အချစ်ကို ကိုးကွယ်သည်။
Vol. 153 Ch. 2136
အန်းလျူယွင်က အသံကို ရင်းနှီးသဖြင့် ချက်ချင်း မော့ကြည့်လိုက်သည်။ လင်းယွန်ကို မြင်လိုက် ရသဖြင့် သိမ်ငယ်စိတ်များ ပျောက်ကွယ် သွားတော့၏။
တောက်ပသော အပြုံးဖြင့် မျက်ရည်များ စီးကျလာကာ၊
“ သခင်လေး ... ။ ”
-ဟု နှုတ်ဆက် လိုက်လေသည်။
“ ဟုတ်တယ် ... မင်းရဲ့ သခင်လေးပဲ။ ”
လင်းယွန်က ပြုံးကာ ခေါင်းညိမ့် လိုက်၏။ သူတို့ မတွေ့ရ သည်မှာ တစ်နှစ် ကျော်နေပြီ ဖြစ်သည်။
“ မငိုနဲ့ ... ၊ မင်းလိုချင်တဲ့ နေရာကို ပြော ... ။ ”
“ အဆင်ပြေပါတယ် ... သခင်လေး နေကောင်း နေသရွေ့ ... ။ ”
ဤသည်မှာ အန်းလျူယွင် ဖြစ်သည်။ လင်းယွန် နောက်၌ တိတ်ဆိတ်စွာ အမြဲရပ်ပြီး မည်သည့် တောင်းဆိုမှုမျှ မလုပ်ချေ။
လင်းယွန်က ကျိုးဝူရှန်၊ ရှောင်ကျန်းရီနှင့် ယွမ်ဟောင်ယင်ထံ လှည့်ကြည့်လိုက်၏။ ၎င်းတို့ သုံးဦးက သူ့ကို အေးစက်စွာ ပြန်ကြည့် နေကြသည်။
“ ယဲ့ချင်းရှန် ... မင်းလို ဖြောင့်မတ်တဲ့ ဂိုဏ်းရဲ့ ပါရမီရှင် တစ်ပါးက မိစ္ဆာမကို ကူညီချင် နေတာလား။ ”
ကောင်းကင် သူတော်စင် တံခါးမှ ရှောင်ကျန်းရီက မေးခွန်း ထုတ်လိုက်သည်။
“ ယဲ့ချင်းရှန် ... မင်းက ကျွမ်းကျင်အဆင့် ဓားသမားပဲ၊ မင်းရဲ့ စွမ်းရည်အရ အနာဂတ်မှာ ဓားသူတော်စင် ဖြစ်လိမ့်မယ်၊ ဒီမိစ္ဆာမကြောင့် မင်းဂုဏ်သိက္ခာကို ညှိုးနွမ်း ခံချင်တာလား။ ”
ယွမ်ဟောင်ယင် မှလည်း အေးစက်စွာ မေးခွန်းထုတ် လာပြန်သည်။ သူ့လေသံတွင် မကျေနပ်မှုများ ပါ၀င်နေပြီး၊ အထင်အမြင် သေးစွာဖြင့် ကြည့်လိုက်၏။
နဂါးတောင်တန်းများ အပြင်ဘက်ရှိ လူတိုင်းသည်လည်း နတ်ဆိုး ကျင့်ကြံသူ တစ်ဦး အတွက်၊ နဂါးသခင် ရာထူးကို စွန့်လွှတ်ခဲ့သော ယဲ့ချင်းရှန် အပေါ် အံ့အားသင့် ကုန်သည်။
ဤသည်မှာ မယုံနိုင်စရာ ပေပင်။ ၎င်းတို့သည် ဖြောင့်မတ်သော ဂိုဏ်းများမှ ဖြစ်သောကြောင့် မိစ္ဆာမ တစ်ပါးနှင့် မရှင်း-မရှင်း ဆက်ဆံရေးကို မကြိုက်ကြချေ။
ပတ်ဝန်းကျင်မှ ထူးဆန်းသော အကြည့်များက ယဲ့ချင်းရှန်ထံ ဦးတည်နေပြီး၊ ၎င်းတို့က တိတ်ဆိတ်စွာ ခေါင်းယမ်း လိုက်ကြသည်။
ထိုအမူအယာများကို မျက်ဝန်းထောင့်မှ မြင်လိုက်ရသော အန်းလျူယွင် တစ်ယောက် ခေါင်းငုံ့လျက် လင်းယွန် နောက်ကျောသို့ ဝင်ရောက် ပုန်းကွယ် လိုက်မိသည်။
ဤကမ္ဘာကြီးတွင် မိစ္ဆာ ကျင့်ကြံသူများ အတွက် နေရာ မရှိတော့ခေျ။ လင်းယွန်မှ သူမ လက်ကို ဆွဲကာ သူ့ဘေးသို့ ပြန်လည် ဆွဲထုတ် လိုက်သည်။
“ လူတွေရဲ့ အမြင်ကို ... ငါ ဂရုစိုက်မယ် ထင်နေလား။ ”
လင်းယွန် မျက်ဝန်း၌ လူသတ်လိုသော ဆန္ဒများ ပြည့်နှက်လာ၏။ သူ့ကို သင်ပေးချင် နေသည်လော။ ဤလူများသည် သူ့မိန်းမကို အနိုင်ကျင့် ပြီးနောက် အဆင်ပြေမည်ဟု ထင်နေပုံ ရသည်။
“ စစ်မှန်သော နဂါးသခင် ဖြစ်ရုံနဲ့ ... ငါတို့ရှေ့မှာ မောက်မာချင် နေတာလား ... အဲဒီ မိစ္ဆာမကို လွှတ်ပြီး ထွက်သွားစမ်း။ ”
“ ဟား ဟား ဟား ... မင်းက ငါ့ကို ပြောင်ပြောင် တင်းတင်း မောင်းထုတ်ရအောင် သေချင် နေတာပဲ။ ”
စကားဆုံးသည်နှင့် လင်းယွန်က ကောင်းကင်ပေါ် ပျံတက်လိုက်ပြီး ကျိုးဝူရှန် ရှေ့သို့ ရွေ့လျားလိုက်သည်။
ဤအရာက ကျိုးဝူရှန်ကို ကျေနပ်သွား စေ၏။ ယဲ့ချင်းရှန်နှင့် တစ်ဦးချင်း တိုက်ရမည် ဆိုသော် အခက်အခဲ ရှိနိုင်မည်။
ယခုကဲ့သို့ သူတို့ သုံးယောက်ထံ ခုန်ပျံ ဝင်ရောက်လာခြင်းသည် အခွင့်အရေး ဖြစ်၏။
“ သွားကြရအောင် မြင့်မြတ်မြေ တွေရဲ့ အဆင့်အတန်းက ... တရားမျှတမှု အကြောင်း ဆွေးနွေးစရာ မလိုဘူး၊ သူ့အမှားအတွက် ...
... ဒူးထောက်ပြီး ရှိခိုး ခိုင်းရမယ်၊ ဒီလိုကောင်မျိုးက ဓားသမား မဖြစ်ထိုက်ဘူး ဆိုတာ ပြမယ်။ ”
ကျိုးဝူရှန်မှ ဓားထုတ်လျက် နက္ခတ်ကို ဆင့်ခေါ်ကာ ရယ်မောပြီး ဦးစွာ ပြေးဝင်ခဲ့၏။ သူတော်စင်ဓားများ သူ့နောက်၌ ပျံဝဲ လိုက်ပါ လာသည်။
၎င်းတို့ထံမှ အကန့်အသတ်မဲ့ ဓားရောင်ဝါများ ထွက်လာပြီး၊ ကြယ်ဓား ပေါင်းစည်း သွားသည်။
ဤနည်းဖြင့် နက္ခတ်၏ စွမ်းပကား အောက်၌၊ ကြယ်ဓားက တဟုန်ထိုး မြင့်တက် လာတော့၏။
“ ဟဲဟဲ ... သွားကြစို့။ ”
“ သန့်ရှင်းသော သမီးတော် သတ်သူကို သင်ခန်းစာ ပေးရအောင်။ ”
ယွမ်ဟောင်ယင်နှင့် ရှောင်ကျန်းရီက လေပေါ်ပျံကာ၊ မရဏမူလ အမည်ခံ သူတော်စင် ရောင်ဝါဖြင့် ဖုံးအုပ်ထားသော ၎င်းတို့၏ ကြယ်စုများကို ဆင့်ခေါ် ပြန်သည်။
“ အချည်းနှီးသော အားထုတ်မှုတွေ။ ”
လင်းယွန် မျက်လုံးမှ တဆင့် ကြီးစိုးမှု ရောင်ဝါ ထွက်ပေါ်လာ၏။ နဂါး နေ-လ တံဆိပ် ဒုတိယပုံစံကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
သူ့ကြယ်ဓားသည် မူလပင် ကြောက်စရာ ကောင်းနေပြီ ဖြစ်ရာ လက်ရှိ အချိန်၌ မယှဉ်သာ နိုင်သည့် အမြင့်သို့ ရောက်ရှိလာ၏။
“ ထွက် သွား စမ်း ... ။ ”
“ ဘုန်း ... ။ ”
“ အား ... ။ ”
အမှောင်ထုအတွင်း အလင်းများ ကောင်းကင်ပေါ် ဖုံးလွှမ်းလာစဉ် ရှောင်ကျန်းရီ နှင့် ယွမ်ဟောင်ယင်တို့ကို ဦးစွာအဝေးသို့ ထိုးနှက်ပစ် လိုက်သည်။
ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တုန်ယင်လာသဖြင့် ပတ်ဝန်းကျင်ရှိ လူတိုင်း ဆုတ်ခွာ ပေးလိုက်ရ၏။
“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ဓားရည်ရွယ်ချက်လဲ။ ”
ထိုမြင်ကွင်းကို ကြည့်ပြီး လူတိုင်း ခြောက်ခြားကုန်၏။ ဤသည်မှာ ကြယ်ဓား နှစ်လက်၏ စစ်မှန်သော စွမ်းအား ပေပင်။
“ ဆင်း လာ ခဲ့ ... ။ ”
ထိုအချိန်တွင် ကျိုးဝူရန်မှာ အနား ရောက်လာပြီ ဖြစ်သည်။ သို့သော် လင်းယွန်၏ အကြည့် တစ်ချက်ကြောင့် သူ့ဓားရည်ရွယ်ချက် ပြိုကျသွားပြီး၊ မြေပြင်ပေါ် ပြုတ်ကျ သွားတော့၏။
“ ဒါ ... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ကျိုးဝူရှန် တစ်ယောက် အမြန် ဆုတ်ခွာ သွားမိသည်။ သူ့ကြယ်ဓားသည် ကနဦး အဆင့် ဖြစ်သော်လည်း၊ သူတော်စင် တာအိုနှင့် တန်ခိုး ပေးထား၏။
ထို့ကြောင့် တစ်ဖက်လူ၏ ကြယ်ဓား ရည်ရွယ်ချက်ကို ကိုင်တွယ်ရန် လုံလောက် သင့် ချေပြီ။ ယခုမူ အကြည့်တစ်ချက် ဖြင့်ပင် ပြိုကျသွားရ တော့၏။
“ မင်းက ငါ့လက်နဲ့ မထိုက်တန်ဘူး။ ”
လင်းယွန်က ဟန်ပါပါဖြင့် လက်နှစ်ဖက် နောက်ပို့လိုက်လေသည်။ ဆံပင်များ တဖျပ်ဖျပ် ခတ်လျက် လောကအပေါ် အပြစ်ဒဏ် စီရင်မည့် နတ်ဘုရား တစ်ပါးနှင့် တူလာ၏။
“ ဝှစ် ... ။ ”
ပြီးနောက် ကျိုးဝူရှန် ရှေ့မှောက်သို့ ရိပ်ခနဲရွေ့လျား လိုက်ပြီး၊ လက်တစ်ဖက်ကို ခေါင်းပေါ် မြှောက်ကာ၊
“ ဒူးထောက် ... ။ ”
-ဟု အမိန့်ပေးသည်။
နေနှင့်လသည် သူ့လက်ဖဝါး၌ သံသရာ လည်လာပြီး၊ နတ်နဂါး တစ်ကောင် ခန္ဓာကိုယ်မှ ပျံထွက်သွား၏။
ထိုနဂါး ထွက်လာသည်နှင့် ကျိုးဝူရှန် ရှင်သန်ရာ ကမ္ဘာကြီး တစ်ခုလုံး အမှောင်ကျ သွားလေသည်။ လင်းယွန်သည်သာ သူ့ကမ္ဘာ၏ နတ်ဘုရား ဖြစ်၏။
ကြောက်ရွံ့မှုကြောင့် ပါးစပ်မှ သွေးများ စီးကျလျက်၊ အလိုလို ဒူးထောက် လိုက်မိတော့ သည်။
“ ဒုန်း ... ။ ”
“ မင်းကများ ... ငါ့ကို ရှိခိုးပြီး တောင်းပန်စေချင်တာလား၊ ဟမ့် ... ။ ”
“ ဒုန်း ... ။ ”
လင်းယွန်က ဒူးထောက် နေသော ကျိုးဝူရှန်၏ ဦးခေါင်းကို ကိုင်ကာ၊ မြေပြင်ပေါ် ဆောင့်ချ လိုက်သည်။
“ မင်းက အမျိုးသမီး တစ်ယောက်ကို ... အနိုင်ကျင့်ရတာ ကြိုက်တယ်လား၊ ဟမ့် ... ။ ”
“ ဒုန်း ... ။ ”
“ မင်းက ... တခြား လူတွေကို အရှက်ခွဲရတာ ကြိုက်တယ်လား ... ။ ”
“ ဒုန်း ... ။ ”
“ ငါက ဓားသမား မဖြစ်ထိုက်ဘူးလား။ ”
“ ဒုန်း ... ။ ”
လင်းယွန် တစ်ယောက် ရူးသွပ်လာပြီး ဆံပင်များ တဖျပ်ဖျပ် ခတ်လျက် သတ်ဖြတ်လို စိတ်များ ပြည့်နှက်လာတော့၏။
ပါးစပ်မှလည်း မေးခွန်းများ မေးကာ၊ လက်ကလည်း ကျိုးဝူရှန်ခေါင်းကို ဆုပ်ကိုင်ပြီး၊ မြေပြင်နှင့် အဆက်မပြတ် ‘ဆောင့်’နေသည်။
အဆုံးတွင်၊
“ သွား ... မရဏ နဂါးလမ်းမှာ မင်းကို ငါမြင်ချင်ဘူး၊ ဒီလမ်းက ... မင်းလို လူမျိုးနဲ့ မထိုက်တန်ဘူး။ ”
-ဟု အော်ငေါက်လျက် ရင်ဘတ်ကို ထိုးနှက် ပစ်လိုက်တော့၏။
အဆိုပါ လက်သီးကြောင့် ကျိုးဝူရှန် တစ်ယောက် နံရိုးများ ကျိုးကုန်ကာ လေထု အလယ် အသက်ပျောက် သွားတော့သည်။
တစ်ဆက်တည်းမှာပင် လင်းယွန်က ရှောင်ကျန်းရီနှင့် ယွမ်ဟောင်ယင်ထံ ပြန်လှည့် ကြည့်လိုက်၏။
အဖြစ်အပျက်မှာ လျင်မြန်လွန်းပြီး၊ လူမဆန်သော လုပ်ရပ်ကြောင့် နှစ်ယောက်သား အထိတ်အလန့်ဖြင့် အလိုလို ဆုတ်ခွာ လိုက်မိသည်။
“ ယဲ့ချင်းရှန် ... ၊ ဒီမိစ္ဆာမ အတွက် မင်းတကယ် လူသတ်လိုက်တာလား။ ”
ရှောင်ကျန်းရီမှ အံကြိတ်ကာ မေး၏။ သို့သော် လင်းယွန်က စကားတစ်ခွန်း ပြန်မဖြေ တော့ဘဲ၊ သူတို့ထံ လျှောက်လှမ်းလာသည်။
“ ယဲ့ချင်းရှန် ... ၊ မင်း ... မင်းက ဒီလို မိစ္ဆာမအတွက်နဲ့ ... ငါတို့ မြင့်မြတ်မြေ သုံးပါးကို ရန်ပြုဖို့ ထိုက်တန်တယ် ထင်နေလား။ ”
ယွမ်ဟောင်ယင် သည်ပင် တုန်ယင်စွာ နောက်ပြန်ဆုတ် နေလျက်မှ ခြိမ်းခြောက်စကား ပြောဆိုမိ လေသည်။
“ မိစ္ဆာတွေ ... သူတော်စင်တွေ ... မသိဘူး၊ ငါသိတာ သူက ငါ့မိန်းမပဲ၊ ငါ့မိန်းမကို အရှက်ခွဲ ချင်ရင် ... ငါ့ဓားကိုကြည့် ... ။ ”
“ ရွှမ်း ... ။ ”
“ ဒီကောင် ရူးနေပြီ ... သတ် ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်းကို ဆွဲထုတ် လိုက်သည်နှင့်၊ ယွမ်ဟောင်ယင်က လက်ဦးမှု ရယူကာ တိုက်ခိုက်တော့သည်။
“ သတ် ... ။ ”
“ အွတ် ... ။ ”
သို့သော် လှုပ်ရှားမှု (၁၀) ကြိမ်ပြည့် ပြီးနောက် တောင့်မခံနိုင် တော့ဘဲ မြေပြင်ပေါ် လဲကျသွား၏။ ယွမ်ဟောင်ယင်မှာ ပြန်မထ နိုင်တော့ချေ။
နာကျင်မှုကြောင့် သတိလစ် သွား၏။ ရှောင်ကျန်းရီ သာလျှင် ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး ရုန်းကန် နေခဲ့သည်။
ထို့ကြောင့် တစ်ဖက်လူ သူထံ ချဉ်းကပ် လာသည်ကို မြင်ချိန်၌ မျက်နှာ ဖြူဖျော့လျက် တုန်ယင်လာသည်။
“ မင်း ... မင်း ဒီလို စကားတွေကို လူတိုင်းကြားအောင် ပြောရဲလား။ ”
“ ဘာလို့ မဝံ့ရမှာလဲ ... ။ ”
လင်းယွန်က လျှောက်လက်စ ခြေလှမ်းကိုရပ်ကာ မျက်မှောင်ကြုတ်သည်။ ပြီးနောက် ကျယ်လောင်သော အသံဖြင့်၊
“ လျူယွင်က ငါ့မိန်းမ ... ၊ ငါ့မိန်းမကို အရှက်ခွဲရင် ... ဘယ်သူမဆို ငါ့ဓားမှာ အသက် ပေးရမယ်။ ”
-ဟု ကြေငြာ လိုက်တော့၏။
သူ့အသံသည် နဂါးတောင် (၉)လုံးသို့ ပဲ့တင်ထပ်သွားသည်။ လူတိုင်း မယုံကြည်နိုင်စွာ သူ့ကို ကြည့်လာကြ၏။
“ ဘာလဲ ... ဒီကောင် ယဲ့ချင်းရှန်က ရူးသွားတာလား ... ၊ မိစ္ဆာမကို သူ့မိန်းမ အဖြစ် ကြေငြာနေတယ်။ ”
“ သူက ကောင်းကင် တာအိုဂိုဏ်းရဲ့ ... ပါရမီရှင် ဓားသမားပဲ၊ ဒီလို ... လုပ်ရပ်မျိုးက သူ့ဂိုဏ်းကို ထိခိုက်စေ လိမ့်မယ်။ ”
“ မိစ္ဆာမ အတွက် စစ်မှန်သော နဂါးသခင် ရာထူးကို စွန့်လွှတ်တယ် ဆိုတာ ... ရူးနှမ်းနှမ်း လုပ်ရပ်ပဲ။ ”
လင်းယွန်က မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ သူ့လက်ကို ဝှေ့ယမ်းကာ ယွမ်ဟောင်ယင်နှင့် ရှောင်ကျန်းရီကို မရဏ နဂါးလမ်းမှ ဖယ်ရှား ပစ်လိုက်လေသည်။
ယဲ့ချင်းရှန်သည် နတ်နဂါး အထက်တန်းစား အဆင့်မှ ပါရမီရှင် တစ်ပါးကို ခွေးသတ် သကဲ့သို့ သတ်ကာ၊ ကျန်နှစ်ယောက်ကို ဖယ်ရှားလိုက် သဖြင့်၊ လူတိုင်း မျက်လုံးပြူး ကုန်၏။
“ ဒီကောင် အစွမ်းထက် လွန်းတယ်၊ နတ်နဂါး အထက်တန်းစား သုံးယောက်ကို ပုရွက်ဆိတ် တေွလို နင်းချေလိုက်ပြီ။ ”
“ အရမ်း မိုက်တယ်၊ သူတို့ သုံးယောက်က ဘယ်လိုများ အထက်တန်းစား ဖြစ်လာရတာလဲ၊ အမျိုးသမီး တစ်ယောက်ကို အနိုင်ကျင့်ပြီးတော့ အထက်တန်းစား ဖြစ်လာတာလား၊ လူ့ ... အမှိုက်တွေ။ ”
“ ဒီကောင် ယဲ့ချင်းရှန်က သန့်ရှင်းသော သမီးတော် သတ်သူ ဖြစ်ပေမယ့် ရိုးဖြောင့်တယ်၊ မိစ္ဆာဖြစ်စေဦး ... သူ့မိန်းမအဖြစ် ကြေငြာ ဝံ့တယ်၊ ဒါမှ ဓားသမားပဲ။ ”
“ မှန်တယ် ... မိစ္ဆာမ ဖြစ်တော့ရော ဘာဖြစ်လဲ ... သူကြိုက်ရင် လုံလောက်ပြီ၊ အဟီး ပြောသာ ပြောတယ်၊ ဒီလို မိစ္ဆာ ချောချောလေး ရမယ်ဆိုရင် ... ငါလည်း လိုချင်တယ်။ ”
“ တဏှာရူး ... မင်းက အချစ်နဲ့ တဏှာ မကွဲတဲ့ကောင် ... ၊ ယဲ့ချင်းရှန်က မင်းခေါင်းကို ထိုးခွဲလိမ့်မယ်၊ အဲဒါ သူ့မိန်းမ။ ”
လူအုပ်ကြီးမှ ပြုံးရယ် လိုက်တော့၏။ လူသားတိုင်း ငယ်ရွယ်စဉ် အချိန်၌ အချစ်ကို ကိုးကွယ် ကြသည်မှာ သဘာဝ ပေပင်။
***