ငါ အလျင်လိုနေတယ်။
Vol. 153 Ch. 2133
လင်းယွန်၏ စကားကြောင့် ယဲ့ဇီလင် နှလုံးသား တုန်ခါသွားသည်။ သူမ တစ်သက် မည်သူမျှ ကောင်းကောင်း မဆက်ဆံကြချေ။
“ ငါနဂါး အမြီးမှာ နေမယ်၊ နင် ... ဆက်သွားတော့ ... ။ ”
ထို့ကြောင့် လင်းယွန်ကို နှောင့်နှေးမှု မဖြစ်စေလိုချေ။ နဂါးအမြီး၌ နေရာ တစ်နေရာ ရနိုင်လျှင်ပင် ကျေနပ်သည်။
“ ငါ့ နောက်လိုက်ခဲ့။ ”
လင်းယွန်က စကား အများကြီး မပြောတော့ဘဲ လုပ်ရပ်ဖြင့် သက်သေပြသည်။ လမ်းတစ်လျှောက် လူတိုင်းကို ရိုက်နှက် ဖယ်ရှားလိုက်၏။
တတိယအဆင့် ရောက်သောအခါ၊
“ ယဲ့ချင်းရှန် ... မင်းက ငါတို့အတွက် တကယ် စံပြတစ်ယောက်ပဲ။ ”
-ဟူသည့် ရင်းနှီးသော အသံကို ကြားလိုက်ရသည်။
“ ချောင်ယန် ... ။ ”
၎င်းသည် ရှေးဟောင်း မိုးကြိုး ကျောင်းတိုက်၏ ပါရမီရှင် ဖြစ်ပြီး၊ စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေ အတွင်း သူ့လှည့်စားမှုကို ခံထားရသူ ဖြစ်၏။
သို့တိုင် ရတနာ အချို့ ရရှိခဲ့ သဖြင့်၊ သူ့ခွန်အားမှာ တဟုန်ထိုး တက်လာကာ၊ လင်းယွန်နှင့် မကျေပွဲ နွှဲလိုသည်။
သည့်အပြင် တစ်ဖက်လူသည် နဂါး လမ်းပေါ်၌ အံ့ဩစရာ ကောင်းသော အပြုအမူ မျိုးကို ပြုမူလာသည်။
နဂါးပြာ မှတ်တမ်းသည် ခမ်းနားသော ပွဲဖြစ်ပြီး အမည်မဲ့ အမျိုးသမီး တစ်ဦး အတွက်၊ အချိန်ပေးနေသည်မှာ ယုံနိုင်ဖွယ် မရှိချေ။
သန့်ရှင်းသော သမီးတော် သတ်သူ ဟူသည့်အမည်မှာ အမှန် ဖြစ်ပုံရသည်။ သူ့ကဲ့သို့ မာနကြီးသူ ပင်လျှင် စစ်မှန်သော နဂါးလမ်းကို အာရုံမစိုက်ဘဲ မနေဝံ့ချေ။
“ ငါတို့ အတူတူ သွားချင်လား ... ။ ”
ထိုအတွေးက သူ့ကို စိတ်ဝင်စား စေကာ၊ ဖိတ်ခေါ်လိုက်မိသည်။
“ မင်း အရင်သွားပါ။ ”
လင်းယွန်မှ ငြင်းသည်။
“ ဟီးဟီး ... ကောင်းပြီ နဂါးခေါင်းမှာ ပြန်ဆုံကြစို့။ ”
ချောင်ယန်က လှံတစ်စင်းကို ထုတ်ယူလျက် သူတို့ကို ကျော်တက်ကာ၊
“ ဟမ့် ... လူသတ်ပွဲ စတော့မယ်၊ မင်းတို့ မသေချင်ရင် ငါ့ရှေ့ကဖယ်။ ”
-ဟု အော်ဟစ်က နီးစပ်ရာ လူငယ် တစ်ယောက်ထံ လှံဖြင့် လှမ်းထိုးလိုက်သည်။
လှံမှ ပြိုးပြက် တောက်ပ နေသော ရောင်ခြည်များ ထွက်လာပြီး လူငယ် အသက်ကို ယူသွားသည်။ ထို့ကြောင့် လူတိုင်း ဆုတ်ခွာ သွားကြ၏။
ဤနည်းဖြင့် ချောင်ယန်မှာ နဂါး လက်သည်းဆီသို့ ချောမွေ့စွာ လျှောက်လှမ်း သွားတော့သည်။
နဂါး လက်သည်းတွင် နေရာ ဆယ်ခု ရှိသော်လည်း ချောင်ယန်မှ စိတ်မဝင်စားချေ။ သူ့အကြည့်က နဂါးဦးခေါင်းထံ ဖြစ်၏။
နဂါး ဦးခေါင်း၌ လူသုံးယောက် ပခုံးချင်း ယှဉ်ရပ် နေသည်ကို မြင်လိုက် ရသည်။ မိုလီ၊ ရှောင်ဟုန်ဖေးနှင့် ဖန်ဟွာရှင်း ဖြစ်၏။
“ ချောင်ယန် ... မင်းအဲဒီမှာ နေ၊ ရှေ့တစ်လှမ်း တိုးဝံ့ရင် ငါ့ကို ရက်စက်တယ်လို့ အပြစ် မတင်နဲ့။ ”
မိုလီက အေးစက်စွာ ပြောသည်။
“ နဂါး လက်သည်းကို မင်းပိုင်တယ်၊ နတ်နဂါး အထက်တန်းစား အဆင့်မှာ နာမည် ရှိနေတာနဲ့ပဲ၊ ငါတို့နဲ့ အဆင့်တူလို့ ထင်မနေနဲ့။ ”
ဖန်ဟွာရှင်းက လှောင်ပြောင် ရှုတ်ချ စကား ဆိုလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ... ပြိုင်ကြည့် ရမှာပဲ။ ”
ချောင်ယန်က ခေါင်းမာစွာဖြင့် တုန့်ပြန် လိုက်သည်။ နဂါးခေါင်းကို ရယူရန် ဆုံးဖြတ် ထား၏။
ရွှေမိုးကြိုး ခန္ဓာကိုယ်ကို အသက်သွင်း လိုက်သော အခါတွင် ကျမ်းစာ ရွတ်ဆိုသံများ ပဲ့တင်ထပ်လာသည်။
“ ဝှစ် ... ။ ”
သူတော်စင် ရူရ်များ လက်ထဲရှိ လှံကို ဖုံးအုပ်လာစဉ် ရှောင်ဟုန်ဖေးထံ လှမ်းထိုးလိုက် တော့၏။
“ ဘယ်လောက် မြန်လဲ ... ။ ”
ရှောင်ဟုန်ဖေးက အံ့သြသွားသည်။ ပြိုင်ဘက်ကို လျှော့တွက် ထားမိမှန်း သူ သိလိုက်၏။
“ ဟိတ် ... ။ ”
ဝင်လာသော လှံအလင်းကို ရှောင်တိမ်းကြည့်ရန် အချိန် မရှိတော့သဖြင့် ဓား ဆွဲကာ ပယ်ဖျက် လိုက်ရသည်။
သို့တိုင် လှံအလင်းသည် ပြင်းထန်လွန်း သောကြောင့် ရှောင်ဟုန်ဖေး ခမျာ နောက်ဆုတ် သွားရ၏။
တစ်ဖက်တွင် ဤမြင်ကွင်းကြောင့် အေးစက်သော အငွေ့အသက် များနှင့်အတူ မိုးလီမှ လှုပ်ရှားလာသည်။
“ မင်း သေချင်နေတာပဲ။ ”
သူသည် ကောင်းကင် မှတ်စု နတ်မိစ္ဆာ ကျမ်းကို လေ့ကျင့်ကာ ရေခဲ-လျှပ်စီး အပေါ် နားလည်ထား၏။
ဂီတတွင်လည်း အဆင့်တစ်ခု အထိ ကျွမ်းကျင်ပြီး၊ ချောင်ယန်၏ ရွှေမိုးကြိုး ခန္ဓာနှင့် ယှဉ်နိုင်သော ကောင်းကင် သူတော်စင် ခန္ဓာကို ပိုင်ဆိုင်ထားသည်။
အခြားတစ်ဖက်တွင် ဖန်ဟွာရှင်းက သွေးဆာနေသော ရည်ရွယ်ချက် ထုတ်ဖော် လိုက်ပြီး တိုက်ပွဲအတွင်း ဝင်လာ၏။
“ ကောင်းကင် မှတ်စု ဆင်းသက်ခြင်း ... ။ ”
“ နှလုံးဖောက် မိစ္ဆာလက်သည်း ... ။ ”
အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများကို ထုတ်ဖော် လိုက်သောကြောင့် အကန့်အသတ် မရှိသော သူတော်စင် ရောင်ဝါများ လွင့်ထွက် လာလေသည်။
လေထဲတွင် ရှေးဟောင်း ခေါင်းလောင်း တစ်ခုနှင့်၊ နတ်ဆိုး သားရဲ တစ်ကောင် ပေါ်လာ တော့၏။
ပြိုင်ဘက် နှစ်ယောက်ကို ဆယ်ကြိမ်ခန့် ရင်ဆိုင်ပြီးနောက် ချောင်ယန် ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
နှလုံးဖောက် မိစ္ဆာလက်သည်းသည် သူ့အသားကို ဆုတ်ဖြဲကာ၊ ခေါင်းလောင်း အသံ လှိုင်းက စိတ်ဝိညာဉ်ကို တုန်လှုပ်စေ၏။
“ ရွှပ် ... ။ ”
နာကျင်မှုကြောင့် ၎င်းတို့ နှစ်ဦးကို လက်တုံ့ပြန်လိုသော အခါတွင် ရှောင်ဟုန်ဖေးမှ ဓားလွှဲကာ ဝင်လာတော့သည်။
ကောင်းကင်ကြီး အနီရောင် ပြောင်းလျက် ချောင်ယန်၏ ရွှေမိုးကြိုး ခန္ဓာ ပြိုကျ သွားသည်။ မြေပြင်ပေါ် လဲကျ နေရာမှ ဖြူဖပ်ဖြူရော် မျက်နှာဖြင့် မော့ကြည့်လိုက်၏။
“ မင်းတို့ သုံးယောက်က ရွံစရာ ကောင်းလိုက်တာ။ ”
“ ဟား ဟား ဟား ... မင်းမှာ ... ခွန်အားမရှိရင် နဂါးခေါင်းကို မလာနဲ့၊ ဒါက မင်းနဲ့ မထိုက်တန်ဘူး။ ”
ရှောင်ဟုန်ဖေးက သူ့ကို ကန်ထုတ်ပစ် လိုက်သည်။ လမ်းတစ်လျှောက် လူများစွာသည် အလျင်အမြန် ရှောင်တိမ်း ရတော့၏။
မဟုတ်သော် ချောင်ယန်၏ အရှိန်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိနိုင်မည်။ ဤနည်းဖြင့် ချောင်ယန်သည် စစ်မှန်းသော နဂါးလမ်းကို စွန့်ခွာရတော့မည် ဖြစ်၏။
၎င်းသည် ပထမဆုံး ပြုတ်ကျ လာသော နတ်နဂါး အထက်တန်းစား တစ်ယောက် အဖြစ် သမိုင်းဝင် သွားပြီ ဖြစ်သည်။
ရှောင်ဟုန်ဖေးက သူ့ဓားကို ဖြည်းညှင်းစွာ သုတ်လိုက်ပြီး၊
“ စစ်မှန်သော နဂါးလမ်းပေါ်မှာ ရှိတဲ့ လူတိုင်း နားထောင်ပါ ... ငါတို့ နဂါးခေါင်းကို သိမ်းပိုက် လိုက်ပြီ၊ ကျူးကျော်သူ မှန်သမျှ သေခြင်းပဲ။ ”
-ဟု မောက်မာစွာ ကြေငြာ၏။
ထိုအချိန်တွင် လင်းယွန်က သူ့ထံလွင့်စဉ် လာသော ချောင်ယန်ကို ဖမ်းကိုင်ကာ နဂါးပြာ စွမ်းအင်များ လောင်းထည့် ပေးလိုက်သည်။
ချောင်ယန်မှ မျက်လုံး ဖွင့်ကြည့်ပြီး၊
“ နဂါးခေါင်းကို သွားဖို့ စိတ်မကူးနဲ့၊ သူတို့ သုံးယောက်က လက်ချင်းချိတ်ပြီး ... လူတိုင်းကို ရိုက်ချင်နေတာ။ ”
-ဟု သတိပေးစကား ပြောကြား လိုက်သည်။
“ သူတို့က နည်းနည်း လွန်တယ် မထင်ဘူးလား၊ ဒီလိုလုပ်ရပ်မျိုးကို သူတော်စင် အကြီးအကဲက ခွင့်ပြုလား။ ”
“ နဂါးပြာ မှတ်တမ်းမှာ စည်းမျဉ်းတွေ မရှိဘူး ဆိုတာ မင်းသဘော ပေါက်သင့်တယ်၊ တခြား နဂါးလမ်း တွေကို ကြည့်လိုက်၊ သန့်ရှင်းသော သားတော် ...
... သမီးတော်နဲ့ ... ကောင်းကင်လမ်း ချန်ပီယံတွေကို ဘယ်သူကများ ... စည်းမျဉ်း အကြောင်း ပြောဝံ့သလဲ။ ”
ချောင်ယန် စကားကြောင့် လင်းယွန်က တွေဝေသွားသည်။
“ သူတို့ သုံးယောက်က စစ်မှန်သော နဂါးလမ်းကို အပိုင်စီး လိုက်ပြီ၊ ယဲ့ချင်းရှန်က သူတို့နဲ့ ပြိုင်မယ် ထင်လား ... ။ ”
“ ဒီကောင်က နာမည်ကြီးပဲ၊ ဒါပေမယ့် သူ့အဆင့်က နောက်ဆုံးပါ။ ”
ယဲ့ချင်းရှန်သည် ကောင်းကင် တာအို ဂိုဏ်း၏ ထူးချွန်သော ဓားသမား ဖြစ်သော ကြောင့် လူတိုင်း စိတ်ဝင်စား လာ၏။
လင်းယွန်က ထိုစကားများကို လျစ်လျူရှုလျက် ခေါင်းမော့ကာ နဂါးခေါင်းထံ ဆက်လျှောက် သွားတော့သည်။
ချောင်ယန်မှ မျက်ခုံးပင့်လျက် အံသြ နေမိစဉ် ယဲ့ဇီလင်က လင်းယွန် နောက်သို့ ပြေးလိုက် သွားလေသည်။
ယဲ့ချင်းရှန်၏ ဂုဏ်သတင်းသည် လွန်စွာ မြင့်မားပြီး နတ်နဂါး အဆင့်တွင် ပါဝင်နေသည့် အပေါ် မည်သူမျှ မနာလို ကြချေ။
ထို့ကြောင့် လူတိုင်း စိတ်ဝင်တစား ကြည့်လာ ကြတော့သည်။
“ ယဲ့ချင်းရှန်... ငါ့ဓားကို အရင်ယူ။ ”
မနာလိုသော တစ်စုံတစ်ယောက်က မထိန်းနိုင်ဘဲ ကောင်းကင်ပေါ် ခုန်တက်ကာ ဓားဖြင့် ပိုင်းချလာ၏။
ဤလူ၏ ရည်ရွယ်ချက်မှာ ရိုးရှင်း ပေသည်။ သူသည် ဖန်ဟွာရှင်း၊ ရှောင်ဟုန်ဖေးနှင့် မိုလီကို မကိုင်တွယ်နိုင် သဖြင့်၊ လင်းယွန်ထံ ပစ်မှတ် ပြောင်းလဲ လိုက်ခြင်းဖြစ်၏။
၎င်း၏ ကျင့်ကြံမှုသည် မရဏ မူလ အဆင့်တွင် ရှိပြီး၊ မဟာ တာအိုကို ဆုပ်ကိုင် ထားနိုင်သည်။
နဂါး လက်သည်းရှိ နေရာတစ်ခုကို ရယူထားနိုင် သဖြင့်၊ သူ့အစွမ်းသတ္တိ အပေါ် အသိအမှတ် ပြုရပေမည်။
“ ရွှပ် ... ။ ”
သို့သော် ၎င်းက ဓားကို ခုတ်ပိုင်းခြင်း မပြုနိုင်မီ မြေပြင်ရှိ လင်းယွန်မှ ဓားအလင်းဖြင့် တောက်ထုတ်ခြင်း ခံလိုက်ရသည်။
ဓားသမား ခမျာ ထိတ်လန့်သွားပြီး ခုခံရန် ကြိုးစားလိုက် သော်လည်း နဂါး လက်သည်းမှ ပြုတ်ကျ သွားတော့၏။
သူသည် ချောင်ယန်အစား စစ်မှန်သော နဂါးလမ်းမှ ပထမဆုံး ပြုတ်ကျ သွားသူ အဖြစ် မှတ်တမ်းဝင် သွားလေသည်။
ယင်းကြောင့် လူတိုင်း အသက်ပြင်းပြင်း ရှူလျက်၊ လင်းယွန်ကို တိုက်ရန် ဒုတိယ အကြိမ် ပြန်လည် စဉ်းစားလာ ကြသည်။
“ ယဲ့ချင်းရှန်က သန်မာတဲ့ ဓားသမား တစ်ယောက် ဆိုတာ ငါကြားဖူးတာ ကြာပါပြီ။ ”
“ ဟုတ်တယ် သူ့အစွမ်းက ကြောက်စရာ ကောင်းတယ်၊ ပေါ့ပေါ့ပါးပါး ... ဓားအလင်းက သူတော်စင် တာအိုကို ဖြိုချပစ်တယ်။ ”
“ သူ့ကို မနှောက်ယှက်နဲ့ ... နဂါးခေါင်းဆီ သွားပါစေ ... ဒါက ပွဲကောင်း တစ်ပွဲပဲ။ ”
“ ဟမ့် ... စီနီယာ အစ်ကိုယဲ့က နဂါးခေါင်းကို ယူမို့လား။ ”
ဤမြင်ကွင်းကြောင့် ကောင်းကင် တာအို ဂိုဏ်း၏ တပည့် အများအပြားက စိတ်လှုပ်ရှား လာတော့သည်။
“ ယဲ့ချင်းရှန် ... မင်း လာမှာကို ငါသိတယ်။ ”
မိုလီက ကျန်နှစ်ယောက်နှင့် ဘေးချင်း ကပ်ရပ်နေရာမှ နဂါးခေါင်းကို မဟာ တာအိုဖြင့် သိုင်းခြုံပစ်လိုက်သည်။
သာမာန် ပါရမီရှင် တစ်ဦးဆိုသော်၊ ဤပိတ်ဆို့မှု ဖြင့်ပင် ကြီးမားသော ဖိအားကို ခံစားရ ပေမည်။
“ မင်းက တကယ်သတ္တိရှိတာပဲ ... နဂါးပြာ မှတ်တမ်းကို ဓားညီလာခံများ ထင်နေသလား၊ ဟမ့် ... ။ ”
ဖန်ဟွာရှင်းက ရယ်မောလိုသော အပြုံးဖြင့် လှမ်းထွက်လာ၏။
“ မဟုတ်ဘူး ... မင်းတစ်ယောက်တည်း မလာနဲ့၊ မင်းတို့ သုံးယောက်လုံး အတူတူ လာခဲ့ ငါ အလျင် လိုနေတယ်။ ”
လင်းယွန်က ခေါင်းယမ်းကာ ပြောကြား လိုက်သဖြင့်၊ သုံးယောက်သား ရယ်မော လိုက်မိ သည်။
“ ဟား ဟား ဟား ... ငါတို့ သုံးယောက် မလိုပါဘူး၊ ငါ တစ်ယောက်တည်း နဲ့တင် မင်းကို ရိုက်နှက်ဖို့ လုံလောက်ပြီ။ ”
ဖန်ဟွာရှင်း ကောင်းကင်ပေါ် ခုန်တက် လိုက်တော့၏။
***