← Chapters

ဘယ်သူ နဂါးသခင် ဖြစ်ချင်လဲ။

Vol. 153 Ch. 2134

ဘယ်သူ နဂါးသခင် ဖြစ်ချင်လဲ။

Vol. 153 Ch. 2134

“ ဝုန်း ... ။ ”

ဖန်ဟွာရှင်း ထံမှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ ထွက်လာကာ နဂါးတောင်ကို ဖုံးအုပ်ထားသော အတား အဆီးနှင့် တိုက်မိ သွားသည်။

“ ဝှစ် ... ။ ”

မဟာတာအို ဖြစ်သော သူတော်စင် မီးတာအိုကို ထုတ်ပြကာ သွေးဆာနေသည့် ရည်ရွယ်ချက်ဖြင့်၊ လေထဲ ပျံဝဲလိုက်၏။

“ အဲဒီ ဖန်ဟွာရှင်းက ... ကောင်းကင် မူလအဆင့် အမည်ခံ သူတော်စင် တစ်ပါးနဲ့ တိုက်ခိုက် ခဲ့ဖူးတယ်။ ”

“ သူ့ရဲ့ သွေးဆာနေတဲ့ ရောင်ဝါက ထူးဆန်းတယ်၊ အဲဒါက ရှေးခေတ် နတ်မိစ္ဆာ ပညာရပ်ပဲ၊ ကောင်းကင် မိစ္ဆာ နှလုံးသား ထုတ်ယူခြင်း ဆိုတဲ့ ...

... ကျမ်းကနေ ဆင်းသက်လာတာ၊ ကောင်းကင် နတ်မိစ္ဆာ သူတော်စင် ကျမ်းနဲ့ တူညီသော အဆင့်မှာ ရှိတယ်။ ”

မျှော်လင့်ခြင်း နှင်း သူတော်စင် မိသားစု၏ ယဲ့ရွှမ်က လှောင်ပြုံးဖြင့်၊

“ ဒီကောင် ယဲ့ချင်းရှန်က အရမ်း မောက်မာတယ်၊ ပြိုင်ဘက် သုံးယောက်ကို တစ်ချိန်တည်း တိုက်ခိုက်ချင်လား၊ အိမ်မက် မက်နေတာပဲ၊ ...

... မဟာ တာအို ဆုပ်ကိုင်ထားတဲ့ ... နတ်နဂါး အထက်တန်းစား အဆင့် ပါရမီရှင် တိုင်းက အစွမ်းအစ မသေးကြပါဘူး။ ”

ဤလူများသည် ဂုဏ်သတင်း အရ၊ သုံးယောက် ပူးပေါင်းကာ တိုက်မည် မဟုတ်ဟု ယဲ့ချင်းရှန်မှ တွက်ဆထားပုံ ရသည်။

“ သေလိုက်တော့ ... ။ ”

ဖန်ဟွာရှင်းက ကြက်သွေးရောင် မီးမုန်တိုင်းဖြင့် လင်းယွန်ကို ဝါးမြိုရန် ကြိုးစား လိုက်၏။

မျက်လုံးတစ်မှိတ် အတွင်း မီးပင်လယ်ကြီး ဖြစ်ပေါ်လာသဖြင့်၊ လင်းယွန် မျက်လုံး မှေးစင်း သွားသည်။ တစ်ဖက်လူသည် အဖြူဝတ် သခင်ထက် နှစ်ဆ အားကောင်း၏။

သို့သော်။

“ မင်း ငါ့ကို သတ်ချင်လို့လား ... မင်းမှာ ပြီးမြောက်အောင် လုပ်ဖို့ ခွန်အား မလောက်မှာ ငါကြောက်တယ်။ ”

လင်းယွန်ကို ဗဟိုပြုလျက် ပေတစ်ရာ ပတ်လည်အတွင်း ငွေရောင် အဆင်းသဏ္ဍာန် အချို့ ရစ်သိုင်းလာ၏။

ဓားနှလုံးသား အသက်ဝင်လာကာ၊ ကြက်သွေးရောင် မီးပင်လယ်ကို ဟန့်တား ဖြိုခွဲ ပစ်တော့သည်။

“ ဟား ဟား ဟား ... ကောင်းတယ်၊ ငါအခုစပြီ။ ”

ဖန်ဟွာရှင်းက ရယ်မောလျက် မီးပင်လယ်ကြီးကို မုန်တိုင်းအဖြစ် ပြောင်းကာ မဟာတာအိုများ လောင်းထည့်သည်။

သူ၏သွေးဆာနေသော သတ်ဖြတ်ခြင်း ရည်ရွယ်ချက်က ထိုမဟာ တာအို အောက်၌ ဆဋ္ဌမတန်း အဆင့်သို့ ရောက်ရှိသွား၏။

ဆဋ္ဌမတန်း ဓားရည်ရွယ်ချက်နှင့် ယှဉ်နိုင်သည့် သွေးဆာနေသော သတ်ဖြတ်ခြင်း ရည်ရွယ်ချက် ဖြစ်ချေပြီ။

“ ခရစ် ... ။ ”

ထို့ကြောင့် ချက်ချင်းပင် တိုက်ပွဲ အပေါ် အသာစီးရ သွားခဲ့သည်။ ငွေရောင် နယ်မြေမှာ ထိုဖိအားအောက်၌ ကွဲအက်ကုန်၏။

“ ဟား ဟား ဟား ... ယဲ့ချင်းရှန် ဒါက မင်းမှာရှိတာ အကောင်းဆုံးလား ... ဒူးထောက်။ ”

ဖန်ဟွာရှင်းက လင်းယွန် အပေါ် လက်တစ်ဖက် တင်လိုက်သည်။ မီးမုန်တိုင်းက နတ်ဆိုးလက်သည်း အဖြစ် ပြောင်းသွား၏။

လင်းယွန် အိပ်မက်ထဲရှိ မီးခွက်သည် အတွေးတစ်ချက်ဖြင့် ပြန်လည် လောင်ကျွမ်း လာသည်။ ငွေရောင် အဆင်းများမှာ ချက်ချင်း ပြန်လည် တောက်ပ လာ၏။

“ ညှိုးနွမ်းနေသော သစ်ပင် အသက်ဝင်မည်။ ”

သည့်နောက် ဓားဆွဲပြီး ပိုးစုန်းကြူး နတ်ဓား၏ ပထမဆုံး ပုံစံကို ထုတ်ဖော်လိုက် တော့သည်။

ဓားအလင်းသည် ကြယ်တစ်ပွင့် ကဲ့သို့ တောက်ပစွာ လင်းလက်လာပြီး၊ လေထုထဲ၌ သစ်ပင်ကြီး တစ်ပင် ဖြစ်ပေါ်လာ၏။

“ မကောင်းတော့ဘူး။ ”

ရှောင်ဟုန်ဖေး မျက်နှာ အရောင် ပြောင်းသွားပြီး တိုက်ပွဲအတွင်း ပြေးဝင်မိ တော့သည်။

“ ကောင်းကင်က ကြယ်တွေကို ဖျက်ဆီးမဲ့ဓား။ ”

သူ့ဓားကို လွှဲလိုက်ပြီး နတ်ဆိုး လက်သည်းနှင့်အတူ သစ်ပင်ကြီးကို ဖျက်ဆီးရန် ကောင်းကင်မှ ဆင်းသက်လာ၏။

“ ဝုန်း ... ။ ”

သို့သော် လင်းယွန်၏ ဓါးရောင်ခြည်က နတ်ဆိုးလက်သည်းကို အနားကပ် မခံခဲ့ချေ။ လက်သည်းမှာ ကြက်သွေးရောင် ပန်းပွင့်များ အဖြစ် လွင့်ထွက် သွားရသည်။

သူ့ဓား သည်လည်း နတ်ဆိုး လက်သည်းနှင့်အတူ ပြန်ဆုတ် သွားသည်။ နှစ်ယောက် ပူးပေါင်း တိုက်စစ် ဆင်နွှဲသော်မှ လွင့်စဉ်သွားရ၏။ ခံနိုင်ရည် မရှိကြချေ။

“ ဝှစ် ... ။ ”

“ ရွှပ် ... ရွှပ် ... ။ ”

လင်းယွန်က လေထဲ တစ်ပါတ် လှည့်ကာ ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ခြည် နှစ်စင်းကို ထုတ်လွှတ် လာပြန်သည်။

သည့်နောက် ကောင်းကင်မှ ဆင်းသက် လိုက်ပြီး၊ သူတို့ နှစ်ယောက်ထံ တစ်ချက်လှမ်း ကြည့်လိုက်၏။

ဓားအလင်း နှစ်ချက် ထပ်ဆင့် ထိမှန်ကာ သွေးအလိမ်း လိမ်းဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားလေသည်။

ကြယ်ဓားကြောင့် ဖန်ဟွာရှင်းနှင့် ရှောင်ဟုန်ဖေးတို့ ခမျာ ပြန်လည် ကုသရန် အခက်တွေ့ ကုန်၏။

သို့တိုင် လင်းယွန်မှ မရပ်သေးချေ။ သူ့ဘယ်လက်နှင့် တံဆိပ်တစ်ခု ဖော်ဆောင်ကာ လက်သီးဖြင့် ထိုးနှက်ချ လိုက်သည်။

“ ဘုန်း ... ။ ”

ကောင်းကင်၌ ငရဲပွင့်ချပ် ပင်လယ်ကြီး ပေါ်လာကာ၊ ဖန်ဟွာရှင်းတို့ နှစ်ဦးထံ ထိမှန်ပြီး၊ မိုလီအနားသို့ လွင့်စဉ် သွားစေတော့၏။

“ နတ်နဂါး အထက်တန်းစား အဆင့်ရဲ့ ဉာဏ်ကြီးရှင် တွေက ... အထင် ကြီးစရာလည်း မရှိပါလား။ ”

လင်းယွန်က လက်နှစ်ဖက်ကို နောက်ပို့လျက် ဟန်ပါပါဖြင့် ဝေဖန်လိုက်သည်။ သူ့စကားသည် ရေကန်ထဲ ပစ်ချလိုက်သော ကျောက်တုံး ကဲ့သို့ ပတ်ဝန်းကျင်အပေါ် ရုတ်ခတ်သွား၏။

“ ဓားတစ်ချက် တည်းလား၊ သူ့ဓား ရည်ရွယ်ချက်က ပြိုကျသွားတာ ရှင်းနေတာပဲ၊ ဒါကို ဘယ်လို လုပ်ပြီး ပြန်ရှင်လာတာလဲ။ ”

“ ဒါက ဓားသမားရဲ့ ကျေးဇူးတော်ပဲ။ ”

ဤတိုက်ပွဲကို လူအများ သတိပြုမိကြ၏။ ကြယ်ဓား၏ စွမ်းအားကို အဝေးမှပင် ခံစားနိုင် ပေသည်။

“ စီနီယာ အစ်ကိုယဲ့ ... ။ ”

ကောင်းကင် တာအိုဂိုဏ်း၏ တပည့်များ ရွှင်မြူးကုန်၏။

“ အတူတူ သွားရအောင် ... ၊ နောက်ဆုတ် မနေနဲ့ ... ။ ”

မိုလီ အော်ဟစ် လိုက်သည်။ သုံးယောက်သား အံကြိတ်လျက် လင်းယွန်၏ အားနည်းချက်များကို ရှာဖွေမိသည်။

သူတော်စင် ရောင်ဝါများ အချင်းချင်း ပေါင်းစပ်လျက် မဟာတာအိုဖြင့် အားဖြည့်လိုက် ကြသည်။

မရဏ မူလအဆင့် ရောင်ဝါသည် ထောင့်တိုင်း၌ ပြည့်နှက်နေပြီး လေဟာနယ် အပေါ် ကန့်သတ်လာ၏။ ခြင်းတစ်ကောင်ပင် သူတို့အာရုံမှ မလွတ်ချေ။

“ သူတို့ သုံးယောက်က ... သူတော်စင် တာအိုနဲ့ သူတော်စင် ရောင်ဝါကို အချင်းချင် ချိတ်ဆက်ထားတယ်။ ”

“ အရှက်မဲ့လိုက်တာ ... တစ်ကယ်ပဲ သုံးယောက် တစ်ယောက်၊ နိဗ္ဗာန်အဆင့်က တစ်စုံ တစ်ယောက်ကို မျှမျှတတ မတိုက်ဝံ့ဖူးလား။ ”

“ ဘယ်သူက တရားမျှတမှု အကြောင်း ပြောနေတာလဲ ... ဒါက နဂါးပြာ မှတ်တမ်းပါ၊ လူတိုင်း ပြိုင်ဆိုင် နိုင်တယ်။ ”

တိုက်ပွဲကို အနီးကပ် မြင်နေရသော နဂါးလက်သည်းမှ လူငယ်များက စိတ်လှုပ်ရှား လာတော့သည်။

“ သူ့ကို ချက်ခြင်း နှိမ်နှင်းပါ၊ သိုင်းရည်ရွယ်ချက်နဲ့ ပြိုင်ဖို့ မစဉ်းစားနဲ့၊ ပြီးတော့ သူ့ဓားရေးက ကြောက်စရာ ကောင်းလွန်းတယ်။ ”

မိုလီက ကောင်းကင် ခေါင်းလောင်းကို ဖန်တီးကာ ပြောကြား လိုက်သည်။ ဖန်ဟွာရှင်း နှင့် ရှောင်ဟုန်ဖေးက သူတို့၏ မဟာတာအိုကို ထိုခေါင်းလောင်းထံ ပေးပို့လိုက်၏။

အချိန်ဆွဲနေသော် ဒုက္ခ ရောက်မည် ဖြစ်သည်။ တစ်ဖက်လူ၏ ဓားရေးမှာ မြင့်မားပြီး ပြိုင်ဘက်ကင်းသော အဆင့်သို့ ရောက်ရှိနေ၏။

“ ဝှစ် ... ။ ”

“ ဒင် ... ။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဓား၏ ဘုန်းဝိညာဉ်တော် နှစ်ပါးကို အသက်သွင်းကာ ကောင်းကင် ခေါင်းလောင်းထံ ခုတ်ပိုင်း လိုက်သည်။

ဓားနှင့် ခေါင်းလောင်း တိုက်မိ ပြီးနောက်၊ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်ပေး လိုက်ရ လေသည်။

“ ဒီကောင်က လူရော ဟုတ်ရဲ့လား။ ”

ထင်ထား သလို၊ လင်းယွန်တွင် ထိခိုက် ဒဏ်ရာရခြင်း မရှိခဲ့သောကြောင့် မိုလီ ခမျာ မျက်ခုံးပင့် မိ၏။

“ ဒင် ... ဒင် ... ဒင် ... ။ ”

ရုတ်တရက် ခေါင်းလောင်းသံများ ပဲ့တင်ထပ်ကာ အသံလှိုင်း တစ်ခုက လင်းယွန် ဝိညာဉ်ကို ရိုက်ခတ်လာ ပြန်သည်။

“ ညှိုးနွမ်းနေသော သစ်ပင် အသက်ဝင်မည်။ ”

“ နေထွက်ခြင်း ... ။ ”

“ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းများ ... ။ ”

“ ငွေရောင် သစ်ပင်မှ၊ မီးလျှံ ပန်းတစ်ပွင့်။ ”

“ လျှပ်စီး ထိန်းကြောင်းခြင်း ... ။ ”

“ ကောင်းကင်ကို လောင်မြိုက်မယ့် မီးလျှံ။ ”

ထို့ကြောင့် သရုပ်ဖော် အဆင့် ပိုးစုန်းကြူး နတ်ဓား၏ ပုံစံ(၆)မျိုးကို ချက်ချင်း ထုတ်ဖော် လိုက်ရ၏။

ဓားတည်ရာကို ခြေရာခံ မရတော့ဘဲ ဖြစ်စဉ်များ အားလုံး ပျောက်ကွယ် သွားလေ သည်။ ဓားသည် အဆုံးမရှိသော ရေစီးကြောင်း ဖြစ်လာ၏။ ကောင်းကင် ခေါင်းလောင်းကို အချက်ပေါင်း တစ်ရာကျော် ထိမှန်သည်။

“ ဒါက ဘာဓားရေးလဲ၊ ငါတို့ ဘာလို့ မမြင်ဘူးတာလဲ။ ”

“ ပိုးစုန်းကြူး နတ်ဓားရဲ့ သူတော်စင် ဓားပုံစံတွေပါ၊ ဒါပေမယ့် ဖြစ်စဉ်တွေ အားလုံး ပျောက်ကွယ်ပြီ၊ အနှစ်သာရပဲ ကျန်ခဲ့တယ်။ ”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”

နဂါးလမ်း ကိုးလမ်း အပြင်ဘက်မှ ကြည့်ရှုနေသူများ အားလုံး မယုံကြည်နိုင် ဖြစ်ကုန်သည်။

ပိုးစုန်းကြူး နတ်ဓား ပုံစံ (၁၃)မျိုးတွင် မတူညီသော နက်နဲမှုများ ပါရှိပြီး လူတိုင်း၏ အမြင်၌ ဤသို့ပေါင်းစပ်ရန် မဖြစ်နိုင်ချေ။

ထို့ကြောင့် မိုလီ၊ ရှောင်ဟုန်ဖေးနှင့် ဖန်ဟွာရှင်းတို့သည် လင်းယွန်၏ ဓားအဟုန်ကို ဖျက်ဆီးလို သော်လည်း မပြီးမြောက်နိုင် ဖြစ်နေခဲ့သည်။

မည်မျှပင် ကြိုးစားစေကာမူ၊ ဓားရည်ရွယ်ချက်က ရေစီးကြောင်း အလား တသွင်သွင် ကျရောက်လာ၏။

“ ဒါက ကြယ်ဓား အထွတ်အထိပ်လား။ ”

သာမန်လူများသည် ဓားရေးကြောင့် ထိတ်လန့်ပြီး ကျွမ်းကျင်သူသည် ကြယ်ဓား ကြောင့် စိတ်လှုပ်ရှား ပေမည်။

အဆုံးတွင် လင်းယွန်၏ ဓားအလင်းသည် အချိန်ကို ဖြတ်သန်းသွား သကဲ့သို့ ပျောက်ကွယ် သွားတော့၏။

“ ဘာလဲ ... ။ ”

“ ဓားဘယ်ရောက် သွားတာလဲ။ ”

“ ဘုန်း ... ။ ”

“ အား ... ။ ”

ပေါင်းစပ်ထားသော သူတော်စင် ရောင်ဝါများ ပျံ့ကျဲလျက် သုံးယောက်သား နှုတ်ခမ်း၌ သွေးများ ရွှဲနစ်သွားသည်။

“ သတိထား ... ၊ သူ့ရဲ့ ကျင့်ကြံမှုက နိဗ္ဗာန်အဆင့်မှာပဲ ရှိသေးတယ်၊ ခွန်အား ကုန်တဲ့ အထိ ထိန်းထား ရအောင် ... ။ ”

ရှောင်ဟုန်ဖေးက နှုတ်ခမ်းမှ သွေးစကို လက်ခုံဖြင့်သုတ်ကာ ပြောကြား လိုက်သည်။

“ ဘယ်သူက နိဗ္ဗာန် အဆင့်လဲ၊ ဟား ဟား ဟား ... ။ ”

သူ့စကား ဆုံးသည်နှင့် လင်းယွန်က ရယ်မော လိုက်သည်။ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကျက်ပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အမည်ခံ သူတော်စင် ရောင်ဝါကို ထုတ်ပြ လိုက်တော့၏။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

တစ်ဆက်တည်း မှာပင် ဓားသုံးချက် လွှတ်ထုတ်လိုက်သည်။ မိုလီက သူ့ကိုယ်သူ ကာကွယ်ရန် ကောင်းကင် ခေါင်းလောင်းကို ပြန်ခေါ် လိုက်ရ၏။

“ ဒင် ... ။ ”

ဓားအလင်းမှ ကောင်းကင်နဂါးနှင့် နတ်ဖီးနစ်တို့က ရှေးဟောင်း ခေါင်းလောင်းပေါ် ထိမှန်သွားသည်။

ရလာဒ် အနေဖြင့် မိုလီ အပါအဝင် သုံးယောက်လုံး လွင့်စင် လဲကျ သွားတော့၏။ ပြန်မထ နိုင်တော့ချေ။ ဤအခိုက် အတန့်တွင် လင်းယွန်သည် ဓားတစ်လက် ဖြစ်ချေပြီ။

“ ဝှစ် ... ။ ”

ဆံပင်များ တဖျပ်ဖျပ် ခတ်လျက်၊ ကောင်းကင်မှ ပြန်ဆင်းကာ၊ ဓားကို သိမ်းပြီး၊ ချောင်ယန်နှင့် အန်းလျူယွင်ထံ လှည့်ကြည့် လိုက်တော့သည်။

“ မင်းတို့ထဲက ဘယ်သူ နဂါးသခင် ဖြစ်ချင်လဲ။ ”

“ ဘယ်လို ... ။ ”

“ ရပြီ ... ဒါဆို မင်းနဲ့ အရင် သွားရအောင်။ ”

ထိုမေးခွန်းကြောင့် ခေျာင်ယန်မှ အံသြသွားစဉ်၊ လင်းယွန်က သူ့ကို ဆွဲကိုင်ကာ နဂါးခေါင်းထံ ပစ်ပေါက် လိုက်တော့သည်။

***

All Chapters