← Chapters

လုံတောင်တန်း ... ။

Vol. 153 Ch. 2138

လုံတောင်တန်း ... ။

Vol. 153 Ch. 2138

နေဝင်ချိန် ရောက်သော အခါ၊ နဂါးတောင်တန်းများ အားလုံး လွမ်းစရာ ကောင်း လာတော့၏။

“ စိတ်ဝင်စားစရာ ကောင်းတဲ့ လူပဲ။ ”

စတုတ္ထ ကောင်းကင်လမ်း ချန်ပီယံ မုချင်းကျွယ်က သူ့ထံ ဦးတည်လာ နေသည့် လင်းယွန်ထံ ကြည့်ကာ ပြုံးလိုက်သည်။

နဂါးပြာ မှတ်တမ်းတွင် လူအမျိုးမျိုး ရှိကြသည်။ မာနကြီး သူများ၊ ရက်စက် သူများ၊ နိမ့်ကျစွာ နေသူများနှင့် သစ္စာဖောက်များ ဖြစ်၏။

ယဲ့ချင်းမှာမူ ထိုလူများနှင့် မတူချေ။ အမျိုးသမီး တစ်ယောက်ကို လက်ဆွဲ လာသည်။ ဤနေရာသည် နဂါးပြာ မှတ်တမ်း မဟုတ်သော် ၎င်းနှင့် မိတ်ဖွဲ့မိမည် ဖြစ်၏။

သူထရပ် လိုက်သောအခါ ဘေးတစ်ဖက် တစ်ချပ်စီမှ လူနှစ်ယောက် လှမ်းတက်လာ တော့သည်။

လက်ဝဲဘက်တွင် မြောက်ဘက် ဒေသ လုံတောင်တန်း၏ သန့်ရှင်းသော သားတော် မိုချန်ဖြစ်၏။

လက်ယာဘက်၌ အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမ၏ ကျင့်ကြံမှုမှာ မိုးပြာမူလ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး၊ ရေခဲ တာအိုကို နားလည်ထား၏။

အလိုရှိပါက ကောင်းကင် မူလ အဆင့်သို့ အချိန်မရွေး ဖြတ်ကျော် နိုင်ပေမည်။ အမည်မှာ လောယင် ဖြစ်ပြီး၊ လုံတောင်တန်း၏ သန့်ရှင်းသော သမီးတော် ဖြစ်၏။

နှစ်ဦးလုံးသည် တူညီသော ဂိုဏ်းမှ လာကြပြီး၊ လိုက်ဖက်ညီသော စုံတွဲ တစ်တွဲ အဖြစ် ထင်ရှားချေပြီ။

မုချင်းကျွယ်သာ ကောင်းကင်လမ်း ကံကြမ္မာကို မရရှိပါက၊ ဤအမျိုးသမီးသည် လုံတောင်၏ တပည့် ခေါင်းဆောင် ဖြစ်ရ ပေလိမ့်မည်။

ယခုမူ မုချင်းကျွယ်မှ သူမတို့ နှစ်ဦးကို ဖြတ်ကျော်ကာ၊ တပည့် ခေါင်းဆောင် ရာထူး ရရှိသွားသည်။

သူ့အရည်အချင်းသည် ထူးချွန် ထက်မြက်ပြီး၊ သန့်ရှင်းသော သားတော်နှင့် သမီးတော်တို့ထက် တောက်ပချေ၏။

ထို့ကြောင့် လုံတောင်တန်းမှ မိုချန်နှင့် လောယင်တို့ကို နဂါးပြာ မှတ်တမ်း အတွင်း၌ မုချင်းကျွယ် နောက်လိုက်ရန် စေခိုင်းခဲ့သည်။

လင်းယွန် သည်သာ သန့်ရှင်းသော သားတော် ရာထူးကို လက်ခံသော် ထိုနည်းတူ ခံစားခွင့် ရပေမည်။ လီတာ့ယန်နှင့် ပိုင်ရှုရင် တို့၏ ခေါင်းဆောင် ဖြစ်လာနိုင်၏။

လင်းယွန်က နဂါး ဦးခေါင်းသို့ ရောက်ရှိ လာသော အခါ၊ အောက်ကို ငုံ့ကြည့် လိုက်၏။ နဂါးလမ်းအပြင်မှ လူအုပ်ကြီးသည် ပုရွက်ဆိတ် ကဲ့သို့ သေးငယ်သည်။

နဂါးခေါင်း၏ လေထုသည် ဝိညာဉ် စွမ်းအင်များ ပြည့်နှက်နေသဖြင့် အသက် ပြင်းပြင်း ရှူလိုက်သော အခါ သက်တောင့် သက်သာ ရှိစေသည်။

လင်းယွန်က အကြည့်များ ပြန်ရုတ် လိုက်ပြီးနောက်၊ ရှေ့တွင် ရပ်နေသော လူ(၃) ယောက်ထံ ဝေ့ကြည့်ကာ မုချင်းကျွယ်ထံ အာရုံရောက် သွား၏။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်မိသည်။ ကြည့်နေဆဲ မှာပင် မုချင်းကျွယ်မှ အံ့သြသွား၏။

စတုတ္ထ ကောင်းကင်လမ်း ချန်ပီယံ တစ်ဦးအနေဖြင့်၊ ယဲ့ချင်းရှန် မျက်ဝန်းထဲမှ ထူးခြားသော အရာ တစ်ခုကို ဖျတ်ခနဲ သတိထားမိ လိုက်သည်။

တစ်ဖက်လူသည် ခွန်လွန်နှင့် တသားတည်းမရှိချေ။ သူ့ကဲ့သို့ နိမ့်ကျသော နယ်မြေတစ်ခုမှ လာပုံရ၏။

ဤသည်မှာ သက်သေ ပြ၍ မရသော ထူးဆန်းသည့် ခံစားချက် ပေပင်။ လက်နှစ်ဖက် နောက်ပို့လျက်၊

“ မင်း ... ငါနဲ့ တိုက်ဖို့ အရည်အချင်း ပြည့်တယ်၊ သူ့ကို နဂါးလက်သည်းမှာ ထားပြီး လာတိုက်ပါ။ ”

-ဟု ပြောကြား လိုက်သည်။

“ မဟုတ်ဘူး ... ဒီနေရာက ရှုခင်းတွေ အရမ်းလှတယ်၊ သူ ကြည့်ဖို့ ထိုက်တန်တယ်။ ”

“ ..... ။ ”

တစ်ဖက်လူ အပေါ် ယဉ်ကျေးပြခဲ့ သော်လည်း ၎င်းမှ သူ့ကို လျစ်လျူရှု နေသဖြင့်၊ မုချင်းကျွယ်မှ ဒေါသထွက်လာပြီး၊ နှုတ်ခမ်း ထောင့်မှ အေးစက်သော အပြုံး တစ်ပွင့် ထွက်ပေါ် လာသည်။

လုံတောင်၏ သန့်ရှင်းသော သားတော် မိုချန်က၊

“ မင်းတကယ် ရဲရင့်လွန်းတယ် ... ၊ နဂါး ဦးခေါင်း နေရာကို တိုက်ပွဲ ဝင်ချင်တာ ပြဿနာ မရှိ ပေမယ့်၊ ဒီလို မိစ္ဆာမကို ခေါ်လာတာတော့ တခြားလူတွေက သဘောတူမယ် မထင်ဘူး။ ”

ကျယ်လောင် လွန်းသော အသံကြောင့် မရဏ နဂါးလမ်း ပေါ်ရှိ လူတိုင်းက လင်းယွန်ထံ ရန်လိုစွာ ကြည့်လာကြသည်။

မိုချန်သည် သူတို့ နှလုံးသားထဲမှ အတွေးများကို မြင်ချေ၏။ ထို့ကြောင့် လူတိုင်း ခေါင်းညိမ့် လိုက်ကြသည်။

“ သန့်ရှင်းသော သားတော် မိုချန် ... ပြောတာ မှန်တယ်၊ ဒီလို မိစ္ဆာမက ငါတို့ထက် အဆင့် မြင့်ချင်သလား။ ”

“ ယဲ့ချင်းရှန် ... ကိုယ့်ကိုကိုယ် ပါရမီရှင် ဓားသမားလို့ ခေါ်ဖို့ ... မင်းမှာ မျက်နှာ ရှိသေး ရဲ့လား၊ မင်းဟာ လူမိုက်နဲ့ ပိုတူတယ်။ ”

“ မရဏ နဂါးလမ်းကနေ ... အခု ထွက်သွားပါ၊ ငါတို့လို ပါရမီရှင်တွေနဲ့ မိစ္ဆာမကို အတူတူ ထားချင်နေတာလား။ ”

“ ထွက်သွားပါ ... ။ ”

ထိုအသံများက အန်းလျူယွင် အပေါ် အဆင်မပြေ ဖြစ်စေ၏။ လင်းယွန်ထံ ခိုးကြည့် လိုက်သောအခါ တည်ငြိမ် နေသည်ကို မြင်လိုက်ရသည်။

ပတ်ဝန်းကျင်က အသံများကို နားထောင်နေလျက်မှ လင်းယွန်က ပြုံးသည်။ ကောင်းကင် တာအို ဂိုဏ်းမှ ဂိုဏ်းချုပ်ဟောင်း တျန်ရှင်း၏ စကားများကို ယခု နားလည်ပြီ ဖြစ်သည်။

‘ပါရမီရှင်’ ဟူသော ဘွဲ့သည် စျေးပေါလွန်း၏။ မည်သူမဆို ပါရမီရှင် အဖြစ် ကင်ပွန်းတပ် နိုင်သည်။

အစောပိုင်း အချိန်က နဂါးခေါင်းထံ ချဉ်းကပ်လာစဉ်၊ လူ အနည်းငယ် သည်သာ သူ့ကို တိုက်ရန် သတ္တိရှိခဲ့၏။ ထိုထဲတွင် ဤလူများ မပါချေ။

“ ဟား ဟား ဟား ... ယဲ့ချင်းရှန် မရဏနဂါးလမ်းက ဉာဏ်ကြီးရှင်တွေ အားလုံး ပြောနေကြတယ် ... မင်းကြားလား။ ”

လင်းယွန်အပေါ် လူထုမှ ရန်လိုစေရန် ကြိုးစားမှုမှာ အောင်မြင်လိုက် သဖြင့်၊ မိုချန်က ရယ်မော လိုက်သည်။

“ ဘယ်မှာလဲ ... ၊ မင်းပြောတဲ့ ပါရမီရှင်တွေကို ... ငါမတွေ့ပါလား။ ”

သို့သော် လင်းယွန်က လှောင်ပြုံးဖြင့် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်၏။

“ မင်း မတွေ့ဘူးလား ... မရဏ နဂါးလမ်းပေါ်က လူတိုင်းက ပါရမီရှင်တွေပဲ။ ”

“ ဟုတ်လား ... ၊ ဒါပေမယ့် ငါ ဘာလို့ မမြင်ရတာလဲ၊ ငါ့အမြင် မှာတော့ လူတိုင်းက သာမန်ပါပဲ၊ ထူးခြားတာ ဆိုလို့ ကောင်းကင်ပေါ် ပျံတက်မယ့် ဖီးနစ်တစ်ကောင်ပဲ ရှိတယ်။ ”

လင်းယွန် ထံမှ ဓားရောင်ဝါများ ကောင်းကင်ပေါ် ပျံတက် လာ၏။ ထိုဖိအား ကြောင့် မိုချန်ခမျာ နောက်သို့ ခြေသုံးလှမ်း ချက်ချင်း ဆုတ်ခွာ လိုက်ရသည်။

“ နေရာတိုင်းမှာ သာမန် လူတွေပဲ၊ မင်းပြောတဲ့ ဉာဏ်ကြီးရှင်တွေကို ငါ မတွေ့ဘူး၊ မုချင်းကျွယ် ... မင်းရော ငါပြောတာ ဘယ်လိုမြင်လဲ။ ”

လင်းယွန်က မုချင်းကျွယ်ကို ပြုံးပြကာ တိုက်ရိုက် မေးမြန်း လိုက်တော့သည်။ မိုချန်ကို ရှိသည်ဟုပင် မထင်ခဲ့ချေ။

“ သန့်ရှင်းသော သားတော်မို ... သူနဲ့ လေကုန်မခံပါနဲ့ ... ငါတို့ အတူတူ လက်တွဲပြီး တိုက်ရအောင်။ ”

ဘေးမှ တစ်ချိန်လုံး ရပ်ကြည့်နေသော အမျိုးသမီးက မိုချန်ကို လှမ်းပြော လိုက်သည်။ သူမထံမှ အေးစက်သော အငွေ့အသက်များ ပေါက်ကြားလာ၏။

နဂါးခေါင်း ပေါ်ရှိ လေထုမှာ ရုတ်တရက် တင်းမာလာတော့သည်။ ကောင်းကင် တာအို ဂိုဏ်းမှ တပည့်များက ခြောက်ခြားကုန်၏။

ယဲ့ချင်းရှန် တစ်ယောက် စတုတ္ထ ကောင်းကင်လမ်း ချန်ပီယံနှင့် တိုက်ခိုက်တော့ မည်ကို သူတို့ မြင်သည်။

“ လုံတောင်တန်းရဲ့ သန့်ရှင်းသော သားတော်က ရေခဲ သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ... နတ်နဂါး အထက်တန်းစား အဆင့်မှာ ထိပ်ဆုံး (၃၀)ဝင်တယ်၊ ...

... သူ့လိုလူက တကယ်ပဲ တခြားလူနဲ့ ပူးပေါင်းပြီး၊ စီနီယာ အစ်ကိုယဲ့ကို ... တိုက်ဖို့ စီစဉ် နေတာလား၊ မယုံနိုင်စရာပဲ။ ”

“ သန့်ရှင်းသော သမီးတော် လောယင်ကလည်း ရက်စက် ကြမ်းကြုတ်ပြီး မိုချန်ထက် အားမနည်းဘူး။ ”

“ မုချင်းကျွယ်က ရွှေမျိုးဆက် ပါရမီရှင် ဖြစ်ပြီး၊ စတုတ္ထမြောက် ကောင်းကင် လမ်းရဲ့ ချန်ပီယံပဲ။ ”

“ စီနီယာ အစ်ကိုယဲ့တော့ ... အခု ဒုက္ခရောက်ပြီ ထင်တယ်၊ ဒါပေမယ့် သူက အကြောက်အလန့် မရှိပါလား။ ”

လူအများက လင်းယွန်ကို ကြည့်ပြီး အံ့သြ နေကြသည်။ မုချင်းကျွယ်သည် စတုထ္ထမြောက် ကောင်းကင်လမ်း ချန်ပီယံ အဖြစ် မရဏ နဂါး သခင် ရာထူးနှင့် ထိုက်တန်၏။

“ သတ် ... ။ ”

မိုချန်နှင့် လောယင်က ဦးစွာ လှုပ်ရှားမှု ပြုလုပ်လာ ခဲ့သည်။ သူတို့သည် လင်းယွန်၏ သေစေနိုင်သော နေရာများထံ ပစ်မှတ်ထား တိုက်ခိုက်လိုက် ကြ၏။

“ နတ်နဂါးကိုးကောင် အသွင်ပြောင်း။ ”

မိုချန်က သူတော်စင် လှံကို ကိုင်ကာ လင်းယွန်ထံသို့ လှမ်းထိုး လိုက်သည်။ လှံမှ သူတော်စင် ရောင်ဝါ ကိုးမျိုး တောက်ပလျက် နဂါးဖြူ တစ်ကောင်လို ထင်ရှားလာသည်။

“ နှင်းနဂါး ... ။ ”

လောယင်က ရေခဲ တာအိုနှင့် ကိုယ်ပွား ကိုးယောက် ပိုင်းခြားကာ လေထဲ ပျံသန်းလာ လေသည်။

၎င်းတို့၏ တိုက်ခိုက်မှု များက တပြိုင်နက်တည်း ရောက်ရှိလာပြီး ဖိအားများ ဖြစ်ပေါ်စေ၏။

“ ငြိမ်းချမ်းသော ပင်လယ် လေးခု ... ။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဆွဲထုတ်ပြီး ပိုးစုန်းကြူး နတ်ဓားဖြင့် ပြန်လည် တုန့်ပြန် လိုက်သည်။

သူ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက် သည်နှင့် ဓားရောင်ခြည် (၁၈)စင်း ထွက်ပေါ် လာကာ၊ လှိုင်းအဖြစ် ပျံ့ကားသွား၏။

“ အ ... ။ ”

များမကြာမီ ညည်းတွားသံကို ကြားလိုက်ရသည်။ လောယင် တစ်ယောက် နှုတ်ခမ်းမှ သွေးများ စီးကျလျက် ပြန်လည် လွင့်စဉ် သွား၏။

ထိုမြင်ကွင်းကို ကြည့်ပြီး လင်းယွန်မှ စိတ်ပျက်သွားသည်။ ဘဝနှင့် သေခြင်း တိုက်ပွဲ ဖြစ်သော် နောက်ထပ် ဓားတစ်ချက် ပေးပို့ကာ၊ လောယင်ကို ဖြေရှင်းပြီး ဖြစ်ပေလိမ့်မည်။

“ ဝှစ် ... ။ ”

“ ထန် ... ထန် ... ။ ”

ယခုမူ သူ့ခန္ဓာ ကိုယ်ကို တစ်ပါတ်လှည့် လိုက်ပြီး မိုချန်ထံ ဖြေရှင်းလိုက်ရ၏။ ဓားနှင့်လှံ ထိပ်တိုက် တွေ့ဆုံသော အခါတွင် မီးပွားများ ပျံ့လွင့် လာလေသည်။

မြင်ကွင်းအရ ညင်သာ သော်လည်း အားကောင်းသည့် စွမ်းအင်နှစ်ခု ထိပ်တိုက် တွေ့ဆုံခြင်း ဖြစ်၏။

ချက်ချင်းပင် မိုချန်နဖူးမှ ချွေးများ စီးကျ လာသည်။ တစ်ဖက်လူ၏ ဓားရည်ရွယ်ချက်မှာ ကြောက်မက်ဖွယ် ကောင်းချေ၏။

၎င်းသည် နားမလည်နိုင်အောင် ဖြစ်ပြီး သူတော်စင် ရောင်ဝါသည် သူ့ထက် သိပ်သည်း ပေသည်။ ဤလူသည် မည်သို့သော ကျင့်ကြံမှု နည်းစနစ်ကို ကျင့်သုံးခဲ့သနည်း။

ကြည့်နေဆဲ မှာပင် ငွေရောင် အငွေ့အသက်များ ရစ်သိုင်းလျက် လင်းယွန်၏ ဓားနှလုံးသား အသက် ဝင်လာသည်။

“ မီးလျှံ ရွှေကြာပန်း ... ။ ”

ငွေရောင် အလင်းများ ထို့ထက်ပို၍ မသိပ်သည်းခင် အံကြိတ်လျက် လှံကို ဝှေ့ယမ်း လိုက်ပြီး ပြေးဝင် တိုက်ခိုက်မိ၏။

“ ရွှပ် ... ။ ”

လင်းယွန်က သူ့ဓားကို လေထုအလယ် လွှဲလျက် ဓားအလင်းများအား ရေစီးကြောင်း အဖြစ် ပစ်လွှတ်လိုက်သည်။

မိုချန်ခမျာ မီးပင်လယ်နှင့် ရွှေကြာပန်းများကို ဖန်တီး နေရသဖြင့် အနည်းငယ် နောက်ကျ သွားသည်။

ဓားချက်များက သူ့ထံ ထိမှန်ကုန်၏။ ၎င်းသည် အဆုံး မရှိသော စမ်းရေများ ကဲ့သို့ တသွင်သွင် ရိုက်ခတ်နေသည်။

“ ဝေါ့ ... ။ ”

သွေးအန်လျက် လွတ်ရာသို့ ပြန်လည် ဆုတ်ခွာပြီး၊ ကျောရိုး တစ်လျှောက် အေးစက် သွားတော့၏။

တစ်ဖက်ရှိ လောယင်ကို အချက်ပြ လိုက်ကာ၊ ပတ်ဝန်းကျင်အပေါ် ရေခဲပြင် အသွင် ပြောင်းလဲ စေလိုက်သည်။

အခြားလူ တစ်ယောက်သာ ဆိုသော် ဤပတ်ဝန်းကျင် အတွင်း ချက်ချင်း အေးခဲ သွားမည် ဖြစ်၏။

လင်းယွန် အတွက်မူ၊ ထိရောက်ပုံ မရချေ။ သူလှုပ်ရှားလိုက် ချိန်တိုင်း နှင်းလွှာများ ကွဲအက် ကုန်တော့သည်။

သူ့ခန္ဓာကိုယ် အတွင်း၌ နဂါးသွေးများ ပွက်ပွက်ဆူကုန် သဖြင့် ရေခဲ ရည်ရွယ်ချက်မှာ အလုပ် မဖြစ်ခဲ့ချေ။

“ ဟိတ် ... ။ ”

“ သူ့ကို သတ် ... ။ ”

သုံးယောက်သား ထပ်မံ ထိပ်တိုက် တွေ့ဆုံလိုက်သော အခါတွင် ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

“ လရောင် အလင်း ပြန်ခြင်း။ ”

“ အချိန်များ စီးဆင်း နေတယ်။ ”

“ ကာကွယ်ရေး သစ်ပင်။ ”

“ ခရစ် ... ။ ”

လင်းယွန် နှစ်ယောက် ခွဲထွက်လျက်၊ မိုချန်နှင့် လောယင်ကို ရင်ဆိုင်လိုက်၏။ ဓားနှင့် ထိမှန်ချိန်တိုင်း ရေခဲလွှာမှာ မှန်တစ်ချပ် ကဲ့သို့ ကွဲအက် ကုန်တော့သည်။

“ ဝေါ့ ... ။ ”

ထို့ကြောင့် မိုချန်နှင့် လောယင်မှာ မြေပြင်ပေါ် ပြန်လည် ဆင်းသက်လျက် ပါးစပ် အပြည့် သွေးအန် လိုက်ရသည်။

“ ရွှပ် ... ။ ”

သို့တိုင် လင်းယွန် နှစ်ယောက်မှာ တစ်ထပ်တည်း ကျသွားပြီး ဓားရောင်ခြည်ဖြင့် ထပ်မံ ပစ်ခတ်လာခဲ့သည်။

ဤတစ်ကြိမ်တွင် မရဏ နဂါးလမ်း တစ်ခုလုံး တိတ်ဆိတ် သွား၏။ ကာယကံရှင် နှစ်ဦးဖြစ်သော လုံတောင်၏ သန့်ရှင်းသော သားတော်နှင့် သမီးတော်ခမျာ မြေပြင်ပေါ် လွင့်စဉ်လျက် ပြန်မထနိုင် တော့ချေ။

***

All Chapters