကျသော အရိပ်အယောင်များ ပေါ်နေ၏။
ဓားဂိုဏ်း၏ အခြေခံ အုတ်မြစ်သည် မြင့်မြတ်မြေ များနှင့် နှိုင်းယှဉ်သော် အားနည်း လွန်းချေပြီ။
ဓားဂိုဏ်း အနေဖြင့် အရင်းအမြစ်များ အားလုံးကို သူမအပေါ် မြှုပ်နှံထားသောကြောင့် မရဏ မူလ အဆင့်သို့ ရောက်ရှိသော်လည်း သူတော်စင် တာအိုကို ဆုပ်ကိုင် နိုင်ခြင်း မရှိသေးချေ။
ခွန်အား အဆင့်အရ ယဲ့ဇီလင်သည် ကောင်းကင် တာအိုဂိုဏ်း ကဲ့သို့ မြင့်မြတ်မြေ မျိုးတွင် ထိပ်တန်း ဆယ်ဦး စာရင်းပင် မဝင်နိုင်ချေ။
အနီးစပ်ဆုံးမှာ ဝမ်ယွဲ့ အဆင့် ၌သာ ရှိပေမည်။ လင်းယွန်က ဓားဂိုဏ်းထံ လှမ်းသွား မိသည်။
ထိုအချိန်တွင် ကုန်းစွန်းယန်မှာ နဂါးအမြီး မရောက်ခင် လဲကျသွားပြီး ပါးစပ်မှ သွေးများ စီးထွက်လာသည်။
ဒဏ်ရာ ပြင်းထန်ပုံ ရ၏။ ထို့ကြောင့် ဓားဂိုဏ်း၏ တပည့်များ အားလုံးက ကူညီရန် အလျင်အမြန် ပြေးထွက်လာ ကြသည်။
များမကြာခင် ကျောက်ယန်ပါ လဲကျ သွားလေသည်။ မျက်နှာ ဖြူဖျော့နေပြီး၊
“ မရဏ မူလ အဆင့်မှာ ... မရှိရင်၊ နဂါးအမြီး ကိုတောင် နင်းဖို့ ... အရည်အချင်း မရှိဘူး၊ တခြား အင်အားစု တွေမှာ သူတော်စင် တာအိုကို နားလည်ထားတဲ့ လူက ဦးဆောင် နေတဲ့ အတွက် အဆင်ပြေကြတယ်။ ”
သူတော်စင် တာအို ဆုပ်ကိုင် ထားသူနှင့် မဆုပ်ကိုင် နိုင်သူများ ကြားတွင် ကြီးမားသော ကွာခြားချက် ရှိနေချေပြီ။
“ အခုချိန် ပန်းသင်္ချိုင်းသာ ရှိရင် ... ဒီဒုက္ခကို ခံရမှာ မဟုတ်ဘူး။ ”
ကုန်းစွန်းယန်မှ ဒေါသဖြင့် မြေပြင်ကို ထိုးချလိုက်၏။ ဓားဂိုဏ်း တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။ လင်းယွန်က သူတို့ အနား ရောက်သွားပြီး၊
“ မင်းတို့ အခက် တွေ့နေတာလား။ ”
-ဟု မေးလိုက်သည်။
“ ဟုတ်တယ် ... အစ်မ ဇီလင်ကို နေရာ တစ်နေရာရဖို့ ကူညီပေးချင်တာ ခြေကုပ်ယူလို့ မရဘူး ဖြစ်နေတယ်။ ”
ယဲ့ဇီယွင်မှ ပြန်ဖြေသည်။ ဓားဂိုဏ်း၏ တပည့်များသည် ၎င်းတို့ ခွန်အားကို သိရှိနေ သဖြင့်၊ ယဲ့ဇီလင် အတွက်သာ လမ်းဖွင့် ပေးလိုကြ၏။
သူမ ခွန်အားဖြင့် အမြီးတွင် နေရာ တစ်နေရာ ရရှိရန် ပြဿနာ မဖြစ်သင့်ချေ။ သို့သော် လူတိုင်းက ပြိုင်ပွဲ၏ ကြမ်းကြုတ်မှုကို လျှော့တွက် နေမိကြမြဲ ဖြစ်သည်။
နေရာ အတော် များများကို မဟာတာအို ဆုပ်ကိုင်ထားသူ များက ရယူ ထားပြီး၊ သူတို့၏ တပည့်ငယ်များ အတွက်ပါ နေရာ များစွာ သိမ်းယူထားကြ၏။
“ ဒါက စည်းကမ်းအရ ... ခွင့်ပြု ထားတာလား။ ”
လင်းယွန်မှ မျက်မှောင်ကြုတ်ကာ မေးလိုက်မိသည်။
“ ခွင့်ပြုတယ်လည်း မဟုတ်သလို၊ တားမြစ် ထားတာ မျိုးလည်း မရှိဘူး၊ နဂါး လက်သည်းနဲ့ နဂါးဦးခေါင်း အပေါ်သာ အာရုံစိုက် နေကြတော့ နဂါးအမြီးက ပရမ်းပတာ ဖြစ်လာတာ။ ”
“ ဟား ဟား ဟား နင်တို့တွေ ဒုက္ခ ရောက်နေပုံပဲ။ ”
ရယ်မောသံ တစ်သံ နှင့်အတူ လူတစ်စု ရောက်ရှိလာသည်။ အဖွဲ့ကို ဦးဆောင် သူမှာ ယဲ့ဇီလင်နှင့် ရုပ်ချင်းဆင်သော အမျိုးသမီး ဖြစ်၏။
သူမ အမည်မှာ ယဲ့ရှင်းအာ ဖြစ်ပြီး မျှော်လင့်ခြင်း နှင်းသူတော်စင် မိသားစုမှ ဆင်းသက် လာသူ ဖြစ်သည်။
သူမ အနားတွင် ယဲ့ရွှမ်ဟု ခေါ်သော လူငယ်တစ်ယောက် ပါ၏။ ငယ်ရွယ် နုပျိုပြီး ကျင့်ကြံမှုမှာ၊ နားမလည်နိုင်စွာ နက်နဲ လေသည်။
၎င်းတို့ မျက်လုံးများတွင် နှင်းပန်းများ ပွင့်နေသောကြောင့် အားလုံး မိသားစုဝင်များ ဖြစ်ကြောင်း ပြောနိုင်၏။
သူတို့က ယဲ့ဇီလင်နှင့် ယဲ့ဇီယွင်ကို ရန်လိုနေသည်မှန်း လင်းယွန် သတိ ပြုမိသည်။ ယဲ့ရှင်းအာက ချစ်စရာကောင်းသော အပြုံးဖြင့်၊
“ ကျန့်ကျင်းရှန်ရဲ့ သမီးက နဂါးအမြီး ကိုတောင် မရောက်နိုင်ဘူးလား ... သနားစရာ ကောင်းလိုက်တာ မိသားစုကနေ ထွက်သွားတဲ့ နေ့တုန်းက ... နင် နောင်တရ လိမ့်မယ်လို့ ငါပြောခဲ့တာ မှတ်မိသေးလား။ ”
-ဟု လှောင်ပြုံးဖြင့် မေးမြန်းလိုက်သည်။
ယဲ့ဇီယွင်က ဒေါသတကြီးဖြင့် ထိုယဲ့ရှင်းအာကို ရင်ဆိုင်ရန် လှမ်းထွက်လို သော်လည်း ယဲ့ဇီလင်မှ တားထား၏။
ယဲ့ရွှမ်က ပြုံးလျက်၊
“ ဝမ်းကွဲ ဇီယွင် ... ၊ အဲဒီတုန်းက ဓားဂိုဏ်းကို မသွားဖို့ ငါပြောခဲ့တာ မှတ်မိလား၊ သူတော်စင် တပည့် ဖြစ်လာရင်တောင် အလား အလာ မရှိတဲ့ ဂိုဏ်းက အသုံး မဝင်ပါဘူး။ ”
“ နင်တို့ နှစ်ယောက်က ဘာလို့ ငါတို့နဲ့ မလိုက်တာလဲ၊ ငါတို့ အားလုံးဟာ မျှော်လင့်ခြင်း နှင်းသူတော်စင် မိသားစုရဲ့ မျိုးဆက်တွေ ဖြစ်လို့ နဂါးအမြီး ကိုတောင် မရောက်နိုင်ရင် ရှက်စရာ ကောင်းလိမ့်မယ်။ ”
ယဲ့ရှင်းအာက သဘောထား ကြီးသူ တစ်ယောက်ကဲ့သို့ ပြုမူပြောဆို လာတော့သည်။ သူတို့က ယဲ့ဇီလင်၏ အရှက်ရမှုကို မြင်လိုသော အပြုံးများဖြင့် အဖြေကို ငံ့လင့်နေကြသည်။
ထိုအချိန်က ယဲ့ဇီလင်သည် မျှော်လင့်ခြင်း နှင်းသူတော်စင် မိသားစု၏ ပန်းတစ်ပွင့် ဖြစ်ခဲ့ ဖူးသည်။
သူမ၏ အရည်အချင်းကြောင့် မိသားစု အတွင်း မျိုးဆက်သစ်များ အပေါ် လွှမ်းမိုးထား နိုင်ခဲ့သည်။ သည့်အပြင် ကျော်ကြား လွန်းသော ဖခင်ကိုလည်း ပိုင်ဆိုင်၏။
“ ကျေးဇူး တင်ပါတယ်၊ ဒါပေမယ့် ... မင်းတို့ကို မလိုပါဘူး၊ ယဲ့ဇီလင်က စစ်မှန်သော နဂါးလမ်းကို ငါနဲ့ သွားမှာပါ။ ”
“ ယဲ့ ချင်း ရှန် ... ။ ”
ယဲ့ရွှမ်၊ ယဲ့ချင်းအာနှင့် ယဲ့မိသားစုမှာ ယဲ့ဇီလင် ရှေ့လှမ်း တက်လာသော လင်းယွန်ကို ကြည့်ပြီး အံ့သြသွား၏။
ဤလူသည် ကောင်းကင် တာအို ဂိုဏ်း၏ လူယုတ်မာ ဓားသမား ပေပင်။ နှင်းသူတော်စင် မိသားစုသည် ကောင်းကင် တာအို ဂိုဏ်းနှင့် ယှဉ်နိုင်စရာ မရှိချေ။
သည့်အပြင် ယဲ့ချင်းရှန်မှာ နတ်နဂါး အထက်တန်းစား အဆင့်တွင် သတ်မှတ် ခံထား ရသူ ဖြစ်သည်။
“ နင် ... ငါတို့နဲ့ နဂါးလမ်းကို တကယ် လျှောက်ချင် တာလား။ ”
ယဲ့ဇီလင်မှ လင်းယွန်ကို ကြည့်ကာ မေးသည်။ အခြားသူများ မသိ သော်လည်း ဤလူသည် လင်းယွန် ဖြစ်မှန်း သူမ သိ၏။
၎င်း၏ ခွန်အားဖြင့် နတ်နဂါးလမ်းကို အလွယ်တကူ လျှောက်လှမ်းနိုင်သည်။
“ ဘာလို့ မလျှောက်ချင် ရမှာလဲ ... ။ ”
လင်းယွန်မှ မျက်ခုံးပင့်ကာ ပြန်ဖြေလိုက်သည်။ ယဲ့ဇီလင် တစ်ယောက် တုန်လှုပ်လာပြီး၊
“ ငါ ငြင်းတယ် ... ။ ”
-ဟု ပြောကြား လိုက်သည်။
“ မအောင်မြင်ဘူး။ ”
လင်းယွန်မှ ပြုံးကာ သူမ ပခုံးကို ဆုပ်ကိုင်၏။
“ အဲဒီကောင်က လူယုတ်မာပဲ ... ။ ”
“ ယဲ့ဇီလင်က ... မျက်စိ မမြင်ဘူး၊ ဒီလူယုတ်မာရဲ့ ရုပ်ရည်အပေါ် လဲကျသွားပြီ၊ သူတို့က ပြန်ဆုတ် လာမဲ့ အချိန်ကို စောင့်ရအောင်။ ”
ယဲ့မိသားစုက လူတိုင်း နဂါးလမ်းပေါ် တက်သွားသော လင်းယွန်နှင့် ယဲ့ဇီလင်ကို ကြည့်ကာ၊ မပျော်ရွှင် တော့ချေ။
နဂါး အမြီးရှိ လူဆယ်ယောက်မှာ တိုက်ပွဲများ ဆင်နွှဲလျက် ကမောက်ကမ အခြေ အနေများ ဖြစ်ပေါ်လာသည်။
“ သေ လိုက်တော့ ... ။ ”
မရဏ မူလအဆင့် ကျွမ်းကျင်သူ တစ်ဦးသည် လင်းယွန်နှင့် ယဲ့ဇီလင်ထံ အလစ်ဝင် တိုက်၏။
၎င်းထံမှ ကြီးမားသော လက်ဖဝါးကြီး တစ်ဖက် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ပေါ် အက်ကြောင်းများ ဖြစ်လာစေသည်။
“ ထွက်သွား ... ။ ”
သို့သော် လင်းယွန် မျက်နှာမှာ အေးစက်သွားပြီး၊ လက်သီးဖြင့် ပြန်လည် ထိုးနှက် ပစ်လိုက်သည်။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
မရဏ မူလ အဆင့် ကျွမ်းကျင်သူ ခမျာ လက်ဖဝါး ကွဲကြေသွားပြီး သွေးစီးကျလျက် လွင့်စဉ် သွားတော့၏။
ဤမြင်ကွင်းက ချက်ချင်းပင် သူတို့သွားရာ လမ်းကြောင်း ရှင်းလင်း သွားလေသည်။
“ ဘယ်လောက်တောင် ... ပြင်းထန် လိုက်တဲ့ လက်သီးလဲ ... သူက ဘယ်သူလဲ။ ”
“ လက်သီး တစ်ချက်တည်းနဲ့ ... ၊ လူတိုင်းအနား မကပ်ရဲ တော့ဘူး၊ သူ့ခွန်အားက နတ်နဂါး အထက်တန်းစား အဆင့် ပါရမီရှင် တွေကို ရင်ဆိုင်နိုင်တယ်။ ”
ယဲ့ရွှမ် အပါအဝင် ဤမြင်ကွင်းကို မြင်လိုက်ရသော လူတိုင်း အံ့သြသွား ကြသည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ယဲ့ရှင်းအာက ဤအဖြစ်မှန်ကို လက်မခံ နိုင်ချေ။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး၊
“ ဒီကောင်က ခွေးရူးပဲ၊ ဘာပဲ ဖြစ်ဖြစ် သူ့အာရုံက ငါ့အပေါ်မှာပဲ ရှိသင့်တယ်၊ ငါ့ကို သူမက ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ”
-ဟု ရေရွတ် လိုက်တော့သည်။
ထိုအချိန်တွင် လင်းယွန်နှင့် ယဲ့ဇီလင်က နဂါးအမြီးကို စစ်မြေပြင် အဖြစ်သို့ ပြောင်းလဲ လိုက်သည်။
“ လင်းယွန် ... ၊ နင် ငါ့ကို ကူညီပေးစရာ မလိုဘူး။ ”
အနားတွင် လူရှင်းသွားပြီ ဖြစ်သောကြောင့် ယဲ့ဇီလင်က လင်းယွန် အမည်ကို တိုက်ရိုက်ခေါ် လိုက်လေသည်။ လင်းယွန်က အံ့ဩခြင်း မရှိဘဲ ပြုံးကာ ဆက်လျှောက် သွားတော့၏။
“ ခွန်လွန်ကို ရောက်တော့ ငါ့ရဲ့ ပထမဆုံး စီနီယာ အစ်မက ဇီလင်ပဲ၊ ကျန့်ကျင်းရှန်က ငါ့ရဲ့ စီနီယာ အစ်ကို၊ ဒါဆို ... ငါ မလုပ်နိုင်စရာ ... ဘာအကြောင်း ရှိသလဲ။ ”
***