သုံးယောက် တစ်ယောက်။
Vol. 153 Ch. 2140
‘သွေးတပ်ရင်း၊’ ဟူသော စကားလုံးကို ကြားလိုက်ချိန်၌ နဂါးတောင်တန်းများ အပြင်ရှိ လူအုပ်ကြီးပါ အံ့အားသင့် ခဲ့ကြသည်။
သွေးတပ်ရင်းသည် ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသော နတ်နဂါး အင်ပါယာ စစ်တပ် ဖြစ်၏။
သူတို့သည် လူသတ်ခြင်းဖြင့် လေ့ကျင့်ပေးကာ ခွန်လွန်နှင့် ကြယ်နယ်မြေ၌ အင်ပါယာ ကိုယ်စား တာဝန်ထမ်းဆောင် ကြသည်။
တစ်နည်းအားဖြင့် ဆိုရသော် နတ်နဂါး အင်ပါယာ၏ သားသတ်ဓား တစ်လက် ဖြစ်ပြီး အင်ပါယာ၏ ဂုဏ်သတင်း ကိုလည်း ကာကွယ်ရ၏။
တစ်ဦးချင်း ခွန်အားအရ၊ သူတော်စင် တပည့်များကို မယှဉ်နိုင်ချေ။ သတ်ဖြတ်ခြင်း အမှု ၌မူ သူတော်စင် တပည့် များထက် သာလွန်၏။
၎င်းတို့ကို နဂါးမိသားစု ပညာများနှင့် အရင်းအမြစ်များ အဆုံးမဲ့ ဖြည့်ဆည်း ပေးထား သည်။ သူတို့၏ ခံစားခွင့်မှာ မြင့်မြတ်မြေများပင် လိုက်မမီနိုင်သော ပမာဏမျိုး ဖြစ်၏။
“ အဖြူ ... သူ့ကို ငါသိတယ် ... ၊ သူက အောက်တန်းကျတဲ့ နယ်ပယ်က လာပေမယ့် အရည်အချင်းက ထိပ်တန်းပဲ။ ”
“ နဝမမြောက် သမီးတော်က သူ့ကို အမျိုးမျိုးသော အရင်းအမြစ်တွေ ပေးတဲ့အပြင် နတ်နဂါး အရိုးကိုတောင် ပေးခဲ့တယ်၊ ...
... အခု သူက နဝမမြောက် သမီးတော် ကိုယ်ရံတော်တွေရဲ့ ခေါင်းဆောင် ဖြစ်နေပြီလို့ ငါကြားတယ်။ ”
“ ဒီလူက တကယ် ရက်စက်တဲ့ လူပဲ၊ အင်ပါယာရဲ့ သွေးသန့်စင်ခြင်း နဂါး နယ်မြေမှာ ဆယ်နှစ်ကြာ နေခဲ့တယ်၊ အဲဒီနယ်မြေရဲ့ အချိန် စီးဆင်းမှုဟာ၊ ...
... ပြင်ပ ကမ္ဘာနဲ့ မတူဘူး၊ သူက မျိုးဆက်သစ် လူငယ်တွေ ကြားမှာ ... အချိန် အကြာဆုံး နေနိုင်ခဲ့တယ်၊ ဆယ်နှစ်တာလုံး သတ်ဖြတ်ခြင်း အမှုကို ပြုနေရအောင် ... ဒီလူ ဘယ်လောက် အထိ၊ ကြောက်စရာ ကောင်းလိုက်မလဲ စဉ်းစားကြည့်။ ”
သွေးသန့်စင်ခြင်း နဂါးနယ်မြေသည် အဆုံးမရှိသော သေခြင်းတရားများ ပြည့်နှက် နေသည့် နေရာ ဖြစ်သည်။
အထဲတွင် တစ်လ နေရန်ပင် ခက်ခဲ၏။ သုံးနှစ်ကျော် ကြာအောင် နေထိုင် သူများသည် ရူးသွပ်ကုန် ကြသည်။
အန်းလျူယွင်က မျက်မှောင်ကြုတ် လိုက်သည်။ ဤဓားသမား လူငယ်ကို မသိချေ။ ယင်းကြောင့် သတိထား မိ၏။
ပိုင်လိရွှမ်က ကောင်းကင်ဘုံ ကြယ် နန်းတော်နှင့် ရှေးလဂိုဏ်းမှ သန့်ရှင်းသော သားတော်များကို ကြည့်ကာ၊
“ မင်းတို့ နှစ်ယောက် ... ငါ့ဆီ အတူတူ လာချင်လား ဒါမှမဟုတ် တစ်ယောက် ပြီးမှ တစ်ယောက် လာချင်လား။ ”
-ဟု မေးမြန်း လိုက်၏။
“ သွေးတပ်ရင်း ဆိုတာ ... အင်ပါယာရဲ့ ခွေးတွေပဲ၊ တခြား လူတွေက ကြောက်ပေမယ့် ငါတော့ မပါဘူး။ ”
ယဲ့ချင်းရှန်ကြောင့် ဒေါသ ထွက်နေပြီ ဖြစ်သော ကောင်းကင် ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော်မှ ပြန်လည် ပြောကြားလိုက်သည်။
သူ့စကားဆုံး သည်နှင့် လက်ကို မြှောက်ကာ အကန့်အသတ်မဲ့ အနက်ရောင် မီးခိုးငွေ့များ ရစ်သိုင်းစေ၏။
“ ကောင်းကင် ကြယ်မိစ္ဆာ လက်သည်း။ ”
တိမ်များ ဖုံးလွှမ်းနေသော အနက်ရောင် လက်သည်းကြီး တစ်ဖက် ထင်ရှားလာခဲ့သည်။ ဤသည်မှာ ကြယ်နန်းတော်၏ ဝှက်ဖဲဖြစ်ပြီး၊ သူတော်စင် ရောင်ဝါနှင့် သတ်ဖြတ်ခြင်း ရောင်ဝါကို ပေါင်းစပ်ထား၏။
ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင်များ ကိုပင် ခြိမ်းခြောက်နိုင်သည်။
“ ငါ့နောက်မှာ နေ ... ။ ”
ပိုင်လိရွှမ်က သူ့ဓားကို သူတော်စင် ရောင်ဝါများ သွန်းလောင်းလျက် အန်းလျူယွင် ရှေ့ လှမ်းတက်လိုက်သည်။
“ ရွှပ် ... ။ ”
ဓားကို လွှဲလိုက်သော အခါတွင် ဓားရောင်ခြည် တစ်စင်းက ရေတံခွန် ကဲ့သို့ ကောင်းကင် ကြယ်မိစ္ဆာ လက်သည်းကို ထိမှန်သွားသည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲသံနှင့် အတူ၊ ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော် လက်၌ ဒဏ်ရာရရှိ သွားသည်။
ပိုင်လိရွှမ်၏ ဓားသည်လည်း သူ့လက်ကြောင့် ကျိုးပဲ့သွား၏။ ယင်းက ပိုင်လိရွှမ်ကို အနည်းငယ် ဝမ်းနည်းသွား စေခဲ့သည်။
ဤဓားသည် အစွမ်းထက်ခြင်း မရှိသော်မှ၊ ခွန်လွန်မြေသို့ ရောက်လာ ပြီးနောက်ပိုင်း သူ၏ ပထမဆုံး အဖော် ဖြစ်သည်။
ကောင်းကင် ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော်က ဓားကျိုးကို ကြည့်ကာ ပြုံးလေသည်။
“ သွေးတပ်ရင်းက ဆင်းရဲပုံရတယ်၊ မင်းလိုတပ်မှူး တစ်ယောက် ကိုတောင် ဘုန်း သူတော်စင် လက်ရာ မချီးမြှင့်နိုင်ဘူးလား။ ”
ကောင်းကင် ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော်က သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက် ထုတ်ပြလာ၏။
သူ၏ လက်သည်းများက နတ်ဆိုး လက်များကဲ့သို့ ကြောက်မက်ဖွယ် နက်မှောင် လာပြီး ပိုင်လိရွှမ်ကို ကုပ်ဆွဲလိုက်သည်။
“ မင်းမှာ ဓားမရှိဘဲ ... ဘယ်လို ဆက်သွားမလဲ ဆိုတာ ကြည့်ပါရစေ။ ”
“ ငါ့မှာ ဓားမရှိလို့ ... အထင်သေးရင် မင်းမှားသွားမယ်။ ”
ပိုင်လိရွှမ်က မျက်လုံးများ အတွင်းမှ တောက်ပနေသော ရွှေရောင် အဆင်းသဏ္ဍာန် တစ်ခု ထွက်ပေါ်လာသည်။
“ ဟိတ် ... ။ ”
တန်ခိုးကြီးသော နဂါးရောင်ဝါ ဖြစ်၏။ အော်ငေါက်သံနှင့် အတူ ပေါက်ကွဲစွမ်းအားများ ပါရှိသော လက်သီး တစ်ချက်ဖြင့် နတ်ဆိုး လက်သည်းထံ ပစ်ထည့် လိုက်သည်။
“ ဝုန်း ... ။ ”
“ အ ... ။ ”
လက်သီးနှင့် လက်သည်း ထိမှန်ကာ ကောင်းကင် ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော် တစ်ယောက် ညည်းတွားသံပြုပြီး လွင့်စဉ်သွားတော့၏။
“ ဝေါ့ ... ဧကရာဇ် နဂါး လက်သီးလား။ ”
သွေးတစ်လုတ် ထွေးထုတ် လျက်၊ ထိတ်လန့်စွာဖြင့် ပိုင်လိရွှမ်ထံ ပြန်ကြည့်ကာ အော်ပြော လိုက်မိသည်။
ဧကရာဇ် နဂါး လက်သီး ဟူသည် ခွန်လွန်နယ်မြေ၌ အပြင်းထန်ဆုံး လက်သီး နည်းစနစ် ဖြစ်သည်။
နဂါး မိသားစု၏ ကိုယ်ခံပညာ တစ်ရပ် ဖြစ်ပြီး၊ အဓိပတိ နဂါး လက်သီးမှ လွဲ၍ ၎င်းနှင့် ယှဉ်နိုင်သော လက်သီး နည်းစနစ် မရှိချေ။
“ ဧကရာဇ် နဂါးလက်သီးကို ... မင်း ကျွမ်းကျင်တယ်လို့ ငါမယုံဘူး။ ”
ကောင်းကင် ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော် မျက်နှာတွင် မနာလို ရိပ်များ ဖြတ်ပြေး သွားသည်။
သူသည် ကြယ်သူတော်စင် ရုပ်ခန္ဓာ ပိုင်ဆိုင်ပြီး မြေကြီးတာအို ဆုပ်ကိုင် ထားချေ၏။ ထို့ကြောင့် အနီးကပ် တိုက်ပွဲများသည် သူ့ အကြိုက် ဖြစ်သည်။
ဧကရာဇ် နဂါးလက်သီး ဟူသည် အစွမ်းထက် သော်လည်း ၎င်းကို ကျွမ်းကျင်ရန် မလွယ်ကူချေ။ ယင်းအသိက သူ့ကို ပြန်၍ ရဲဝံ့လာ စေသည်။
ထိုအချိန်တွင် လင်းယွန်နှင့် မုချင်းကျွယ် တိုက်ပွဲမှာ ပြင်းထန်သော အဆင့်သို့ ရောက်ရှိ သွားလေသည်။
မိုချန်နှင့် လောယင်မှ ဒဏ်ရာအချို့ သက်သာလာသဖြင့် တိုက်ပွဲအတွင်း ဝင်ပါ လာ၏။
နောက်ဆုံးတိုက်ပွဲ မတိုင်မီ သန့်ရှင်းသော သားတော် မုချင်းကျွယ်၏ ဝှက်ဖဲ များစွာကို မထုတ်ဖော် စေလိုကြချေ။
မုချင်းကျွယ်သည် သူတို့နှင့် ယှဉ်က ဤနဂါးပြာ မှတ်တမ်းတွင် ချန်ပီယံ ဖြစ်ရန် အခွင့်အရေး ရှိသည်။
နဂါးတောင်တန်း အပြင်ဘက်ရှိ လူများ မှလည်း သူနှင့် တူညီသော အတွေးအမြင်များ ရှိကြသည်။
ထို့ကြောင့် ယဲ့ချင်းရှန် အပေါ် လုံတောင်တန်း၏ သန့်ရှင်းသော သားတော်နှင့် သမီးတော်မှ လုံလောက်အောင် ဖိအားပေးနိုင် သရွေ့၊ အားနည်းချက်များ ရှာတွေ့နိုင်မည်။
သို့သော် လင်းယွန်သည် နိဗ္ဗာန်-ဒသမ အဆင့် အသွင်ပြောင်းမှု ရောက်ရှိ ထားကြောင်း သူတို့ မသိခဲ့ကြသည်မှာ ဝမ်းနည်းစရာ ပေပင်။
သူတော်စင် တာအိုကို ဆုပ်ကိုင် မထားနိုင် သော်လည်း မုချင်းကျွယ်နှင့် ၎င်းတို့ နှစ်ဦးပေါင်း ရောင်ဝါအပေါ် ကောင်းစွာ ခုခံနိုင်သည်။
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီးကို ထုတ်သုံးမည် ဆိုသော်၊ ဤမရဏ နဂါးလမ်းရှိ လူ(၃၀)ကိုပင် ကြံ့ကြံ့ခံနိုင်မည်။
“ အကြွင်းမဲ့ ရေခဲ အတားအဆီး။ ”
မိုချန်မှ နက္ခတ်ကို ဆင့်ခေါ်လိုက်ပြီး လက်ဖဝါးဖြန့်လျက် ကောင်းကင်ပေါ် ပင့်တင် လိုက်သည်။
လေဟာနယ် အေးခဲလျက် ရေခဲ ကျောက်တိုင်ကြီးများ အဖြစ် ထွက်ပေါ်လာပြီး၊ လင်းယွန်ကို ပိတ်လှောင်တော့၏။
“ ခရစ် ... ။ ”
ကြောက်စရာကောင်းသော လှောင်အိမ် တစ်ခုပေပင်။ ပန်းသင်္ချိုင်း ဓားက ၎င်းအပေါ် ဖြတ်တောက်နိုင်ခြင်း မရှိခဲ့ချေ။
ကြယ်ဓားသည် မည်သည့် အရာကိုမဆို ဖြတ်တောက်နိုင်သဖြင့် ဤရလာဒ်မှာ မှင်တတ် သွားစေသည်။ ရေခဲတိုင်များမှာ မာကျော လွန်းချေ၏။
“ ကောင်းကင်ဘုံ မူလအဆင့်မှာ ရှိတဲ့ အမည်ခံ သူတော်စင်တောင် ဒီရေခဲတိုင် တွေကို ဖြတ်ကျော်ဖို့ အချိန်ယူရမယ်။ ”
မိုချန်က အထင်သေးစွာ လှောင်ပြောင် လိုက်သည်။
“ နဂါးငွေ့တန်း ... ။ ”
လောယင်က ရေခဲတိုင်များထံ အလင်းတန်းများ ပေးပို့လျက် လင်းယွန်ကို ပြင်ပကမ္ဘာနှင့် ခွဲထုတ်ပစ်လိုက်သည်။
ဤအရာသည် လင်းယွန်၏ ကြယ်ဓား ရည်ရွယ်ချက်ကို ခံစားမှုများနှင့် အဆတ်ပြတ် သွားစေ၏။ မျက်မမြင်၊ နားမကြားခြင်းနှင့် တူလာသည်။
တစ်ဖက်တွင် မုချင်းကျွယ် နဖူးမှ ရှေးဟောင်း ရောင်ဝါများ ဖြာထွက်နေသော တံဆိပ်တစ်ခု ပေါ်လာစဉ်၊ အဖြူ-အမည်း တောင်ပံတစ်စုံကို ဆင့်ခေါ်လိုက်၏။
“ အဲဒါ အဖြူ-အမည်း သူတော်စင် တောင်ပံတွေပဲ၊ မုချင်းကျွယ်က ဧကရာဇ်ဖြူ၊ ဧကရာဇ်မည်းနဲ့ ပတ်သက်နေတာလား။ ”
“ ဖြစ်နိုင်တယ် ... သူ့ရဲ့ ဒီလို အရည်အချင်းမျိုးကို ဧကရာဇ် နှစ်ပါးလုံးက သဘောကျ နိုင်တယ်။ ”
“ ဒါ ... ကောင်းကင်လမ်း ချန်ပီယံ တစ်ယောက်ရဲ့ ကြီးမြတ်မှုပါပဲ။ ”
လူတိုင်း တုန်လှုပ် ခြောက်ခြားကုန်၏။ ဤလှုပ်ရှားမှုသည် ဧကရာဇ် နှစ်ပါး၏ အမွေ ဖြစ်နိုင်သည်။
“ သေ လိုက်တော့ ... ။ ”
မိုချန်က ရေခဲကျောက်တိုင် များကို ကျုံ့သွားအောင် ဖိသိပ်နေလျက်မှ အော်ငေါက် လိုက်လေသည်။ ဤရေခဲ လှောင်အိမ်သည် အာကာသ တာအိုနှင့် ထိတွေ့နေပြီ ဖြစ်၏။
“ မင်းတို့တွေ ... ငါ့ကို စိတ်ရှုပ်အောင် လုပ်နေတာလား။ ”
လေှာင်အိမ် အတွင်း ပိတ်မိနေသော လင်းယွန်က ဒေါသ ထွက်လာသည်။ သူ့ဓားကို မြှောက်လျက် ကြယ်ဓားနှစ်စင်း ဖွင့်လိုက်၏။
“ နဂါးနေနှင့်လ တံဆိပ်၊ - ယင်-ယန် ပြောင်းပြန်ကမ္ဘာ။ ”
ရွှေရောင်ကောင်းကင်နှင့် ငွေရောင် ရေကန်တို့ ချက်ချင်း နေရာ ပြောင်းကုန်သဖြင့်၊ မိုချန်၊ လောယင်နှင့် မုချင်းကျွယ်တို့၏ နိယာမများ ဖရိုဖရဲ ဖြစ်ကုန်သည်။
“ ခရစ် ... ။ ”
ရလဒ်အနေဖြင့် လေဟာနယ် တစ်ခုလုံး ကွဲအက်သွားကာ ဖြစ်စဉ်များ ပျောက်ကွယ်ကုန် တော့၏။
သုံးဦးသား မှင်တတ်နေစဉ်၊ ဓားအလင်း ပြေးထွက် လာတော့သည်။ ကောင်းကင်နှင့် မြေကြီးမှ မွေးဖွားလာသော ဓား ဖြစ်၏။
၎င်းတွင် ယင်နှင့်ယန် စွမ်းအားကို ပေါင်းစပ်ထားလေသည်။
“ မကောင်းတော့ဘူး။ ”
ဝင်လာသော ဓားရောင်ခြည်ကို ကြည့်ပြီး သူတို့၏ ဝိညာဉ်များ တုန်လှုပ်သွားသည် အထိ မျက်လုံးပြူး ကုန်၏။
အရာ အားလုံးသည် သူတို့အတွက် မယုံနိုင်စရာ ဖြစ်သည်။ ဓားရောင်ခြည်က မိုချန်ထံ ဦးစွာ ရောက်၏။
“ ရွှပ် ... ။ ”
အစွမ်းကုန် ရှောင်တိမ်းမိ သော်လည်း ထိမှန်သွား သေးသည်။ နာကျင်မှုကြောင့် မိုချန် တစ်ယောက် အသံပင် မထွက်နိုင်ခဲ့ချေ။
“ ဝေါ့ ... ။ ”
ဒုတိယ လောယင်ထံ ဖြစ်သည်။ သွေးအန်လျက် မြေပြင်ပေါ် ဒူးထောက်ကျ သွားလေသည်။ သွေးသားစွမ်းအင်များ တဖြည်းဖြည်း ဆုတ်ယုတ်လာ၏။
ဤမြင်ကွင်းသည် နဂါးတောင်တန်း အပြင်ဘက်ရှိ လူတိုင်းကို အသက်ရှူ ကြပ်သွား စေခဲ့သည်။
အထူးသဖြင့် ကောင်းကင် တာအို ဂိုဏ်းမှ တပည့်များ ဖြစ်သည်။ သူတို့သည် ယဲ့ချင်းရှန်ကို ဤမျှ သန်မာလိမ့်မည်ဟု မမျှော်လင့် ထားချေ။
တာအို နန်းတော်၏ သန့်ရှင်းသော သားတော် လီတာ့ယန်က ထိတ်လန့်သွားပြီး နာကျင်စွာ ပြုံးလိုက်တော့သည်။
“ ကြယ်ဓားက တကယ် ကြောက်စရာ ကောင်းတယ်၊ အဲဒီတုန်းက ငါ့လို အရည်ထူတဲ့ လူတောင် သူ့ဓားနှစ်လက်ကြောင့် ဒဏ်ရာရ သွားသေးတယ်၊ လုံးဝ ဘီလူးပဲ။ ”
“ ဒါတော့ သံသယ ဖြစ်စရာ မလိုဘူး၊ ပန်းသင်္ချိုင်းတောင် ငါတို့ ယဲ့ချင်းရှန်ကို ဓားနဲ့ ပတ်သတ်ရင် ရှုံးနိမ့်နိုင်တယ်။ ”
ပန်းသင်္ချိုင်းသည် မျိုးဆက်သစ် လူငယ်များကြားတွင် အသန်မာဆုံး ဓားသမား အဖြစ် အသိအမှတ် ပြုထား၏။
သို့တိုင် ယဲ့ချင်းရှန် ဓားရေးကို မြင်ချိန်၌ လူတိုင်း၏ ဦးရေပြားများ ထုံကျင် သွားရသည်။ မျိုးဆက်သစ် ဓားသမား များမှာ ဤဓားကို မြင်ပြီးနောက် အားငယ် ကုန်ကြ၏။
နဂါးလမ်း ပြင်ပရှိ ကောင်းကင် တာအို ဂိုဏ်းမှ တပည့်များက သွေးများ ပွက်ပွက်ဆူ လာသည်။ ဤသည်မှာ ယဲ့ချင်းရှန် ဖြစ်၏။
လုံတောင်တန်းမှ သန့်ရှင်းသော သားတော်နှင့် သန့်ရှင်းသော သမီးတော်ကို တစ်ချက်တည်းဖြင့် ဒဏ်ရာရစေသည်။ ဓားဘီလူး ဖြစ်သည်။
နောက်ဆုံး ဓားအလင်းသည် မုချင်းကျွယ် အပေါ်ထိမှန်ကာ နဂါးခေါင်း အစွန်းသို့ လွင့်ကျ သွားစေသည်။ နဂါးလမ်းမှ ပြုတ်ကျရန် ခြေတစ်လှမ်းသာ လို၏။
“ ဟား ... ဟား ... ဟား ... အဲဒါ ငါတို့ ဂိုဏ်းရဲ့ သန့်ရှင်းသော သမီးတော် သတ်သူပဲ၊ ကောင်းကင်လမ်းရဲ့ ချန်ပီယံ ကိုတောင် ရိုက်နှက် နိုင်တယ်။ ”
“ စီနီယာ အစ်ကိုယဲ့ ရှေ့မှာ ဘယ်သူက ပြိုင်ဘက်ကင်းလို့ ပြောရဲလဲ။ ”
“ ပန်းသင်္ချိုင်း ... ဒီမှာ ရှိနေတယ် ဆိုရင်တောင်၊ သူက စီနီယာ အစ်ကိုယဲ့နဲ့ မယှဉ်နိုင်ပါဘူး။ ”
အော်ဟစ် အားပေးသံများ ထိန်းမနိုင် သိမ်းမရ ထွက်ပေါ် လာလေသည်။ စစ်မှန်သော နဂါးလမ်းကို ရွေးစဉ်က လှောင်ပြောင်သူများ မျက်နှာထံ ဖြတ်ရိုက်ခြင်း မည်ပေ၏။
အဆုံးတွင် ကောင်းကင်လမ်း ချန်ပီယံ သည်ပင် ထိပ်တိုက် ရင်ဆိုင်ရာ၌ ရှုံးနိမ့်သွား ချေပြီ။ မရဏ နဂါးလမ်း၌ ဤဓားဘီလူးကို မည်သူ တားနိုင်မည်နည်း။
***