← Chapters

လွှတ်စမ်း ... ။

Vol. 153 Ch. 2135

လွှတ်စမ်း ... ။

Vol. 153 Ch. 2135

ယဲ့ဇီလင်က လင်းယွန်ကို စိုက်ကြည့် မိလေသည်။ တစ်နှစ်အတွင်း ဤမျှလောက် သန်မာနေ လိမ့်မည်ဟု သူမ မတွေးထားချေ။

လူတိုင်းသည် ရှေးဟောင်း စစ်မြေပြင် ပြီးနောက် ပန်းသင်္ချိုင်း သေဆုံး သွားခဲ့သည်။ သို့မဟုတ် မသေလျှင် သော်မှ ပုန်းကွယ်နေ လိမ့်မည်ဟု ထင်ကြေးပေး ကြ၏။

သို့သော် ပန်းသင်္ချိုင်းသည် ပန်းသင်္ချိုင်း ဖြစ်နေဆဲ ပေပင်။ လူတိုင်း မျက်စိအောက်၌ နဂါးပြာ မှတ်တမ်း ပြိုင်ပွဲကို ဝင်နေခဲ့၏။

“ နင် ... နဂါး ဦးခေါင်း မလိုချင်ဘူးလား။ ”

“ အင်း ... မလိုချင်ဘူး။ ”

လင်းယွန်က ခေါင်းခါသည်။

“ ဒါဆို ဘာလို့ ဒီကို လာတာလဲ။ ”

“ မင်းအတွက် ငါ လာတာ။ ”

ထိုအဖြေကြောင့် ယဲ့ဇီလင် ခမျာ တုန်လှုပ်သွားပြီး လင်းယွန်ကို မေးခွန်းများ ဆက်မမေး နိုင်တော့ချေ။ ပန်းသင်္ချိုင်းသည် စကား ဖြင့်လည်း လူသတ်နိုင်၏။

“ ဘာဖြစ်တာလဲ ... နှလုံးသားကို ထိမိသွားလို့လား၊ မလုပ်နဲ့ ... ငါ့မှာ ပိုင်ရှင် ရှိတယ်။ ”

လင်းယွန်က ပြုံးကာ နောက်ပြောင် တော့သည်။ ယဲ့ဇီလင် မျက်နှာ အပြောင်းအလဲ မရှိသော်လည်း အပြစ် ရှိသလို ခံစားရ၏။

“ ငါ ကြိုက်တာ ပန်းသင်္ချိုင်း ... နင် မဟုတ်ဘူး၊ ရူး မနေနဲ့။ ”

-ဟု ချက်ချင်း ပြန်ပြော လိုက်သည်။

လင်းယွန်က ပြုံးပြီး စကား မဆိုချေ။ အမှန်ပင် ယဲ့ဇီလင် အတွက် ဤနဂါးလမ်းကို လျှောက်ခြင်း ဖြစ်သည်။

သူမကို မတွေ့သော် ကောင်း၏။ တွေ့ပြီးနောက် လျစ်လျူရှုရန် မတတ်နိုင်ချေ။ သူမသည် စိုးရိမ်ရသော အနေအထား ပေပင်။

ဤနဂါးသခင် ရာထူးကို သူ စိတ်မဝင်စားချေ။ ၎င်းသည် ရှုပ်ထွေး လွန်း၏။ ဆုလာဘ်ကို ဧကရီမှ ချီးမြှင့်မည်ဟု မုရွယ်လင် ပြောဖူးသည်။

သူမသည် နတ်နဂါး သံတမန် ဖြစ်ပြီး၊ ခွန်လွန်နယ်မြေ တစ်ဝှမ်းမှ ထူးချွန်သူ များကို စုဆောင်းပေးရုံသာ တာဝန်ရှိသည်။

ထို့ကြောင့် ဉာဏ်ကြီးရှင် များကို စုဆောင်းခြင်းဖြင့် ဧကရီ မည်သို့ ကြံစည်နေ သည်ကို နားမလည် နိုင်ချေ။

ဧကရီသည် ထျန်ရွှမ်ဇီ နောက်ကွယ်မှ လူ ဖြစ်နိုင်သောကြောင့် သူမအပေါ် အထင်မကြီးဘဲ သတိထား ရပေမည်။

အခြားသူများ ကမူ ၎င်းကို ဂရုမစိုက်ဘဲ သဘာဝအတိုင်း ထိပ်ဆုံးအတွက် အစွမ်းကုန် ကြိုးစား ကြသည်။

“ လာ ... ။ ”

လင်းယွန်က သတိပြန်ဝင် လာပြီး တည်ငြိမ်စွာဖြင့် ယဲ့ဇီလင်ကို ခေါ်ကာ နဂါး ဦးခေါင်းထံ လျှောက်လှမ်း သွား၏။

နဂါး ဦးခေါင်းသည် ကြီးမားပြီး ပစ်ချ ခံလိုက်ရသော ချောင်ယန်မှ ဟိုဟို သည်သည် ကြည့်လိုက် မိသည်။

သူ့ကဲ့သို့ ဒဏ်ရာ ရနေသော လူ တစ်ယောက်သည် စစ်မှန်သော နဂါး သခင် ဖြစ်လာ သည်မှာ ယုံနိုင်စရာ မရှိချေ။

အရှက်ခွဲ မခံရ လျှင်ပင် အဆင်ပြေသည် ဟူသော ခံယူချက်ဖြင့် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။

“ ဒီအရသာက တော်တော် ကောင်းတာပဲ။ ”

အတွေးဖြင့် ပြုံးမိစဉ် လင်းယွန်နှင့် ယဲ့ဇီလင် ချည်းကပ်လာ သည်ကို မြင်လိုက်ရသဖြင့် အပြုံး ပျောက်ကွယ် သွားသည်။

“ ယဲ့ချင်းရှန် ... ငါ ဒီနေရာကို မယူနိုင်ဘူး၊ မင်းက ငါ့ထက် ပိုသင့်လျော်တယ်။ ”

“ နှိမ့်ချနေဖို့ မလိုပါဘူး၊ နောက်ထပ် နဂါးတောင်ကို ငါရွေးလို့ ရတယ်၊ မင်းက ဒီလမ်း အတွက် အသင့်လျော်ဆုံး ချန်ပီယံပဲ။ ”

လင်းယွန်မှ ပြုံးကာ ပြန်လည် ပြောကြား လိုက်၏။ သူ့စကားကြောင့် ချောင်ယန် ခမျာမှာ ဝမ်းသာအားရ ပြုံးလိုက်ပြီး၊

“ မင်း ပြောနေမှတော့ ... ငါနှိမ့်ချ မနေတော့ဘူး၊ ဒီနေရာကို ယူလိုက်တော့မယ်။ ”

-ဟု ဆိုကာ နဂါးသခင်အတွက် ပလ္လင်ကို လှည့်ပါတ် ကြည့်တော့သည်။

မိုလီ၊ ဖန်ဟွာရှင်းနှင့် ရှောင်ဟုန်ဖေးတို့ ရှုံးနိမ့်ခဲ့ကြ သောကြောင့် ဤပလ္လင် အတွက် သူ့ကို မည်သူမှ ယှဉ်ပြိုင်ဝံ့ တော့မည် မဟုတ်ကြောင်း ပြောနိုင်၏။

“ မင်းကို ... ဒီမှာ ထိုင်ခွင့် ပေးတာက နဂါးလက်သည်း ပေါ်က မိန်းကလေး ယဲ့ကို ဂရုစိုက် ပေးဖို့ပဲ။ ”

လင်းယွန်က ရည်ရွယ်ချက် အမှန်ကို ထုတ်ပြော လိုက်သည်။ ယဲ့ဇီလင် ခွန်အားဖြင့် ကာကွယ်သူ မပါဘဲ၊ နဂါးဦးခေါင်း နေရာကို ထိုင်ရန် မဖြစ်နိုင်ချေ။

သူ ထွက်သွားသည့် အခိုက်တွင် လူတိုင်း ပစ်မှတ် ဖြစ်လာ နိုင်၏။ ချောင်ယန်၏ ခွန်အား သည်ပင် မသေချာချေ။

ထို့ကြောင့် နဂါးလက်သည်းတွင် နေကာ၊ ချောင်ယန်ကို အာမခံချက် အဖြစ် ထားရှိလိုခြင်း ဖြစ်သည်။ ယင်းသည် နဂါးအမြီးတွင် နေရာ ရရန်သာ မျှော်လင့်ထားသော သူမ အတွက် ကျေနပ်စရာ ပေပင်။

“ အဲဒါကို စိတ်မပူ ပါနဲ့ ... ငါ့အနားမှာ ဘယ်သူမှ မိန်းကလေး ယဲ့ကို မထိနိုင်ပါဘူး။ ”

ချောင်ယန်က သူ့ရင်ဘတ်ကို ပုတ်ကာ အာမခံ၏။

“ ကောင်းပြီ ... မင်းရဲ့ ဒဏ်ရာတွေကို အရင် ကုလိုက်ဦး ... ။ ”

လင်းယွန်က ပြုံးပြီး ထိုင်ချလိုက်သည်။ အလျင်လို နေစရာ မရှိချေ။ ချောင်ယန် ခန္ဓာ၌ ဒဏ်ရာများ ရရှိထားသဖြင့်၊ သူ ထွက်သွားပါက အန္တရာယ် ရှိမည် ဖြစ်သည်။

ဤနည်းဖြင့် နဂါးခေါင်းပေါ်၌ သုံးယောက်သား သူတော်စင် ရောင်ဝါများ လွှမ်းခြုံလျက် ငြိမ်သက်စွာ အနားယူ လိုက်ကြသည်။

နဂါးတောင်တန်းများ အပြင်ဘက်တွင် လူတိုင်း ထိတ်လန့် တုန်လှုပ်နေကာ အာရုံများ ပြန်မရသေးချေ။

“ ယဲ့ချင်းရှန်က နိဗ္ဗာန်-ဒသမမြောက် အသွင်ကူးပြောင်းမှုကို ရောက်သွားပုံ ရတယ်၊ သူတော်စင် ရောင်ဝါက ... သူ့ကို ဘာမှ မလုပ်နိုင်ဘူး။ ”

“ သူ့ ဓားရည်ရွယ်ချက်က သူတော်စင် တာအိုကို ခံနိုင်ပြီး ... ပျောက်ကွယ် မသွားဘူး ဆိုတာ ... မင်းတို့တွေ သတိထားမိ ကြလား၊ ဒါက မယုံနိုင်လောက်အောင် ပါပဲ။ ”

“ ဒါပေမယ့် ... ဘာပဲဖြစ်ဖြစ် ဒါက သူ့ရဲ့ အကန့်အသတ်ပဲ ... သူသာ အစွမ်းထက် နေရင် နတ်နဂါးလမ်းကို ရွေးရမှာ မဟုတ်လား။ ”

တစ်စုံတစ်ယောက်က လင်းယွန်ကို မယုံကြည်သဖြင့် အော်ဟစ် ငြင်းဆန်သည်။ တောင်ခြေရင်းတွင် ဓားဂိုဏ်းဝင်များမှာ ပျော်ရွှင် နေကြ၏။

ယဲ့ချင်းရှန်သည် ဤမျှ စေသနာ ရှိလိမ့် မည်ဟု မမျှော်လင့် ထားချေ။ ယဲ့ဇီလင်သည် နဂါး လက်သည်း၌ တစ်နေရာ ရရှိနေချေပြီ။

နဂါး အမြီးတွင်သာ မျှော်လင့်ချက် ထားနိုင်သော သူတို့အတွက် ကြီးစွာသော အောင်မြင်မှု ပေပင်။

ဓားဂိုဏ်းသည် မြင့်မြတ်မြေ မဟုတ်သောကြောင့် ဤမျှဖြင့် သူတို့ ကျေနပ် နိုင်သည်။

“ ကောင်းကင် တာအိုဂိုဏ်းရဲ့ ... ယဲ့ချင်းရှန်က စစ်မှန်သော နဂါးသခင် ရာထူး အတွက် ယှဉ်ပြိုင်တာလား၊ မြင့်မြတ်မြေတွေ အတွက် ရှက်စရာပါပဲ။ ”

ယဲ့မိသားစုမှ လူငယ်များက ဤမြင်ကွင်းကို မြင်သောအခါ အထူးသဖြင့် ယဲ့ရွှမ်သည် မနာလို ဖြစ်ခဲ့ရသည်။

ယဲ့ရှင်းအာက နှုတ်ခမ်းဆူလျက်၊

“ ရွှေမျိုးဆက် ဉာဏ်ကြီးရှင် တွေဟာ အနည်းဆုံးတော့ မိုးပြာနဂါးဆီ သွားသင့်တယ်၊ ဒါပေမယ့် ယဲ့ချင်းရှန်က ... အဲဒီမှာ ပညာရှင် မရှိဘူး ဆိုတဲ့ အချက်ကို အခွင့်ကောင်းယူပြီး သွားခဲ့တာပဲ။ ”

လင်းယွန်သည် နဂါးသခင် ရာထူးကို ချောင်ယန်ထံ ပေးလိုက်မှန်း သူတို့ မသိကြချေ။ နဂါးခေါင်း ပေါ်၌ အနားယူနေ သည်ကို မြင်ပြီး၊ ဝေဖန် လိုက်ကြသည်။

ကောင်းကင် တာအိုဂိုဏ်းနှင့် ဓားဂိုဏ်းဝင်များ၏ မျက်နှာများ ပျက်ယွင်းသွား သော်လည်း ထိုစကားလုံးများကို မည်သို့ ချေပရမည်မှန်း မသိခဲ့ချေ။

“ ယဲ့ချင်းရှန်က မိုးပြာ နဂါးဆီကို သွားမယ်ထင်တယ်၊ အရှေ့ဘက် ပျက်စီးမြေ တစ်လုံး အဲဒီလမ်းမှာ ရှိတယ်။ ”

“ မင်း လူမိုက်လား ... စစ်မှန်သော နဂါးသခင်က အရေး မပါရင်တောင် ... ဒါက နောက်ဆုံး ပြိုင်ပွဲအတွက် သေချာတဲ့ ခွဲတမ်း တစ်ခုပဲ၊ သူ မသွားစေရဘူး။ ”

“ ဟုတ်တယ် ... ယဲ့ချင်းရှန် ခွန်အား အရဆိုရင်၊ မိုးပြာ နဂါးလမ်းမှာ လက်သည်း အဆင့်တောင် ရမယ် မထင်ဘူး။ ”

လင်းယွန်နှင့် ပတ်သက်သော ဆွေးနွေးသံများ အမြင့်ဆုံးသို့ ရောက်ရှိ လာ၏။ သူသည် ကောင်းကင်လမ်းမှ ပါရမီရှင်များ ကဲ့သို့ ကြီးစိုးမှု မရှိသော်လည်း ကျော်ကြားချေပြီ။

သူ့အမည်ပြောင်ကို လူတိုင်း သိကြ၏။ ထို့ကြောင့် လူအများအတွက် စကား ဝိုင်းဖွဲ့စရာ ဖြစ်လာသည်။

“ ဒီလူတွေက အရမ်း လွန်တယ် ...၊ စီနီယာအစ်ကို ယဲ့ကို ကျရှုံးမယ်လို့ အရင်က ပြောတယ်၊ အခု နဂါးသခင် ဖြစ်လာတော့ ချက်ချင်း လူယုတ်မာ အဖြစ် ပြောတယ်။ ”

“ သူတို့ ပါးစပ်ပေါက်ကို ဖြဲချင်တယ်။ ”

ကောင်းကင် တာအိုဂိုဏ်း၏ တပည့်များက ပတ်ဝန်းကျင် ဆွေးနွေးမှုများကို ကြားသောအခါ ဒေါသတကြီး ဖြစ်ကုန်ကြလေသည်။

ဤလူများသည် မနာလိုခြင်းသာ ဖြစ်သည်ကို သူတို့ သိကြပြီး၊ ၎င်းတို့ ပြောသည့် အတိုင်း နတ်နဂါးလမ်း ပေါ်သို့ တက်ခြင်းသည် ရူးမိုက်သော လုပ်ရပ်သာ ဖြစ်ပေမည်။

နတ်နဂါးလမ်း ပေါ်ရှိ ပြိုင်ဆိုင်မှုမှာ သွေးထွက်သံယို တိုက်ပွဲများ ဖြစ်ပြီး မရဏ မူလ အဆင့်ရှိ အမည်ခံ သူတော်စင်ပင် ထိုနေရာ၌ ခြေကုပ် မယူနိုင်ချေ။

လူတိုင်းက နေရာ တစ်ခု အတွက် ပြိုင်ဆိုင်ရပေမည်။ ဥပမာအားဖြင့် လက်သည်း ၌ပင် နတ်နဂါး အဆင့် သတ်မှတ်ချက်မှ အထက်တန်းစားများ ရှိသည်။

ထို့ကြောင့် မရဏ နဂါးလမ်း၌ သွေးများ စွန်းထင်းကာ တိုက်ပွဲ မပြတ်ခဲ့ချေ။ သူတို့သည် တခြား သူများထက် အားနည်းကြောင်း ဝန်ခံလိုစိတ် ကင်းမဲ့နေကြသည်။

တစ်ဖက်တွင် အဆိုပါလမ်း၌ လှပသော မိန်းကလေး တစ်ဦးသည် နေရာတစ်ခု အတွက် လူခုနစ်ဦးကို ရင်ဆိုင် နေရသည်။

သူမသည် မြင်ရုံဖြင့် လူတိုင်း၏ အနိုင်ကျင့်မှုကို ခံနေရကြောင်း မြင်သာချေ၏။ အဘယ့်ကြောင့် ဆိုသော် မိစ္ဆာ ကျင့်ကြံသူ တစ်ဦး ဖြစ်နေ သောကြောင့် ပေပင်။

ဤအမျိုးသမီးမှာ အန်းလျူယွင် ဖြစ်၏။ သူမကို တိုက်ခိုက်သူ များသည် လမင်း-ရေစင် ဓားတောင်တန်း၊ ကောင်းကင် သူတော်စင် တံခါးနှင့် လေးမျက်နှာ တံခါး ဖြစ်သည်။

အဖွဲ့ကို ဦးဆောင် နေကြသည်မှာ သက်ဆိုင်ရာ ဂိုဏ်းအသီးသီး၏ ပါရမီရှင်များ ဖြစ်သော ကျိုးဝူရှန်၊ ရှောင်ကျန်းရီနှင့် ယွမ်ဟောင်ယင် ဖြစ်၏။

၎င်းတို့သုံးယောက်သည် နတ်နဂါး အထက်တန်းစား အဆင့်၌ ရှိပြီး သူတော်စင် တာအိုကိုလည်း ဆုပ်ကိုင်ထား၏။

“ အန်းလျူယွင် ... ခုခံ မနေနဲ့၊ မင်းလို နတ်ဆိုးကိုးကွယ်တဲ့ လူတစ်ယောက်က ငါတို့နဲ့ ပြိုင်ချင်တာလား ... နဂါး အမြီးကို သွားစမ်း။ ”

ကျိုးဝူရှန်မှ အော်ဟစ် မောင်းထုတ်၏။

“ မိန်းကလေး အန်းက ... ချစ်စရာ ကောင်းတဲ့ စွမ်းရည်မျိုး ရှိတယ်လို့ ကြားတယ်၊ ဘာလို့ ငါတို့နဲ့ မပျော်ရတာလဲ။ ”

ရှောင်ကျန်းရီက ရမ္မက်များဖြင့် လှမ်းကြည့်ကာ ပြော၏။

“ ဟား ဟား ဟား ... စိတ်ဝင်စား စရာပဲ။ ”

အားလုံးက ရှောင်ကျန်းရီ စကားကြောင့် အန်းလျူယွင်ထံ ကြည့်ပြီး ရမ္မက်များ ထကြွလာ တော့သည်။

ဖြောင့်မတ်သော ဂိုဏ်းများသည် နတ်ဆိုး ကိုးကွယ်သည့် ဂိုဏ်များမှ အမျိုးသမီးများကို လိင်ကျွန် ပြုတတ်ကြ၏။

“ မိန်းကလေး အန်းရဲ့ ပုံသဏ္ဍာန်က တော်တော် ကြည့်ကောင်းပါတယ်၊ မင်းငါနဲ့ တစ်ညလောက် နေနိုင်မလား၊ ဒါဆို ငါတို့ မင်းကို နေရာ တစ်နေရာ ပေးနိုင်တယ်။ ”

“ ဟုတ်တယ် ... ငါလည်း ကတိပေးတယ်။ ”

“ ငါလည်း ... စိတ်မဆိုးဘူး။ ”

သုံးယောက်သား ရယ်မောလိုသော အပြုံးများဖြင့် သူမကို သားကောင် တစ်ကောင် ကဲ့သို့ စိုက်ကြည့် လိုက်တော့သည်။

အချို့သော လူငယ်များမှာ အန်းလျူယွင် အတွက် စိတ်မကောင်း ဖြစ်လာကြ၏။ သို့တိုင် နတ်ဆိုး ကိုးကွယ်သည့် ဘာသာမှ ဖြစ်နေ သဖြင့်၊ ထင်ပေါ်ရန် မဝံ့ကြချေ။

နောက်ဆုံးတွင် နတ်ဆိုး ကိုးကွယ်သူ အမျိုးသမီး တစ်ဦးနှင့် နီးကပ်စွာ ဆက်ဆံပါက နာမည်ပျက် နိုင်မည်။

အန်းလျုယွင်မှာ မထိန်းနိုင် တော့ဘဲ၊ ပါးစပ်မှ သွေးများ ထွက်လာ၏။ ဤလူယုတ်မာ များသည် ပါးစပ်ရော-လက်ရော ရွံစရာပင်။ ရှက်စရာ ကောင်းပေ၏။

“ ဟဲဟဲ ... သူ့ကို နဂါးအမြီးဆီ မောင်းထုတ်ရအောင် ... ဒါက သူ့အတွက် သင်ခန်းစာ တစ်ခုလို့ မှတ်ယူပါစေ။ ”

သို့သော် ထိုအချိန်တွင် တောက်ပသော ဓားအလင်းများ ကျရောက် လာပြီး၊ မရဏ နဂါး လမ်း၏ အတားအဆီးကို ချိုးဖြတ်လျက် ပုံရိပ် တစ်ရိပ် ဆင်းသက်လာသည်။

“ ဘယ်သူလဲ ... အခြားလမ်းကနေ မရဏနဂါးလမ်း အတားအဆီးကို ဖြတ်ဝင် လာတာလား။ ”

အားလုံးက အံ့သြသွားပြီး၊ အသစ် ရောက်လာ သူထံ ကြည့်လိုက် မိသည်။ ၎င်းက မရဏ နဂါးလမ်းကို ခြေချမိသည်နှင့် နဂါး လက်သည်းပေါ် ပြေးလျက် အန်းလျူယွင် လက်ကို ဆုပ်ကိုင်လိုက်သည်။

“ လွှတ်စမ်း ... ။ ”

တစ်ဖက်လူသည် လျင်မြန်လွန်း သောကြောင့် အန်းလျူယွင် ခမျာ ထိတ်လန့်စွာ ရုန်းကန်ပြီး မျက်ရည်များ ဝဲလျက် တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

“ မင်းက ငါ့မိန်းမပဲ ... ဒါဆို ဘာလို့ လွှတ်ရမှာလဲ။ ”

အတက်အကျ လှိုင်းများ ငြိမ်သက် သွားသည်နှင့် အန်းလျူယွင် ဘေး၌ အဖြူရောင် ဝတ်ရုံဖြင့် ချောမောလှပသော လူငယ် တစ်ယောက် ရပ်နေခဲ့လေသည်။

***

All Chapters